တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ အသုံးပြုမှုမှာ ဆက်လက်မြင့်တက်လာခဲ့သည်
2019-07-24 00:00 source:



တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ အသုံးပြုမှုမှာ ဆက်လက်မြင့်တက်ဆဲဖြစ်ပြီး

ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တွင် ပါဝင်သည့်နိုင်ငံများ၏ ရင်းနှီးမြှပ်နှံမှုမှာ သိသာထင်ရှားလျက်ရှိ

 


မေလ ရက်နေ့တွင် ရှန်ဟိုင်းမြို့အစိုးရသည် Apple ကုမ္ပဏီ မဟာတရုတ်ဒေသရုံးချုပ်၊ Honeywell ကုမ္ပဏီ တစ်ကမ္ဘာလုံးဆိုင်ရာ မော်တော်ယာဉ်အစိတ်ပိုင်း ဆန်းသစ်တီထွင်မှုစင်တာ၊ Nike ကုမ္ပဏီ ဒီဂျစ်တယ်အလုပ်ရုံ စသည့် ကုမ္ပဏီပေါင်း ၂၇ အတွက် ဒေသတွင်းရုံးချုပ်နှင့် ဆန်းသစ်တီထွင်မှုစင်တာ အသိအမှတ်ပြုလက်မှတ်အား ပေးအပ်ခဲ့သည်။ အဆိုပါနေ့တွင်ပင် ပေကျင်းမြို့ စီးပွားရေးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏာန်းအချက်အလက်များအရ ပထမသုံးလပတ်အတွင်း ပေကျင်းမြို့သည် သတင်းအချက်အလက်ပို့ဆောင်ခြင်း၊ ဆော့ဝဲလ်နှင့် သတင်းချက်အလက်နည်းပညာဝန်ဆောင်မှုကဏ္ဍ များတွင် နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီပေါင်း ၄၅ ခုအား ဝင်ခွင့်ပြုခဲ့ပြီး ယမန်နှစ် အလားတူ ကာလကထက် ၅၀% မြှင့်တက်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးပြုမှုပမာဏမှာ အမေရိကန်ဒေါ်လာ .၂၉ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလကထက် . မြင့်တက်ခဲ့သည်။

 


သမ္မတ ရှီကျင့်ဖျင်မှ ပြောကြားရာတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ အသုံးပြုခြင်း မူဝါဒအား ပြောင်းလဲမည် မဟုတ်ပေ။ နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးများအား ဆက်လက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံရန်အတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုအား ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။

 


စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ခေတ်တွင် စီးပွားရေးလုပ်ငန်းများသည် စီးပွားရေး သက်ဝင်လှုပ်ရှားသည့်ဒေသ၊တံခါးဖွင့်ဝါဒ ကျင့်သုံးသည့်ဒေသသို့ သွားရောက်ရင်းနှီးမြှပ်နှံကြမည် ဖြစ်သည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံစီးပွားရေးသည် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လျက် ရှိပြီး တံခါင်းဖွင့် ခြေလှမ်းမှာလည်း ခိုင်မာလျက်ရှိသည့်အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအပေါ် ဆွဲဆောင် နိုင်စွမ်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။



စီးပွားရေးဝန်ကြီးဌာန၏ စာရင်းအင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးပြုမှုမှာ တည်ငြိမ်စွာ မြှင့်တက်လျက်ရှိသည်။ တစ်နိုင်ငံလုံး တွင် နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီပေါင်း ၁၃၀၃၉ ခု အသစ်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်တွေ့ အသုံးပြုသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာဖြင့် ၄၅.၁၄ ဘီလီယံ ဖြစ်ပြီး တရုတ်ယွမ်ဖြင့် ၃၀၅.၂၄ ဘီလီယံဖြစ်ကာ ယမန်နှစ် အလားတူကာလကထက် .% မြင့်တက် ခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ အသုံးပြုမှုမှာ ပမာဏများပြားပြီး၊ အရည်အသွေး ပြည့်ဝသည်။

 


ဖွဲ့ဖြိုးပုံမှာ ကျိုးကြောင်းဆီလျော်မှုရှိသည်။ ပထမလေးလအတွင်း အဆင့်မြင့်နည်းပညာ စက်မှုလုပ်ငန်း နှင့် အဆင့်မြင့်နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းများ၏ နိုင်ငံခြားရင်နှီးမြှပ်နှံငွေ အသုံးပြုမှုမှာ ကြီးမားစွာ တိုးတက်ခဲ့သည်။ အဆင့်မြင့်နည်းပညာ စက်မှုလုပ်ငန်း၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးပြုမှု ပမာဏမှာ ၃၃.၁၄ ဘီလီယံယွမ်ဖြစ်ပြီး ယမန်နှစ် အလားတူကာလကထက် ၁၂.% မြင့်တက်ခဲ့သည်။ ၎င်းမှ အီလက်ထရောနစ်နှင့် ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ ကွန်ပျူတာနှင့် ရုံးသုံးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးပြုမှုမှာ ၃၈.% နှင့် ၄၅.% အသီးသီးမြင့်တက်ခဲ့သည်။ အဆင့်မြင့်နည်းပညာဝန်ဆောင်မှုလုပ်ငန်း၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးမှုပမာဏမှာ ၅၂.၄၈ ဘီလီယံယွမ်ဖြစ်ပြီး ယမန်နှစ် အလားတူကာလကထက် ၇၃.% မြင့်တက်ခဲ့သည်။

 


အမျိုးအမည်မှာ ပိုမိုစုံလင်လျက်ရှိသည်။ ပထမလေးလအတွင်း အဓိက ရင်းနှီးမြှပ်နှံသည့် နိုင်ငံများ၏ ရင်းနှီးမြှပ်နှံမှု တိုးတက်မှုနှုန်းမှာ လျော့နည်းသွားခြင်းမရှိပေ။ တောင်ကိုရီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံ တို့၏ တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံမှုမှာ ၁၁၄.% နှင့် ၁၀၁.% အသီးသီးမြင့်တက်ခဲ့ သည်။ EU (ဥရောပသမဂ္ဂ) လက်တွေ့ရင်းနှီးမြှပ်နှံသည့် ပမာဏမှာ ယမန်နှစ် အလားတူကာလက ထက် ၁၇.% မြင့်တက်ခဲ့သည်။ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တွင် ပါဝင်သည့် နိုင်ငံများ၊ အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှပ်နှံမှုမှာ သိသိသာသာ မြင့်တက်ခဲ့သည်။ ပထမ သုံးလပတ်တွင် အာဆီယံနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံတွင် ကုမ္ပဏီပေါင်း ၄၃၇ ခု အသစ် တည်ထောင်ခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၃၃.% မြင့်တက်ခဲ့သည်။ ပထမသုံးလပတ်တွင်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တွင်ပါဝင်သည့် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံတွင် ကုမ္ပဏီပေါင်း ၁၀၅၀ ခု အသစ်တည်ထောင်ခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၂၃.% မြင့်တက်ခဲ့သည်။

 


ဖြန့်ကျက်မှုမှာ ပိုမိုညီမျှလျက်ရှိသည်။ ပထမလေးလအတွင်း အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသ၊ လွတ်လပ်စွာကုန်သွယ်မှုစမ်းသပ်ဇုန်တို့၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ ဆွဲဆောင်နိုင်မှုမှာ တည်ငြိမ်စွာ မြင့်တက်လျက်ရှိသည်။ အနောက်ပိုင်းဒေသ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးပြုမှုပမာဏမှာ ၂၁.၁၆ ဘီလီယံယွမ်ဖြစ်ပြီး ယမန်နှစ် အလားတူကာလကထက် .% မြင့်တက်ခဲ့သည်။ လွတ်လပ်စွာ ကုန်သွယ်မှုစမ်းသပ်ဇုန်၏ နိုင်ငံခြားရင်းနှီးမြှပ်နှံငွေ လက်တွေ့အသုံးပြုမှုမှာ ယမန်နှစ် အလားတူကာလ ကထက် ၁၁.% မြင့်တက်ခဲ့ပြီး ပါဝင်မှုအချိုးမှာ ၁၁.% ဖြစ်သည်။



UNCTAD (United Nations Conference on Trade and Development) မှထုတ်ပြန်သော တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံမှုအလားအလာ စောင့်ကြည့်ရေးအစီရင်ခံစာ၏ဖော်ပြချက်အရ ယမန်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုမှာ ဆက်လက်ကျဆင်း နေသည့် အခြေအနေအောက်တွင် တရုတ်နိုင်ငံစျေးကွက်၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဆွဲဆောင်နိုင်စွမ်း မှာ လျော့ကျသွားခြင်းမရှိပဲ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆင့် () နေရာတွင် ဆက်လက်ရပ်တည်လျက် ရှိသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန် သော ၂၀၁၉ ခုနှစ်တရုတ်နိုင်ငံ စီးပွားရေးလုပ်ကိုင်မှုပတ်ဝန်းကျင် အစီရင်ခံစာဖော်ပြချက်အရ ကျယ်ပြန့်သည့် စျေးကွက်အလားအလာနှင့် ပိုမိုကောင်းမွန်သည့် စီးပွားရေးလုပ်ကိုင်မှု ပတ်ဝန်းကျင် တို့ကြောင့် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှပ်နှံသူများ၏ ပထမဦးစားပေး ရင်းနှီးမြှပ်နှံသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိဆဲဖြစ်သည်။

 


တစ်ကမ္ဘာလုံး၏ တရုတ်စျေးကွက်အပေါ် ရင်းနှီးမြှပ်နှံမှုယုံကြည်ချက်မှာ သိသားထင်ရှားလျက်ရှိပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်မ္ဘာလုံးမှ ရင်းနှီးမြှပ်နှံသူများအပေါ်ဆွဲဆောင်နိုင်စွမ်း မှာလည်း ဆက်လက်မြင့်တက်ဆဲဖြစ်သည်။

 


ဆွဲဆောင်နိုင်စွမ်း  သည် တရုတ်နိုင်ငံ၏ လက်တွေ့ကျသည့် တံခါးဖွင့်ဝါဒ တိုးချဲ့ခြင်းအပေါ် အခြေခံ သည်။ ပိုမိုကျယ်ပြန့်သည့် နယ်ပယ်ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအား ဝင်ရောက်ခွင့်ပြုခြင်း၊ အသိဉာဏ်ပိုင်ဆိုင်မှု (မူပိုင်)ဆိုင်ရာ နိုင်ငံကောပူးပေါင်းဆောင်ရွက်မှုအား ပိုမိုအားစိုက်ဆောင်ရွက်ခြင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တင်သွင်းမှုအား တိုးမြှင့်ခြင်း၊ နိုင်ငံတကာ မက်ခရိုစီးပွားရေး (macro-economic) မူဝါဒ  ညှိနှိုင်းခြင်းအား ပိုမိုထိရောက်စွာဆောင်ရွက်ခြင်း၊ တံခါးဖွင့်မူဝါဒ လက်တွေ့ အကောင်အထည်ဖော်မှုအား ပိုမိုအလေးထားဆောင်ရွက်ခြင်း စသည့် တရုတ်နိုင်ငံ၏ အလုံးစုံသော တံခါးဖွင့်ဝါဒ ဆောင်ရွက်မှုများသည် တစ်ကမ္ဘာလုံး၏ အသိအမှတ်ပြုမှုအား ရရှိခဲ့သည်။

 


ဆွဲဆောင်နိုင်စွမ်း သည် တရုတ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သည့် စျေးကွက်အလားအလာပေါ် အခြေခံ သည်။ တရုတ်နိုင်ငံ၏ လူဦးရေမှာ . ဘီလီယံ ဝန်းကျင်ရှိပြီး နှစ်စဉ် တက္ကသိုလ်ဘွဲ့ရ အရေအတွက် မှာ သန်းကျော်ရှိသည်။ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် အပြည့်စုံဆုံးသော စက်မှုလုပ်ငန်း ဆက်စပ်ပစ္စည်းနှင့် အခြေခံအဆောက်အအုံ ပိုင်ဆိုင်ထားရှိသည်။ ကြီးမားသည့် စျေးကွက်လိုအပ်ချက်၊ ကောင်းမွန်သည့် ဖွံ့ဖြိုးရေးအလားအလာများ စသည်တို့သည် နိုင်ငံခြားရင်းနှီးမြှပ်နှံသူများအတွက် ပိုမို ကောင်းမွန်သည့် ပလက်ဖောင်းနှင့် ပိုမိုများပြားသည့် အခွင့်အရေးအား ပံ့ပိုးပေးလျက်ရှိသည်။

 


ဆွဲဆောင်နိုင်စွမ်း သည် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်နေသည့် စီးပွားရေး လုပ်ကိုင်မှုပတ်ဝန်းကျင်အပေါ် အခြေခံသည်။ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ကိုင်မှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်ရေန်အစီအမံများ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအား တားမြစ် သည့် လုပ်ငန်းကဏ္ဍစာရင်းအား လျှော့ချခြင်း၊ စျေးကွက်ဝင်ရောက်မှုအား တိုးချဲ့ခြင်း၊ အုပ်ချုပ်ရေးပိုင်း စီစစ်အတည်ပြုခြင်းနှင့် ခွင့်ပြုခြင်းလုပ်ငန်းစဉ်အား လျှော့ချခြင်း၊နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ အား ထုတ်ပြန်ကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပိုမိုတိုးတက်စေခြင်းနှင့် ပိုမိုကာကွယ်စောင့်ရှောက်ပေးခြင်း စသည့်အစီအမံများ ဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အတူတကွ တံခါးဖွင့်ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုအား ကြိုးစားအားထုတ်လျက်ရှိသည်။

 


လက်ရှိ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုမှာ နှေးကွေးလျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ရရှိရန် အပြိုင်အဆိုင် ဆောင်ရွက်လျက်ရှိသည်။ ကျွန်နိုပ်တို့အနေဖြင့် စိန်ခေါ်မှုအား အခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံသူများအတွက် ရင်းနှီးမြှပ်နှံမှုပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန် အမြဲမပြတ် ဆောင်ရွက်ကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုစနစ်အား ပိုမိုပြည့်စုံစေခြင်းဖြင့် တရုတ်နိုင်ငံ၏ စျေးကွက်အလားအလာ၊ အခြေခံအဆောက်အအုံ စသည့်နယ်ပယ်များ၏ အားသာချက် အား အပြည့်အဝ အသုံးချကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအား ထိရောက်စွာ အသုံးချနိုင်ရေးအတွက် အခွင့် အလမ်းကောင်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည် ဟု စီးပွားရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောကြား သည်။

 


404 Not Found

404 Not Found


nginx