မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှုစွမ်းရည်အား ကူညီမြှင့်တင်ပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှပြောကြား
2019-04-11 00:00 source:



 4.11.1.jpg

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် China Engineering Energy Co., Ltd မှ တာဝန်ယူတည်ဆောက်သော မွန်ပြည်နယ် သထုံမြို့ရှိ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ လျှစ်စစ်ဓါတ်အား ထောက်ပံ့မှုစွမ်းရည် ပိုမိုမြှင့်တင်နိုင်ရန် ကူညီပံ့ပိုးပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်းပြောကြား။ (ဆင်ဟွာသတင်းဌာန ဦးအောင်မှရိုက်ကူး)

 

ဆင်ဟွာသတင်းဌာန၏ ဧပြီ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ရက်နေ့တွင် China Engineering Energy Co., Ltd မှ တာဝန်ယူတည်ဆောက်သော မွန်ပြည်နယ် သထုံမြို့ရှိ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်း အနား တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ လျှစ်စစ်ဓါတ်အား ထောက်ပံ့မှုစွမ်းရည် ပိုမိုမြှင့်တင်နိုင်ရန် ကူညီ ပံ့ပိုးပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် လက်ရှိမြန်မာနိုင်ငံတွင် နေရာဒေသ အများအပြားတွင် လျှပ်စစ်ဓါတ်အား မရရှိသေးကြောင်း၊ မကြာမီအနာဂတ်ကာလတွင် မြန်မာနိုင်ငံသား အားလုံး လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာနိုင်ငံ၏ လျှစ်ပစစ်ဓါတ်အား ထောက်ပံ့မှုစွမ်းရည်အား မြှင့်တင် နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက် ကောင်းကျိုးများ သယ်ဆောင်လာမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ လျှစ်စစ်နှင့်စွမ်းအင်ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှပြောကြားရာတွင် ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတည်ရှိရာ မွန်ပြည်နယ်၏ လူဦးရေ ၅၀ % ခန့်သည် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်း မရှိကြောင်း၊ ယခုစီမံကိန်းသည် ဤဒေသ၏ လျှပ်စစ်ဓါတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှုအတွက်ပါ အထောက်အကူပြုမည်ဖြစ်သည်။

 

China Engineering Energy Co., Ltd အောက်ရှိ ဟူနန်ပြည်နယ် လျှပ်စစ်ဓါတ်အားဒီဇိုင်းဌာန ဥက္ကဋ္ဌ Mr. Li Yiming မှ ဆင်ဟွာသတင်းထောက်အားပြောကြားရာတွင် ဓါတ်ငွေ့သုံးဓါတ်အားပေး စက်ရုံ တည်ဆောက်ပြီးစီးမှုသည် မြန်မာနိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း သိန်းနှင့်ချီအား အကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီမှ လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်စဉ်ကာလ အတွင်း ဤဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့သည်။ China Engineering Energy Co., Ltd သည် ဘုရား၊ စေတီ၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့ပြီး လမ်းတံတား ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသူ/သားများ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည်။

 

လေ့လာသိရှိမှုအရ ဤဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ စက်တပ်ဆင်မှုအင်အားမှာ ၁၁၈ မဂ္ဂါဝပ်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ နည်းပညာအား သုံးစွဲထားခြင်းဖြစ်သည်။

 4.11.2.jpg

ဧပြီ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပညာရှင်များသည် မွန်ပြည်နယ် သထုံမြို့ရှိ ဓါတ်ငွေ့သုံးဓါတ်အားပေး စက်ရုံ စက်ပစ္စည်းများ စစ်ဆေးနေစဉ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် China Engineering Energy Co., Ltd မှ တာဝန်ယူတည်ဆောက် သော မွန်ပြည်နယ် သထုံမြို့ရှိ ဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ လျှစ်စစ်ဓါတ်အား ထောက်ပံ့မှုစွမ်းရည် ပိုမိုမြှင့်တင်နိုင်ရန် ကူညီပံ့ပိုးပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိ ကြောင်းပြောကြား။ (ဆင်ဟွာသတင်းဌာန ဦးအောင်မှရိုက်ကူး)


404 Not Found

404 Not Found


nginx