တောင်အာရှ အရှေ့တောင်အာရှ ဆေးပညာနှင့် ကျန်းမာရေးမဟာမိတ် ကူးမင်းတွင်ဖွဲ့စည်းတည်ထောင်
2019-07-17 11:46 source:


သတင်းအရင်းအမြစ် လူထုကွန်ယက် ယူနန် ချန်နယ်

image.png


တောင်အာရှ အရှေ့တောင်အာရှ ဆေးပညာနှင့် ကျန်းမာရေးမဟာမိတ် (နောက်ပိုင်း မဟာမိတ် ဟု ဖော်ပြသွားမည်) ဖွဲ့စည်းတည်ထောင်ခြင်းကို ဇူလိုင်လ ၁၂ရက်နေ့တွင် ကူမင်းဆေးတက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။ တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံပေါင်း ၁၂နိုင်ငံနှင့် သက်ဆိုင်ရာတက္ကသိုလ်များ၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ ပြည်တွင်း တက္ကသိုလ် ၂၀ကျော်ရှိ ကျွမ်းကျင်သူများနှင့် ပညာရှင်များတက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် ကူမင်းဆေးတက္ကသိုလ်ကျောင်းအုပ် လီစုန်းက တစ်ဇုန်တစ်လမ်း အဆိုပြုချက်တွင် တက်ကြွစွာ ပါဝင်မှုအတွက် ကူမင်းဆေးတက္ကသိုလ်နှင့် ရှန်ဟိုင်း သယ်ယူပို့ဆောင်ရေးတက္ကသိုလ် ဆေးပညာဌာန တို့ပူးပေါင်း၍ တောင်အာရှ အရှေ့တောင်အာရှ ဆေးပညာနှင့် ကျန်းမာရေးမဟာမိတ် ကို ဖွဲ့စည်းထူထောင်ခဲ့ပါသည်။ မဟာမိတ်ဖွဲ့စည်းထူထောင်ရန် ပြင်ဆင်ရာတွင် ပညာရေးဝန်ကြီးဌာန တရုတ်နှင့်နိုင်ငံခြား ယဉ်ကျေးမှုဖလှယ်ရေးစင်တာ၊ ယူနန်ပြည်နယ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ ပြည်နယ် ပညာရေးဦးစီးဌာန၊ ကျန်းမာရေးကော်မတီစသည့် ဝန်ကြီးဌာနများ၏ လမ်းညွှန်မှုနှင့် အားပေးထောက်ခံမှုကိုရရှိခဲ့ပါသည်။ တရုတ်နှင့် တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံပေါင်း ၁၂နိုင်ငံ နှင့် ဌာနပေါင်း ၃၉ခုတို့၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုနှင့် တုံ့ပြန်မှုကိုလည်းရရှိခဲ့ပါသည် ဟု ပြောကြားခဲ့ပါသည်။


image.png


တောင်အာရှ အရှေ့တောင်အာရှ ဆေးပညာနှင့် ကျန်းမာရေးမဟာမိတ်သည်  တောင်အာရှ အရှေ့တောင်အာရှ နိုင်ငံများရှိ အဆင့်မြင့်ပညာရေးဌာနနှင့် ဆေးဘက်ဆိုင် ရာအဖွဲ့အစည်းတို့သည် မိမိဆန္ဒအလျောက် အစိုးရမဟုတ်သော၊ အကျိုးအမြတ်မယူသော အပြည်ပြည်ဆိုင်ရာဆေးဘက်ဆိုင်ရာ ကျောင်းနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ အကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခဲ့ပါသည်။


မဟာမိတ်အဖွဲ့တွင် ရှန်ဟိုင်း သယ်ယူပို့ဆောင်ရေးတက္ကသိုလ် ဆေးပညာဌာန၊ ကူမင်းဆေးတက္ကသိုလ်၊ တရုတ်နိုင်ငံဆေးတက္ကသိုလ်၊ ရှန်ဟိုင်း ကျန်းမာရေး ဆေး ပညာဌာန၊ ဝူဟန့်တက္ကသိုလ်ဆေးပညာဌာန၊ ဟွာကျုံး သိပ္ပံနှင့်နည်း ပညာတက္ကသိုလ် ဆေးပညာဌာန၊ ယူနန်တက္ကသိုလ်၊ ကူမင်းရူပဗေဒနှင့် အင်ဂျင်နီယာတက္ကသိုလ်၊ ယူနန်တရုတ်ဆေးပညာတက္ကသိုလ် စသည့် ပြည်တွင်း တက္ကသိုလ် ၂၀ကျော် နှင့် ဗီယက်နမ်ဟိုင်ဖောင် တရုတ်ဆေးပညာတက္ကသိုလ်၊ လာအို သိပ္ပံနှင့် ကျန်းမာရေးတက္ကသိုလ်၊ ကမ္ဘောဒီးယား သိပ္ပံနှင့် ကျန်းမာရေးတက္ကသိုလ်၊ ပါကစ္စတန် သိပ္ပံနှင့် ကျန်းမာရေးတက္ကသိုလ်တို့ ပါဝင်ပါသည်။


မဟာမိတ်၏ရည်မှန်းချက်မှာ တရုတ်နှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ဖွဲ့စည်းတည်ဆောက်ပုံဥပဒေ၊ ဥပဒေနှင့် မူဝါဒများအရ မိမိဆန္ဒအလျောက်၊ တန်းတူရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အပြန်အလှန်အကျိုးရှိခြင်းစသည်တို့၏ နိယာမအောက်တွင် တရုတ်နှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာကျောင်း၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း၊  တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ဆေးပညာ၊ သိပ္ပံသုတေသန၊ ကျန်းမာရေးဝန်ဆောင်မှု စသည့်ကဏ္ဍ ပူးူပေါင်းမှုနှင့် ဖလှယ်မှုအပိုင်းတွင်တွန်းအားပေး၍ ဒေသတွင်းအဆင့်မြင့်ဆေးပညာနှင့် ကျန်းမာရေးဝန်ဆောင်မှုအရည်သွေးကို မြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး တိုးတက်မှုအတွက် တစ်စိုက်မတ်မတ် စွမ်းဆောင်သွားမည်။


မဟာမိတ်၏ စည်းမျဉ်းဥပဒေအရ မဟာမိတ်ညီလာခံနှင့် ကောင်စီ နှစ်နှစ်တစ်ခါကျင်းပ ပြီး အဖွဲ့ဝင်များအလှည့်ကျ လက်ခံကျင်းပရပါသည်။ မဟာမိတ်အဖွဲ့ဝင်များသည် လူရည်ချွန်များ ပြုစုပျိုးထောင်ခြင်း၊ ဆရာများမွေးထုတ်ပေးခြင်း၊ သိပ္ပံသုတေသန၊ လူမှုအသိုင်းအဝိုင်းအားဝန်ဆောင်မှုပေးခြင်း၊ ကျောင်းသားများဖလှယ်ခြင်းစသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းမှုနှင့်ဖလှယ်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။


ဒါ့အပြင် မဟာမိတ်အဖွဲ့သည် ဖလှယ်မှုနှင့်အပြန်အလှန်သင်ယူခြင်း အတူတကွ တိုးတက်ခြင်း   စသည့်အခမ်းအနားကို လည်းကျင်းပခဲ့ပါသည်။ ကျောင်းအုပ်/ဌာနမှူး အဆင့် ဖိုရမ်တွင် တက်ရောက်လာကြသော ဧည့်သည်များသည် အဓိကမိန့်ခွန်းပြောကြားခြင်း၊ အဖွဲ့ဝင်များသည် ကူမင်းဆေးတက္ကသိုလ်ရှိ လက်တွေ့စမ်းသပ်မှုစင်တာကို လေ့လာကြည့်ရှုခဲ့ကြပါသည်။