စတုတ္ထအကြိမ်မြောက် ဘားလားကဇုန်း ဂီတပွဲတော် မေလ ၁ ရက်တွင် ကျင်းပမည်
2019-04-25 00:00 source:


စတုတ္ထအကြိမ်မြောက် ဘားလားကဇုန်း ဂီတပွဲတော်ကို ၂၀၁၉ ခုနှစ် မေလ ရက်နေ့ မွန်းလွဲ နာရီ ၃၀ မိနစ်တွင် တီချင့် တိဘက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ဘားလားကဇုန်း ရှုခင်းသာရပ်ကွက်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ရှန်ဂရီလာချိုင့်ဝှမ်းကြီးရှိ ဘားလားကဇုန်း ရှုခင်းသာရပ်ကွက်မှ သတင်းရရှိသည်။ အဆိုပါ ဂီတပွဲတော်သည်တစ်ကမ္ဘာလုံး၏ ရှန်ဂရီလာ၊ ဆန်းကျယ်အံ့ဖွယ်သော ဘားလားကဇုန်း ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ဘားလားကဇုန်း ရှုခင်းသာရပ်ကွက်သည်ယဉ်ကျေးမှု + ခရီးသွားလာရေး ကို တက်ကြွစွာနှင့် လက်တွေ့ကျင့်သုံးရန် အရေးကြီးသော ဒေသအစီအစဉ်တစ်ခု ဖြစ်သည်။

 4.25.2.jpg

အဆိုပါ ဂီတပွဲတော်တွင် ANU ဖိုဘားဂျ၊ ပိုင်ရိဇားရှီး၊ ရန်းဂျင်းစိဇော်၊ ရွှေလိုင်ညီမလေးသုံးယောက်အဖွဲ့၊ ချီထန်ဘု၊ ဘျန်လျူနန်၊ ဝမ်းဇော်ဆော့၊ ကျန်းဟယ်ဟယ် စသည့် အဆိုတော်နှင့် ဂီတအဖွဲ့အား ဖျော်ဖြေတင်ဆက်ရန် ဖိတ်ခေါ်ထားပါသည်။ ပရိသတ်များအတွက် တိဘက်လူမျိုး၊ အတွင်းမွန်ဂိုလူမျိုး၊ ချမ်းလူမျိုးဆိုင်ရာ ထူးခြားသော ဂီတနှင့် ယဉ်ကျေးမှုများကိုလည်း တင်ဆက်ပေးမည်ဖြစ်သည်။

 

ရှန်ဂရီလာချိုင့်ဝှမ်းကြီးရှိ ဘားလားကဇုန်းရှုခင်းသာရပ်ကွက်သည် ကမ္ဘာ့သဘာဝအမွေအနှစ် ဖြစ်သော မြစ်()မြစ်ဆုံသည့် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ရှုခင်းသာရပ်ကွက်သည် ရှန်ဂရီလာမြို့ အနောက်မြောက်ပိုင်းရှိ နီရှီးရွာတွင် တည်ရှိပြီး ၁၇၆ စတုရမ်းကီလိုမီတာ ရှိသည်။ ဤနေရာတွင် ရှေးဟောင်းမျိုးနွယ်တူစု၊ ဘုရားစေတီ၊ ဆီးနှင်းတောင်၊ ချိုင့်ဝှမ်းကြီး၊ စားကျက်မြေ၊ မြစ်ချောင်းများ၊ မြင့်မားနေရာရှိဖန်ပြားခင်းလမ်းကျဉ်း၊ ကုန်းမြင့်ရေကန်ကြီး၊ တရုတ်ဧက ၁၀၀၀၀ ကျော်ရှိ အဇေလီယာကပင်သစ်တော စသည့်ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များစွာ ရှိသည်။

 4.25.4.jpg

ဘားလားကဇုန်း ရှုခင်းသာရပ်ကွက်တွင် ၂၀၁၆ ခုနှစ် မေလ ရက်နေ့မှစ၍ ယခုချိန်ထိ ဂီတပွဲတော် စုစုပေါင်း ()ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။ ဤတစ်ကြိမ်လှုပ်ရှားမှုသည် တိဘက်လူမျိုးယဉ်ကျေးမှုကို ပြသခြင်း၊ ရှုခင်းသာရပ်ကွက်နာမည်ကို ပိုမိုကျော်ကြားစေခြင်း၊ တီချင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၏ ခရီးသွားလာရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်။ တပြိုင်နက်တည်းတွင် ရှန်ဂရီလာ ဘားလားကဇုန်း ရှုခင်းသာရပ်ကွက်ကို နိုင်ငံတကာခရီးသည်အတွက် ဆွဲဆောင်သွားသင့်သော ခရီးလှည့်လည်နေရာအဖြစ် တည်ထောင်၍ သာယာလှပသော အမိနိုင်ငံကို တည်ထောင်ရန် အကျိုးဆောင်ခြင်း ဖြစ်သည်။

4.25.5.jpg

404 Not Found

404 Not Found


nginx