စီးပွားရေးဝန်ကြီးဌာန တရုတ်နိုင်ငံ၏ ပြင်ပစက်မှုလုပ်ငန်း ဝန်ဆောင်မှုသည် အလုပ်အကိုင်အခွင့်အလမ်း သိန်း ၁၀၀ ကျော်ဖန်တီပေးနိုင်ခဲ့
2019-07-30 09:50 source:ပြည်သူ့ကွန်ယက် ပြည်သူ့နေ့စဉ်သတင်းသာ ပြည်ပဗားရှင်း



သတင်းအရင်းအဖြစ် ပြည်သူ့ကွန်ယက် ပြည်သူ့နေ့စဉ်သတင်းသာ ပြည်ပဗားရှင်း


၂၀၁၉ခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံ၏ ပြင်ပစက်မှုလုပ်ငန်း ဝန်ဆောင်မှုသည် အလုပ်အကိုင် အခွင့်အလမ်း သိန်း၁၀၉. ကျော်ကို ဖန်တီးပြီး ယင်းတွင် တက္ကသိုလ်ပညာရေးနှင့် အထက်ရှိ ကျောင်းသားပေါင်း သိန်းရဝကျော် ပါဝင်ပြီး အရည်အသွေးမြင့် လူတော်လူစွမ်းများအား စုစည်းသောသိုလှောင်ကန်သဖွယ်တည်ရှိနေပါသည်။


စီးပွားရေးဝန်ကြီးဌာနသည် ဝန်ဆောင်မှုအားကျယ်ပြန့်စေပြီး ဝန်ဆောင်မှုကုန်သွယ်ရေး လိုငွေအားလျှော့နည်းစေပြီး ပြင်ပဝန်ဆောင်မှုအား တည်ငြိမ်ပြီး တိုးတက်မှုအခြေအနေကို ထိန်းထားပါသည်။ ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ပြင်ပဝန်ဆောင်မှုလုပ်ငန်းသည် ၁၈ဝဝကျော်ရှိပြီး ယင်းလုပ်ငန်းတွင်ပါဝင်လာသော လုပ်ငန်းရှင်မှာ သိန်း၂.၂၅ယောက်ရှိ ခဲ့ပါသည်ဟု စီးပွားရေးဝန်ကြီးဌာန ဝန်ဆောင်မှုကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူက  ပြောကြား ပါသည်။


ပထမနှစ်ဝက်တွင် ပြည်တွင်းလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုသော ပြင်ပဝန်ဆောင်မှု စာချုပ်တန်ဖိုး မှာ ယွမ်ငွေ ၇၀၉.၉၈ဘီလီယံရှိပြီး လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးမှာ ယွမ်ငွေ ၄၀၅.၉ဘီလီယံ ဖြစ်သည်။ ယင်းအထဲတွင် နိုင်ငံခြားဝန်ဆောင်မှုစာချုပ်တန်ဖိုးမှာ ယွမ်ငွေ ၄၆၄.၉၂ဘီလီယံဖြစ်ပြီး  လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးမှာ ယွမ်ငွေ ၂၄၂.၄ရဘီလီယံဖြစ်သည်။ တူညီချိန်နှင့်နှိုင်းယှဉ်ပါက ၃၄.၆ရာခိုင်နှုန်းနှင့် .၉ရာခိုင်နှုန်း အသီးသီးတိုးမြှင့်ခဲ့သည်ဟု စီးပွားရေးဝန်ကြီးဌာန၏ စာရင်းအရ သိရှိရပါသည်။


ဝန်ဆောင်မှုလည်ပတ်ပုံစနစ် အဆက်အပြတ်ကောင်းမွန်နေပါသည်။ ကြည့်ရှုစစ်ဆေးခြင်း၊ E-commerce ပလက်ဖောင်းဝန်ဆောင်မှု စသည့်ထုတ်လုပ်မှုအပိုင်း ဝန်ဆောင်မှုအပြင် နိုင်ငံရပ်ခြား လုပ်ငန်းဆောင်ရွက်မှုပမာဏ တူညီချိန်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပါသည်။ Cloud တွက်ချက်နည်းပညာ၊ AI နည်းပညာ၊ Big Dataစသည့် ပြင်ပဝန်ဆောင်မှု လုပ်ငန်းအသစ်ပုံစံ အဆက်မပြတ် ပေါ်ပေါက်နေပြီး ယင်းသည် စက်မှုဒစ်ဂျစ်တယ်ပြောင်းလဲမှုကို တွန်းအားပေး နေပါသည်။


အဓိက စျေးကွက်သည် အဆက်မပြတ်ချဲ့ထွင်နေပါသည်။ အီးယူအပိုင်းတွင် လက်ခံသော ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးမှာ တူညီချိန်နှင့် နှိုင်းယှဉ်ပါက ၂၀.၂ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါသည်။ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ်စျေးကွက်မြှင့်တင်ရန် ရုရှားနိုင်ငံ တွင် လက်ခံသော ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးမှာ တူညီချိန်နှင့် နှိုင်းယှဉ်ပါက ၅၆.၉ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး တရုတ်-ရုရှားနိုင်ငံအကြား စီးပွားကူးသန်းပူးပေါင်းမှုကဏ္ဍ တောက်ပသောကြယ်ပွင့်သဖွယ်ဖြစ်လာပါသည်။


နောက်တစ်လှမ်းအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာပြင်ပဝန်ဆောင်မှုကို လိုက်လျောမှုဖြင့် လုပ်ငန်းဒစ်ဂျစ်တယ်ပြောင်းလဲမှု၊  စမတ်ပြောင်းလဲမှု၊ အရည်အသွေးမြင့်၊ အထွေထွေပူးပေါင်းမှု တိုးတက်ခြင်းဆိုသည့်အလားအလာအသစ်ဖြင့် ပြင်ပဝန်ဆောင်မှုအား အဆင့်မြှင့်နည်းပညာ၊   တန်ဖိုးမြှင့်ထုတ်ကုန်၊ အရည်အသွေးမြှင့်၊ မြင့်မားသောစွမ်းဆောင်ရည်အဆင့်မြှင့်ခြင်းစသည့်တရုတ်ဝန်ဆောင်မှု အမှတ်တံဆိပ်ကို သက်ရောက်မှုအရှိဆုံးနှင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိအောင် အလုံးစုံမြှင့်တင်မှုပြုလုပ်သွားမည်ဟု စီးပွားရေးဝန်ကြီးဌာနက ညွှန်ပြထား ပါသည်။