ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai သံအမတ်ခန့်အပ်လွှာပေးအပ်
2019-06-19 00:00 source:


မြန်မာနိုင်ငံသည် မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအား ဆက်လက်နက်ရှိုင်းအောင် ဆောင်ရွက်မည်ဖြစ်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများကို ပိုမိုချမ်းမြေ့သာယာအောင်အကျိုးဆောင်ပေးမည်ဖြစ်ပါကြောင်း  မြန်မာနိုင်ငံ  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။

 

640.webp.jpg


သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Mr. Chen Hai မှ ပေးအပ်သည့် သံအမတ်ခန့်အပ်လွှာအား လက်ခံစဉ်တွင် အထက်ပါအတိုင်း  ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ် အစဉ်အလာ ရှိသော “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေး  ဖွံ့ဖြိုးတိုးတက်မှုကို များစွာအလေးထားပါကြောင်း၊  တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် စသည့်အရေးကိစ္စများ၌ မြန်မာနိုင်ငံအပေါ် အားပေးထောက်ခံမှုနှင့် ကူညီမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် အတူကြိုးပမ်း  ၍ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစြင်္ကံ အတူတည်ဆောက်မှုကို တက်တက်ကြွကြွ တွန်းအားပေးဖော်ဆောင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများကို ပိုမိုချမ်းမြေ့ သာယာအောင် အကျိုးဆောင်ပေးမည်ဖြစ်ပါကြောင်း ဦးဝင်းမြင့်က ပြောကြားပါသည်။

 

640.webp (1).jpg


သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ချစ်ခင်ရင်းနှီးသော  အိမ်နီးချင်းနိုင်ငံဖြစ်ပါသည်။ ယခုအချိန်အခါတွင် တရုတ်-မြန်မာဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေကို ဆက်လက်ထိန်းသိမ်းထားပြီး ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း အသစ်များကိုလည်း  ကြုံတွေ့နေပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ အကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုအား အဆက်မပြတ်တိုးတက်စေခြင်း၊ “Belt and Road” အား နက်ရှိုင်းစေခြင်း နှင့် တရုတ်-မြန်မာစီးပွားရေးစြင်္ကံ၏ မူဘောင်အောက်တွင် ပူးပေါင်းမှုအား လက်တွေ့ဆောင်ရွက်ခြင်းဖြင့်  တရုတ်-မြန်မာဆက်ဆံရေး ကို တစ်ဆင့် တက်လှမ်းရန်အတွက် တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း  ပြောကြားခဲ့ပါသည်။


404 Not Found

404 Not Found


nginx