တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များမှ တွင်းနက် (Black Hole) လျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်ခဲ့
2019-05-09 00:00 source:


ဘေကျင်းစံတော်ချိန် ယနေ့ည နာရီအချိန်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ရပ် အား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် တိုင်ပေမြို့၊ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့၊ ဂျပန်နိုင်ငံ တိုကျိုမြို့၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့နှင့် ချီလီနိုင်ငံ စန်တီယေဂိုမြို့များတွင် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင် ပေါင်း ၂၀၀ ကျော်မှ အဝေးကြည့်မှန်ပြောင်း (Telescope) ခု အသုံးပြုရိုက်ကူးထားပြီး နှစ်ကျော် ကြာ အချိန်ယူပြင်ဆင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သည့် ဓါတ်ပုံတစ်ပုံအား ထုတ်ဖော်ပြသခဲ့သည်။

5.9.1.jpg

အဆိုပါဓါတ်ပုံသည် လူသားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရိုက်ကူးရရှိသော တွင်းနက်ဓါတ်ပုံ ဖြစ်သည်


ကမ္ဘာတစ်ဝှမ်းမှ မီဒီယာများသည် ယနေ့ညတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တွင်းနက်ဓါတ်ပုံသတင်းစာရှင်းလင်းပွဲ ကျင်းပသည့်အခမ်းအနားအား တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်သည်။ ဓါတ်ပုံရင်းမြစ် - အမေရိကန်နိုင်ငံ Space.com ဝက်ဆိုဒ် သတင်းထုတ်လွှင့်မှု၏ Screenshot ဖြစ်သည်။

 

သိပ္ပံပညာရှင်များ တွင်းနက်အား မည်ကဲ့သို့ ရိုက်ကူးခဲ့သနည်း

တွင်းနက်သည် ထုထည်အလွန်သေးငယ်ပြီး ဒြပ်ထုအလွန်ကြီးမားသည့် အာကာသအရာဝတ္ထု တစ်မျိုး ဖြစ်ပြီး စုပ်ယူနိုင်စွမ်း အလွန်ပြင်းထန်သည်။ အနီးပတ်ဝန်းကျင်ရှိ အလင်းကိုပင် စုပ်ယူနိုင်စွမ်းရှိသည်။ တွင်းနက်၏ စုပ်ယူနိုင်သည့် ဘောင်နယ်နိမိတ်အား “Event Horizon” မိုးကုတ်စက်ဝိုင်း ဟုခေါ်ဝေါ် သည်။ သိပ္ပံပညာရှင်များအနေဖြင့် အလင်းကိုပင် စုပ်ယူနိုင်စွမ်းရှိသည့် တွင်းနက်အား မည်ကဲ့သို့ ဓါတ်ပုံရိုက်ကူးနိုင်ခဲ့သနည်း

ဟောင်ကောင်တက္ကသိုလ် အာကာသသုတေသနဌာန အမှုဆောင်ဌာနမှူးနှင့် အမြင့်ဆုံး နက္ခတ္တ ရူပဗေဒ ဆုဖြစ်သည်Bruno Rossi Prize”ဆုရယူထားသည့် ပါမောက္ခ Mr. Su Meng သည် တွေ့ဆုံ မေးမြန်းမှုတွင် တွင်းနက်Balck Hole”Black”အား အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

 

ဟောင်ကောင်တက္ကသိုလ် အာကာသသုတေသနဌာန အမှုဆောင်ဌာနမှူး ပါမောက္ခ Mr. Su Meng

 

ပါမောက္ခ Mr. Su Meng မှပြောကြားရာတွင် ယေဘူယျအားဖြင့် တွင်းနက် “Balck Hole” မှာ အလွန်မည်းမှောင်လျက်ရှိပြီး လုံးဝမြင်တွေ့နိုင်ခြင်းမရှိပေ။ သို့သော် ဘေးပတ်ဝန်းကျင်းရှိ အရာဝတ္ထု များသည် တွင်းနက်အတွင်း ကျရောက်သည့် တစ်ခဏတာအချိန်သည် အလွန်တောက်ပသည့်အချိန် ဖြစ်သည်။ တစ်နည်းအားဖြင့် တွင်းနက်အဖြစ် အသွင်ပြောင်းသွားသည့် တစ်ခဏတာအချိန်သည် အတောက်ပဆုံးအချိန်ဖြစ်သည်။ အခုရိုက်ကူးထားသည့်ဓါတ်ပုံသည် အရာဝတ္ထုမှ တွင်းနက်အတွင်း ကျရောက်သည့် တစ်ခဏတာအချိန်တွင် ရိုက်ကူးထားသည့်ဓါတ်ပုံဖြစ်သည်။ ခန့်မှန်းခြေအရ နဂါးငွေ့ တန်းတွင် ဘီလီယံနှင့်ချီသည့် တွင်းနက်အရေအတွက် ရှိသော်ငြား အမှတ်တကယ် လေ့လာ တွေ့ရှိနိုင် သည့် တွင်းနက်အရေအတွက်မှာ ဆယ်ဂဏာန်းမျှသာရှိလေသည်။

 

ဆင်ဟွာသတင်းဌာန၏ သတင်းထုတ်လွှင့်မှုအရ တစ်ကမ္ဘာလုံးမှ သိပ္ပံပညာရှင်များ လက်တွေ့ လေ့လာ လိုသည့်အရာမှာ တွင်းနက်၏Event Horizon”မိုးကုတ်စက်ဝိုင်းဖြစ်သည်။ ၂၀၁၇ ခုနှစ် ဧပြီ ရက် မှ ၁၄ ရက်အတွင်း ကမ္ဘာတစ်ဝှမ်းမှ သုတေသနဌာနပေါင်း (၃၀) ကျော်မှ သိပ္ပံပညာရှင်များသည် ရည်မှန်းချက်ကြီးမားသည့် အစီအစဉ်တစ်ရပ်အား ရေးဆွဲခဲ့သည်။ အဆိုပါအစီအစဉ်မှာ ကမ္ဘာတစ်ဝှမ်း မတူညီသည့်နေရာဒေသမှ အဝေးကြည့်မှန်ပြောင်း () ခု အသုံးပြုပြီး Virtual Telescope Network (အဝေးကြည့်မှန်ပြောင်းကွန်ယက်) တည်ဆောက်ကာ လူသားသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် တွင်းနက်၏ မိုးကုတ်စက်ဝိုင်းEvent Horizon”အား ဓါတ်ပုံရိုက်ကူးခြင်းဖြစ်သည်။ အဆိုပါ Virtual Telescope Network အားEvent Horizon Telescope, EHT)“မိုးကုတ်စက်ဝိုင်း အဝေးကြည့်မှန်ပြောင်းဟုခေါ်ဝေါ်ခဲ့သည်။ သီအိုရီအရ အဆိုပါမှန်ပြောင်း၏ အချင်းအရွယ်အစားမှာ ကမ္ဘာမြေ၏ အချင်းအရွယ်အစားနှင့်တူညီသည်။

 

ဓါတ်ပုံအား အဘယ်ကြောင့် နှစ်နှစ်ကြာ အချိန်ယူ ပြင်ဆင်ရသနည်း

 

၂၀၁၇ ခုနှစ် ဧပြီ ရက်နေတွင် EHT စီမံကိန်းအား အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။ ယနေ့ ဆိုလျှင် အချိန် နှစ်နှစ်တာ ကြာမြင့်ပြီဖြစ်သည်။ အဘယ်ကြောင့် တွင်းနက်ဓါတ်ပုံရရှိရန် အချိန်များစွာ ယူရသနည်း

 

ပါမောက္ခ Mr. Su Meng မှပြောကြားရာတွင် တွင်းနက်အား ဓါတ်ပုံရိုက်ခြင်းသည် ဖုန်းဖြင့်ဓါတ်ပုံရိုက် သကဲ့သို့ ချက်ချင်းပုံပေါ်လာခြင်းမဟုတ်ပေ။ အချက်အလက်ပေါင်းများစွာနှင့် အဆင့်ပေါင်းများစွာအား လုပ်ဆောင်ရသည်။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ဖြင်းဖြင့် အရေအတွက် အလွန်များပြားသည့် အချက်အလက်များသည် နောက်ဆုံးတွင် ပုံအဖြစ်ရရှိခြင်းဖြစ်သည်။ လိုအပ်သည့် အချက်အလက်များ သိမ်းဆည်းခြင်း၊ မလိုအပ်သည့် အချက်အလက်များအား ပယ်ဖျက်ခြင်းများ လုပ်ဆောင်ရသည်။ အချက်အလက်များ တစ်စုတစ်စည်းတည်းဖြစ်အောင် ဆောင်ရွက်ရသည့်အတွက် အချိန်ယူဆောင်ရွက် ရသည်။ အမှန်တကယ်တွင် နှစ်နှစ်တာအချိန်အား အလွန်ရှည်လျားသည်ဟု မဆိုနိုင်ပေ။

 

ဤတွင်းနက်ပုံ၏ အဓိပ္ပါယ်မှာ အဘယ်နည်း

 

အမေရိကန်နိုင်ငံ ABC ဝက်ဆိုဒ် သတင်းထုတ်လွှင့်မှု၏ Screenshot


တွင်းနက်သည် အိုင်းစတိုင်း၏ General Relativity တွင်ပါဝင်သည့် Celestial Body “အာကာသ အရာဝတ္ထုတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း တွင်းနက်သီအိုရီ လေ့လာမှုသည် ရူပဗေဒဘာသာရပ်၏ အရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည်။

 

ပါမောက္ခ Mr. Su Meng မှပြောကြားရာတွင် သိပ္ပံပညာရှင်များသည် တွင်းနက်နှင့်ပတ်သတ်ပြီး လက်တွေ့ နက္ခတ္တရူပဗေဒနယ်ပယ်တွင် တိကျသည့် လေ့လာတွေ့ရှိမှုများ ပြုလုပ်နိုင်ခြင်းမရှိပေ။ သိပ္ပံပညာရှင်သည် အချက်အလက် တစ်ချို့တစ်ဝက်သာ ရှာဖွေတွေ့ရှိပြီး အဆိုပါအချက်အလက်များ သည် တွင်းနက်မဟုတ်ပါက အခြားသီအိုရီဖြင့် ရှင်းလင်းပြောကြားရန် အလွန်ခက်ခဲသည်။ သို့သော် ၎င်းမှာလည်း သွယ်ဝိုက်နည်းဖြင့် တွေးခေါ်ယူဆခြင်းဖြစ်သည်။ တိုက်ရိုက်သက်သေ ရှာဖွေတွေ့ရှိမှသာ တွင်းနက်အားတွေ့ရှိကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။ ယခုတစ်ကြိမ် သတင်းစာရှင်းလင်းပွဲ၏ ထုတ်ပြန်ချက်သည် အရာဝတ္ထုတစ်ခု တွင်းနက်အတွင်း ကျရောက်သည့်အဆင့်အား ရှာဖွေတွေ့ရှိ သည့်အဆင့်ဖြစ်သည်။ ကျွန်တော့၏ထင်မြင်ယူဆချက်အရ ယခုတွေ့ရှိမှုအား တိုက်ရိုက်လေ့လာ တွေ့ရှိမှုဟု ခေါ်ဝေါ်နိုင်ပြီး အနာဂတ်ကာလ တွင်းနက်လေ့လာခြင်း၊ တွင်းနက်နက္ခတ္တရူပေဗဒဘာသာ ရပ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာမြေနှင့် အာကာသအကြောင်း လေ့လာရာတွင် အလွန်အဖိုးတန်မည်ဖြစ် သည်။

 

တရုတ်သိပ္ပံပညာရှင်များ အရေးပါသည့်အခန်းကဏ္ဍမှပါဝင်

ဟောင်ကောင်နန်ဟွာမောနင်းသတင်းစာ ထုတ်လွှင့်မှုအရ ယခုတစ်ကြိမ် EHT စီမံကိန်းတွင် သုတေသနပညာရှင်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီး တရုတ်နိုင်ငံမှ မည်မျှပါဝင်သည်အား အတိအကျ မသိရှိရပေ။ သို့သော် တရုတ်နိုင်ငံမှ နက္ခတ္တပညာရှင်များသည် ယခု EHT စီမံကိန်းတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ဘေကျင်းတက္ကသိုလ် ရူပဗေဒဌာန နက္ခတ္တဗဒ ဘာသာရပ် ဌာနမှူး ပါမောက္ခ Mr. Wu Xue Bing မှ ပြောကြားရာတွင် ၎င်းတာဝန်ထမ်းဆောင်နေသည့် နက္ခတ္တဗေဒဘာသာရပ်ဌာနသည် ယခုတစ်ကြိမ် စီမံကိန်းတွင် ပါဝင်ခဲ့သည်။

 

သတင်းထုတ်ပြန်ချက်အရ တရုတ်သိပ္ပံပညာရှင်များသည် ဘဏ္ဍရေး၊ ကွန်ပြူတာမော်ဒန် တည်ဆောက် ခြင်းနှင့် အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်းတွင် အရေးပါသည့် ထောက်ပံ့မှုများပြုလုပ်ခဲ့သည်။ EHT အစုအဖွဲ့၏ လေ့လာမှုသည် နာရီအနည်းငယ်သာ ကြာမြင့်သော်ငြား သုတေသနပညာရှင်များသည် ရရှိသည့် ပုံအပိုင်းအစများအား ပြည့်စုံသည့် ပုံတစ်ပုံရရှိရန် တစ်နှစ်နီးပါး အချိန်ယူခဲ့ရသည်။

 

ပါမောက္ခ Mr. Wu မှပြောကြားရာတွင်အချက်အလက်တွေက အလွန်များပြားပါတယ်။ နိုင်ငံတစ်နိုင်ငံ တည်းနဲ့ ပြီးစီးအောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှသာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

ပါမောက္ခ Mr. Su Meng မှပြောကြားရာတွင် နက္ခတ္တဘာသာရပ်သည် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအား အလေးထားသည့် ဘာသာရပ်တစ်ခုဖြစ်သည်။ နက္ခတ္တဘာသာရပ်၏ လေ့လာ တွေ့ရှိမှုအများစုသည် နောက်ခံယဉ်ကျေးမှု မတူညီသည့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ပညာရေး သုတေသနဌာနများ၏ ကာလကြာရှည်စွာ ဘာသာရပ်တစ်ခုတည်းအတွက် ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်သည်။ ဥပမာအားဖြင့် နက္ခတ္တဘာသာရပ်ဆိုင်ရာ စီမံကိန်းတစ်ခုတွင် လူပေါင်းရာနှင့်ချီ အတူတကွ အလုပ်လုပ်ကိုင်ကြသည်မျာ ဓမ္မတာပင်ဖြစ်သည်။ ထို့ကြောင့် ယခု EHT စီမံကိန်းတွင် နိုင်ငံ ပေါင်းမြောက်များစွာမှ အဆင့်မြင့်ပညာရေးဌာန၊ သုတေသနအဖွဲ့အစည်းများ အတူတကွပါဝင်ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ သိပ္ပံသုတေသနဌာနနှင့် သိပ္ပံပညာရှင်များ ပူးပေါင်းပါဝင် ကြသည်။ ဥပမာအားဖြင့် တရုတ်သိပ္ပံသုတေသနဌာန ရှန်ဟိုင်းနက္ခတ္တဘာသာဌာနသည် ယခုစီမံကိန်း တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

 

ပါမောက္ခ Mr. Su Meng မှပြောကြားရာတွင် ယခုအချိန်တွင် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပါသည့် နက္ခတ္တဗေဒ လေ့လာတွေ့ရှိမှုတွင် ပိုမိုပါဝင်လာလျက်ရှိသည်။ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုပါဝင်လာလျက်ရှိပြီး အရေးပါသည့်အခန်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဥပမာအနေဖြင့် - တရုတ်နိုင်ငံသည် Radio Interference “ရေဒီယိုထုတ်လွှင့်မှုနှောင့်ယှက်ခြင်း တွင် ပညာရှင်များစွာ ပြုစုပျိုးထောင်နိုင်ခဲ့သည်။ အထူးသဖြင့် လက်ရှိဆောင်ရွက်နေသော နိုင်ငံတကာသိပ္ပံဘာသာရပ် စီမံကိန်းဖြစ်သည့် - စတုရန်း ကီလိုမီတာတယ်လီစကုပ်အစုအဖွဲ့ “Square Kilometer Array, SKA” စီမံကိန်းတွင် တရုတ်နိုင်ငံသည် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အခန်းကဏ္ဍအတော်များများတွင် တရုတ် နည်းပညာသည် အဓိကနေရာမှ ပါဝင်လျက်ရှိသည်။ SKA သည် လက်ရှိအချိန်တွင် နိုင်ငံတကာ ရေဒီယို နက္ခတ္တနယ်ပယ်၏ အရေးကြီးဆုံး အကြီးစားအဝေးကြည့်မှန်ပြောင်းစီမံကိန်းဖြစ်ပြီး လူသားသမိုင်း တစ်လျှောက် အကြီးမားဆုံး နက္ခတ်ပစ္စည်းကိရိယာဖြစ်လာမည်ဖြစ်ပြီး လူသားများ၏ အာကာသ လေ့လာမှုတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

 

မကြာမီနှစ်များအတွင်း တရုတ်သိပ္ပံပညာရှင်များသည် တွင်းနက်အကြောင်း လေ့လာမှုတွင် မည်သည့်အရာများ ဆောင်ရွက်ခဲ့သနည်း

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ သိပ္ပံနည်းပညာတက္ကသိုလ် နက္ခတ္တဗေဒဌာန ပါမောက္ခ Mr. Wang Ting Gui နှင့် Mr. Liu Gui Lin တို့သည် နိုင်ငံတကာ နာမည်ကြီးသိပ္ပံမဂ္ဂဇင်းဖြစ်သည့် “Nature” မဂ္ဂဇင်းခွဲဖြစ်သည့် “Nature Astronomy” တွင် သုတေသနရလဒ်အား ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ သည် Spectrum Absorption Line Light Change အားအသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် Super-massive Black-Hole “ဒြပ်ထုအလွန်ကြီးမား သည့်တွင်းနက် မှ မောင်းနှင်သည့် High Velocity Gas “မြန်နှုန်းမြင့်ဓါတ်ငွေ့ Physical Properties “ရုပ်ပိုင်း ဆိုင်ရာဂုဏ်သတ္တိဖြစ်တည်မှု အား ဖော်ထုတ် နိုင်ခဲ့သည်။ High Velocity Outflow Gas “အပြင်ဖက်သို့ မြန်နှုန်း မြင့်စီးဆင်းနေသည့်ဓါတ်ငွေ့ သည် ကြယ်တာရာဖြစ်တည်မှုအား ပြောင်းလဲနိုင်သည့် စွမ်းအင်အလုံအလောက်ရှိကြောင်း သက်သေပြနိုင်ခဲ့ သည်။

 

Super-massive Black-Hole “ဒြပ်ထုအလွန်ကြီးမားသည့်တွင်းနက် ပြင်းထန်သည့် ရေဒီယို ထုတ်လွှင့်မှုသည်  ဘေးပတ်ဝန်းကျင်ရှိ ဓါတ်ငွေ့အစုအဖွဲ့အား ionization “အိုင်ယွန်အသွင်ကူးပြောင်း ခြင်း ပြုလုပ်နိုင်ပြီး Outer Space “အာကာသပြင်ပ သို့တွန်းပို့ကာ High Velocity Outflow Gas “မြန်နှုန်းမြင့်စီးဆင်းနေသည့် အပြင်ဖက်ဓါတ်ငွေ့ ဖြစ်ပေါ်စေပြီး ၎င်းတည်ရှိရာ နဂါးငွေ့တန်းအပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေသည်။ သို့သော် လက်ရှိအချိန်တွင် လေ့လာမှုစွမ်းရည် အကန့်အသတ် ရှိသောကြောင့် သိပ္ပံပညာရှင်များသည် High Velocity Outflow Gas “မြန်နှုန်းမြင့်စီးဆင်းနေသည့် အပြင်ပိုင်းဓါတ်ငွေ့ ရူပဗေဒဆိုင်ရာ ဂုဏ်သတ္တိနှင့် အဆိုပါဓါတ်ငွေ့၏ နဂါးငွေ့တန်းပြောင်းလဲမှု အပေါ် အကျိုးသက်ရောက်မှုအား အနည်းငယ်သာသိရှိရသည်။

 



中国科学技术大学天文学系教授王挺贵小组与中国极地研究中心、安徽师范大学的学者合作,在距离地球几千万光年外的NGC 3319星系中心发现了疑似“中等大小”的黑洞。201812月,国际天体物理领域权威学术杂志《天体物理期刊》刊登了该发现。

 

တရုတ်နိုင်ငံ သိပ္ပံနည်းပညာတက္ကသိုလ် နက္ခတ္တဘာသာရပ် ပါမောက္ခ Mr. Wang Ting Gui ဦးဆောင် သည့်အဖွဲ့နှင့် တရုတ်နိုင်ငံဝင်ရိုးစွန်းဒေသသုတေသနစင်တာ၊ အန်းဟွေးဆရာအတတ်သင်တက္ကသိုလ် မှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာမြေနှင့် အလင်းနှစ်ပေါင်း သိန်းရာနှင့်ချီဝေးကွာသော NGC 3319 ကြယ်တာရာ၏ အလယ်ဗဟိုတွင် အလယ်အလတ် အရွယ်အစားရှိသော တွင်းနက်အား လေ့လာ တွေ့ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် နိုင်ငံတကာ အာကာသရူပဗေဒနယ်ပယ်၏ သြဇာတိက္ကမ ကြီးမားသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည့်အာကာသရူပဗေဒမဂ္ဂဇင်း တွင် အဆိုပါတွေ့ရှိမှုအား ထုတ်ဖော်ပြသခဲ့သည်။

 

目前人类已知的黑洞可分为两大类,一类质量在几倍到几十倍太阳质量之间,另一类质量在几百万到几十亿倍太阳质量之间。两类黑洞的质量大小极为悬殊,但科学界一直没找到质量介于其间的“中等大小”黑洞,这也是天体物理研究中的一个谜团。

 

လက်ရှိအချိန်တွင် လူသားများသိရှိသော တွင်းနက်အား အမျိုအစား နှစ်မျိုးခွဲခြားနိုင်သည်။ တစ်မျိုးမှာ နေ၏ဒြပ်ထုထက် အဆပေါင်း ဆယ်နှင့်ချီကြီးမားသော တွင်းနက်အမျိုးအစားနှင့် နောက်တစ်ခုမှာ နေ၏ဒြပ်ထုထက် အဆပေါင်း သန်းနှင့်ချီမှ ဘီလီယံနှင့်ချီ ကြီးမားသော တွင်းနက်အမျိုးအစားတို့ ဖြစ် သည်။ အဆိုပါ တွင်းနက်အမျိုးအစား နှစ်မျိုး၏ ဒြပ်ထုအရွယ်အစားမှာ လွန်စွာကွားခြားလှသည်။ သို့သော် သိပ္ပံပညာရှင်များသည် အဆိုပါတွင်းနက်အမျိုးအစာ နှစ်မျိုး၏ ကြားတွင်ရှိသော အလယ် အလတ် အရွယ်အစားရှိသည့် တွင်းနက်အား ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ဤသည်မှာလည်း နက္ခတ္တ ရူပေဗဒ သုတေသနနယ်ပယ်၏ ပဟေဋ္ဌိတစ်ခုဖြစ်သည်။

 

“中等大小”黑洞被认为可能是超大质量黑洞的“种子”,学者们的这次研究与发现,对于理解超大质量黑洞的形成与增长之谜有重要启示。

 

အလယ်အလတ်အရွယ်အစားရှိသော တွင်းနက်သည် ဧရာမတွင်းနက်၏ အစပထမ ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။ သိပ္ပံပညာရှင်များ၏ ယခုတွေ့ရှိမှုသည် ဧရာမတွင်းနက် ပေါ်ပေါက်လာမှုနှင့် ကြီးထွားမှု ပဟေဋ္ဌိအား ဖော်ထုတ်နိုင်ရန်အတွက် အရေးပါသည့် အစပျိုးမှုတစ်ရပ်ဖြစ်သည်။

 

20151月,英国《自然》杂志公布一项研究成果称,以中国天文学家为主的科研团队发现了一颗中心黑洞质量约为120亿个太阳质量的超亮类星体。图片来源:《自然》网站报道截图

 

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလန်နိုင်ငံ “Nature” မဂ္ဂဇင်းသည် သုတေသနရလဒ်တစ်ခု ထုတ်ပြန်ခဲ့ သည်။ အဆိုပါရလဒ်မှာ တရုတ်နက္ခတ္တပညာရှင်များ အဓိကပါဝင်သည့် သိပ္ပံသုတေသနအဖွဲ့သည် အလယ်ဗဟိုတွင် နေ၏ဒြပ်ထုထက် အဆပေါင်း ၁၂ ဘီလီယံကြီးမားသည့် တွင်းနက်ရှိသည့် အလွန် တောက်ပသည့် ကြယ်တာရာတစ်ခုအား ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဓါတ်ပုံအရင်းအမြစ် - “Nature” ဝက်ဆိုဒ်ထုတ်လွှင့်မှု Screenshot

 

20151月,英国《自然》杂志公布一项最新研究成果,以中国天文学家为主的科研团队发现了一颗430万亿倍太阳光度、中心黑洞质量约为120亿个太阳质量的超亮类星体。据悉,这是人类目前已观测到的遥远宇宙中发光最亮、中心黑洞质量最大的类星体。

 

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလန်နိုင်ငံ “Nature” မဂ္ဂဇင်းသည် လေ့လာတွေ့ရှိမှုရလဒ် သတင်း တစ်ပုဒ်အား ကြေငြာခဲ့သည်။ အဆိုပါသတင်းမှာ တရုတ်နိုင်ငံမှ နက္ခတ္တပညာရှင်များ အဓိကပါဝင်သည့် သိပ္ပံသုတေသနအဖွဲ့သည် နေ၏အလင်းထက် အဆပေါင်း ဘီလီယံပေါင်း ၄၃၀၀၀၀ ကျော်ရှိပြီး အလယ်ဗဟိုတွင်းနက်၏ဒြပ်ထုမှာ နေ၏ဒြပ်ထုထက် အဆပေါင်း ၁၂ ဘီလီယံ ကြီးမားသည့် အလွန် တောက်ပသည့် ကြယ်တာရာတစ်ခုအား ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ သိရှိမှုအရ အဆိုပါကြယ်တာရာ မှာ ယနေ့အချိန်အထိ လူသားများ လေ့လာတွေ့ရှိခဲ့သည့် အာကာသအတွင်း အတောက်ပဆုံးနှင့် အလယ်ဗဟိုတွင်းနက်၏ဒြပ်ထုမှာ အကြီးဆုံးဖြစ်သည့် ကြယ်တာရာတစ်ခုဖြစ်သည်။

 

科研团队负责人、北京大学物理学院天文学系教授吴学兵介绍,根据已观测到的光谱数据,这颗新发现的类星体,光度是太阳光度的430万亿倍,距离地球128亿光年,比目前已知距离地球最远130亿光年的类星体还亮7倍,其中心黑洞质量约为120亿个太阳质量,是目前已知的遥远宇宙中星体中光度最高、黑洞质量最大的类星体。

 

သိပ္ပံသုတေသနအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သည့် ဘေဂျင်းတက္ကသိုလ် ရူပဗေဒဌာန နက္ခတ္တဗေဒ ဘာသာရပ် ပါမောက္ခ Mr. Wu Xue Bing မှပြောကြားရာတွင် လေ့လာတွေ့ရှိခဲ့သည့် Spetrum အချက်အလက်များအရ အသစ်ရှာဖွေတွေ့ရှိသည့် ကြယ်တာရာ၏အလင်းသည် နေ၏အလင်းထက် အဆပေါင်း ဘီလီယံပေါင်း ၄၃၀၀၀၀ ကျော်ရှိပြီး ကမ္ဘာမြေနှင့် အလင်းနှစ်ပေါင်း ၁၂. ဘီလီယံ ဝေးကွာ သည်။ ယခင် ရှာဖွေတွေ့ရှိခဲ့သည့် ကမ္ဘာမြေနှင့် အလင်းနှစ်ပေါင်း ၁၃ ဘီလီယံကွာဝေးသည့် ကြယ်တာရာထက် ဆပိုမိုကြီးမားသည်။ ကြယ်တာရာအသစ်၏ အလယ်ဗဟိုတွင်းနက်၏ဒြပ်ထုမှာ နေ၏ဒြပ်ထုထက် အဆပေါင်း ၁၂ ဘီလီယံ ပိုမိုကြီးမားသည့်အတွက် လက်ရှိအချိန်အထိ လေ့လာ တွေ့ရှိခဲ့သည့် အာကာသအတွင်းရှိ ကြယ်တာရာများတွင် အတောက်ပဆုံးနှင့် တွင်းနက်၏ဒြပ်ထုမှာ အကြီးများဆုံးဖြစ်သည့် ကြယ်တာရာတစ်ခုဖြစ်သည်။

 

这颗超亮类星体是中国天文学家于2013年底利用云南丽江2.4米口径的望远镜首先发现,随后又联合国外天文学家,利用美国、智利的多台大口径望远镜进行后续观测并最终得到确认的。

 

အဆိုပါ အလွန်တောက်ပသည့် ကြယ်တာရာအား ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ နက္ခတ္တပညာရှင်များ သည် ယူနန်ပြည်နယ်အတွင်းရှိ လိကျန်း . မီတာအချင်းရှိသည့် အဝေးကြည့်မှန်ပြောင်းဖြင့် ပထမဆုံး အဖြစ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကုလသမဂ္ဂ အာကာသသိပ္ပံပညာရှင်များသည် အမေရိကန်ပြည်ထောင်စုနှင့် ချီလီနိုင်ငံမှ အရွယ်အစားကြီးမားသည့် အဝေးကြည့်မှန်ပြောင်းများစွာဖြင့် နောက်ဆက်တွဲ လေ့လာမှုများပြုလုပ်ခဲ့ပြီး အဆုံးသတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။