၈၄ကြိမ်မြောက် မဲခေါင်မြစ်လေးနိုင်ငံ ပူးတွဲကင်းလှည့်ဆောင်ရွက်ခြင်း အောင်မြင်စွာပြီးစီး
2019-07-31 09:00 source:



ဆင်ဟွာသတင်းဌာန ကူမင်း ဇူလိုင်လ ၂၆ရက် (သတင်းထောက် ကျောက်ဖိန့်ရန်၊ ဝမ်ယမ်) ၂၆ရက်နေ့ ညနေတွင် ကင်းလှည့်ပြီးစီးသော ကင်းလှည့်လှေ ၃သုံးစင်းအဆင်ပြေချောမွေ့စွာ ပြန်လာပြီး တရုတ်ကွမ်းလိမ် ဆိပ်ကမ်းတွင် ဆိုက်ရောက်လာသည်နှင့်အမျှ ၈၄ကြိမ်မြောက် တရုတ် လာအို မြန်မာ ထိုင်း မဲခေါင်မြစ် တစ်လျှောက်ပူးပေါင်းကင်းလှည့်ခြင်း လုပ်ငန်းအောင်မြင်စွာပြီးဆုံးကြောင်းကို သက်သေထူနိုင်ခဲ့ပါသည်။


ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး စာနယ်ဇင်းရုံး၏သတင်းစဉ်အရ ယခုအကြိမ် ပူးပေါင်းကင်းလှည့်ခြင်း လုပ်ငန်းသည် ၃ည ၄ရက် ဖြတ်သန်းခဲ့ရပြီး စုစုပေါင်းခုတ်မောင်းချိန် ၅၁၂ ကီလိုမီတာရှိပါသည်။ တရုတ် လာအို မြန်မာ ထိုင်း လေးနိုင်ငံမှ စုစုပေါင်း ကင်းလှည့်လှေ ရစင်းနှင့် ရဲတပ်ဖွဲ့ဝင် ၁၅၃ဦးစေလွှတ်ခဲ့ပါသည်ဟု သိရပါသည်။

 

ကင်းလှည့်ချိန်အတွင်းတွင် လေးနိုင်ငံ ရဲတပ်ဖွဲ့သည် တပ်ဖွဲ့အလိုက် ရွှေတြိဂံဒေသ၊ Ban Xieng Kok MengMo စသည့် မြစ်တစ်လျှောက်တွင် ရေတပ်၊ ကြည်းတပ်ပူးပေါင်း၍ စုံစမ်းစစ်ဆေးရေး လှုပ်ရှားမှုကိုပြုလုပ်ခဲ့ပြီး ကားအစီးရေ ၂၉စီး၊ လူဦးရေ ၃ရဦး၊ ပစ္စည်းတန်ချိန် .၉၆ကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ WanBengတွင် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မဲခေါင်မြစ်ဒေသတစ်လျှောက်ရှိ လက်တလော ငြိမ်ဝပ်ပိပြားရေးကို အတူတကွ စိစစ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ တရားမဝင်လှုပ်ရှားမှု အမျိုးမျိုးတို့ကို တိုက်ဖျက်ရန်နှင့်ပတ်သတ်၍ အကြောင်းအရာများကို ညှိနှိုင်းခဲ့ကြပါသည်။ ထို့အပြင် တရုတ်လာအိုနှစ်နိုင်ငံသည် လာအို MengMo တွင် ကင်းလှည့်လှေ စံချိန်မှီရန်တည်ဆောက်ခြင်း နှီးနှောဖလှယ်ပွဲ၊ ကင်းလှည့်လှေတည်ဆောက်ခြင်း အတွေ့အကြုံ များဝေမျှခြင်းတိို့ကို ပြုလုပ်ခဲ့ပါသည်။


ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ရေပေါ်ကင်းလှည့်အဖွဲ့ချုပ်က ကင်းလှည့်ခြင်းလုပ်ငန်းပြီးစီးချိန်တွင် မြန်မာ အမှတ်- ကင်းလှည့်လှေသည် တရုတ်ကွမ်းလိမ် ဆိပ်ကမ်းတွင် ဆိုက်ရောက်လာပြီး အလုံးစုံ  စစ်ဆေးပြုပြင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ တရုတ်မြန်မာ နှစ်နိုင်ငံသည် ယခုအကြိမ်အခွင့်အရေးကို အသုံးချ၍ လှေပိုင်းဆိုင်ရာကျွမ်းကျင်မှုကို အပြန်အလှန်သင်ယူခဲ့ပါသည်ဟု  ပြောကြားခဲ့ပါသည်။


ဒါ့အပြင် ယခုအကြိမ် ကင်းလှည့်လုပ်ငန်းတွင်ပါဝင်ခဲ့သော တရုတ်အမှတ်- ကင်းလှည့်လှေသည်  လာအို Ban Xieng Kok တစ်ပတ်အကြာ တပ်ချသင်တန်းပေးပို့ခဲ့ပါသည်။ တရုတ်လာအိုနှစ်နိုင်ငံသည် ရဲတပ်ဖွဲ့လက်တွေ့တို်က်ခိုက်ရေး စွမ်းရည်၊ ကင်းလှည့်လှေ စံချိန်မှီရန်တည်ဆောက်ခြင်း၊ ရေပေါ်ရုတ်တရက် အရေးပေါ်အခြေအနေအား ဖြေရှင်းမှု စသည့်တို့ကို အပြန်အလှန်သင်ယူပြီး သင်တန်းပို့ချခဲ့ပါသည်။