“အနာဂတ်သတင်းပြန့်ပွားသူ” နိုင်ငံတကာမွမ်းမံသင်တန်းကို ကူမင်းမြို့တွင် ဖွင့်လှစ်
2018-12-04 00:00 source:


အနာဂတ်သတင်းပြန့်ပွားသူ နိုင်ငံတကာမွမ်းမံသင်တန်းကို နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ယူနန် တက္ကသိုလ်၌ ဖွင့်လှစ်ကြောင်း သတင်းအရ သိရပါသည်။

ယခုအကြိမ်သင်တန်းတွင် မြန်မာနိုင်ငံမှ မီဒီယာသတင်းစာဆရာ(၉)ဦး ပါဝင်ကြောင်း၊ (၁၄)ရက်ကြာ သင်တန်းကာလအတွင်း သူတို့သည် ယူနန်တက္ကသိုလ် သတင်းပြန်ကြားရေးပညာဌာနနှင့် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံတကာ ပြန်ကြားရေးဌာနမှ ကျောင်းသူကျောင်းသားများနှင့်အတူ ကူမင်း၊ တာ့လီ စသည့်နေရာနှစ်ခုသို့ သွားရောက်သတင်းယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ မီဒီယာ သတင်းစာဆရာ များ သတင်းယူရမည့်အဓိကအကြောင်းအရာသည် တရုတ်နိုင်ငံတွင် ပညာသင်ယူနေသော ပညာ တော်သင်များ၏ ပညာသင်ယူခြင်းနှင့် နေထိုင်မှုအကြောင်းအရာ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေ သော စီမံကိန်းများ၊ ယူနန်ပြည်နယ်၏ ပန်းမန်လုပ်ငန်းများ၊ တရုတ်လူငယ်များ၏ လုပ်ငန်းစတင် တည်ထောင်ခြင်းအကြောင်း၊ ကျည်ဆံရထားလုပ်ငန်း၊ ယူနန်ပြည်နယ်၏ ပုံရိပ်နှင့် ယဉ်ကျေးမှု စသည် တို့ဖြစ်ကြောင်း သတင်းအရ သိရပါသည်။ ထို့ပြင် မြန်မာသတင်းစာဆရာများ လေ့လာခြင်းနှင့် သတင်းယူခြင်း အဆင်ပြေစေရန် ယူနန်တက္ကသိုလ်သည် မြန်မာစာဘာသာပြန် ပရဟိတလူငယ်များကို ဖိတ်ခေါ်ပေးထားပါသည်။ တချိန်တည်းတွင် လုံခြုံရေး၊ နေထိုင်စားသောက်မှုဖက်တွင်လည်း ကူညီ ထောက်ပံ့မှုကို ပေးထားသည်။ “မြန်မာနိုင်ငံက မီဒီယာသတင်းစာဆရာတွေက Micro မှတ်တမ်းတင် ရုပ်ရှင်ကား(၅)ခုကို ရိုက်ရပြီး သင်တန်းဆင်းပွဲမှာ ပြသရမယ်။ ဒါ့အပြင် Micro မှတ်တမ်းတင်ရုပ်ရှင် ကားတွေလည်း တရုတ်-မြန်မာမီဒီယာတွေမှာ တင်ပြခွင့်နဲ့ နိုင်ငံတကာ ရုပ်ရှင်ပြပွဲသို့ ပါဝင်ပြသခွင့် လည်းရှိမယ်ဟု သက်ဆိုင်ရာတာဝန်ရှိသူက ပြောသည်။

 

" ဒီတစ်ကြိမ်အစီအစဉ်လှုပ်ရှားမှုက မြန်မာ-တရုတ် ချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်ခံ့စေပါတယ်၊ နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုလည်း ပိုမိုနက်ရိုင်းစေပါတယ်။ ဒီတစ်ကြိမ်သင်တန်းကို လာတက်တဲ့ မြန်မာသတင်းစာဆရာတွေက အသက်ငယ်ပေမဲ့ သတင်းယူခြင်း၊ ဗီဒီယိုရိုက်ခြင်း စတာတွေဖက်မှာ အခြေခံပညာပိုင်တယ်၊ ဒီတစ်ကြိမ် မွမ်းမံသင်တန်းကိုလည်း တော်တော်များများ စိတ်ဝင်စားပါတယ်။ လာမယ့်လဝက်မှာ မြန်မာအဖွဲ့က ယူနန်မှာ ပျော်ရွှင်တဲ့ခရီးစဉ်တစ်ခုရှိမယ် ထင်ပါတယ်" ဟု မြန်မာ မီဒီယာသတင်းစာဆရာမင်းခန့်တည်ကြည်က မြန်မာသင်တန်းသူသင်တန်းများအား ကိုယ်စား မိတ်ဆက် စကားပြောကြားသည်။

 

ဗီဒီယိုဖြင့် ဖလှယ်ရေးအခွင့်ကောင်းကို ဖန်တီးပြီး တရုတ်-မြန်မာမီဒီယာများ အပြန်အလှန် သဘော ပေါက်နားလည်မှုကိုရရှိစေရန်၊ သင်တန်းသူ သင်တန်းသားများ ရိုက်ထားသည့် ဗီဒီယိုမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုကို ပိုမိုများပြားသည့် လူသားများ သဘောပေါက်နားလည်စေရန် ရည်ရွယ်ထား သည်ဟု ယူနန်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦး၏ မိတ်ဆက်ခြင်းအရ သိရသည်။

 

အနာဂတ်သတင်းပြန့်ပွားသူ နိုင်ငံတကာမွမ်းမံသင်တန်းသည် ယူနန်တက္ကသိုလ်မှ ဦးစီးကျင်းပပြီး ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်ဖြစ်ကာ ဒီဇင်ဘာလ(၇)ရက်နေ့တွင် သင်တန်းပြီးစီးမည်ဖြစ်သည်။ နောင်တွင် ယူနန်တက္ကသိုလ်သည် အဆိုပါသင်တန်းအား ပိုမိုများပြားသည့်နိုင်ငံနှင့် ပူးပေါင်းပြီး ဆောင်ရွက်မည်ဟုလည်း မျှော်လင့်ပါသည်ဟု သတင်းအရ သိရပါသည်။


404 Not Found

404 Not Found


nginx