နောက်ထပ်ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံသည် third-party ဈေးကွက်သို့ဝင်ရောက် တရုတ်-ဗြိတိန် ပူးပေါင်းဆောင်ရွက်မှုသည် ဤကဏ္ဍများတွင် စတင်ဆောင်ရွက်မည်ဖြစ်
2019-06-02 00:00 source:


အဓိကအကြောင်းအရာ

(၁) ။ ပြင်သစ်၊ အီတလီ၊ သြစတြီးယား စသည့်နိုင်ငံများပြီးနောက် ဗြိတိန်သည် တရုတ်နိုင်ငံနှင့် third-party ဈေးကွက် ပူးပေါင်းဆောင်ရွက်မှုအား တရားဝင်ဆောင်ရွက်သည့် ဥရောပတိုက်မှ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

(၂) ။ အခြေခံအဆောက်အအုံတည်ဆောက်မှုအပိုင်းတွင် ဗြိတိန်သည် အင်ဂျင်နီယာဒီဇိုင်း၊ ဥပဒေ၊ အကြံပေး၊ စီမံခန့်ခွဲမှု စသည့်ကဏ္ဍများတွင် အားသာချက်များရှိပြီး တရုတ်နိုင်ငံသည် လုပ်ငန်း စွမ်းဆောင်ရည်၊ အင်ဂျင်နီယာနည်းပညာ ဆန်းသစ်တီထွင်မှု၊ အရင်းအနှီးထိန်းချုပ်မှု၊ Supply-Chain စီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်စီမံခန့်ခွဲမှု စသည့်ကဏ္ဍများတွင် အားသာချက်များရှိသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်အပြင် တစ်ချိန် တည်းတွင် third-party ဈေကွက် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင် မည်ဖြစ်သည်။ 


ပြင်သစ်၊ အီတလီ၊ သြစတြီးယား စသည့်နိုင်ငံများပြီးနောက် ဗြိတိန်သည် တရုတ်နိုင်ငံနှင့် third-party ဈေးကွက် ပူးပေါင်းဆောင်ရွက်မှုအား တရားဝင်ဆောင်ရွက်သည့် ဥရောပတိုက်၏ အရေးပါသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။


聚焦丨又一发达国家入局第三方市场1.png

ဇွန်လ ၁၇ ရက်နေ့ (၁၀) ကြိမ်မြောက် တရုတ်-ဗြိတိန်ဘဏ္ဍာရေးဆွေးနွေးပွဲကာလအတွင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe နှင့် ဗြိတိန်နိုင်ငံ နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Stuart တို့သည် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Hu Chunhua နှင့် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mr. Philip Hammond တို့၏ရှေ့မှောက်တွင်“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ”အား လက်မှတ်ရေးထိုးခဲ့သည်။


ဇွန်လ ၁၇ ရက်တွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံသည်“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ”အားလက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ တရုတ်၊ ဗြိတိန် နှစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများအနေဖြင့် ဈေးကွက်မူဝါဒနှင့်အညီ third-party ဈေးကွက်တွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုအား ဆောင်ရွက်မည်ဖြစ်သည်။ အထူးသဖြင့် အခြေခံအဆောက်အုံကဏ္ဍ ရင်းနှီးမြှပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအား အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်သည်။ 


၁။

“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”သည်“One Belt One Road”အဆိုပြုချက်၏ အရေးပါသည့်အကြောင်းအရာအဖြစ် ပါဝင်လျက်ရှိသည်။


၂၀၁၉ ခုနှစ် မေလအထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၁ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ တို့နှင့်“One Belt One Road”ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်းပေါင်း ၁၈၇ စောင်အား လက်မှတ်ရေးထိုးခဲ့သည်။ ယခုနှစ် မတ်လတွင် အီတလီနိုင်ငံသည် တရုတ်နိုင်ငံနှင့်“One Belt One Road”သဘောတူညီချက်အား ပထမဦးဆုံး ချုပ်ဆိုသည့် G7 အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့အပြင် ပေါ်တူဂီ ၊ ဂရိ၊ ဟန်ဂေရီ၊ နယူးဇီလန် စသည့်ဖွံ့ဖြိုးပြီးနိုင်ငံများသည်လည်း တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် “third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”ဆန်းသစ်တီထွင်မှုပုံစံသည် ပိုမိုများပြားသည့် ဖွံ့ဖြိုးပြီးနိုင်ငံများအား“One Belt One Road”တွင် ပူးပေါင်းပါဝင်လာစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်သည့်နိုင်ငံများမှာလည်း ပိုမိုများပြားလာခဲ့သည်။ 


တရုတ်နိုင်ငံအနေဖြင့် ဂျပန်၊ ပြင်သစ်၊ ကနေဒါ၊ စင်ကာပူး၊ စပိန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ သြစတြေးလျ စသည့်နိုင်ငံများနှင့်“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”စာရွက်စာတမ်း အား လက်မှတ်ရေးထိုးခဲ့သည်။ 


“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”သည်“One Belt One Road”အဆိုပြုချက်၏ အရေးပါသည့် အကြောင်းအရာအဖြစ် ပါဝင်လျက်ရှိသည်။ ယခုနှစ်၏ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် “third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်း”သည်“One Belt One Road”နှင့် သက်ဆိုင်သည့် အစီရင်ခံတင်ပြချက်တွင် ပထမဦးဆုံးအနေဖြင့် ပါဝင်ခဲ့သည်။ ပါတီကွန်ဂရက်နှစ်ရပ် ကျင်းပနေချိန်အတောအတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr. Ning Jizhe မှ ပြောကြားရာတွင် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ မှ စီးပွားရေးလုပ်ငန်းများသည် အပြန်အလှန် အားသာချက်များရှိကြပြီး အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဘဏ္ဍာရေး အစရှိသည့် ကဏ္ဍရပ်များ၏ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် အလားအလာကောင်းများ ပိုင်ဆိုင်လျက်ရှိသည်။ 


Mr. Ning Jizhe မှပြောကြားရာတွင် အနာဂတ်တွင် တရုတ်နိုင်ငံသည်“One Belt One Road” လမ်းကြောင်းပေါ်ရှိ နိုင်ငံများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအား အဆင့်မြှင့်တင်မည်ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံ၊ ရင်းနှီးမြှပ်နှံမှုတည်ရှိရာနိုင်ငံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံနှင့် အခြား စီးပွားရေးလုပ်ငန်းများအကြား“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”အား အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ်အား ဖော်ထုတ်ဆောင်ရွက်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအကြား ပူးတွဲလေလံတင်သွင်းခြင်း၊ ပူးတွဲရင်းနှီးမြှပ်နှံခြင်း အစရှိသည့် နည်းလမ်း ပေါင်းစုံဖြင့် ဈေးကွက်သစ်တိုးချဲ့ခြင်းအား အားပေးထောက်ခံသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ အကြား အားသားချက်များ အပြန်အလှန်ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဘက်ပေါင်းစုံ အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ 



၂။

“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”တွင် ပါဝင်သည့်အဖွဲ့ဝင်များအကြားတွင် ကွဲပြား ခြားနားသည့် အလေးထားမှုများရှိကြသည်။


တရုတ်၊ ဗြိတိန်နှစ်နိုင်ငံ၏“One Belt One Road”third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု သည် နှစ်နိုင်ငံ ကုန်ထုတ်လုပ်ငန်းကဏ္ဍ၏ အားကောင်းသည့် အပြန်အလှန်ဖြည့်ဆည်းခြင်းအပေါ် အခြေခံသည်သာမက တရုတ်၊ ဗြိတိန်နှစ်နိုင်ငံအစိုးရ၏ တံခါးဖွင့်ဈေးကွက်ဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး အစရှိသည့် နီးစပ်သည့် အတွေးအခေါ်အပေါ်တွင်လည်း အခြေခံလေသည်။ 


အခြေခံအဆောက်အအုံ တည်ဆောက်မှုကဏ္ဍတွင် ဗြိတိန်သည် အင်ဂျင်နီယာဒီဇိုင်း၊ ဥပဒေ၊ အကြံပေး၊ စီမံခန့်ခွဲမှု စသည့်အပိုင်းတွင် အားသာချက်များရှိပြီး တရုတ်နိုင်ငံသည် လုပ်ငန်းစွမ်းဆောင်ရည်၊ အင်ဂျင်နီယာနည်းပညာ ဆန်းသစ်တီထွင်မှု၊ အရင်းအနှီးထိန်းချုပ်မှု၊ Supply-Chain စီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်စီမံခန့်ခွဲမှု စသည့်အပိုင်းတွင် အားသာချက်များရှိသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်အပြင် တစ်ချိန်တည်းတွင် third-party ဈေးကွက် နိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ 


ယခုတစ်ကြိမ် တရုတ်၊ ဗြိတိန် နှစ်နိုင်ငံအကြားချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာတွင် အခြေခံ အဆောက်အအုံကဏ္ဍ ရင်းနှီးမြှပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ကျသည့် စီမံကိန်းများဖြစ်သည်။


聚焦丨又一发达国家入局第三方市场2.png

ပါကစ္စတန်နိုင်ငံအတွင်းရှိ Delajan Khan ဘိလပ်မြေစက်ရုံစီမံကိန်းသည် အဆိုပါနိုင်ငံ၏ အကြီးဆုံး ဘိလပ်မြေစက်ရုံဖြစ်သည်။ အဆိုပါစက်ရုံတည်ဆောက်မှုတွင် အသုံးပြုသည့် သံမဏိအစိတ်အပိုင်း အား တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံမှ အတူတကွထုတ်လုပ်ခြင်းဖြစ်သည်။ ပုံမှာ ၂၀၁၇ ခုနှစ် မတ်လ ၂၃ ရက်တွင် တရုတ်နိုင်ငံထုတ် Tower ကရိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက် နေသည့်ပုံဖြစ်သည်။ (Photo Credit: Xinhua News)


ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု”အား ပထမဆုံး လေ့လာခဲ့သည့်နိုင်ငံဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် တရုတ်၊ ပြင်သစ် နှစ်နိုင်ငံသည်“တရုတ်-ပြင်သစ် third- party ဈေးကွက် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲသဘောထားထုတ်ပြန်ချက်”အား ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင်“third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု” အယူအဆအား ပထမဦးဆုံးအကြိမ် ဖော်ပြခဲ့ပြီး အဓိကအကောင်အထည်ဖော် ဆောင်ရွက်မည့်ဒေသ အဖြစ် အာဖရိကတိုက်နှင့် အာရှတိုက်အား ရွေးချယ်သတ်မှတ်ခဲ့သည်။ နှစ်အနည်းငယ်အကြာ ဖွံ့ဖြိုးတိုးတက်မှုနောက်တွင် အစိုးရသည် မူဝါဒရေးရာလမ်းညွှန်မှုများရေးဆွဲပြီး စီးပွားရေးလုပ်ငန်းများ သည် ဈေးကွက်လေ့လာစမ်းသပ်ခြင်း ဆောင်ရွက်သည့် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။ တရုတ်နိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီနှင့် ပြင်သစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ဦးဆောင်လမ်းညွှန်ကော်မတီအား အတူတကွ ဖွဲ့စည်းကာ စံပြစီမံကိန်း လုပ်ထုံးလုပ်နည်းအား သတ်မှတ်ပြီး ကောင်းမွန်သည့် စံပြပူးပေါင်းဆောင်ရွက်မှုအား စူးစမ်းရှာဖွေလျက် ရှိသည်။ 


ပြင်သစ်နိုင်ငံအနေဖြင့် အာဖရိကတိုက်တွင် ခိုင်မာသည့်အခြေခံနှင့် ကြွယ်ဝသည့် အတွေ့အကြုံများစွာ ရှိသည်။ အထူးသဖြင့် အာဖရိကတိုက်အတွင်းရှိ ပြင်သစ်စကားပြောနိုင်ငံများတွင် အားသာချက်များမှာ ပေါ်လွင်လျက်ရှိသည်။ စွမ်းအင်ကဏ္ဍအနေဖြင့် ပြင်သစ်နိုင်ငံသည် မိရိုးဖလာ နူးကလီယားစွမ်းအင် အင်အားကြီးနိုင်ငံဖြစ်သည်။ ပြင်သစ်အစိုးရအနေဖြင့် မကြာသေးမီနှစ်များအတွင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတွင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း ရေနံစွမ်းအင်မှ ပြည့်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် တရုတ်၊ ပြင်သစ် နှစ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် အခြေခံအုတ်မြစ်အား ချမှတ်နိုင်ခဲ့သည်။ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြင်သစ်နိုင်ငံ၏ အမြန်ရထားနည်းပညာသည် စောလျင်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် နည်းပညာအရ အားသာချက်များရှိသည်။ တရုတ်နိုင်ငံ၏ အမြန်ရထားနည်းပညာမှာ မကြာသေးခင်နှစ်များအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး တည်ဆောက်မှုအချိန်ကာလနှင့် အရင်းအနှီးစီမံခန့်ခွဲမှု အပိုင်း တွင် အားသာချက်မှာ ပေါ်လွင်လျက်ရှိသည်။ တရုတ်၊ ပြင်သစ် နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် third-party ဈေးကွက် အခြေခံအဆောက်အအုံကဏ္ဍအား အတူတကွ တိုးချဲ့ နိုင်မည်ဖြစ်သည်။ 

တရုတ်၊ ဂျပန် နှစ်နိုင်ငံ third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှုမှာ အချိန်အားဖြင့် တိုတောင်း သော်လည်း လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။“တရုတ်-ဂျပန် third-party ဈေးကွက် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်”စသည့် ပူးပေါင်းဆောင်ရွက်မှုစနစ်အပေါ် အမှီပြုပြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း အများအပြား ဆောင်ရွက်နိုင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား third-party ဈေးကွက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စံနမူနာအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်-ဂျပန် နှစ်နိုင်ငံသည် အခြေခံအဆောက်အအုံ၊ သိပ္ပံနည်းပညာနှင့် ဘဏ္ဍာရေး အစရှိသည့်ကဏ္ဍ ၃ ရပ်တွင် အဓိကထား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တရုတ်၊ ဂျပန် နှစ်နိုင်ငံသည် အပြန်အလှန်အားသာချက်၊ အားနည်းချက်များ ရှိကြပြီး အခြေခံအဆောက်အအုံကဏ္ဍ တွင် တရုတ်နိုင်ငံ၏ အဓိကအားသာချက်မှာ ငွေအရင်းအနှီး၊ အစိုးရ၏ ရေရှည်အားပေးထောက်ခံမှု၊ တည်ဆောက်ချိန်တိုတောင်းမှုနှင့် ကုန်ကျစရိတ်ထိန်းချုပ်မှု စသည်တို့ဖြစ်သည်။ ဂျပန်နိုင်ငံ၏ အဓိက အားသာချက်မှာ Risk Control စီမံခန့်ခွဲမှုစနစ်ပြီးပြည့်စုံမှုနှင့် ရင့်ကျက်သည့် စီမံကိန်းလည်ပတ်မှုနှင့် စီမံခန့်ခွဲမှု စသည်တို့ဖြစ်သည်။ 


လက်ရှိအချိန်တွင် တရုတ်နိုင်ငံ China Development Bank နှင့် ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဘဏ်၊ Mizuho Finance နှင့် Sumitomo Mitsui ဘဏ်တို့သည် third-party ဈေးကွက် အခြေခံအဆောက်အအုံ ရင်းနှီးမြှပ်နှံမှုအတွက် ပူးတွဲချေးငွေများ ထောက်ပံ့မည်ဖြစ်သည်။ တရုတ်နိုင်ငံ China Investment Corporation နှင့် ဂျပန်နိုင်ငံ Nomura Holdings၊ Daiwa Secutities၊ Mitsubishi UFJ နှင့် Sumitomo Mitsui ဘဏ်တို့သည် တရုတ်-ဂျပန် ကုန်ထုတ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေအား ပူးတွဲတည်ထောင်မည်ဖြစ်သည်။ အဆိုပါရန်ပုံငွေပမာဏ သည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရှိမည်ဖြစ်ပြီး အဓိကအားဖြင့် တရုတ်၊ ဂျပန် နှစ်နိုင်ငံနှင့် third-party နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ မီဒီယာ၊ ကျန်းမာရေးနှင့် လူသုံးကုန်ပစ္စည်း လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။