မြန်နှုန်းမြင့်ရထားသည် ကူမင်းမြို့ပြနေရာသို့ ခရီးသွားလာရေးကို လိုက်ပါအောင်ဆွဲ၍ ဖြစ်ထွန်းလာ
2019-04-10 00:00 source:


ချင်းမင်ကာလအတွင်း ကွယ်လွန်သွားသည့် ဘိုးဘွားဆွေမျိုးများကို ပူဇော်ကန်တော့ခြင်း လုပ်ဆောင်ကြသည့်အပြင် ကူမင်းမြို့ပြနေရာများသို့ လည်ပတ်ကြည့်ရှုခြင်း အစီအစဉ်ကို လူအများက နှစ်သက်စွာ လုပ်ဆောင်ကြသည်။ ယခုနှစ်ချင်းမင်ကာလတွင် ယူနန်မီးရထားစီး ဧည့်သည်များသည် အများအားဖြင့် ခရီးတို၊ ခရီးလတ် လှည်ပတ်ကြည့်ရှုခြင်းနှင့် ကွယ်လွန်သွားသည့် ဘိုးဘွားဆွေမျိုးများကို ပူဇော်ကန်တော့ခြင်း အတွက် ခရီးထွက်ကြခြင်းဖြစ်သည်ဟု တရုတ်ကူမင်းမီးရထားလမ်းအုပ်စု မှသိရသည်။ ခရီးသွားစီမံကိန်း ခိုင်မာထင်ရှားသည်။ အသွားအလာများသည်။ သွားရောက်သောနေရာ စုစည်းသွားလာသောပမာဏမတူညီ စသည့်အထူးဝိသေသ ရှိသည်။ ဧည့်သည်များသည် ကူမင်းမှ ကွေ့ရန်၊ နန်နင်၊ ချင်သူး စသည့်နီးသော မြို့နယ်နှင့် ယူနန်ပြည်နယ်ရှိ တာ့လီ၊ လိကျန်း၊ မိန်ကျဲ့၊ ချူကျင့်၊ ရှမ်းဝေး စသည့်နေရာသို့ လည်ပတ်ကြရာ ခရီးသွားဧည့်သည်ဦးရေ () သိန်းရှိပြီး မနှစ်ကထက် 20% နီးပါး တိုးမြှင့်နိုင်ကြောင်း ခန့်မန်းထားသည်။

 4.10.2.jpg

တရုတ်ကူမင်းမီးရထားလမ်းအုပ်စု သည် ဧည့်သည်သွားလာမှု အထူးဝိသေသကို အပြည့်အ၀ စဉ်းစားပြီး ရှန်ဟဲ-ကူမင်း မြန်နှုန်းမြင့်ရထား၊ ယူနန်-ကွေ့လင် မီးရထား၊ ကူမင်း-ချူရွှန် မီးရထား စသည့်မီးရထားလမ်းများ သီးခြားစီစဉ် အသုံးပြုသည်။ အထူးသဖြင့် လည်ပတ်ကြည့်ရှုခြင်းနှင့် ပူဇော်ကန်တော့ခြင်းအတွက် ကူမင်းမှ မိန်ကျဲ့၊ ချူကျင့်၊ ရှမ်းဝေး၊ လောဖိန် စသည့်နေရာသို့ အသွားအပြန်ရထားလမ်းကြောင်း (၄၀)ကျော် တိုးထားသည်။

 

ကူမင်းတောင်ပိုင်းဒေသသို့ လည်ပတ်မည့် ပထမ နေရာ-ရှီလင်သည် ချင်းမင်ကာလတွင် ဧည့်သည်ဦးရေ တိုးမြှင့်လာသည်မှာ ထင်ရှားပါသည်။ ရှီလင်ရှုခင်းသာ စီမံခန့်ခွဲရေးဌာနမှ စာရင်းအရ ဧပြီလ ရက်နေ့မှစ၍ ဧပြီလ ရက်နေ့အထိ ဧည်သည် ၂၅၀၀၀ ကျော် ဧည့်ခံခဲ့ပါသည်။ ရှီလင် ဝမ့်ကြားဟွန်း Blueberry ခြံသို့ လာရောက်၍ Blueberry နှင့် စတော်ဘယ်ရီ ခူးကြသည့် ဧည့်သည်များသည် နေ့စဉ်ဦးရေ ၂၀၀၀ နီးပါး ရှိသည်။

 

ဧပြီလ၊ နွေဦးရာသီနှင့် နွေရာသီ အကြားတွင် ကျောက်စီဆီ်းနှင်းတောင်၌ ပန်းပွင့်ချိန် ရောက်နေပြီဖြစ်သည်။ ရှုခင်းသာရှိ ပန်းပင်အသီးသီးမှာ အဆက်မပြတ် ဝေေ၀ဆာဆာ ပွင့်လာပါသည်။ တစ်တောင်လုံးတွင် စလပ်ပန်း၊ ကုက္ကိုပင် အပါအဝင် အခြားသော အမည်မသိသည့် ပန်းအမျိုးမျိုးနှင့်အတူ ဝေေ၀ဆာဆာပွင့်နေခြင်းဖြင့် ကျောက်စီဆီးနှင်းတောင်ကို ပန်းကမ္ဘာအဖြစ် မြင်တွေ့ရသည်။ သတင်းအရ ဧည့်သည်လာရောက်မှုသည် ယမန်နှစ် ချင်းမင်ကာလထက် 21.18% တိုးမြှင့်လာသည်။


404 Not Found

404 Not Found


nginx