အပိုင်း ၁၅ “နေချင့်စဖွယ်ကျွန်တော့အိမ်ငယ် - ပြန်လည်ထူထောင်ရေး”
2019-04-19 00:00 source:


4.19.png

မနက်အာရုံဦးအချိန်တွင် မုကျင်းလုံမိသားစုသည် မနက်စာသုံးဆောင်ရန်အတွက် ပြင်ဆင်လျက်ရှိ သည်။ ရိုးရှင်းသောကြက်ဥပြုတ်၊ ဝင်းဝါနေသောပြောင်းဖူးမီးကင်၊ ပျော့အိနေသောကန်းစွန်းဥနှင့် ရိုးရာ လက်ဖက်ရည်တို့သည် မုကျင်းလုံမိသားစုအတွက် ပုံမှန်မနက်စာဖြစ်သည်။ သို့သော် မုကျင်းလုံသည် မနက်စာစားရန် ဂရုမစိုက်နိုင်ပေ။ ပါးဖောကျေးရွာကော်မတီ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ မုကျင်းလုံ သည် လတ်တစ်လောအချိန် အရေးကြီးကိစ္စတစ်ခုအတွက် စိုးရိမ်ပူပန်လျက်ရှိသည်။ ယခုအချိန်သည် ကျေးရွာအတွင်းစိုက်ပျိုးထားသော ချောက်ကော် (တရုတ်ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး)  ရင့်မှည့် သည့်အချိန်ဖြစ်သည်။ ယခုနှစ် ချောက်ကော်အထွက်နှုန်းမှာ အလွန်ကောင်းမွန်လျက်ရှိသည်။ ချောက်ကော်ရောင်းရငွေသည် ပါးဖောကျေးရွာမှ ရွာသူရွာသားများအတွက် အဓိကဝင်ငွေဖြစ်သည်။ ချောက်ကော်ဈေးကောင်း ရခြင်း၊ မရခြင်းသည် ကျေးရွာအတွင်းရှိအိမ်ထောင်စုပေါင်း ရာနှင့်ချီအား အကျိုးသက်ရောက်စေမည်ဖြစ်သည်။ ယမန်နှစ် ယခုလိုအချိန်တွင် နေရာဒေသအသီးသီးမှ ကုန်သည် များသည် ချောက်ကော်ဝယ်ယူရန်အတွက် ကျေးရွာသို့ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ယခုနှစ်တွင်မူ အဆိုပါကုန်သည်များ၏ အရိပ်အယောင်အား မြင်တွေ့ရခြင်းမရှိသေးပေ။ ရင့်မှည့်နေသော ချောက်ကော်များ၏အရောင်အဆင်းသည် တောာက်ပလျက်ရှိသော်လည်း မုကျင်းလုံသည် မည့်ကဲ့သို့မျှ မပျော်ရွှင်နိုင်ပေ။ တစ်ရွာလုံး၏ဝင်ငွေအတွက် မုကျင်းလုံသည် ဖုန်းကောက်ကိုင်ကာ ချောက်ကော် အရောင်းအဝယ်အခြေအနေအား ဖုန်းဆက်မေးမြန်းလေသည်။ မင်္ဂလာပါ။ ဒီနှစ်အတွက် ချောက်ကော် ဘယ်အချိန်လာဝယ်မလဲလို့ မေးချင်လို့ပါ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဘယ်အချိန် ကျွန်တော်တို့ဆီ လာဝယ်မှာလဲမဟုတ်ရင်လဲ ကျွန်တော်တို့ဆီ ခဏဝင်ကြည့်ပါလား? အဲ့အချိန်ကျရင် ဆက်သွယ် လိုက်ပါမယ်။ ကောင်းပါပြီ ဘိုင်ဘိုင်။

 

ပါးဖောကျေးရွာသည် တူလုံမြစ်ဝှမ်းအတွင်းပိုင်းဒေသတွင်တည်ရှိပြီး ပတ်ပတ်လည်တွင် မြင့်မားသော တောင်တန်းများဖြင့် ကာရံလျက်ရှိကာ မြေမျက်နှာသွင်ပြင် အလွန်မတ်စောက်သည်။ စိုက်ပျိုးမြေ အလွန်ရှားပါးသည်။ ထို့ပြင် မကြာမီနှစ်များက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းအား အားသွန်ခွန်စိုက်ဆောင်ရွက်လာသည့်နှင့်အမျှ အကန့်အသတ်သာရှိသော စိုက်ပျိုးမြေ ဧရိယာအား သစ်ပင်ပြန်စိုက်ကာ သစ်တောမြေအဖြစ် ပြောင်းလဲခဲ့သည်။ အဆိုပါဒေသ၏ လက်တွေ့ အခြေအနေအပေါ်အခြေခံပြီး လေ့လာစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဒေသခံအစိုးရသည် အဆိုပါ ဒေသတွင် စီးပွားဖြစ်ချောက်ကော်စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်မှစတင်၍ ပါးဖောကျေးရွာ တွင် ချောက်ကော်စတင်စိုက်ပျိုးခဲ့သည်။ ပါးဖောကျေးရွာသည် ချောက်ကော်စိုက်ပျိုးရန် မြေမျက်နှာ သွင်ပြင်နှင့် ရာသီဥတုကိုက်ညီမှုရှိခြင်း၊ ဒေသခံအစိုးရမှ ချောက်ကော်စိုက်ပျိုးမှုနည်းပညာအား ထောက်ပံ့ပေးခြင်းတို့ကြောင့် ပါးဖောကျေးရွာသည် ချောက်ကော်စိုက်ပျိုးခြင်းဖြင့် တဖြည်းဖြည်း ကြွယ်ဝချမ်းသာလာခဲ့သည်။ သို့သော် ခေတ်ကာလပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ချောက်ကော် ဈေးနှုန်းမှာလည်း ဈေးကွက်၏ရိုက်ခတ်မှုကြောင့် လျင်မြန်စွာ ဈေးအတက်အကျဖြစ်သည့်အတွက် ရွာသူရွာသားများ၏ ဝင်ငွေမှာလည်း တည်ငြိမ်မှုမရှိပေ။

 4.19.2.png

သီးနှံတစ်ခုတည်းအပေါ် မှီခိုအားထားခြင်း၏ အပြစ်အားသိရှိလာသည်နှင့်အမျှ ပါးဖောကျေးရွာသည် ဖြေရှင်းနိုင်မည့်နည်းလမ်းများအား ရှာဖွေလျက်ရှိသည်။ ကွဲပြားခြားနားသော စုပေါင်းစီးပွားရေးစနစ် သည် ပါးဖောကျေးရွာအတွက် အဖြေတစ်ခုဖြစ်လေသည်။ ကျေးရွာ၏လက်တွေ့အခြေအနေအပေါ် အခြေခံပြီး ကျေးရွာအတွင်း စုပေါင်းစူပါမားကတ်တစ်ခုအားဖွင့်လှစ်ခဲ့သည်။ ကျေးရွာစုပေါင်းစီးပွားရေး စနစ်၏ ဦးဆောင်သူဖြစ်သည့် မုကျင်းလုံသည် အဆိုပါစူပါမားကတ်အား ကန်ထရိုက်ရယူ လုပ်ကိုင်ခဲ့ သည်။ မနက်စာစားပြီးနောက် မုကျင်းလုံ၏ဇနီးသည် ကန်ထရိုက်ယူထားသော စူပါမားကတ်တွင် တစ်နေ့တာလုပ်ငန်းအား စတင်ဆောင်ရွက်လေသည်။ ကျွန်မရဲ့လက်ရှိအလုပ်က စူပါမားကတ်ကို လည်ပတ်လုပ်ကိုင်ရတာပါ။ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းကနေ အခုအထိတော့ ဝင်ငွေအခြေအနေက မဆိုးပါ ဘူး။ ဒီစူပါမားကတ်က ကျွန်မမိသားစုအတွက် ဝင်ငွေရရှိစေရုံသာမက ရွာသူရွာသားတွေအတွက်လည်း လွယ်ကူအဆင်ပြေစေပါတယ်။ အဝေးကြီးသွားပြီး ဈေးဝယ်ဖို့ မလိုတော့ပါဘူး။

 4.19.3.png

တူလုံတိုင်းရင်းသားများသည် ပျားမွေးမြူခြင်းလုပ်ကိုင်သည့် အလေ့အထရှိသည်။ မြို့ပြဒေသနှင့် ဝေးကွာသောတူလုံမြစ်ဝှမ်းသည် အပင်မျိုးစုံပေါက်ရောက်သည့်အတွက် ပျားမွေးမြူရန် သင့်လျော် သော အရပ်ဒေသတစ်ခုဖြစ်သည်။ တူလုံတိုင်းရင်းသားများသည် ပျားသေတ္တာများအား တောတောင် အတွင်းဖြန့်ကျက်ထားရှိကာ သဘာဝနည်းအတိုင်း ပျားမွေးမြူကြသည်။ ပျားရည်အထွက်နှုန်းမှာ နည်းပါးပြီး အရည်အသွေးကောင်းမွန်သည့်အတွက် ဤဒေသမှပျားရည်သည် တစ်ကျင် (. ကီလို) လျှင် တရုတ်ယွမ်ငွေ ၁၂၀ အထိ ဈေးကောင်းရရှိသည်။ မုကျင်းလုံမိသားစုသည် တောင်ပေါ်တွင် ပျားသေတ္တာ (၁၀) ခုကျော်အား ဖြန့်ကျက်ထားရှိသည်။ နှစ်စဉ်နှစ်တိုင်း ပျားရည်ရောင်းရငွေသည် မုကျင်းလုံတို့မိသားစုအတွက် ဝင်ငွေများစွာရရှိစေသည်။ ပျားသေတ္တာများအား မုကျင်းလုံ၏ဖခင်မှ အမြဲမပြတ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ တောင်ပေါ်ဒေသတွင်နေထိုင်သူများသည် ရိုးသားပြီး အရှက်အကြောက်ကြီးသည့်အားလျော်စွာ မုကျင်းလုံ၏ဖခင်သည် ကင်မရာရှေ့တွင် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိပဲ အလုပ်နှင့်လက်မပြတ်ပေ။ သို့သော် ကင်မရာရိုက်ကူးခြင်းမရှိသည့်အချိန်တွင်မူ မုကျင်းလုံ၏ဖခင်သည် ပျားမွေးမြူးရေးအကြောင်းအား ပျော်ရွှင်ရယ်မောဖွယ် ပြောဆိုလျက်ရှိသည်။ မုကျင်းလုံ၏ဖခင်မှပြောကြားရာတွင် တူလုံမြစ်ဝှမ်းဒေသသည် သဘာဝပတ်ဝန်းကျင်ထိန်သိမ်း စောင့်ရှောက်မှု အလွန်ကောင်းမွန်ခြင်းကြောင့် ဝက်ဝံများသည် တောင်ပေါ်မှဆင်းလာကာ ပျားရည်များ အား ခိုးယူစားသောက်တတ်သည်။ ဝက်ဝံများသည် ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသည့်သတ္တဝါ ဖြစ်သည်အားလျော်စွာ ၎င်းတို့အား ထိခိုက်နာကျင်အောင် ပြုလုပ်၍မရပါ။ ဝက်ဝံများ၏စားသုံးမှုကြောင့် ပျားရည်အထွက်နှုန်းသည် ပိုမိုလျော့နည်းလျက်ရှိသည်။

 4.19.4.png

မုကျင်းလုံ၏မိသားစုဝင်များသည် မိသားစုလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ပြီး မုကျင်းလုံသည် ကျေးရွာစီးပွားရေးပြဿနာအား ဖြေရှင်းလျက်ရှိသည်။ ယခုနှစ်များအတွင်း ကုံစန်းခရိုင်တွင် Morel မှို အမျိုးအစားအား အကြီးအကျယ်စိုက်ပျိုးလျက်ရှိသည်။ အဆိုပါမှိုအမျိုးအစားသည် အရသာအလွန် ကောင်းမွန်ပြီး အာဟာရပြည့်ဝသည့်အတွက် ဈေးကွက်တွင် အဝယ်လိုက်ကာ ဈေးကောင်းရရှိလျက်ရှိ သည်။ တူလုံမြစ်ဝှမ်းဒေသသဘာဝပတ်ဝန်းကျင်သည် Morel မှိုအမျိုးအစားစိုက်ပျိုးရန် အလွန် သင့်လျော်သည်။ ရွာသူရွာသားများအား အဆိုပါမှိုအကြောင်း သိရှိနားလည်စေရန်အတွက် မုကျင်းလုံ သည် တစ်အိမ်တက်တစ်အိမ်ဆင်းကာ အဆိုပါမှိုစိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများအား လိုက်လံရှင်းပြ သည်။ ကျွန်တော်တို့ဒေသရဲ့ ချောက်ကော်စိုက်ပျိုးခြင်းက ရင့်ကျက်နေပြီဖြစ်သည့်အတွက် အချိန် အများကြီးပေးပြီး ထိန်းသိမ်းစောင့်ရှောက်နေစရာမလိုတော့ဘူး။ အခုအချိန်မှာ အစိုးရကနေပြီး Morel မှိုစိုက်ပျိုးခြင်းကို အားပေးဆောင်ရွက်နေပါတယ်။ ကျွန်တော်ကလည်း ဒီ Morel မှိုစိုက်ပျိုးရေးကို အလားအလာရှိတဲ့လုပ်ငန်းတစ်ခုအဖြစ်ရှုမြင်ပါတယ်။ Morel မှိုစိုက်ပျိုးခြင်းဖြင့် ရွာသူရွာသားများရဲ့ စိုက်ပျိုးရေးအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ပါတယ်။ မုလုံကျင်း၏ စိတ်ရှည်စွာ တိုက်တွန်း ပြောဆိုမှုကြောင့် ရွာသူရွာသားတစ်ချို့သည် Morel မှိုစိုက်ပျိုးရန် စာရင်းပေးသွင်းလေသည်။

 4.19.5.png

မိုးရာသီကာလတွင် တူလုံမြစ်ဝှမ်းဒေသတွင် အချိန်မရွေး မိုးရွာသွန်းလျက်ရှိသည်။ မုလုံကျင်းသည် ကျေးရွာအတွင်းရှိ ကြက်မွေးမြူရေးခြံအား စိုးရိမ်ပူပန်သည့်အတွက် ကြက်ခြံအားသွားရောက်ကြည့်ရှု ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပါးဖောကျေးရွာသည် နိုင်ငံတော်အစိုးရ၏ ဆင်းရဲမှုတိုက်ဖျက်ရေး အထူးရန်ပုံငွေ၏ပံ့ပိုးမှုဖြင့် ကျေးရွာအတွင်း စုပေါင်းကြက်မွေးမြူရေးခြံအား တည်ထောင်ခဲ့သည်။ ကျွန်တော်တို့ရဲ့ ကြက်မွေးမြူရေးခြံကကြက်တွေက ဒေသမျိုးရင်းဖြစ်တဲ့ တူလုံကြက်အမျိုးအစားပါ။ အရောင်းပိုင်းအနေနဲ့ ကျေးလက်ဒေသခရီးသွားလုပ်ငန်းနဲ့ပူးပေါင်းပြီး လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေအတွက် စုပေါင်းကျေးလက်အိမ်ရာ တည်ဆောက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကြက်မွေးမြူရေးခြံရဲ့အထွက်နှုန်းနဲ့ စီးပွားရေးတန်ဖိုးတွေမြင့်မားလာစေဖို့ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကျေးရွာပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။

 

ရက်ပေါင်းများစွာ အဆက်မပြတ်ရွာသွန်းခဲ့သောမိုးသည် နောက်ဆုံးတွင် မိုးတိတ်ခဲ့သည် ချောက်ကော် ဝယ်ယူရေးကုန်သည်တစ်ယောက်သည် ကျေးရွာစိုက်ခင်းအတွင်းမှ ချောက်ကော်အား ကြည့် လေ့လာ ရန်အတွက် မုကျင်းလုံအား ဖုန်းဖြင့်ဆက်သွယ်လာသည်။ ယခုနှစ် ချောက်ကော်အထွက်သည် ကောင်းမွန်လျက်ရှိသည်။ စိုက်ခင်းအတွင်း လေ့လာကြည့်ရှုပြီးနောက် အဆိုပါကုန်သည်သည် ယခုနှစ် ထွက်ရှိသည့် ချောက်ကော်အရည်အသွေးအား အလွန်ကျေနပ်လျက်ရှိပြီး ဈေးကောင်းတစ်ရပ်ဖြင့် ဝယ်ယူရန်ကမ်းလှမ်းခဲ့သည်။ ထို့ပြင်တစ်ပတ်အကြာတွင် စိုက်ခင်းမှချောက်ကော်အား အများအပြား ဝယ်ယူရန် သဘောတူခဲ့သည်။ ယခုအချိန်မှ မုကျင်းလုံ၏စိုးရိမ်ပူပန်မှုသည် ပြေလျော့သွားတော့သည်။

 

ယခုနှစ်၏ ချောက်ကော်ရိတ်သိမ်းပွဲမစတင်မီ ကျေးရွာအတွင်း အရေးကြီးကိစ္စတစ်ခု ကျန်ရှိသေးသည်။ မကြာမီတွင် ခရိုင်မှ ယဉ်ကျေးမှုအနုပညာဖျော်ဖြေတင်ဆက်မှု ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပါးဖော ကျေးရွာသည် ယခုနှစ်ဖျော်ဖြေတင်ဆက်မှုတွင် ပါဝင်ဖျော်ဖြေမည့်အစီအစဉ်ဖြစ်သည့် လေးအကအား လေ့ကျင့်လျက်ရှိသည်။ မုကျင်းလုံ၏ဇနီးသည် အဆိုပါလေးအကအဖွဲ့တွင် ပါဝင်သည်။ ခန့်ငြားထည်ဝါ သော လေးအကသည် ရှေးယခင်က တူလုံတိုင်းရင်းသားများသည် သဘာဝပတ်ဝန်းကျင်နှင့် ယှဉ်ပြိုင်မှု ကြားတွင် မဆုတ်မနစ်သောစိတ်ဓါတ်အား ဖော်ညွှန်းလျက်ရှိသည်။ တူလုံတိုင်းရင်းသားသည် တရုတ်နိုင်ငံတွင် လူဦးရေးအနည်းဆုံးတိုင်းရင်းသားဖြစ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ် ဒေသ နက်ရှိုင်းသောလျှိုမြောင်းများတွင် နေထိုင်လျက်ရှိသည်။ တူလုံတိုင်းရင်းသားများသည် အခက်အခဲအား ကြောက်ရွံ့ခြင်းမရှိပဲ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကာ သာယာလှပသည့် ဇာတိမြေ၏ စောင့်ရှောက်သူနှင့် ပျော်ရွှင်ချမ်းမြေ့သည့်ဇာတိမြေ၏ တည်ဆောက်သူများဖြစ်ကြသည်။

 

နှစ် (၄၀) ပြည့်ခံစားချက်

နှစ်ပေါင်းထောင်ချီ အစဉ်အဆက်နေထိုင်လာခဲ့သည့် ဇာတိမြေသည် ခေတ်သစ်တွင် စာမျက်နှာသစ် ဖွင့်လှစ်ကာ ဖွံ့ဖြိုးတိုးတက်မှုဖြင့် စာမျက်နှာအသစ်အား ဆက်လက်ရေးသားသီကုံးမည်ဖြစ်သည်။ခေတ်သစ်အမှာစကား -

ဖွံ့ဖြိုးတိုးတက်မှုအတွေးအခေါ်အသစ်အား မြဲမြံစွာဆုပ်ကိုင်ကာ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ပေးပို့မှု ဖွဲ့စည်းပုံစနစ် ပြုပြင်ပြောင်းလဲခြင်းအား ကျေးလက်ဒေသစိုက်ပျိုးရေး၏ အဓိကလုပ်ငန်းအဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ချက်အသစ် များအား ပြုစုပျိုးထောင်ခြင်းဖြင့် စိုက်ပျိုးရေးအလုံးစုံအကျိုးအမြတ်နှင့် ယှဉ်ပြိုင်မှုစွမ်းအားအား မြှင့်တင် နိုင်မည်ဖြစ်သည်။


404 Not Found

404 Not Found


nginx