မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းမှ တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်ရုံးခန်းအား နေပြည်တော်တွင်ဖွင့်လှစ်
2019-05-24 00:00 source:


缅甸中国企业商会中缅经济走廊办公室内比都启动1.png

တရုတ်၊ မြန်မာနှစ်နိုင်ငံမှ ဧည့်သည်တော်များမှ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း တရုတ်မြန်မာစီးပွားရေးစြင်္ကန့်ရုံးခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်နေစဉ်။

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်ရုံးခန်း ဖွင့်ပွဲအခမ်းအနား အား မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်း အနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်းလျန့်၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ Mr. Liu Ying နှင့်တကွ တရုတ်၊ မြန်မာနှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန့်မှပြောကြားရာတွင် မြန်မာနိုင်ငံ တရုတ် လုပ်ငန်းရှင်များအသင်းအနေဖြင့် နေပြည်တော်တွင် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်ရုံးခန်း ဖွင့်လှစ်ခြင်း ဖြင့် မြန်မာနိုင်ငံအစိုးရ ဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေမှုအား မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းအနေဖြင့် တရုတ်သံရုံး၏ တရုတ်၊ မြန်မာနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ဆောင်ရွက်နေမှုများအား ပိုမို အထောက်အကူပြု နိုင်မည်ဖြစ်သည်။ တရုတ်၊ မြန်မာနှစ်နိုင်ငံ အတူတကွဆောင်ရွက်နေသည့်“One Belt One Road” နှင့် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်တည်ဆောက်မှုတွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ပိုမို ပူးပေါင်းပါဝင်လာရန်အတွက် အထောက်အကူပြုမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှ ပြောကြား ရာတွင် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်သည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ သမိုင်းဝင်ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအား ထုတ်ဖော်ပြသနိုင်သကဲ့သို့ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် “One Belt One Road”တည်ဆောက်မှုအား အားပေးထောက်ခံပြီး တရုတ်-မြန်မာစီးပွားရေး စြင်္ကန့်အား တရုတ်နိုင်ငံနှင့် အတူတကွတည်ဆောက်ကာ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အား မြှင့်တက်ခြင်းဖြင့် တရုတ်၊ မြန်မာနှစ်နိုင်ငံ၏ ဘက်ပေါင်းစုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်လာစေရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းမှ တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်ရုံးခန်းအား ဖွင့်လှစ်လိုက်ခြင်းသည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်တည်ဆောက်မှုအတွက် အလွန်အရေးပါလျက်ရှိသည်။ 

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တရုတ်၊ မြန်မာနှစ်နိုင်ငံသည်“တရုတ်-မြန်မာစီးပွားရေးစြင်္ကန့် ပူးတွဲ တည်ဆောက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ”အား လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်၊ မြန်မာနှစ်နိုင်ငံအနေဖြင့် အရေးကြီးကဏ္ဍ ၁၂ ခုတွင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရန် သဘောတူညီမှုရရှိခဲ့သည်။ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၏ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့်ရုံးခန်းဖွင့်လှစ်ခြင်းသည် ကဏ္ဍ ၁၂ ခု လုပ်ငန်းအဖွဲ့များ လုပ်ငန်းဆောင်ရွက်ရန်နှင့် တရုတ်၊ မြန်မာနှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်အတွက် အရေးပါသည့် နေရာဖြစ်ပြီး နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။ (CRI Online)