သုံးနှစ်အတွင်း အဖွဲ့ဝင် ၁၀၀ ၊ AIIB ဘယ်လိုဆောင်ရွက်လာ
2019-07-24 13:50 source:



ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှပ်နှံမှုဘဏ် (အောက်တွင် “AIIB” ဟု အတိုကောက်ခေါ်ဝေါ်မည်) နှစ်ပတ်လည်ကောင်စီအစည်းအဝေးအား လူဇင်ဘတ်နိုင်ငံတွင် ကျင်းပခဲ့သည်။ AIIB သည် တရုတ်နိုင်ငံမှ စတင်အဆိုပြုတည်ထောင်ခဲ့သည့် ဘက်ပေါင်းစုံဘဏ္ဍာရေး အဖွဲ့အစည်းဖြစ်သည်။ AIIB အနေဖြင့်ကျစ်လစ်သော၊ အဂတိကင်းရှင်းသော၊ အစိမ်းရောင်ဖြစ်သော ဟူသည့် အဓိကတန်ဖိုးအား မြဲမြံစွာစွဲကိုင်လျက် AIIB တည်ထောင်ခဲ့သည့် နှစ်ကျော်ကာလအတွင်း ကျယ်ပြန့်သည့် ယုံကြည်မှုအား ရရှိခဲ့သည်။ ယခုအစည်းအဝေးတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ မှ ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့သည်။ နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေစဉ် အတွင်း အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များသည် လက်ရှိအချိန်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်လုပ်ဆောင်ရမည့်အချိန်ဖြစ်ပြီး ဘက်ပေါင်းစုံဝါဒအား ကာကွယ် စောင့်ရှောက်ရမည့်အချိန်ဖြစ်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။ 

 


ဖွင့်ပွဲအခမ်းအနားတွင် လူဇင်ဘတ် ဘဏ္ဍာရေးဝန်ကြီး Mr. Pierre Grameen မှ ပြောကြားရာတွင် ဘက်ပေါင်းစုံဝါဒသည် အားနည်းလာလျက်ရှိသည့်အတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း၊ အမျိုးသားရေးဝါဒ၊ ကိုယ်ကျိုးစီပွားမူဝါဒမှာ ပိုမိုအားကောင်းလာပြီး ကုန်သွယ်ရေးစစ်ပွဲသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံအုတ်မြစ်အား ယိုင်နဲ့စေခဲ့သည်။ ကျွနိုပ်တို့အနေဖြင့် စည်းလုံးညီညွတ် ပြီး ဘက်ပေါင်းစုံဝါဒအား ကာကွယ်စောင့်ရှောက်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအား ကယ်တင် ရမည်ဖြစ်သည်။ လူဇင်ဘတ်သည် AIIB ဥရောပတိုက်တွင်  ပထမဦးဆုံးအသုတ် တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများမှ တစ်နိုင်ငံဖြစ်ပြီး ဤသည်မှာ လူဇင်ဘတ်မှ ဘက်ပေါင်းစုံဝါဒအား လိုက်နာ ဆောင်ရွက်သည့် အကောင်းဆုံးသက်သေများမှ တစ်ခုဖြစ်သည်။

 


AIIB ဥက္ကဋ္ဌ Mr. Jin Li Qun မှပြောကြားရာတွင် လွန်ခဲ့သည့် နှစ်အချိန်ကနှင့် နှိုင်းယှဉ်ပါက လက်ရှိ နိုင်ငံတကာအခြေအနေသည် ပိုမိုရှုပ်ထွေးလျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုမှာ ယေဘူယျအားဖြင့် တည်ငြိမ်လျက်ရှိသော်လည်း ကိုယ်ကျိုးစီးပွားမူဝါဒသည် နိုင်ငံအများအပြား ရင်ဆိုင် ကြုံတွေ့နေရသည့် အဓိကအန္တရာယ်ဖြစ်သည်။ သို့သော်လည်း AIIB အနေဖြင့် အဓိကဦးစားပေး စီမံကိန်းများ၏ ရင်းနှီးမြှပ်နှံမှုခြေလှမ်းအား တုံ့ဆိုင်းသွားမည်မဟုတ်ပေ။ ဝင်ငွေနည်းပါးသည့် နိုင်ငံများ၊ အထူးသဖြင့် စျေးကွက်ရိုက်ခတ်မှုအား အလွယ်တကူခံရနိုင်သည့် နိုင်ငံများ၏ ထုတ်ကုန်တင်ပို့မှုအပေါ် ထိခိုက်နစ်နာစေမည်ဖြစ်ပြီး အဆိုပါနိုင်ငံများ၏ ကြွေးမြီထိန်းထားနိုင်စွမ်းအပေါ် ဆိုးရွားစွာ အကျိုး သက်ရောက်စေမည်ဖြစ်သည်။ 


 8.jpg

နှစ်ပတ်လည်အစည်းအဝေးတွင် Mr. Jin Li Qun နှင့် Mr. Grameen တွေ့ဆုံခြင်း

 

ဖွင့်ပွဲအခမ်းအနားတွင် လူဇင်ဘတ်ဝန်ကြီးချုပ် Mr. Bettel မှ ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲမှာ အလွန်ကျဉ်းမြောင်းသည့် အမြင်ဖြစ်ပြီး ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူဟူ၍ မရှိချေ။ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားပါက သို့မဟုတ် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား အငြင်းပွားမှု ပေါ်ပေါက်ပါက ဒုက္ခရောက်သူများမှာ ပြည်သူများပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ သည် အပြန်အလှန် အပြစ်တင်ခြင်းအား ရပ်စဲကာ ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။

 


အစည်း အဝေးတက်ရောက်ခဲ့သည့် အရာရှိတစ်ဦးမှ စာရေးသူအား ပြောကြားရာတွင် အဖွဲ့ဝင်များ အကြားအပြန်အလှန်ဆွေးနွေးမှု သည် ညဉ့်နက်အချိန်ထိတိုင် ရောက်ရှိခဲ့သည်။ ဇူလိုင် ၁၂ ရက်နေ့ တွင် ကျင်းပခဲ့သည့် ကောင်စီအဖွဲ့ဝင်အစည်းအဝေးသည် ၁၀ နာရီခွဲထိတိုင် ကျင်းပခဲ့သည်။ အစည်းအဝေး ကျင်းပနေစဉ်အတွင်း အစည်းအဝေးတက်ရောက်လာသည့် အရာရှိများ ပင်ပန်းနွမ်းနယ် မှု ပြေပျောက်စေရန်အတွက် လူဇင်ဘတ် ဘဏ္ဍာရေးဝန်ကြီး Mr. Grameen အစည်းအဝေးတက်ရောက် သူများအား လူဇင်ဘတ်ကျေးလက်သီးချင်းတစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

 


ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ OECD စသည့် နိုင်ငံတကာ ဘက်ပေါင်းစုံအဖွဲ့အစည်းမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအပြင် အရပ်ဖက် ဘဏ္ဍာရေးအဖွဲ့အစည်း၊ တက္ကသိုလ်၊ အကြံပေးအဖွဲ့အစည်း၊ လေ့လာသူ အရေအတွက်မှာလည်း အလွန်များပြားသည်။ ထိုသူများတွင် အမေရိကန်နိုင်ငံသားများမှာလည်း အပါအဝင်ဖြစ်သည်။ 

 


အမေရိကန်နိုင်ငံသား Mr. Cornor Judge သည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) လေ့လာသူအဖြစ် အစည်းအဝေးတက်ရောက်ခဲ့သည်။ Mr. Cornor Judge သည် လက်ရှိတွင် လန်ဒန် တက္ကသိုလ် အာရှ-အာဖရိကကောလိပ်မှ ကျောင်းဆရာတစ်ဦးဖြစ်သည်။ အဆိုပါကောလိပ်သည် ဥရောပတိုက်၏ ထိပ်တန်း အာရှ-အာဖရိကစင်တာဖြစ်သည်။ Mr. Cornor Judge သည် တရုတ်နိုင်ငံနှင့် ပတ်သတ်သည့် အရာအားလုံးအား အလွန်စိတ်ဝင်စားသည်။ စာရေးသူသည် Mr. Cornor Judge အား လတ်တစ်လောထွက်ရှိထားသည့် တရုတ်နိုင်ငံနှင့် သက်ဆိုင်သည့် လူမှုရေးသိပ္ပံစာအုပ်များအား မိတ်ဆက်ပေးခဲ့သည်။ သူသည် အခြားပညာတတ်လူငယ်များကဲ့သို့ပင် သူတို့၏ လက်ရှိသမ္မတ အကြောင်းအား ပြောကြားလိုခြင်းမရှိပေ။

 


AIIB စတင်တည်ထောင်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် သံသယမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့သော် AIIB သည် ဖွင့်လှစ်ခဲသည့် နှစ်ကျော်အတွင်း လုပ်ငန်းလည်ပတ်မှုအခြေအနေအရ သာမက သို့မဟုတ် အဖက်ဖက်မှ မှတ်ချက်ပြုပြောဆိုမှုအရပါ AIIB အပေါ် စိုးရိမ်ပူပန်မှုမှာ လျော့နည်းလာလျက်ရှိသည်။ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှစတင်ကာ AIIB အဖွဲ့ဝင်အရေအတွက်မှာ အဆက်မပြတ် မြှင့်တက် လျက်ရှိသည်။ လုပ်ငန်းစတင်လည်ပတ်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဝင်အရေအတွက် ၅၇ ခုသာ ရှိသော်လည်း လက်ရှိတွင် AIIB အဖွဲ့ဝင်နိုင်ငံနှင့် ဒေသအရေအတွက်မှာ ၁၀၀ ထိ ရှိပြီဖြစ်သည်။


 88.jpg

ယခုတစ်ကြိမ်ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေးအား နိုင်ငံပေါင်း ၁၀၀ မှ

ကိုယ်စားလှယ်ပေါင်း ၁၅၀၀ ကျော် တက်ရောက်


ပါကစ္စတန်နိုင်ငံ အစိုးရအရာရှိတစ်ဦးမှ စာရေးသူအား ပြောကြားရာတွင် ပါကစ္စတန်နိုင်ငံအတွက် AIIB အရေးပါမှုမှာ ကမ္ဘာ့ဘဏ်နှင့် အလားတူပင်ဖြစ်ပြီး ထိုထက်ပင် ပိုမိုအရေးပါလျက်ရှိသည်။

 


လုပ်ငန်းစတင်လည်ပတ်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ AIIB သည် ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ စသည့် နိုင်ငံပေါင်း ၁၈ ခု၏ ချေးငွေ သို့မဟုတ် ရင်းနှီးမြှပ်နှံမှုစီမံကိန်းပေါင်း ၄၆ ခုအား ခွင့်ပြုခဲ့ပြီး ချေးငွေ သို့မဟုတ် ရင်းနှီးမြှပ်နှံသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ . ဘီလီယံ ရှိသည်။ AIIB သည် အဆိုပါ နိုင်ငံများအတွက် ချေးငွေပေးအပ်ခြင်းနှင့် ရင်းနှီးမြှပ်နှံခြင်းဖြင့် အဆိုပါနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လူသန်းပေါင်း ရာနှင့်ချီအား အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။  

 


AIIB အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ အတူတကွ ငွေကြေးထောက်ပံ့သည့် ပါကစ္စတန်နိုင်ငံ၏ M4 အဝေးပြေးလမ်းစီမံကိန်းသည် AIIB ပထမဦးဆုံး စီမံကိန်းဖြစ်သည်။ အဆိုပါ အဝေးပြေးလမ်းအား တည်ဆောက်ပြီးစီးပါက ပါကစ္စတန်နိုင်ငံ၏ တောင်မြောက်အဝေးပြေးလမ်းကွန်ယက်အား ပိုမိုပြည့်စုံ စေမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် AIIB သည် အင်ဒိုနီးရှားနိုင်ငံ ဆင်းရဲသားရပ်ကွက် ပြုပြင်ပြောင်းလဲ ခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ခဲ့သည်။ အဆိုပါဒေသ၏ အခြေခံအဆောက် အအုံအား တည်ဆောက်၊ ပြင်ဆင်ခြင်းဖြင့် ဒေသခံပြည်သူပေါင်း ၁၀ သန်းကျော်အား တိုက်ရိုက်ဖြစ်စေ သို့မဟုတ် တစ်ဆင့်ဖြစ်စေ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ AIIB ပထမဦးဆုံး တစ်ဦးတည်း ငွေကြေးထောက်ပံ့သည့်စီမံကိန်းမှာ ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဓါတ်အားဖြန့်ဖြူးရေးစနစ် အဆင့်မြှင့်တင် ခြင်းစီမံကိန်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် ကျေးလက်ပြည်သူပေါင်း ၁၂. သန်းအား အကျိုးဖြစ်ထွန်း စေခဲ့သည်။

 


သို့ရာတွင် ရင်းနှီမြှပ်နှံမှုဆိုင်ရာမူဝါဒ ချမှတ်ရာတွင် ၎င်း၏ရာသီဥတုနှင့် ပတ်ဝန်းကျင်နှင့်သက်ဆိုင်သည့် ရင်းနှီးမြှပ်နှံမှု မူဝါဒ၏ ရည်းမှန်းချက်နှင့် လမ်းကြောင်းမြေပုံအား မည်ကဲ့သို့ အသေးစိတ် ပိုင်းခြားရန်နှင့် တိကျခိုင်မာသည့် “Low-carbon” သင်္ကေတအား အချက်ပြရန်မှာ လက်ရှိအချိန်တွင် ပြင်ပ၏ အဓိက သံသယများမှတစ်ခုဖြစ်သည်။

 


မီဒီယာတွေ့ဆုံပွဲတွင် Mr. Jin Li Qun မှပြောကြားရာတွင် အထက်ပါလုပ်ငန်းအတွက် အချိန်ပေးရန် လိုအပ်သည်။ သို့သော် AIIB ရည်မှန်းချက်မှာ တိကျခိုင်မာပြီး စီမံကိန်းသည် “Low-carbon” ဖြစ်ရုံ သာမက ရှေ့လျှောက်တွင် “Zero-carbon” အဖြစ်သို့ ရည်းမှန်းလျက်ရှိသည်။

 


AIIB သည် အီဂျစ်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၁၀ ချေးငွေပေးအပ်ခဲ့ပြီး ဆိုလာစီမံကိန်း ၁၁ ခုအား ထောက်ပံ့ခဲ့သည်။ အဆိုပါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းသည် အီဂျစ်နိုင်ငံ၏ လျှစ်စစ် ထုတ်လုပ်မှုစွမ်းရည်အား မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ရေနံနှင့်သဘာဝဓါတ်ငွေ့မှ ဓါတ်အားထုတ်လုပ်မှု အပေါ်မှီခိုမှုအား လျှော့ချပေးနိုင်မည်ဖြစ်ကာ အီဂျစ်နိုင်ငံ၏ ပဲရစ်ရာသီဥတုသဘောတူညီမှု ကတိကဝတ် အားလည်း အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်သည်။ AIIB ပထမဦးဆုံး တရုတ်နိုင်ငံအား ထောက်ပံ့သောစီမံကိန်းမှာ ပေကျင်းသဘာဝဓါတ်ငွေ့ပိုက်လိုင်းကွန်ယက် တည်ဆောက်ရေးစီမံကိန်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိသည့် အဆိုပါချေးငွေသည် ပေကျင်းမြို့ရှိ ကျေးရွာ ပေါင်း ၅၁၀ နှင့် အိမ်ထောင်စုပေါင်း ၂၁၆၇၅၀ အား ချိတ်ဆက်ထားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကွန်ယက် တည်ဆောာက်ရန်ဖြစ်သည်။ အဆိုပါစီမံကိန်း တည်ဆောက်ပြီးစီးပါက ပေကျင်း၏ ကျောက်မီးသွေးသုံးစွဲမှုအား တစ်နှစ်လျှင် ၆၅၀၀၀၀ တန် လျှော့ချနိုင်မည်ဖြစ်ပြီး ပေကျင်း၏ ကာဘွန် ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုအား တစ်နှစ်လျှင် ၅၉၅၇၀၀ တန် လျှော့ချပေးနိုင်မည်ဖြစ်သည်။


 888.jpg

ဇူလိုင် ၁၂ ရက်တွင် ကျင်းပသည့် ကောင်စီအဖွဲ့ဝင်အစည်းအဝေးအား

၁ဝနာရီခွဲအထိ ကျင်းပခဲ့သည်။

 

နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြီးနောက် AIIB သည် အိန္ဒိယနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေ ပေးအပ်ခဲ့သည်။ အဆိုပါချေးငွေသည် အိန္ဒိယ နိုင်ငံ၏ လေအားလျှပ်စစ်နှင့် ဆိုလာလျှပ်စစ်ဓါတ်အားပေးစက်ရုံ စသည့် အခြေခံအဆောက်အအုံ တည်ဆောက်မှုအတွက်ဖြစ်သည်။ ပဲရစ်ရာသီဥတုသဘောတူညီမှုအရ အိန္ဒိယနိုင်ငံသည် ၂၀၀၅ ခုနှစ်၏ အခြေခံအပေါ်တွင် ကာဘွန်ထုတ်လွှင့်မှု ၃၀% မှ ၃၅% အထိ လျှော့ချရမည်ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံသည် အခြားစွမ်းအင်သုံး လျှပ်စစ်ဓါတ်အာထုတ်လုပ်ရေး အခြေခံအဆောက်အအုံစီမံကိန်းအား အရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ AIIB သည် လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှ ချေးငွေစီမံကိန်း ခုအား ခွင့်ပြုခဲ့ပြီး စုစုပေါင်း ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံကျော် ပေးအပ်ခဲ့ကာ AIIB စုစုပေါင်း ရင်းနှီးမြှပ်နှံမှုပမာဏ၏ ၂၅% ရှိသည်။ AIIB အိန္ဒိယနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသည် တရုတ်နိုင်ငံ၏ AIIB အပေါ်လွှမ်းမိုးမှုရှိခြင်း သံသယအား ချေဖျက်နိုင်ခဲ့သည်။

 


အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှပ်နှံမှုသည် အရင်းအနှီး အများအပြားလိုအပ်ပြီး ရင်းနှီးမြှပ်နှံမှု လိုအပ်ချက်မှာ အလွန်ကြီးမားသည်။ ပိုမိုများပြားသည့် ပုဂ္ဂလိကအရင်းအနှီးများ အခြေခံအဆောက်အ အုံ တည်ဆောက်ရေး စျေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်းသည် အာရှတိုက်၏ အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း AIIB မှ တိုက်တွန်းပြောကြားလေ့ရှိသည်။ Mr. Jin Li Qun မှ ဖွင့်ပွဲအခမ်း အနားတွင် ပြောကြားရာတွင် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့်နိုင်ငံများအနေဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် GDP % ဝန်းကျင်အား အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှပ်နှံရန် လိုအပ်သည်။ 

 


နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေစဉ်အတွင်း AIIB သည် အင်္ဂလန်နိုင်ငံမှ Aberdeen Asset Management နှင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသည့် သဘောတူစာချုပ် ချုပ်ဆိုမှုအား ကြေငြာခဲ့သည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် AIIB ဘုတ်အဖွဲ့အစည်းအဝေးသည် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသည့် Credit Bond ရင်းနှီးမြှပ်နှံမှုရန်ပုံငွေ တည်ထောင်ရန် ခွင့်ပြုခဲ့ပြီး ၎င်းတွင် ESG (သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေး) ရင်းနှီးမြှပ်နှံမှု အယူအဆအား ပေါင်းစပ်ခဲ့သည်။ AIIB နှင့် Aberdeen Asset Management အကြား သဘောတူမှုအရ Aberdeen Asset Management သည် AIIB ကိုယ်စား အဆိုပါ ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအား စီမံခန့်ခွဲရမည်ဖြစ်သည်။ Aberdeen Asset Management မှပြောကြားရာတွင် ရှေ့လာမည့် ဆယ်စုနှစ်တွင် အာရှတိုက်၏ အဆက်မပြတ် ကြီးထွားလာသည့် အခြေခံအဆောက်အအုံ ရင်းနှီးမြှပ်နှံမှုလိုအပ်ချက်အား ပြည့်မီနိုင်ရန်အတွက် အဖွဲ့အစည်းရင်းနှီးမြှပ်နှံသူများအနေဖြင့် ငွေကြေးထောက်ပံ့ခြင်းကဏ္ဍတွင် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟု ခန့်မှန်းရသည်။

 


နှစ်မပြည့်သေးသည့် အချိန်အတွင်း AIIB သည် ကောင်းမွန်သည့်အမှတ်စာရင်း အား ရရှိခဲ့သော် လည်း မီဒီယာတွေ့ဆုံပွဲ၌ ဥက္ကဋ္ဌ Mr. Jin Li Qun သည် နိုင်ငံအသီးသီးမှ သတင်းထောက်အား ပြောကြား ရာတွင် AIIB သည် ဘက်ပေါင်းစုံဝါဒနှင့် ပဲရစ်ရာသီဥတုသဘောတူညီမှုအား ဆက်လက်ထောက်ခံမည် ဖြစ်ပြီး တက်ဖက်တွင်လည်း မိမိကိုယ်ကို ဘဝင်မြင့်ခြင်းကိုရှောင်ရှားပြီး ဆက်လက်စောင့်ထိန်းမည် ဖြစ်သည်။ AIIB အဖွဲ့ဝင်အရေအတွက်မှာ ၁၀၀ အထိ တိုးမြှင့်လာပြီဖြစ်သည်။ ပွင့်လင်းမြင်သာရှိခြင်း နှင့် ဘဝင်မမြင့်ခြင်းသည် AIIB မိတ်ဆွေဖွဲ့နည်း နည်းလမ်းပင်ဖြစ်သည်။