ယူနန်ပြည်နယ် ကွန့်စမ်း ဒူလွန်လူမျိုး မိသားစုအားလုံး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အမှတ်တရ
2019-04-17 00:00 source:


၂၀၁၈ ခုနှစ် နှစ်ကုန်က ဒူလွန်လူမျိုး မိသားစုအားလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်နိုင်ခဲ့ပါသည်။ ယူနန်ပြည်နယ် ကွန့်စမ်းခရိုင် ဒူလွန်လူမျိုးတို့သည် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် ထံသို့ အဆိုပါသတင်းကောင်းကို စာရေးသားတင်ပြသည်။ ဧပြီလ ၁၀ ရက်တွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဒူလွန်ကျန်းကျေးရွာအုပ်စုရွာသူရွာသားအတွက် စာပြန်ပေးခဲ့သည်။ ပြန်စာတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ဒူလွန်လူမျိုး မိသားစုတစ်စုလုံး ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်နိုင်သည့်အတွက် ချီးကျူးဂုဏ်ပြု၍ ချမ်းသာသုခသော ဘဝရှေ့ရေးအတွက် အဆက်မပြတ် ဝိုင်းဝန်းဆောင်ရွက် ကြိုးပမ်းရန် တိုက်တွန်းထားသည်။


ဒူလွန်လူမျိုးသည် တရုတ်နိုင်ငံတော်သစ် တည်ထောင်ချိန်မှစ၍ ဆိုရှယ်လစ်လူ့ဘောင်အဖွဲ့အစည်းသို့ တိုက်ရိုက်ကူးပြောင်းလာသည့် တိုင်းရင်းသားလူနည်းစု ဖြစ်သည်။ အများအားဖြင့် ယူနန်ပြည်နယ် ကွန့်စမ်း ဒူလွန်ကျန်းကျေးရွာအုပ်စုတွင် နေထိုင်ကြသည်။

 

ယခင်က ဤနေရာတွင် သဘာဝပတ်ဝန်းကျင် အလွန်ဆိုးရွား၍ နှစ်တစ်ဝက်သည် တောင်ပေါ်လမ်းများမှာ ဆီးနှင်းဖုံးလွှမ်း ပိတ်ဆို့နေသည်။ ယူနန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် အဆင်းရဲဆုံးဒေသတစ်ခု ဖြစ်ပါသည်။

 

ယခုအချိန်တွင် ကျေးရွာအုပ်စုတစ်ခုလုံးရှိ နေအိမ် ၁၀၀၀ ကျော်သည် နေအိမ်အသစ်ကို ပြောင်းရွှေ့ နေထိုင်ကြသည်။ ထူးခြားသော စိုက်ပျိုးရေးနှင့် မွေးမြူရေး သည်လည်း အချိန်နှင့်အမျှ ကောင်းမွန်လာသည်။ ကျေးရွာအုပ်စုတစ်ခုလုံးတွင် 4G အင်တာနက်၊ အသံလွှင့်အစီအစဉ်များ လွှမ်းခြုံထားသည်။ ရွာ ရွာအတွက် လမ်းခင်းထားသည်။ ရွာသားအားလုံးသည် အာမခံစနစ်ဝင်သည်။ ကလေးများသည် ၁၄ နှစ် အခမဲ့ ပညာသင်ယူခြင်းကို ခံစားကြရသည်။ ဒူလွန်ကျန်းကျေးရွာအုပ်စုဆိုင်ရာ သစ်တောဧရိယာသည် စုစုပေါင်းဧရိယာ၏ 70.73 ဝန်းကျင်ရှိပြီး မူလသဘာဝအတိုင်း မပျက်မယွင်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါသည်။ လျှို့ဝှက်ဆန်းကြယ်သော တိုင်းရင်းသားလူမျိုးစု ယဉ်ကျေးမှုများဖြင့် များပြားလှသော ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။


၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ဒူလွန်လူမျိုး မိသားစုအကုန်လုံးသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ရွာသူရွာသားများသည် အေးချမ်းစွာ နေထိုင်နိုင်သည့် အိမ်ရှိသည်။ အလုပ်ခွင်၊ အလုပ်တာဝန်ရှိသည်။ ချမ်းသာသုခဘဝအခြေအနေ ရောက်အောင် ဖြတ်ကျော်နိုင်တော့မည်။ တစ်နေ့ထက်တစ်နေ့ ချိုမြိန်လာနေပြီ။ ဟု ဒူလွန်ကျန်းကျေးရွာအုပ်စုဆိုင်ရာ ယခင်ကုမ္ပဏီ ပါတီအတွင်းရေးမှူး ရန်ရှင်းရှုပ်သည် လှိုက်လှဲတက်ကြွစွာ ပြောကြားခဲ့ပါသည်။

 


404 Not Found

404 Not Found


nginx