တတိယအကြိမ်မွမ်းမံသင်တန်း ဖွင့်လှစ်တော့မယ်
2019-07-17 14:00 source:


  1.webp.jpg

တတိယအကြိမ်လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသခွဲနိုင်ငံများသတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာမွမ်းမံသင်တန်းကို ၂၀၁၉ ခုနစ် ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကူမင်းမြို့မှာ ဖွင့်လှစ်ပါတော့မယ်။


 

2.webp.jpg

ယူနန်ပြည်နယ်ပြည်သူ့အစိုးရရဲ့သက်ဆိုင်ရာစီမံကိန်းထောက်ပံ့မှုနဲ့ ယူနန်နေ့စဉ်သတင်းစာအဖွဲ့ဟာ  ရက်ရက်တိုမွမ်းမံသင်တန်းကိုယူနန်အလှတရားကို  လက်တွေ့ရှုစားခြင်းလို့ဆိုတဲ့ အဓိကဆောင်ပုဒ်နဲ့ ဦးစီးကျင်းပတာဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့လာအိုစတဲ့နိုင်ငံ  နိုင်ငံက သတင်းပြန်ကြားရေးအရာရှိနဲ့ သတင်းစာဆရာ ၁၆ ဦးကို ဖိတ်ကြားထားပါတယ်။

 



3.webp.jpg

နွေရာသီရဲ့ကောင်းမွန်တဲ့ မိတ်ဆုံပွဲမှာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများက သတင်းပြန်ကြားရေးအရာရှိနဲ့ သတင်းစာဆရာတို့ဟာ နွေဦးမြို့လို့ ချီးမွမ်းတဲ့ ကူမင်းမြို့မှာ တပျော်တပါးဆုံဆည်းပြီးမြစ်တစ်စင်းချစ်မေတ္တာကို အတူလက်ဆင့်ကမ်းကြမယ်။



ဒီမွမ်းမံသင်တန်းဟာ ယူနန်ပြည်နယ်က လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးက မီဒီယာလုပ်ကိုင်သူတွေအတွက် တတိယအကြိမ် ဖွင့်လှစ်တဲ့ မွမ်းမံသင်တန်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ယူနန်နေ့စဉ်သတင်းစာအဖွဲ့ဟာ သတင်းပြန်ကြားရေးအရာရှိနဲ့သတင်းစာဆရာမွမ်းမံသင်တန်းကို နှစ်ကြိမ် ဦးစီးကျင်းပခဲ့ပါတယ်။

 

                                                        

 4.webp.jpg

ဒီလှုပ်ရှားမှုကနေ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးကအဓိကမီဒီယာများအကြားနက်ရှိုင်းစွာဖလှယ်ရေးနဲ့ အတုယူလေ့လာရေးကို မြှင့်တင်စေတဲ့အပြင် ယူနန်နဲ့ မဲခေါင်မြစ် မြစ်ဝှမ်းဒေသ နိုင်ငံများက မီဒီယာအကြား ကူးလူးဆက်ဆံရေးနဲ့ အပြန်အလှန်နားလည်မှုကို တိုးပွားစေတယ်။

 

 5.webp.jpg

 ဒီလှုပ်ရှားမှုကနေ ယူနန်နေ့စဉ်သတင်းစာအဖွဲ့ဟာတောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများသို့ ဖြန့်ဖြူးရေးမှာခြေလှမ်းသစ်ကိုလျှောက်လှမ်းခဲ့တယ်။ ယူနန်ပြည်နယ်ဟာတောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုမှုစင်တာကို တည်ဆောက်ဖို့ အထောက်အကူဖြစ်စေတယ်။

 

 

 6.webp.jpg

ဒီလှုပ်ရှားမှုကနေ ကျွန်တော်တို့ မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများက သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းစာဆရာတွေဟာ တရုတ်နိုင်ငံရဲ့ သမိုင်းနဲ့ယဉ်ကျေးမှုကို လက်တွေ့လေ့လာဖို့ ဆောင်ရွက် ပေးတယ်။ တရုတ်နိုင်ငံစီးပွားရေးနဲ့ လူမှုအသိုင်းအဝန်းဖွံ့ဖြိုးမှုရလဒ်နဲ့ မီဒီယာလုပ်ငန်ဖွံ့ဖြိုးထွန်းကားမှုကို ပြသပေးတယ်။

ဒီမွမ်းမံသင်တန်းဟာ တရုတ်၊ ယူနန်နဲ့ မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများကမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ပေးတဲ့ တံတားကြီးဖြစ်သလို နိုင်ငံ  နိုင်ငံမှ မီဒီယာလုပ်ကိုင်သူများချစ်ကြည်ရေးတိုးများစေတဲ့ကြိုးတစ်ချောင်းဖြစ်ပါတယ်။

 


ဒီအကြိမ် မွမ်းမံသင်တန်းမှာ ကျွန်တော်တို့ မိတ်ဆွေသစ်များဖိတ်ကြားထားပါတယ်။ တက်ရောက်ကြမယ့် သင်တန်းသူသင်တန်းသားနာမည်စာရင်းကို  အတူလေ့လာကြည့်ရအောင်ပါ။ 

7-1.webp.jpg          7-2.webp.jpg

7-3.webp.jpg            7-4.webp.jpg

7-5.webp.jpg         7-6.webp.jpg

7-7.webp.jpg        7-8.webp.jpg


 

 

 


 8.webp.jpg

ဒီအကြိမ် မွမ်းမံသင်တန်းမှာ နိုင်ငံအသီးသီးကသင်တန်းသူသင်တန်းသားတွေဟာ ယူနန်မှာဒေသဓလေ့ထုံးစံနဲ့ တည်ဆောက်ရေးရလဒ်ကိုလေ့လာကြမယ်။ တရုတ်နိုင်ငံကို  လက်တွေ့ ကြည့်ရှုရင်းနဲ့ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်တည်ဆောက်ရေးကိုပါ နားလည်သိရှိမှာ ဖြစ်ပါတယ်။

သင်တန်းသူသင်တန်းသားတွေဟာ ကွမ်တုရှေးဟောင်းမြို့နယ်မှာ ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုလေ့လာကြမယ်။ ယူနန်ပြည်နယ်ရဲ့ Wu copper silver ယူနန်အော်ပရာဇာတ်နဲ့ မီးပဒေသာကို ကြည့်ရှုခံစားကြမယ်။

ယဉ်ကျေးမှုမြို့ပြလို့ ချီးမွမ်းတဲ့ အန်နင်ကိုသွားရောက်ကြည့်ရှုမယ်။ ခေတ်သစ် ယဉ်ကျေးမှုလက်တွေ့ဖော်ဆောင်ရေးစင်တာမှာ အန်နင်မြို့ရဲ့ လူနေမှုပတ်ဝန်းကျင်ရလဒ်ကိုလေ့လာကြမယ်။

မြန်နှုန်းမြင့်ရထားဖြင့် ချူရွံ့ဒိုင်နိုဆောခေတ်ပေါ်နည်းပညာအသိပေးအခြေစိုက်စခန်းကို သွားရောက်ပြီး ယူနန်လူဖုန်ရှေးဟောင်းသတ္တဝါပြုပြင်ပြောင်းလဲမှုသမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာသိရှိမယ်။ ထို့ပြင် new media အခန်းပြင်ပပို့ချမှုကို ပြုလုပ်မယ်။

 9-1.webp.jpg    9-2.webp.jpg9-3.webp.jpg    9-4.webp.jpg



ထို့အတူ ယူနန်နေ့စဉ်သတင်းစာအဖွဲ့ဟာ တရုတ်နိုင်ငံအကြောင်းနဲ့ ယူနန်ပြည်နယ်အကြောင်း၊ တရုတ်ယူနန်နဲ့ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသခွဲနိုင်ငံများတို့ ပူးပေါင်းဆောင်ရွက်မှုစတဲ့ အကြောင်းတွေ ဟောပြောပို့ချဖို့ အထင်ကရပညာရှင်များကို ဖိတ်ကြားမယ်။ သင်တန်းသူသင်တန်းသားတွေအတွက်တရုတ်(ယူနန်) new media   ဖွံ့ဖြိုးတိုးတက်မှုအခြေခံအကြောင်း၊ new media  ဆိုင်ရာနည်းပညာကို သင်တန်းပို့ချခြင်းစတာတွေ မိတ်ဆက်ပေးမယ်။ ဒေသခွဲအဓိကမီဒီယာများအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ မီဒီယာပေါင်းစပ်ဖွံ့ဖြိုးမှုစတာတွေ ဆွေးနွေးကြမယ်။

      10.webp.jpg

 

 

ဒီမွမ်းမံသင်တန်းကတစ်ဆင့် လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးကမီဒီယာတို့ဟာ လန်မဲပူးပေါင်းဆောင်ရွက်မှုစနစ်ရဲ့ “အသံချဲ့စက် လန်မဲချစ်ကြည်ရေးပန်းမန်ရဲ့ “မျိုးကြဲစက်နဲ့ လန်မဲပူးပေါင်းဆောင်ရွက်မှုရဲ့ “ တွန်းတင်စက် ”ဖြစ်လာပါလိမ့်မယ်။

11.webp.jpg 

အလှချင်းရယ်ပြိုင်တဲ့ အနာဂတ်ကိုဖန်တီးဖို့ ယဉ်ကျေးမှုဆက်ဆံရေးတံတားကို တည်ဆောက်ကြပါစို့။



    

12.webp.jpg



 နိုင်ငံ၊  ရက်

မွမ်းမံသင်တန်းတစ်ကြိမ်၊ တွေ့ဆုံပွဲတစ်ခု

ကြွရောက်လာကြမယ့် ဧည့်သည်တွေနဲ့ ဆုံဆည်းဖို့ မျှော်လင့်နေပါတယ်။