နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အိမ်နီးချင်းနိုင်ငံမျာနှင့်သံတမန်ဆက်ဆံရေးကိုပြော။
2019-07-30 10:00 source:တရုတ်သတင်းကွန်ယက်



 သတင်းအရင်းအမြစ် တရုတ်သတင်းကွန်ယက် အပြန်အလှန်ပါဝင်ဆောင်ရွက်

 


တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံဆိုင်ရာ အာရှနိုင်ငံများသံတမန်များ ဧည့်ခံပွဲကို ဇူလိုင်လ ၁၈ရက်နေ့တွင် ဘေကျင်းမြို့၌ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ယီ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ပါသည်။


တရုတ်နိုင်ငံ၏သံတမန်ဆက်ဆံရေးတွင် အိမ်ချင်းနိုင်ငံများသည်သာလျှင် တရုတ်နိုင်ငံ၏ အဓိကကျသော ဦးတည်ချက်ဖြစ်ပါသည်။ ပထမဆုံးနေဖြင့် အိမ်နီးချင်းဆက်ဆံရေးတွင် စိတ်ရင်းအမှန်ဖြင့် မိတ်ဆွေဖွဲ့ရမည်။ နိုင်ငံအသီးသီး၏အကျယ်အဝန်းသည် မတူညီသော်လည်း အားလုံးဟာ တန်းတူဖြစ်ပါတယ်။ အာရှနိုင်ငံအကြား မည်သို့သောပဋိပက္ခနှင့် သဘောထား ကွဲလွဲမှုများ ရှိနေပါစေ အားလုံးသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါသည်။ စိတ်ရင်းအမှန်ဖြင့် ဆက်ဆံခြင်း၊ အချင်းချင်း ယုံကြည်မှုရှိခြင်းဖြင့် ကျွန်တော်တို့၏ ဆက်ဆံရေးသည် ခိုင်ခံ့မှုဟူသော အာမခံချက်ကိုရရှိမည်။ ဒုတိယအနေဖြင့် သဘောထားကွဲလွဲမှုကို စေတနာသန့်သန့်ဖြင့် ဖယ်ရှားရမည်။ အာရှနိုင်ငံအချင်းချင်းသည် ရေရှည်ပေါင်းသင်းဆက်ဆံရာတွင် မမျှော်လင့် ထားသော ဟိုဟိုဒီဒီပြဿနာ ပေါင်းစုံဖြစ်ပေါ်တတ်ပါသည်။ အဲဒီအချိန်တွင် မှန်ကန်သော နည်းလမ်းမှာ ပွင့်ပွင့်လင်းလင်းရှိမှုနှင့် ဖော်ရွှေစွာညှိနှိုင်းတိုင်ပင်ခြင်းပင် ဖြစ်ပါသည်။   တတိယအချက်မှာ ဇွဲဖြင့် ပူးပေါင်းမှုကို တိုးမြှင့်ခြင်းပင်ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများအကြား ပူးပေါင်းမှုသည် တစ်ကြိမ်တည်းသောဆက်ဆံမှုမဟုတ်သလို ရေတိုဆက်ဆံမှုလည်းမဟုတ်ပါဘူး။ ထို့ကြောင့် ရေရှည်ကိုရှေးရှု၍ ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်သည်။ မည်သို့သောအခက်အခဲနှင့် အရေးမသာမှုများ ကြုံတွေ့နေပါစေ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို မလျှော့သောဇွဲဖြင့်ရှေ့သို့ဆက်စေရန် တွန်းအားပေးရမည် ဟုဝမ်ယီကပြောကြားခဲ့ပါသည်။


ဝမ်ယီက ယခုနှစ်သည် တရုတ်ပြည်သစ် ထူထောင်ခြင်း နှစ်ရ၀ ပြည့်နှစ်ဖြစ်ပြီး တရုတ်ပြည်သည် အိမ်နီးချင်းနိုင်ငံနှင့် သံတမန်ထူထောင်ခြင်း နှစ် ရဝပြည့်နှစ်လည်းဖြစ်ပါသည်။  ပြောကြားခဲ့ပါသည်။ ထိုအချိန်အခါက တရုတ်၊ အိန္ဒိယ၊ မြန်မာတို့အတူ အဆိုပြုခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ရပ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် အာရှနိုင်ငံအချင်းချင်း အင်မတန် ရှုပ်ထွေးသောဆက်ဆံရေးအခြေအနေအတွက် အခြေခံ စံသတ်မှတ်ချက်များကို  ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံးကတည်းက အိမ်နီးချင်းနှင့် ဆက်ဆံရာတွင် စေတနာရှေ့ထားခြင်း၊ မိတ်ဖက်သူငယ်ချင်း အဖြစ် သတ်မှတ်ခြင်းဖြင့် သင့်မြတ်စွာပူးတွဲ နေထိုင်ခြင်း၊ အေးချမ်းစွာနေထိုင်ခြင်း၊ သာယာဝပြောခြင်း နိုင်ငံခြားရေးမူဝါဒကို မပစ်ပယ်သော လမ်းညွှန်ချက်ဖြင့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား ရင်းနှီးစွာ ပူးပေါင်းခြင်းကိုမြှင့်တင်ပြီး တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေးအား တစ်ဆင့်တိုးမြှင့် စေခြင်းကို တွန်းအားပေးခဲ့သည်။ ရင်းနှီးစွာ မိတ်ဖက်ဆက်ဆံရေးကွန်ယက်ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၈ ကြိမ်မြောက်အမျိုးသား ကွန်ဂရက်တွင် သမ္မတရှီကျင့်ဖိန်မှပြောကြားသောရင်းနှီးခြင်း၊ ရိုးသားဖြေင့်မတ်ခြင်း၊ အကျိုးသက်ရောက်စေခြင်း၊ ငဲ့ညှာခြင်းစသော အိမ်းနီးချင်းဆက်ဆံရေး အတွေးအခေါ်သည် တရုတ်နှင့် အိမ်နီးချင်းနှစ်ပေါင်းများစွာ ဆက်ဆံရေး၏ ကောင်းမွန်သောအစဉ်အလာနှင့် အကျိုးရှိသော အတွေ့အကြုံများကို အကျဉ်းချုံးဖော်ပြထားပါသည်။ တရုတ်နှင့် အာရှနိုင်ငံရှိ အိမ်နီးချင်းများအကြား ဖော်ရွေစွာ ဆက်ဆံရေးနှင့် ပူးပေါင်းခြင်းအားနက်ရှိုင်းဖို့အတွက် အခြေခံ လိုက်နာချက်ကို ထောက်ပံ့ပေး ခဲ့ပါသည်။ ဒါ့အပြင် ရှီကျင့်ဖိန်သည် အာရှတူညီသော ကံကြမ္မာအသိုင်းအဝန်း တည်ဆောက်ရေးမှတစ်ဆင့် လူသားတို့၏တူညီသောကံကြမ္မာ တည်ဆောက်မှုအတွက် စွမ်းဆောင်မှုပေးနိုင်ခဲ့သည်။ ရှီကျင့်ဖိန်၏ အဆိုပြုချက်သည် အာရှိနိုင်ငံများ၏ ဘုံမျှော်လင့်ချက်၊ နိုင်ငံအသီးသီး၏ ဘုံအကျိုးအမြတ်အား တုံ့ပြန်ခဲ့ပြီး ကျွန်တော်တို့အားလုံးအတူတကွ ကြိုးစားရမည့် လမ်းစဉ်ဖြစ်သင့်ပါသည်ဟု ပြောကြားပါသည်။


ဝမ်ယီက လက်ရှိနိုင်ငံတကာအခြေအနေတွင် မသေချာမှုများနှင့် မတည်ငြိမ်မှုများ ရှိနေသော ကြောင့် ကျွန်တော်တို့အားလုံး မည်သို့ဆောင်ရွက်ရမည်ကို စဉ်းစားကြရမည်။ အာရှနိုင်ငံများ၏ သဘောတူညီချက်နှင့် ဘုံဆခွဲကိန်းအကြီးဆုံးမှာ ဘဏ်ပေါင်းစုံဝါဒခံချက်ကိုဆုပ်ကိုင်၍  နိုင်ငံတကာ တရားမျှတမှုအား ထိန်းသိမ်းကာကွယ်၍ ကုလသမဂ္ဂ အဓိကအခန်းကဏ္ဍကို ထုတ်ဖော်ပြီး အပြည်ပြည်ဆိုင်ရာဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေခံမှုအား ထိန်းသိမ်းထားရမည်။ တရုတ်နိုင်ငံသည်လည်း အာရှနိုင်ငံအသီးသီးအကြား ဆက်ဆံရေးကို ပိုမို၍ ရင်းနှီးစေအောင်ဆောင်ရွက်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် နယ်နိမိတ်ချင်း ထိစပ်၍နေထိုင်ကြပြီး အာရှတိုက် မိသားစုများဖြစ်ကြပါသည်။ တရုတ်နိုင်ငံကောင်းမွန်လျှင် အာရှလည်း ပိုမို၍ကောင်းမွန်လိမ့်မည်။ အာရှကောင်းမွန်လျှင် တရုတ်နိုင်ငံဒီထက်ကောင်းမွန်မည်။ ကျွန်တော်တို့အကြား အကျိုးအမြတ် ရောပေါင်းခြင်း၊ ကံကြမ္မာတူညီသော အသိုက်အဝန်းတွေ ဖြစ်လာကြပြီ။ အာရှနိုင်ငံအသီးသီးနှင့် တရုတ်နိုင်ငံဆက်ဆံရေးတိုးတက်စေခြင်းနှင့် အာရှဒေသတွင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းရေးစသည့်  ကြီးလေးသည့်လုပ်ငန်းတာဝန်များကို သံတမန်များက ထမ်းဆောင်ထားကြသည်။ အားလုံး၏ စိတ်အားကိုယ်အား စိုက်ထုတ်မှုနှင့် ပံ့ပိုးမှုကို ကျေးဇူးတင်ပါကြောင်း နှင့် နောင်တွင်လည်း ဆက်လက်၍  အာရှနိုင်ငံအသီးသီးနှင့် တရုတ်နိုင်ငံဆက်ဆံရေးတွင် တစ်ခန်းတစ်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်ကြရန်  မျှောင့်လင့်ပါ ကြောင်း ပြောကြားခဲ့ပါသည်။