ကျင်တုံး ဝူလျန့်တောင်၊ အေးလောင်တောင် အမျိုးသားသဘာဝဘေးမဲ့တော သို့ ဝင်ရောက်လေ့လာ
2019-04-17 00:00 source:



ဧပြီလ ၁၀ ရက်နေ့ညနေတွင် သတင်းထောက်သည် အေးလောင်တောင် နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေးမဲ့တောဆိုင်ရာ စီမံအုပ်ချုပ်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးဌာနသို့ ရောက်ရှိခဲ့ပါသည်။ သတင်းအရ ကျင်တုံး၏ သစ်တောဧရိယာသည် စုစုပေါင်းဧရိယာ၏ 70.73 ဝန်းကျင်ရှိပြီး စိမ်းလန်းစိုပြေမှု 74.56 ဝန်းကျင်ရှိသည်။ ကျင်တုံးအတွင်းရှိ ဝူလျန့်တောင်၊ အေးလောင်တောင် နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေးမဲ့တော ခုသည် ယခုချိန်ထိ သစ်တော၏ မူလသဘာဝအတိုင်း မပျက်မယွင်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါသည်။

 

 

ကျင်တုံးရှိ အမျိုးသားသဘာဝဘေးမဲ့တောတွင် ကာကွယ်စောင့်ရှောက်ထားသည့် တိရစ္ဆာန် ၆၃ မျိုး ရှိသည်။ နိုင်ငံတော်ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသည့် တိရစ္ဆာန်ဖြစ်သော Nomascus Nasutus သည် တစ်ကမ္ဘာလုံးတွင် အကောင် ၁၀၀၀ ဝန်းကျင်မျှသာ ကျန်ရှိသည်။ ဝူလျန့်တောင်၊ အေးလောင်တောင် အတွင်းတွင် အကောင် ၅၅၀ ဝန်းကျင်ရှိ၍ တစ်ကမ္ဘာလုံးရှိ Nomascus Nasutus ကောင်ရေ အများဆုံးနှင့် အစုစည်းဆုံးဒေသ ဖြစ်သည်။ ထို့ကြောင့် ကျင်တုံးသည်တရုတ် Nomascus Nasutus ဇာတိ ဟု နာမည်သတ်မှတ်ထားကာ ၂၀၁၇ ခုနှစ်တွင်တရုတ် Presbytis phayrei ဇာတိ ဟု နာမည်ပေးခဲ့သည်။

 

 

ကျင်တုံးသည် လေးနက်သည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထုံသင်းနေသည်။ Neolithic လက်ထက်တွင် လူသားများသည် ကျင်တုံးတွင် နေထိုင်၍ တဖြည်းဖြည်းတစစ တိုးများလာသည်။ ခရစ်သက္ကရာဇ် ၇၃၈ ခုနှစ်မှ ၉၀၂ ခုနှစ်အထိ ဤနေရာသည် တောင်ပိုင်းဒေသရှိ ကူးသန်းရောင်းဝယ်ရေးအတွက် အရေးကြီးသောနေရာ ဖြစ်ပြီး ကုန်သွယ်မှုအများဆုံးကုန်စည်သည် လက်ဖက်ခြောက် ဖြစ်သည်။ ထို့ပြင် ကျင်တုံးတွင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း အခု ၄၀၀၀ ကျော်ရှိ၍ ကြွယ်ဝလှပသော အမျိုးသားယဉ်ကျေးမှုလှုပ်ရှားမှုများဖြင့် ပျံ့နှံ့ထင်ရှားစေလျက်ရှိသည်။