ဆဋ္ဌမအကြိမ်မြောက် တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးပြပွဲ ရန်ကုန်မြို့၌ပြုလုပ်
2019-04-30 00:00 source:


ဆဋ္ဌမ အကြိမ်မြောက် တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးပြပွဲကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Taw Win Garden ဟိုတယ်တွင် ဖူချင့်ကွန်ဖြူးရှပ်စင်တာ၊ ရန်ကုန်နိုဘယ်လ် ဘာသာစကားစင်တာ၊ ကွန်ယက်ပေါက်ဖော်နှင့် ရှန်ဟိုင်းနိုင်ငံတကာဘာသာစကားစင်တာတို့မှ ကြီးမှူးကျင်းပ ပြုလုပ်ခဲ့သည်။

 

4.30.jpg


အဆိုပါပြပွဲသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း အလုပ်အမှုဆောင် ဦးစိန်ညွှန့်၊ ရန်ကုန် နိုဘယ်လ်ဘာသာစကားစင်တာမှ ဒုကျောင်းအုပ် မစ္စလီမော့ယောင်၊ ဖူချင့် ကွန်ဖြူးရှပ် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး မစ္စတာလေယွင်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်ဘာသာဌာနမှ ဌာနမှူး ဒေါက်တာဒေါ်မေချိုနှင့် တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးကို စိတ်ပါဝင်စားသူ လူငယ်များ တတ်ရောက်ခဲ့ကြပါသည်။

 

တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးပြပွဲ၌ တရုတ်နိုင်ငံမှ တက္ကသိုလ်()ခုက ပါဝင်ပြသထားပြီး မြန်မာကျောင်းသားကျောင်းသူများအတွက် တရုတ်နိင်ငံ၏ အဆင့်မြင့်ပညာရေး လေ့လာသင်ယူခွင့်နှင့် အခွင့်အလမ်းပေါင်းများစွာကို ထဲထဲဝင်ဝင် လေ့လာနိုင်ရန် ရည်ရွယ်ကာ ပြပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်ပြီး ရွေးချယ်သင့်ကြောင်းကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း အလုပ်အမှုဆောင် ဦးစိန်ညွှန့်က ယခုကဲ့သို့ ပြောကြားသည်။

 

"တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်မျက်မြင်ကိုယ်တွေ့အရ တရုတ်နိုင်ငံရေးပညာရေးစနစ်က ဘက်စုံကို ခုန်ပျံကျော်လွှား တိုးတက်လာတာကို မယုံနိုင်လောက်အောင် တွေ့ရတယ်။ တရုတ်နိုင်ငံကို ပညာသင်သွားရောက်မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်လို့ရတယ်။ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးကို သင်ယူခွင့်ရမယ်ဆိုရင် တရုတ်ဘာသာစကားကို တစ်နှစ်လောက် အရင်သင်ကြားမှုတွေ ပြုလုပ်ရတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် စရိတ်စက က အခြားနိင်ငံတွေထက် သက်သာပြီး အဆင့်မြင့်ပညာရေးကို သင်ယူခွင့်ရမယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို သူတို့ရဲ့ စီးပွားရေးပေါ်လစီအရ၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအရလည်း ပညာသင်ဆုတွေကို ရာနဲ့ချီပြီး ပေးအပ်ခဲ့တာတွေလည်း ရှိတယ်။ နေရာဒေသ၊ အစားအစာ၊ ယဉ်ကျေးမူချင်းလည်း နီးစပ်တယ်။ အဲ့တာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ အဆင့်မြင့် ပညာရေးကို လေ့လာသင်ယူသင့်တယ်လို့ ပြောချင်ပါတယ်"

 

တရုတ်နိုင်ငံ၏ တက္ကသိုလ်များဖြစ်သော အီလက်ထရွန်နစ် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၊ ရှန်ဟိုင်းနည်းပညာတက္ကသိုလ်၊ ကျန့်ကျိုးတက္ကသိုလ် SIAS နိုင်ငံတကာ ကောလိပ်၊ ရှန်ဟိုင်းနိုင်ငံတကာ စီးပွားရေးတက္ကသိုလ်၊ ဟူပေတက္ကသိုလ်၊ တရုတ်နိုင်ငံ ဘူမိဗေဒတက္ကသိုလ်၊ တုန်းဟွာတက္ကသိုလ်၊ ကျဲ့ကျန်း စက်မူနှင့်ကုန်သွယ်ရေး တက္ကသိုလ်တို့မှ ပြခန်းများ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံ၏ ထူးခြားကောင်းမွန်သော အရည်အသွေးမြင့်သော ပညာရေးဆိုင်ရာ သတင်းအချက်အလက်များ၊ မြန်မာကျောင်းသားကျောင်းသူများအတွက် တရုတ်နိုင်ငံသို့ ပညာသင်သွားရောက်နိုင်မည့် အခွင့်အလမ်းများ လေ့လာသိရှိနိုင်ရန် ပြခန်းအသီးသီးမှ သက်ဆိုင်ရာ ဆရာ၊ ဆရာမများသည် တရုတ်နိင်ငံ၏ အဆင့်မြင့်ပညာရေးကို တက္ကသိုလ်များနှင့် ပတ်သက်ပြီး စိတ်ဝင်တစား သေချာစွာ ရှင်းလင်းဆွေးနွေးမူများ ပြုလုပ်ပေးကြသည်။

 

တရုတ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးကို စိတ်ဝင်စားသူ ကျောင်းသူတစ်ဦးက "ဒါကတော့ ကျွန်မတို့အတွက် အရမ်းကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ။ တရုတ်နိုင်ငံကို ပညာတော်သင် သွားခွင့်ရမယ်ပေါ့။ တရုတ်နိုင်ငံရဲ့ ပညာရေးစနစ်က အချိန်နဲ့အမျှ ပြောင်းလဲနေတာလေ။ ကျွန်မကတော့ အခု တရုတ်နိင်ငံက တက္ကသိုလ် ခုထဲကနေ ကျွန်မနဲ့ သင့်တော်မယ့် တက္ကသိုလ်ကို ရွေးနေတယ်။ ပြခန်းက ဆရာ၊ ဆရာမတွေကလည်း သူတို့ရဲ့ တက္ကသိုလ်တွေနဲ့ ပတ်သတ်ပြီး သေချာအသေးစိတ် ရှင်းပြပါတယ်" လို့ သူမက ဆိုသည်။

 

ဤပြပွဲမှတဆင့် ပညာရေးနယ်ပယ်တွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပြီး မြန်မာနိင်ငံ၏ ပညာရေးကဏ္ဍကိုလည်း ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေနိင်မှာဖြစ်ကြောင်း သိရသည်။