နိုင်ငံ ၆ခုမှ ကိုယ်စားလှယ်များ ကူမင်းတွင် လန်ချန်းမဲခေါင်ဒေသတွင် ရေတိမ်ဒေသ ကာကွယ်ရေး စီမံခန့်ခွဲမှုအတွက် ဆွေးနွေး
2019-07-25 15:00 source:သတင်းအရင်းအမြစ် ကူမင်းနေ့စဉ်သတင်းစာ



လန်ချန်းမြစ်-မဲခေါင်မြစ်ဒေသတွင်း ရေတိမ်ဒေသ ကာကွယ်မှုနှင့် စီမံခန့်ခွဲခြင်း ပူးပေါင်းမှု အကြီးတန်းဆွေးနွေးမှုသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၁ရရက်က ကူမင်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းစသည့် နိုင်ငံ ၆ခုမှ ကိုယ်စားလှယ် ရဝခန့်တက်ရောက်ခဲ့ပါသည်။ သင်တန်းသားများအချင်းချင်း လန်ချန်းမဲခေါင်ဒေသ အတွင်းရှိ မိမိနိုင်ငံ၏ ရေတိမ်ဒေသအား ကာကွယ်ခြင်းအတွေ့အကြုံများကိုဝေမျှကြပြီး ဒေသတွင်းဂေဟစနစ်ပတ်ဝန်းကျင်အား တိုးမြှင့်စေခြင်းနှင့် ဒေသတွင်းနှင့် သင့်လျော်သော ရေတိမ်ဒေသအား ပြုပြစီမံခန့်ခွဲခြင်းစသည်တို့ကို ဆွေးနွေးခဲ့ကြပြီး ၆နိုင်ငံအင်အားဖြင့် လန်ချန်းမဲခေါင်ဒေသတွင်းရှိ ရေတိမ်ဒေသအား ထိန်းသိမ်းစောင့်ရှောက်ခြင်းကို တိုးမြှင့်ဆောင်ရွက်ကြမည် ဖြစ်ပါသည်။



ရေတိမ်ဒေသကာကွယ်ခြင်းနှင့် စီမံခန့်ခွဲမှုပူးပေါင်းဆောင်ရွက်ခြင်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းမှု၏အရေးကြီးသော အပိုင်းဖြစ်ပါသည်။ လန်ချန်းမြစ်-မဲခေါင်မြစ် ဒေသ၏ ရေတိမ်ဒေသ ဧရိယာ မျက်နှာပြင်သည်ကျယ်ဝန်းလှပါသည်။ ရေတိမ်ဒေသကာကွယ်ခြင်းနှင့် စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသတွင်းမျိုးစိတ်ကာကွယ်မှု၊ ရေအရင်းအမြစ်အန္တရာယ်ကင်းရှင်းမှု၊ စားနပ်ရိက္ခာ လုံခြုံစိိတ်ချမှု၊ ရာသီဥတုဖောက်ပြန်မှုစသည်တို့အတွက် အလွန်အပင်အရေးပါ အရာရောက်ပါသည်။ လေးရက်တာကြာသော ဆွေးနွေးမှုသင်တန်းတွင် ရေတိမ်ဒေသ ဂေဟစနစ်အခြေအနေအား အကဲဖြတ်ခြင်း၊ ရေတိမ်ဒေသ ဂေဟစနစ်အားပြုပြင်သောနည်းပညာ၊ အပြည်ပြည်ဆိုင်ရာ ရေတိမ်ဒေသဥယျာဉ်စီမံခန့်ခွဲမှု၊ ရေတိမ်ဒေသစောင့်ကြည့်လေ့လာရေး မှတ်တမ်း၊ ပညာပေးခြင်း စသည်တို့ကိုဆွေးနွေးဖလှယ်ခဲ့ကြပါသည်။



ဆွေးနွေးမှုသင်တန်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်နှင့် ငွေကြေးစိုက်ထုတ်မှု ကိုရရှိခဲ့ပါသည်။ နိုင်ငံတော် သစ်တောလုပ်ငန်းနှင့် မြက်ခင်းဌာနမှ ညွှန်ကြားပြီး ဘေကျင်းသစ်တော ဆိုင်ရာတက္ကသိုလ်မှ တာဝန်ခံဆောင်ရွက်ခဲ့ပါသည်။



သတင်းအရင်းအမြစ် ကူမင်းနေ့စဉ်သတင်းစာ