လျန်ချန်း-မဲခေါင်ဒေသ ဆင်းရဲမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုမှ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံပြည်သူများထံအကျိုးခံစားမှုရရှိ
2019-04-04 00:00 source:


4.4.4.jpg

ဒေတာဓာတ်ပုံ၊ ဖေဖော်ဝါရီလ ၁၄ရက် “လျန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကမ္ဘောဒီးယား အထူးရန်ပုံငွေ စီမံကိန်း ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးဌာနတွင် လက်မှတ်ရေးထိုးမှု အခမ်းအနား ကျင်းပ။ ဓာတ်ပုံမှာ လက်မှတ်ရေးထိုးသည့် အခမ်းအနား ဖြစ်ပါသည်။ ဓာတ်ပုံ- CNS သတင်းဌာနမှသတင်းထောက် Huang Yao Hui

 

ဒုတိယအကြိမ်မြောက် လျန်ချန်း-မဲခေါင်ဒေသ သတင်းပတ် လှုပ်ရှားမှု ၁၉ရက်မှ ၂၀ရက်အထိ ကွမ်ရှီးဒေသနန်နင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဤလှုပ်ရှားမှုမှာ အရှေ့အာရှ ဆင်းရဲမှုလျှော့ချရေး စံပြပူးပေါင်းဆောင်ရွက်မှု နည်းပညာ ထောက်ပံ့မှုဖြင့် မြှင့်တင်ခြင်း၊ ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆွေးနွေးမှု စသည့် အသွင်ဖြင့် လျန်ချန်း-မဲခေါင်ဒေသ ဆင်းရဲမှု လျှော့ချရေး တိုးတက်မှုအား တွန်းအားပေးနေပါသည်။

 

လျန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းမှုသည် လျန်ချန်းမြစ်-မဲခေါင်မြစ် တစ်လျှောက်ရှိ တရုတ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စသည့် ၆ နိုင်ငံအတူတကွ ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားဖြစ်ပါသည်။

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ဆင်းရဲလျှော့ချမှုရုံး မှ ဦးဆောင်၍ လျန်ချန်း-မဲခေါင်ဒေသ ဆင်းရဲလျှော့ချ  မှု ပူးပေါင်းရေးအဖွဲ့၊ ဆင်းရဲမှုလျှော့ချရေး ရှေ့ပြေးစီမံကိန်း၊ အာဆီယံ ဆင်းရဲမှု လျှော့ချရေးညီလာခံကျင်းပခြင်း၊ ဆင်းရဲမှုလျှော့ချရေး ဆွေးနွေးမှုသင်တန်း၊ အာဆီယံ ကျေးရွာအကြီးအကဲများ နှီးနှောဖလှယ်ခြင်းစသည့် လျန်ချန်း-မဲခေါင်ဒေသ ဆင်းရဲမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖွဲ့စည်းခဲ့ပါသည်။

 

အစီအစဉ် ပြီးမြောက်ရေးကော်မတီ၏ စာရင်းအရ အရှေ့အာရှ ဆင်းရဲမှုလျှော့ချရေး စံပြပူးပေါင်းဆောင်ရွက်မှုနည်းပညာ ထောက်ပံ့မှုသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့် စီမံကိန်းကျေးရွာ ၆ခု တွင် လက်တွေ့ကျကျဆောင်ရွက်နေပါသည်ဟုသိရပါသည်။ ပံ့ပိုးကူညီမှုတွင် ကျေးရွာအတွင်း ရှိအခြေခံအဆောက်အဦနှင့် အများပြည်သူဝန်ဆောင်မှုအသုံးအဆောင်ပစ္စည်း အားကောင်းမွန်အောင်  ပြုလုပ်ခြင်း၊ စက်မှုဖွံ့ဖြိုးရေးတိုးတက်မှု နှင့် စွမ်းဆောင်ရည် တည်ဆောက်ရေးလှုပ်ရှားမှု စသည်တို့အဓိက ပါဝင်ပါသည်။ တစ်နှစ်ခန့်အကြာတွင် ကမ္ဘောဒီးယား ကျေးရွာအဆင့် လှုပ်ရှားမှုစီမံကိန်းသည် ပြီးမြောက်သွားပြီ ဖြစ်ပါသည်။ လာအိုတွင်လည်း လုပ်ငန်း စီမံကိန်းစတင်ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံ  သောက်သုံးရေလုပ်ငန်းသည်လည်း စတင် တင်ဒါ ခေါ်ယူနေပြီဖြစ်သည်။

 

ကွမ်ရှီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုစင်တာ မှ အကောင်အထည်ဖော်သော လာအို ဗီယင်ကျန်းမြို့ (Vientiane ) ရွှေပန်းရွာ ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်း၊ လုပ်ငန်းနှင့် ပူးပေါင်းမှုမှတစ်ဆင့် ရွှေပန်းရွာတွင် စံပြအော်ဂဲနစ်ဟင်းသီးဟင်းရွက် စိုက်ပျိုးခင်းအားအောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် ဒေသခံ တောင်သူများ၏ဝင်ငွေကို တိုးပွားစေခဲ့သည်။ စက်မှုလုပ်ငန်း တိုးမြှင့်ရန်အတွက် လိုက်ပါလာအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။

 

တရုတ်နိုင်ငံတကာ ဆင်းရဲမှုလျှော့ချရေးစင်တာ သည် ဆင်းရဲမှုလျှော့ချရေးတိုးတက်မှု သင်တန်းကို နှစ်စဉ် အကြိမ်များစွာ ကျင်းပပြီး လျန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများမှ သင်တန်းသားများကို လက်ခံပေးခဲ့ပါသည်။ ၂၀၁၆ခုနှစ် မှစ၍ ယနေ့တိုင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း စသည့် ၅နိုင်ငံမှ အရာရှိ ၉၅ ဦး သည် တရုတ်နိုင်ငံမှ ကျင်းပသော ဆွေးနွေးမှုသင်တန်းကို တက်ရောက်ခဲ့ကြပါသည်။  အခြေခံကျေးရွာ အရာရှိ များကို အခြေပြုသော “အာဆီယံ+3 ကျေးရွာဆိုင်ရာဆွေးနွေးမှုစီမံကိန်း သည် ခုနှစ်ကြိမ်တိုင် ကျင်းပခဲ့ပြီးဖြစ်ပါသည်။

 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီမှ အထွေထွေဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Zhang Liangက လျန်ချန်း-မဲခေါင်ဒေသ ပူးပေါင်းမှုမှအခြေခံကျသော၊ လူနေမှုဘဝကို အကျိုးရှိစေခြင်း၊ လူထု၏မြတ်နိုးမှုကို ခံစားရသောစီမံကိန်းများမှတစ်ဆင့် ဒေသတွင်းတိုးတက်စေခြင်း နှင့် တရုတ်နိုင်ငံ ၏ဉာဏ်ပညာနှင့် တရုတ်နိုင်ငံ၏ စီမံကိန်းများ ကိုအထောက်အကူပြုစေမည်ဖြစ်ပါသည်။ ဆင်းရဲမှုလျှော့ချရေးရုံး သည် လျန်ချန်း-မဲခေါင်ဒေသ ဆင်းရဲမှုလျှော့ချရေးပူးပေါင်းမှုတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ပြီး လျန်ချန်း-မဲခေါင်ဒေသ တူညီသည့်ကံကြမ္မာ တည်ဆောက်ရေးအတွက် မလွှဲမသေ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည် ဟု ပြောကြားပါသည်။


404 Not Found

404 Not Found


nginx