နေချင့်စဖွယ် ကျွန်တော့်အိမ်ငယ် (လားဟူတိုင်းရင်းသား)
2019-04-04 00:00 source:



4.4.2.png

တေးဂီတသံသည် တိတ်ဆိတ်နေသော ညဉ့်နက်အား ဖြိုခွင်းလိုက်သည်။ လောင်တာပေါင်ကျေးရွာမှ လားဟူ တိုင်းရင်းသားများသည် အတူတကွစုဝေးနေကြပြီး ဖျော်ဖြေရေးအစီအစဉ်အသစ်အား ဇာတ်တိုက်လေ့ကျင့် လျက်ရှိသည်။ ၎င်းတို့သည် နေ့ခင်းအချိန်တွင် သီးနှံစိုက်ခင်းများတွင် ကြိုးစားလုပ်ကိုင်ကြသော တောင်သူ များ၊ အိမ်မှုကိစ္စများဆောင်ရွက်သည့် အိမ်ထောင်ရှင်အမျိုးသမီးများဖြစ်ကြသော်လည်း၊ ညဖက်အချိန်တွင်မူ ၎င်းတို့၏ နောက်အလုပ်အကိုင်တစ်ခုမှာ လောင်တာပေါင်ရွှင်ပျော်ပျော်လားဟူ အနုပညာဖျော်ဖြေရေးကုမ္ပဏီ ၏ လက်မှတ်ရေးထိုးထားသော အနုပညာရှင်များဖြစ်ကြသည်။

 

နေ့ခင်းအချိန် လောင်တာပေါင်ကျေးရွာသည် သက်ဝင်လှုပ်ရှားလျက်ရှိသည်။ လန်ချန်းခရိုင်နှင့် ကီလိုမီတာ ၄၀ ကျော်ကွာဝေးသော လောင်တာပေါင်ကျေးရွာတွင် လားဟူတိုင်ရင်းသား ၄၉၅ ဦး နေထိုင်လျက်ရှိသည် ။ ၂၀၀၅ ခုနှစ်တွင် ဂစ်တာဖြင့်တီးခတ်၍ သီဆိုထားသော “ပျော်ရွှင်ဖွယ်လားဟူ ၊ “မခွဲရက်ဘူး စသည့်သီချင်း များသည် ဖန်သားပြင်ပေါ်တွင် တင်ဆက်ပြသပြီးနောက် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများသည် လားဟူ တိုင်းရင်းသား၏ သီဆိုကပြဖျော်ဖြေမှု၊ ဧည့်ဝတ်ကျေပွန်မှုအား စိတ်ထဲစွဲမက်ထင်ကျန်ရစ်စေခဲ့သည်။ လက်ရှိ အချိန်တွင် လောင်တာပေါင်ကျေးရွာတွင် ယဉ်ကျေးမှုအနုပညာလုပ်ငန်းသည် ရွာသူရွာသားအများစု၏ နေ့စဉ်လူနေမှုဘဝ နှင့် တစ်သားတည်းပေါင်းစပ်နေပြီဖြစ်သည်။

4.4.3.png

မွန်းတည်းချိန်ဝန်းကျင်တွင် ကျန်းကျားအာသည် ရွာအဝင်ဝ၌ ခရီးသွားအဖွဲ့မှ ဧည့်လမ်းညွှန်အား ဖုန်းဖြင့် ဆက်သွယ်ကာ ခရီးစဉ်အသေးစိတ်အား အတည်ပြုလျက်ရှိသည်။ ယနေ့တွင် ရှန်ဟိုင်းမြို့မှ ခရီးသွား ဧည့်သည် ၄၅ ယောက်သည် လောင်တာပေါင်ကျေးရွာသို့ အလည်အပတ် ရောက်ရှိလာမည်ဖြစ်ပြီး ယခု ခရီးစဉ်မှာ အဆိုပါခရီးသွားအဖွဲ့၏ ရှစ်ရက်တာယူနန်ခရီးစဉ်အတွင်းမှ တစ်ခုအပါအဝင်ဖြစ်သည်။ လူအများ တင်စားပြောဆိုကြသည့် “စကားပြောတတ်လျှင် သီချင်းဆိုတတ်သည်၊ လမ်းလျှောက်တတ်လျှင် အကက တတ်သည်။ ဟူသည့် လားဟူတိုင်းရင်းသားများ၏ ရိုးရာဓလေ့အား လက်တွေ့လေ့လာရန် လာရောက်ခြင်း ဖြစ်သည်။ ဖျော်ဖြေရေးကုမ္ပဏီ၏တာဝန်မှာ ကြိုဆိုခြင်းအခမ်းအနားစီစဉ်ခြင်း၊ ခရီးသွားဧည့်သည်များအား ကျေးရွာအတွင်းသို့ လိုက်လံပြသခြင်း၊ အဆိုပါ ခရီးသွားဧည့်သည်များအတွက် နေ့လည်စာပြင်ဆင်ခြင်းနှင့် နေ့လည်စာသုံးဆောင်ပြီးပါက သီချင်း ၈ ပုဒ် ပါဝင်သော အသေးစားဖျော်ဖြေမှုအစီအစဉ်တစ်ခုဖြင့် တင်ဆက် ကပြဖျော်ဖြေခြင်းတို့ဖြစ်သည်။

 

တစ်ချိန်တည်းတွင် ခရီးသွားဧည့်သည်များမှ - ဒီကိုလာပြီး သူတို့တစ်တွေသီချင်းဆိုတာ နားထောင်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ မြို့မှာက ဖိအားတွေအရမ်းများပါတယ်၊ ဒီမှာက အေးချမ်းငြိမ်သက်နေတာပဲ။ ကျွန်မရဲ့စိတ်ထဲမှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခံစားမှုတစ်မျိုးရရှိပါတယ်။

 

ခရီးသွားဧည့်သည်များသည် ပျော်ရွှင်မှုခံစားချက်များရရှိပြီးနောက် ကျန်ရှိသည့်ခရီးစဉ်အား ဆက်လက် ခရီးဆက်ကြသည်။ ဖျော်ဖြေမှုအစီအစဉ်ပြီးဆုံးပြီးနောက် ပါဝင်ကပြဖျော်ဖြေသူများမှာလည်း ရသင့်သည့် အကျိုးအမြတ်များ ရရှိကြသည်။

4.4.1.png

တစ်ချိန်တည်းတွင် ကျန်းကျားအာမှ - ဒီနေ့ ကပြဖျော်ဖြေတဲ့လူ စုစုပေါင်းက (၂၅) ယောက်ဆိုတော့ စုစုပေါင်း ဝင်ငွေက ၁၂၅၀ ယွမ်ရပါတယ်။ တစ်ယောက်ကို ၅၀ ယွမ်ပါ။ ကုမ္ပဏီကနေ တစ်ယောက်ကို ၅ ယွမ် နှုတ်ယူတဲ့ အတွက် တစ်ယောက်ကို ၄၅ ယွမ်ရပါတယ်။

 

ယခုအချိန်တွင် ကျန်းကျားအာသည် “ရွှင်ပျော်ပျော်လားဟူအနုပညာဖျော်ဖြေရေးကုမ္ပဏီ ၏ဥက္ကဋ္ဌဖြစ်ပြီး အခြားသူများနှင့်မတူညီသည့်အချက်မှာ ကျန်းကျားအာသည် စာရင်းပြုစုခြင်းနှင့် ငွေပေးချေခြင်းအား တာဝန်ယူလုပ်ကိုင်ရသည်။


ကျန်းကျားအာအား အင်တာဗျူးခြင်း - ကျွန်တော့်နာမည် ကျန်းကျားအာပါ။ ကျွန်တော်က လောင်တာပေါင် ကျေးရွာက သာမန်လယ်သမားတစ်ယောက်ပါ။ နောက်ပြီး ကျွန်တော်က ကျွန်တော်တို့ရွာက ရွှင်ပျော်ပျော် လားဟူအနုပညာဖျော်ဖြေရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌပါ။

 

ကုမ္ပဏီဥက္ကဋ္ဌမှာလည်း အခြားသူများကဲ့သို့ ကပြဖျော်ဖြေရမည့်အချိန်တွင် စင်ပေါ်တက် ကပြဖျော်ဖြေရပြီး၊ ဖျော်ဖြေမှုအစီအစဉ်မရှိသည့်အချိန်တွင် စိုက်ခင်းထဲတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။

 

ကျန်းကျားအာအား အင်တာဗျူးခြင်း - တီဗီဖန်သားပြင်ထဲမှာ ကုမ္ပဏီဥက္ကဋ္ဌတွေက နေ့တိုင်းရုံးခန်းထဲမှာ ထိုင်နေတာတွေ့ရတယ်။ ကျွန်တော်ကတော့ သူတို့နဲ့မတူဘူး။ ကိုယ်တိုင်မှမလုပ်ရင် ကူလုပ်ပေးမယ့်လူ မရှိဘူးလေ။


ဖျော်ဖြေရေးကုမ္ပဏီသည် လုပ်အားစိုက်ထုတ်မှုပေါ်အခြေခံပြီး အကျိုးအမြတ်အား ခွဲဝေခြင်းဖြစ်သည်။ လုပ်အားပိုမိုစိုက်ထုတ်လေ အကျိုးအမြတ်ပိုမိုရရှိလေဖြစ်သည်။ ကျန်းကျားအာသည် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သည့် အတွက် အကျိုးအမြတ် ပိုမိုရရှိလိမ့်မည်မဟုတ်ပါ။ ကုမ္ပဏီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျန်းကျားအာ၏ လူနေမှုဘဝ မှာလည်း တိုးတက်ကောင်းမွန်လာလျက်ရှိသည်။

 

တစ်ချိန်တည်းတွင် ကျန်းကျားအာမှ - ဒါကကျွန်တော့်အိမ်၊ ဒါကကျွန့်တော့်ရဲ့ကားအသစ်။ ဒီဟာက အသစ် ဆောက်ထားတဲ့ တည်းခိုရိပ်သာအသစ်၊ အခန်းစုစုပေါင်း (၆) ခန်းရှိပါတယ်၊၊ အားလုံးက standard room တွေပါ။ တစ်ညတည်းခိုခက ယွမ် ၁၀၀ ပါ။

 

လောင်တာပေါင်ကျေးရွာတွင် အိမ်အသစ်ဆောက်သူများ၊ ကားအသစ်ဝယ်စီးသူများ အရင်ကထက် ပိုမို များပြားလာလျက်ရှိသည်။ ဖျော်ဖြေရေးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့် လီနလော်သည် ယနေ့အခြေအနေ သို့ရောက်ရှိရန်မှာ များစွာမလွယ်ကူသည့်အကြောင်းအား ကောင်းစွာသိရှိနားလည်သည်။

 

လီနလော်အား အင်တာဗျူးခြင်း - ကျွန်မတို့ရွာက ဟိုအရင်က အရမ်းကိုဆင်းရဲပါတယ်။ ရွာသူရွာသားတွေ အနေနဲ့ စားစရာ၊ ဝတ်စရာ အရမ်းဒုက္ခရောက်ပါတယ်။ ရွာက လမ်းမကောင်းဘူး၊ လျှပ်စစ်မီးမရှိဘူး၊ သောက်သုံးရေအခက်အခဲဖြစ်တယ်။ ဘာလုပ်လုပ်အဆင်မပြေဘူး။

 

လီနလော်သည် ပေကျင်းနှင့် ပင်လယ်ရပ်ခြားသို့ အနုပညာဖျော်ဖြေရေးခရီး သွားရောက်ဖူးသည့် ပထမဆုံး လောင်တာပေါင်ဒေသခံဖြစ်သည်။ အနုပညာဖျော်ဖြေခြင်းမှတစ်ဆင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအား ဖော်ထုတ်ပြသနိုင်သည့်အပြင်၊ ဝင်ငွေပါရရှိနိုင်ကြောင်းအား ကောင်းစွာသိရှိနားလည်သူတစ်ယောက် ဖြစ်သည်။ သို့သော်အဆိုပါအချိန်တွင် ကျေးရွာအတွင်းနေထိုင်ကြသည့် ရွာသူရွာသားများသည် ကြံစိုက်ပျိုး ခြင်း၊ လက်ဖက်စိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးကြသည်။ ရွာသူရွာသားများအား သီချင်းသီဆိုခြင်း၊ သီဆိုကပြခြင်းဖြင့် ဆင်းရဲမှုမှလွတ်မြောက်စေရန် မည်ကဲ့သို့စွမ်းဆောင်ရမည်မှာ ပုစ္ဆာတစ်ပုဒ်ဖြစ်လေသည်။


လီနလော်အား အင်တာဗျူးခြင်း - အနည်းဆုံးအနေနဲ့ တစ်မနက်လုံး ဖျော်ဖြေပွဲတစ်ပွဲပဲရှိတဲ့အချိန်ရှိတယ်။ အဲ့ပွဲကနေ ယွမ် ၂၀၀ သာရပြီး သီဆိုကပြဖျော်ဖြေတဲ့အဖွဲ့ဝင်ကလည်း လူအယောက် ၂၀၀ ရှိတယ်ဆိုတော့ တစ်ယောက်ကို ယွမ် ပြား ၅၀ ပဲရပါတယ်။

 

ထို့ကြောင့် ဈေးကွက်အပေါ်အခြေခံသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ရေးမှာ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာတစ်ခုဖြစ်လာခဲ့သည်။ အစိုးရ၏လမ်းညွှန်မှုနှင့် ထောက်ပံ့မှုအောက်တွင် လန်ချန်းခရိုင် ၏ ပထမဆုံးဖြစ်သော တောင်သူလယ်သမားများဖြင့် ဖွဲ့စည်းတည်ထောင်ထားပြီး ကိုယ်ပိုင်ငွေကြေးဖြင့် လည်ပတ်သော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် - ရွှင်ပျော်ပျော်လားဟူအနုပညာဖျော်ဖြေရေး ကုမ္ပဏီအား ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။


ရွာသူရွာသား ၂၀၀ ဦးအား အရည်အချင်းပြည့်မီသည့် သနုပညာရှင်များအဖြင့် လေ့ကျင့်ပေးခဲ့ပြီး ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန် ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်ထားရှိသည်။ ဖျော်ဖြေရေး စင်မြင့်အား ပြုပြင်ခြင်း၊ အကြီးစားဖျော်ဖြေမှုအစီအစဉ်များအား ဇာတ်တိုက်လေ့ကျင့်ခြင်း စသည်တို့အား ဆောင်ရွက်ခြင်းဖြင့် ကုမ္ပဏီသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် အဓိကထောက်တိုင်အဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် စာရင်းဇယားပြုစုရာတွင် လောင်တာပေါင် ရွာသူ ရွာသားများ၏ တစ်ဦးချင်းအသားတင်ဝင်ငွေသည် ၅၀၆၁ ယွမ်အထိရှိလာခဲ့ပြီး ကုမ္ပဏီမတည်ထောင်ခင်က ထက် တစ်ဆကျော် ပိုမိုများပြားသည်။ အဆိုပါဝင်ငွေများတွင် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကဏ္ဍမှ ရရှိသော ဝင်ငွေသည် တစ်ဝက်ကျော်ပါဝင်လျက်ရှိသည်။


ကုမ္ပဏီ ဒုဥက္ကဋ္ဌ လီနလော်သည် မနက်ဖြန်တွင် ပေကျင်းသို့သွားရောက်မည်ဖြစ်၍ ဥက္ကဋ္ဌ ကျန်းကျားအာသည် အားလပ်နေသည့် ယနေ့ညနေပိုင်းအချိန်အား အသုံးချ၍ ကုမ္ပဏီဒါရိုက်တာဘုတ်အစည်းအဝေး ခေါ်ယူခဲ့ သည်။

 

တစ်ချိန်တည်းတွင် ကျန်းကျားအာမှပြောကြားရာတွင် - လူစုံပြီဆိုတော့ ကျွန်တော်တို့ အစည်းအဝေးစကြရ အောင်။ ဒီနေ့ ဆွေးနွေးမဲ့အကြောင်းအရာကတော့ ယဉ်ကျေးမှုစိုက်ပျိုးရေးကျေးရွာ သဘောတူညီချက် ဖြစ်ပါ တယ်။

 

ယဉ်ကျေးမှုစိုက်ပျိုးရေးကျေးရွာသည် ရွှင်ပျော်ပျော်ဖျော်ဖြေရေးကုမ္ပဏီ၏ တိုးချဲ့မည့်ခြေလှမ်းသစ်ဖြစ်သည်။ ပြင်ပကုမ္ပဏီကြီးတစ်ခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် အခြေအနေအား တင်ပြဆွေးနွေးခြင်းဖြစ်သည်။ “ရွှင်ပျော်ပျော်လားဟူ ဟူသည့် မူပိုင်ခွင့်အပေါ်အခြေခံပြီး လောင်တာပေါင်ကျေးရွာတွင် ကိုယ်တိုင်လက်ဖက် ပြုလုပ်ခြင်းအစီအစဉ်အား အကောင်အထည်ဖော်ရန် လျာထားလျက်ရှိသည်။


တစ်ချိန်တည်းတွင် လီယွိလန်မှပြောကြားရာတွင် - ကျွန်မ ဒီသဘောတူစာချုပ်ပါအချက်တွေကို အားလုံးကို ရှင်းပြချင်ပါတယ်။ စာချုပ်နာမည်က လောင်တာပေါင်ယဉ်ကျေးမှုစိုက်ပျိုးရေးကျေးရွာလုပ်ငန်း  သတောတူ စာချုပ်ပါ ။ ကျွန်မတို့က Party A ၊ သူတို့က Party B ပါ ……………….

 

လီနလော် - ကျွန်မရဲ့ထင်မြင်ချက်ကို ပြောချင်ပါတယ် ………… ဒီနေရာ ဒုတိယအချက် ဒီနေရာ …………

 

တစ်ချိန်တည်းတွင် လီယွိလန်မှပြောကြားရာတွင် - ညဉ့်သန်းခေါင်းယံ ၁၂ နာရီကျော်ရင် ဖျော်ဖြေမှုအစီအစဉ် အားလုံးကို ရပ်နားမှာဖြစ်ပါတယ်။ နောက်ပြီး အရက်ဘား၊ KTV စတာတွေ ဖွင့်ခွင့်ပြုမှာမဟုတ်ပါဘူး။

 

ကုမ္ပဏီ၏အနာဂတ်၊ မွေးရပ်ဇာတိမြေ၏အနာဂတ်တို့နှင့် သက်ဆိုင်သည်ဖြစ်၍ လောင်တာပေါင်ကျေးရွာရှိ ရွာသူရွာသားများအားလုံးသည် အဆိုပါကိစ္စအား အလေးအနက်ထားကာ စဉ်စားလျက်ရှိသည်။


ကုမ္ပဏီဒါရိုက်တာဘုတ်အဖွဲ့၏ အသက်အငယ်ဆုံးအဖွဲ့ဝင်မှာ ဆံပင်အညိုရောင်ဆေးဆိုးထားသည့် မိန်းကလေးဖြစ်ပြီး သူမ၏နာမည်မှာ လီယွိလန်ဟုခေါ်သည်။ အင်တာနက်အွန်လိုင်းခေတ်တွင် ကြီးပြင်း လာသူတစ်ဦးဖြစ်၍ သူမအား လားဟူတိုင်းရင်းသူတစ်ယောာက်ဟု မထင်ရချေ။


လီယွိလန်အား အင်တာဗျူးရာတွင် - ပြင်ပလူတွေက ကျွန်မတို့လောင်တာပေါင်မှာ နေထိုင်တဲ့လူတွေ အားလုံး ဂစ်တာတီးတတ်မယ်လို့ထင်နေတာ။ ဒါပေမယ့် ကျွန်မဂစ်တာမတီးတတ်ပါဘူး။ အမကြီးလီနလော်ကနေ တစ်ဆင့် ကျွန်မဂစ်တာအပေါ် အရမ်းစိတ်ဝင်စားလာတယ်။ ဒါပေမယ့် သင်ယူရတာတော့ မလွယ်ဘူး။ အခုထိ ဂစ်တာမတီးတတ်သေးဘူး။ ကြိုးစားသင်ယူနေရတုန်းပဲရှိသေးတယ်။


လီယွိလန်အား အင်တာဗျူးရာတွင် - ၂၀၀၉ ခုနှစ်က ကျွန်မအိမ်ကနေထွက်ပြီး ကျဲကျန်းပြည်နယ် ဝန်ကျိုးမှာ အလုပ်သွားလုပ်ခဲ့တယ်။ အဲ့အချိန်တုန်းက ဝင်ငွေကလည်းမဆိုးဘူး။ ဒါပေမယ့်လည်း စိတ်ထဲမှာ ဖိအားတော့ ရှိတာပေါ့။ ရွာကဓါတ်ပုံတွေ၊ ဖျော်ဖြေရေးအစီအစဉ်ဗီဒီယိုတွေကိုကြည့်ပြီးတော့ အိမ်ကိုအရမ်းသတိရတယ်။ ၂၀၁၃ ခုနှစ်တုန်းက ကျွန်မတို့ရွာမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ခဲ့တယ်။ နောက်တော့ အမကြီး လီနလော်၊ ပြီးတော့ ကျွန်မတို့ရဲ့ကုမ္ပဏီဥက္ကဋ္ဌက ဒီမှာနေခဲ့ဖို့ပြောပါတယ်။ နောက်ဆုံး ကျွန်မဒီမှာနေပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

 

ဇာတိမြေ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကောင်းမြင်ခြင်းနှင့် မိမိလူမျိုး၏ရိုးရာအမွေအနှစ်အား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန် ယုံကြည်မှုအပြည့်အဝရှိခြင်းတို့ကြောင့် လူငယ်မျိုးဆက်သစ်များသည် ကုမ္ပဏီ၏ အမာခံအင်အားများအဖြစ် ပေါ်ထွန်းလာလျက်ရှိသည်။


လီယွိလန်အား အင်တာဗျူးခြင်း - ကျွန်မက ငယ်ငယ်ကတည်းက လောင်တာပေါင်ရွာမှာ ကြီးပြင်းလာတာပါ။ ဇာတိမြေအပေါ်မှာ ဖော်ပြမတတ်တဲ့ ခံစားချက်မျိုးရှိပါတယ်။ ကျွန်မတို့ လောင်တာပေါင်ရွာသူ ရွာသားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ပြင်ပကလူတွေ ကျွန်မတို့လောင်တာပေါင်က ဂီတအနုပညာကို ပိုမိုနှစ်သက်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်။ အနာဂတ်မှာ ကျွန်မတို့လောင်တာပေါင်ကျေးရွာဟာ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက် လိမ့်မယ်လို့လည်း ယုံကြည်ချက်အပြည့်ရှိပါတယ်။


ယခုနှစ်များအတွင်း ကုမ္ပဏီ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုကြောင့် ပိုမိုများပြားသော ခရီးသွား ဧည့်သည်များသည် လောင်တာပေါင်ကျေးရွာသို့လာရောက်၍ လားဟူတိုင်းရင်းသားများ၏ ရိုးရာဂီတ အနုပညာဆွဲဆောင်မှုအား ကိုယ်တွေ့လာရောက်ခံစားလျက်ရှိသည်။ ဘေးဂျင်းမှလာသော သတင်းမီဒီယာ တစ်ဦးဖြစ်သည့် စီရှောက်လျန့်သည် လွန်ခဲ့သည့် ၁၈ နှစ်က ဤကျေးရွာသို့ အလည်အပတ် ရောက်ရှိခဲ့ဖူး သည်။ ယခုနှစ်တွင် ၎င်းသည် ရိုက်ကူးရေးအဖွဲ့အားဦးဆောင်၍ လောင်တာပေါင်ကျေးရွာ၏ တိုင်းရင်းသား ဂီတအနုပညာဗီဒီယိုရိုက်ကူးရန် လာရောက်ခြင်းဖြစ်သည်။ လောင်တာပေါင်ကျေးရွာ၏ ပြောင်းလဲတိုးတက်မှု အား မျက်မြင်ကိုယ်တွေ့ တွေ့ဖူးသူတစ်ဦးဖြစ်သည့်အလျောက် စီရှောက်လျန်အနေဖြင့် ပိုမိုခံစားမိသည်။


တစ်ချိန်တည်းတွင် စီရှောက်လျန့်မှပြောကြားရာတွင် - ၁၈ နှစ်တာကာလအတွင်းမှာ ဒီဒေသကို အကြိမ်ကြိမ် ရောက်ရှိဖူးပါတယ်။ ရောက်လာတဲ့အကြိမ်တိုင်းမှာလည်း ပြောင်းလဲတိုးတက်မှုတွေကို တွေ့ရှိရသကဲ့သို့ ဘာမှမပြောင်းလဲဘူးလို့လဲ ခံစားရပါတယ်။ ပြောင်းလဲတိုးတက်သွားတဲ့အရာတွေကတော့ အပြင်ပိုင်းရုပ်ဝတ္ထု တွေဖြစ်တဲ့ လူနေအိမ်တွေ၊ လမ်းတံတားတွေစတဲ့ အခြေခံ အဆောက်အအုံကဏ္ဍဖြစ်ပြီး၊ ဝန်ဆောင်မှု အပိုင်းမှာလည်း ပိုမိုကောင်းမွန်လာပါတယ်။ ဒါပေမယ့်လည်း ဒီကလူတွေရဲ့ အခြေခံအကျဆုံးအရာတွေ ကတော့ လုံးဝပြောင်းလဲသွားခြင်းမရှိပါဘူး။ ဦးစွာအနေနဲ့ သူတို့တွေရဲ့သီးချင်းသီဆိုသံ၊ နောက်ပြီး သူတို့တွေရဲ့ ဖြူစင်မှု၊စိတ်ထားကောင်းမှု၊ မျက်နှာပေါ်က ပြုံးပျော်ရွှင်မှု၊ မျက်ဝန်းကနေတစ်ဆင့် ဖော်ပြနေတဲ့ရိုးသားမှု  စတာတွေက လုံးဝပြောင်းလဲသွားခြင်း မရှိပါဘူး။


ကျန်းကျားအာ၊ လီနလော်နှင့် လီယွိလန်၊ ဖျော်ဖြေရေးကုမ္ပဏီမှအနုပညာရှင်များသည် (မန်ဒရင်းဘာသာ၊ လားဟူဘာသာ) ဖြင့် “နေချင့်စဖွယ် ကျွန်တော့်အိမ်ငယ် ဟုလေးကြိမ် သံပြိုင်အော်လေသည်။

 

နှစ် ၄၀ ခံစားချက် -

တိုင်းရင်းသားရိုးရာသီဆိုကပြမှုဖြင့် ယဉ်ကျေးမှုအနုပညာလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ပြီး၊ ယဉ်ကျေးမှုအနုပညာလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဖြင့် ဆင်းရဲနွမ်းပါးမှုအား အတူတကွ ကျော်ဖြတ်ကြစို့။

ရွှင်ပျော်ပျော်လားဟူသည် ရိုးရာသီဆိုမှုအား မမေ့လျော့ပဲ သီချင်းအသစ်များဖော်စပ်ကာ သာယာပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘဝပန်းတိုင်ဆီကို သီချင်းဆိုရင်း၊ လမ်းလျှောက်ရင်း သွားကြမည်။