တရုတ်-မြန်မာ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုနည်းပညာ ညှိနှိုင်းဆွေးနွေးပွဲအား မန်စီတွင်ကျင်းပ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအကြောင်း နှစ်ဖက်ဆွေးနွေး
2019-04-04 00:00 source:


ယခုရက်ပိုင်းအတွင်း တရုတ်-မြန်မာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးနည်းပညာ ညှိနှိုင်းဖလှယ်ခြင်း အခမ်းအနား အား တယ်ဟုန်ပြည်နယ်ခွဲ ဆရာအတတ်သင် နည်းပညာကောလိပ်တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံမှ     ဟင်းသီးဟင်းရွက် စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ပညာရှင်များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးနည်းပညာ၊ ပိုးမွှားတားဆီးနှိမ်နှင်းရေး စသည့် ကဏ္ဍရပ်များတွင် အပြန်အလှန် ညှိနှိုင်းဖလှယ်ခဲ့ကြသည်။


အခမ်းအနားတွင် ယူနန်စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ Ji Yun Zuo ၊ တယ်ဟုန် ဆရာအတတ်သင်ကောလိပ် သက်ရှိနည်းပညာဌာန ဌာနမှူး ပါမောက္ခ Zhang Xiao Ming တို့မှ အခမ်းအနား တက်ရောက်လာသူများအား တယ်ဟုန် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုအခြေအနေအား မိတ်ဆက်ပြောကြားခဲ့သည်။ အစေ့ထုတ်လုပ်ခြင်း (Seeding Processing) ၊ စက်မှုနည်းဖြင့် ပျိုးပင်ထုတ်လုပ်ခြင်း (Industrialized Seedlings Production) ၊ အောက်ခံပစ္စည်း ထုတ်လုပ်ခြင်း (Substrate Processing) ၊ ပုံစံခွက်ဖြင့် ပျိုးထောင်းခြင်း (Plug Seedlings) ၊ အောက်ခံမြေသြဇာ အသုံးပြုခြင်း (Basal Use) ၊ ရေအစက်ချစက် အသုံးပြုခြင်း (Dropper Equipment Use) ၊ ဆောင်းတွင်းကာလ ပလပ်စတစ်ဖုံးအုပ်ခြင်း (Plastic Film Laying in Winter) ၊ ပျိုးပင်စီမံခန့်ခွဲခြင်း (Seedlings Management) စသည့် တယ်ဟုန်ပြည်နယ်ခွဲတွင် တွင်ကျယ်စွာအသုံးပြုနေသည့် စိုက်ပျိုးရေး နည်းပညာများအား ရုပ်ပုံနှင့်တကွ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ 


4.4.7.jpg


တရုတ်နိုင်ငံမှ ပညာရှင်များ၏ ဆွေးနွေးပြောဆိုမှုအား နားထောင်ပြီးနောက် မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ ကိုယ်စားလှယ်များသည် တယ်ဟုန်ပြည်နယ်ခွဲ၏ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုနှင့် စီမံခန့်ခွဲမှု နည်းပညာအား အသိအမှတ်ပြုခဲ့ပြီး ပကတိအခြေအနေနှင့် ပေါင်းစပ်ကာ တရုတ်နိုင်ငံ ပညာရှင်များထံမှ နည်းပညာများ သင်ယူခဲ့သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များသည် ယခုခရီးစဉ်အတွင်း ခေတ်မီ စိုက်ပျိုးရေး နည်းပညာများအား လေ့လာသင်ယူခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်းနည်းပညာများအား ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းတွင် လက်တွေ့ ပြန်လည်အသုံးချမည်ဖြစ်သည်။


မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းလွင်သည် တယ်ဟုန်ပြည်နယ်ခွဲ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အသိအမှတ်ပြုခဲ့ပြီး စိုက်ပျိုးရေးအောင်မြင်မှုများအား ချီးကျူးပြောဆိုခဲ့သည်။ ဦးသန်းလွင်မှပြောကြားရာတွင် ယခုကဲ့သို့ တရုတ်-မြန်မာ တယ်ဟုန် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး ကုန်စည်ပြပွဲ အခမ်းအနားအား တက်ရောက် ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ခြင်းနှင့် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းအား ဆက်လက်ဆောင်ရွက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။


အခမ်းအနားအပြီးတွင် တက်ရောက်သူအားလုံးသည် တယ်ဟုန် ဆရာအတတ်သင်ကောလိပ် နကျယ်ကောင် မွေးမြူရေးနည်းပညာ သုတေသနစင်တာအား သွားရောက်လေ့လာခဲ့သည်။

404 Not Found

404 Not Found


nginx