အာရှအခြေခံအဆောက်အအုံရင်းနှီးမြှပ်နှံမှုဘဏ် (AIIB) အဖွဲ့ဝင် ၁၀၀ ပြည့်မြောက် အဖွဲ့ဝင်အသစ် ၃ နိုင်ငံ တိုးပွား
2019-07-22 11:56 source:



ဘဏ္ဍာရေးဝန်ကြီးဌာနဝက်ဆိုဒ်၏ ဇူလိုင် ၁၃ ရက် သတင်းအရ အာရှအခြေခံအဆောက်အအုံရင်းနှီး မြှပ်နှံမှုဘဏ် (အောက်တွင် AIIB ဟု အတိုကောက်ခေါ်ဝေါ်မည်) လေးကြိမ်မြောက် ကောင်စီ အစည်းအဝေးအား ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် လူဇင်ဘတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည်။ AIIB အဖွဲ့ဝင်နိုင်ငံများမှ ကောင်စီနှင့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၊ ပညာရေး အဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂၀၀ ကျော် တက်ရောက်ခဲ့ သည်။ လူဇင်ဘတ်ဝန်ကြီးချုပ် Mr. Bettel မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ AIIB တရုတ်ကောင်စီ ဝန်ကြီး Mr. Liu Kun ဦးဆောင်သည့်အဖွဲ့သည် ယခုကျင်းပသည့် ကောင်စီအစည်းအဝေးအား တက်ရောက်ခဲ့သည်။

 


ယခုတစ်ကြိမ်ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေး၏ ခေါင်းစဉ်မှာပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်ချိတ်ဆက်ခြင်းဖြစ်သည်။ ဥရောပ-အာရှ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြန်အလှန် ချိတ်ဆက်မှု မြှင့်တင်ခြင်း၊ အခြေခံအဆောက်အအုံ ငွေကြေးထောက်ပံ့ခြင်းနှင့် AIIB မဟာဗျူဟာ ဖွံ့ဖြိုးမှု နှင့် လုပ်ငန်းလည်ပတ်မှု စသည့်ပြဿနာများအား ဆွေးနွေးခဲ့ကြသည်။ ယခုကျင်းပသည့် ကောင်စီ အစည်းအဝေးတွင် ဘီနင်၊ ဂျီဘူတီ၊ ရဝမ်ဒါ စသည့်နိုင်ငံ () နိုင်ငံအား AIIB နဝမအသုတ်မြောက် အဖွဲ့ဝင်အသစ်များအဖြစ် ဝင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် AIIB အဖွဲ့ဝင်စုစုပေါင်းမှာ ၁၀၀ ပြည့်မြောက်ပြီ ဖြစ်သည်။ ယခုအစည်းအဝေးသည် ငါးကြိမ်မြောက် ကောင်စီအစည်းအဝေးအား ၂၀၂၀ ခုနှစ် ဇူလိုင် ရက်နှင့် ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီး Mr. Liu Kun အား ငါးကြိမ်မြောက် ကောင်စီအစည်းအဝေး သဘာပတိအဖြစ် ရွေချယ်ခဲ့သည်။ မြန်မာကောင်စီနှင့် အိုက်စ်လန်ကောင်စီအား လက်ထောက်သဘာပတိအဖြစ် ရွေးချယ်ခဲ့သည်။ 

 


Mr. Liu Kui မှ ကောင်စီအစည်းအဝေးတွင် ပြောကြားရာတွင် တရုတ်နိုင်ငံသမ္မတ Mr. Xi Jin Ping သည် AIIB တည်ထောင်မှုနှင့် လုပ်ငန်းလည်ပတ်ခြင်း စီမံခန့်ခွဲမှုအား အလွန်အလေးထားလျက်ရှိပြီး AIIB အား လုပ်ငန်းကျွမ်းကျင်သော၊ ထိရောက်သော၊ အဂတိလိုက်စားမှုကင်းရှင်းသော ၂၁ ရာစု ပုံစံသစ် ဘက်ပေါင်းစုံဖွံ့ဖြိုးရေးဘဏ်နှင့် လူသားမျိုးနွယ် ကံတူအကျိုးပေးအစုအဝေး တည်ဆောက်မှု ပလက်ဖောင်းအသစ်တစ်ခုအဖြစ် တည်ဆောက်မည်ဖြစ်သည်။ AIIB ဖွင့်လှစ်ခဲ့သည့် နှစ်ကျော်ကာလ အတွင်း အဖွဲ့ဝင်များ၏ ထောက်ခံမှုနှင့် ဥက္ကဋ္ဌ Mr. Jin Li Qun ဦးဆောင်မှုအောက်တွင် နိုင်ငံတကာ ပူးပေါင်းပါဝင်မှု၊ နည်းစနစ်ကျမှု၊ အဆင့်အတန်းမြင့်မားမှုအား လိုက်နာကာ ကောင်းမွန်စွာ လုပ်ငန်း လည်ပတ်ကာ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးစနစ်အတွက် စွမ်းအားသစ်များ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အထူး သဖြင့် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း AIIB အဖွဲ့ဝင်အရေအတွက်မှာ ၁၀၀ သို့ရောက်ရှိကာ ကုလသမဂ္ဂအစည်းအဝေး၏ ရာသက်ပန်လေ့လာသူ ဖြစ်လာခဲ့သည်။ ထို့အပြင် AIIB မှ ထုတ်ချေးခဲ့သည့် ချေးငွေပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ . ဘီလီယံထိ ရှိပြီဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ကမ္ဘာလုံးဆိုင်ရာ ငွေချေးစာချုပ်အား အောင်မြင်စွာ ဖြန့်ဝေနိုင်ခဲ့သည်။ အရေးပါ သည့် မဟာဗျူဟာနှင့် မူဝါဒရေးဆွဲပြီးဖြစ်သည်။ AIIB သည် ဘက်ပေါင်းစုံဖွံ့ဖြိုးရေးစနစ်၏ အရေးပါ သည့် အဖွဲ့ဝင်သစ်အဖြစ် ပေါ်ထွန်းလာပြီဖြစ်သည်။

 


Mr. Liu Kun သည် AIIB အနာဂတ် ဖွံ့ဖြိုးမှုအတွက် အကြံပြုချက် () ချက် မျှဝေခဲ့သည်။ ပထမအချက် မှာ  ပြီးခဲ့သည့် လုပ်ငန်းလည်ပတ်မှုအတွေ့အကြုံအား အနှစ်ချုပ်သုံးသပ်ပြီး မိမိ၏အားသားချက်၊ နိုင်ငံတကာဖွံ့ဖြိုးမှုကဏ္ဍ ဦးတည်ချက်အသစ်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ မတူညီသည့်တောင်းဆိုမှု  စသည် တို့အား ပေါင်းစပ်ကာ အနာဂတ်ဖွံ့ဖြိုးမှုအတွက် အလုံးစုံမဟာဗျူဟာ ချမှတ်ရမည်ဖြစ်သည်။ ဒုတိယ အချက်မှာ AIIB ဘက်ပေါင်းစုံဖွံ့ဖြိုးရေးအဖွဲ့အစည်း ဟူသည့် အားသာချက်အား အသုံးချကာ မိမိ၏ မဟာဗျူဟာနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုမဟာဗျူဟာ၊ “One Belt One Road” ဥရောပသမဂ္ဂ ဥရောပ-အာရှ အပြန်အလှန်ချိတ်ဆက်ခြင်းမဟာဗျူဟာ စသည့် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်များနှင့် ပေါင်းစပ်ကာ ဘက်ပေါင်းစုံဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုပလက်ဖောင်း တည်ဆောက်မှုအား တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး ထောက်ပံ့ကူညီရမည် ဖြစ်သည်။ တတိယအနေဖြင့် ကြီးထွားဖွံ့ဖြိုးလာသော ဈေးကွက်သစ်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်သည့် နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အတွေးအခေါ်အား သုံးသပ် လေ့လာရမည်ဖြစ်သည်။ အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်မှုအပိုင်းတွင် အရည်အသွေး မြင့်မားသည့် သုတေသနအစီရင်ခံစာအား တင်ပြကာ G-20 ASEAN နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား၊ အာရှအလယ်ပိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ မဟာမဲခေါင်မြစ်ဝှမ်းဒေသပူးပေါင်းဆောင်ရွက်မှု စသည့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုစနစ်တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ရမည် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှု ပိုမိုပြည့်စုံလာစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ရမည်ဖြစ်ပြီး AIIB ကမ္ဘာလုံးဆိုင်ဦ စီးပွာရေးအုပ်ချုပ်မှုတွင် အရှိန်အဝါ မြင့်မားလာစေရန် ဆောင်ရွက် ရမည်ဖြစ်သည်။ 

 


Mr. Liu Kun မှ အထူးပြုပြောကြားရာတွင် တရုတ်နိုင်ငံသည် AIIB ရှယ်ယာရှင်နှင့် ရုံးချုပ်တည်ရှိရာ နိုင်ငံ ဖြစ်သည့်အလျောက် AIIB ဆက်လက်ကြီးထွားလာစေရန် ထောက်ပံ့ကူညီမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ကျင်းပမည့် AIIB ငါးကြိမ်မြောက် ကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် အဖွဲ့ဝင်အားလုံးအား ဖိတ်ကြားအပ်ပါသည်။

 


ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ AIIB တရုတ်လက်ထောက်ကောင်စီ Mrs. Zou Jia Yi သည် နှစ်ပတ်လည်လှုပ်ရှားမှုအား တက်ရောက်ခဲ့သည်။ ပေကျင်းမြို့သည့် လာမည့်အစည်းအဝေးအား လက်ခံကျင်းပမည့်မြို့ဖြစ်သည့်အလျောက် နှစ်ပတ်လည်းအစည်းအဝေး လွှဲပြောင်းခြင်းအခမ်းအနား လှုပ်ရှားမှု တက်ရောက်ရန်အတွက် ကိုယ်စားလှယ်စေလွှတ်ခဲ့သည်။

 


33333333333.jpg

စုပေါင်းဓါတ်ပုံ




444444444444444.jpg 

ဝန်ကြီး Mr. Liu Kun မှ ကောင်စီအစည်းအဝေးအား တက်ရောက်။