ယူနန်ပြည်နယ်၏ ပထမဦးဆုံး မီးရထားလမ်းဖြစ်သော ယူနန်-ဗီယက်နမ်မီးရထားလမ်း
2019-04-17 00:00 source:



 4.17.2.jpg

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က တောတောင်လျှိုမြောင်နက်သော ယူနန်ပြည်နယ်တွင် ကားလမ်းတစ်ကြောင်းပင် မရှိသော်လည်း နိုင်ငံဖြတ်ကျော်မီးရထားလမ်းကြောင်း ယူနန်-ဗီယက်နမ် ရထားလမ်း ရှိပါသည်။

 4.17.3.jpg


 4.17.4.jpg

မီတာမီးရထားလမ်းသည် ရထားလမ်းအကြားတွင် မီတာတိတိ ရှိသည်ကို ရည်ညွန်းသည်။ ယူနန်-ဗီယက်နမ် မီးရထားလမ်းသည် စုစုပေါင်း ၈၅၅ ကီလိုမီတာရှိရာ ဗီယက်နမ်တွင် ၃၈၉ ကီလိုမီတာရှိပြီး ယူနန်တွင် ၄၆၆ ကီလိုမီတာ ရှိသည်။ အဆိုပါမီးရထားလမ်းသည် ၁၉၀၃ ခုနှစ် အော်တိုဘာလ မှစ၍ တည်ဆောက်ပြီး ၁၉၁၀ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြေးဆွဲခဲ့ပါသည်။ ယခုချိန်တွင် နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီ ဖြစ်သည်။

 4.17.1.jpg

တရုတ်နိုင်ငံ၏ တတိယမီးရထားလမ်းဖြစ်သည့် ယူနန်-ဗီယက်နမ်မီးရထားလမ်းသည် ယူနန်ပြည်နယ်ကို တစ်ညအတွင်းတွင် အပိတ်ဆို့ဆုံးနယ်စပ်ဒေသမှ ခံစစ်စခန်းရှေ့တန်းသို့ ရောက်ရှိစေ၍ အချိန်အခါမရွေး ကမ္ဘာနှင့်ဆက်သွယ်နိုင်သော တံခါးဖွင့်ဒေသ ဖြစ်လာခဲ့ပါသည်။

 4.17.5.jpg

 4.17.6.jpg

 4.17.7.jpg

ယူနန်-ဗီယက်နမ် မီးရထားလမ်းသည် ကူမင်းမှထွက်ခွာ၍ တရုတ်-ဗီယက်နမ် နယ်စပ်ဒေသရှိ ဟယ်ခိုခရိုင်သို့ ရောက်ရှိသည်။ ယူနန်-ဗီယက်နမ်မီးရထားလမ်းကြောင်းတွင် ထူးခြားချက် ကြွယ်ဝများပြားသော ကူမင်း၊ ကျန့်ရွှေ၊ မိန်ချိ စသည့်မြို့နယ်တို့ကို တွေ့နိုင်ပါသည်။ နှစ်ပေါင်း ၁၀၀ ကျော်ပြီးနောက် အဆိုပါမြို့များသည် ဖွံ့ဖြိုးတိုးတက်သော အခွင့်အရေးကို ခံစားရရှိလာသည်။

 4.17.8.jpg


 4.17.9.jpg

ယူနန်-ဗီယက်နမ် မီးရထားလမ်းကြောင်းတွင် မြင့်မားသွယ်တန်းနေသော တောင်ကြီးများ၊ များပြားသော မြစ်ချောင်းများ၊ ကျယ်ဝန်းဖြောင့်ဖြူးသော မြက်ခင်းပြင် စသည်တို့ ရှိပါသည်။ ဖြတ်သွားသည့်ဒေသ၏ ရာသီဥတုလည်း သာယာကြည်နူးဖွယ်ကောင်းသည်။ ရှုခင်းလှပသည်။ ခရီးလှည့်လည် အပန်းဖြေရန် ကောင်းသောနေရာလည်း ဖြစ်ပါသည်။