“အပြာရောင်စိတ်ကူးအိပ်မက်” ဖြင့် ကူမင်းရုက္ခပင်ဥယျာဉ်တွင် အံ့သြဖွယ်ထပ်မံဖြစ်ပေါ်
2019-04-25 00:00 source:


ဧပြီလနှင့်အတူ ကူမင်းမြို့သည် အံ့သြဖွယ်ကောင်းသော နေရာဖြစ်သည်။ Jacaranda ဝေေ၀ဆာဆာ ပွင့်သောအချိန်ကာလဖြစ်၍အပြာရောင်စိတ်ကူးအိပ်မက် နောက်တစ်ကြိမ် ရောက်ရှိလာပြီ ဖြစ်သည်။

4.25.1.2.jpg

တနင်္ဂနွေနေ့တွင် ပထမအကြိမ် Allium ရုက္ခပင်ပြပွဲကို ကူမင်းရုက္ခပင်ဥယျာဉ် အရှေ့ပိုင်းဥယျာဉ်တွင် သီးခြားကျင်းပ ပြသပြီး ဒေသခံနှင့်ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။ဘောလုံးဘုရင်သံအမတ်ကြီးအံ့သြဖွယ်ခရမ်းနီရောင်ဘီလူးခရမ်းရောင်လှုပ်ရှားမှုနွေရာသီစည်တီးသမား ဆင်ဆွယ်မိဖုရား စသည် Allium ရုက္ခပင်များ အင်မတန်လှပသည်။ အပြာရောင် ပန်းပင်လယ်ကဲ့သို့ ပွင့်နေသည့် Allium ရုက္ခပန်းပင်ရှိရာ သာယာလှပစွာ ပန်းပွင့်နေသော ဥယျာဉ်သို့ ဧည့်သည်များ ရောက်ရှိနေကြပြီ ဖြစ်သည်။

 4.25.1.3.jpg

4.25.1.4.jpg

သတင်းအရ ကူမင်း Allium ရုက္ခပင်ပြပွဲသည် ကမ္ဘာလုံးဆိုင်ရာ Allium ရုက္ခပင်ဥယျာဉ် (ကူမင်းစင်တာ) တည်ထောင်ပြီးနောက် ပထမအကြိမ်ပြပွဲ ကျင်းပခြင်း ဖြစ်သည်။ တရုတ်ပြည်အတွက်လည်း ပထမအကြိမ်ဖြစ်သော Allium ရုက္ခပင်ပြပွဲ ဖြစ်သည်။ အဆိုပါပြပွဲသည် “ ‘ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ဖြင့် ဖွံ့ဖြိုးတိုးတက်၍ ကြက်သွန်မိတ်နှင့် ကြက်သွန်ဖြူဖြင့် ဖန်တီးတီထွင် ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပ၍ ဥယျာဉ်မြိုင်တောကိုပြသခြင်းနှင့် ယဉ်ကျေးမှုကို သင်ကြားမျှဝေခြင်းများကို လုပ်ဆောင်သည်။ ကမ္ဘာလုံးဆိုင်ရာ Allium ရုက္ခပင်ဥယျာဉ်သည် ကူမင်းရုက္ခပင် သုတေသနအကယ်ဒမီတွင် Uzbekistan Academy of Sciences ရုက္ခပင်သုတေသနအကယ်ဒမီနှင့် ပူးပေါင်းဆောင်ရွက်ပြီး တည်ထောင်ထားသော တစ်ကမ္ဘာလုံးအတွက် ပထမဆုံးဖြစ်သော Allium ရုက္ခပင်ဥယျာဉ် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Allium ရုက္ခပင်ဥယျာဉ်ဆိုင်ရာ သုတေသနပြုခြင်း၊ အရင်းအမြစ်ကာကွယ်စောင့်ရှောက်ခြင်း၊ ရုက္ခပင်ဥယျာဉ်ပြသခြင်း၊ သက်ဆိုင်ရာပညာပေးခြင်း များကို ဆောင်ရွက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ Allium ရုက္ခပင်ဥယျာဉ် (ကူမင်းစင်တာ)သည် ၂၀၁၈ ခုနှစ် ဧပြီလတွင် ကနဦး တည်ထောင်ထားသည်။ ယခုချိန်ထိ Allium ရုက္ခပင်များတွင် အမှတ်စဉ် ၂၈၆ ခုနှင့် အမျိုးအစား ၁၃၀ မျိုး (ပြောင်းလဲလာသောအမျိုးပေါင်း အပါအဝင်) လူစားရန် ရှုစားရန် အမျိုးအစား ၃၀ မျိုး စုစည်းထိန်းသိမ်းထားသည်။

4.25.1.5.jpg

4025.1.6.jpg

4.25.1.7.jpg