ပထမအကြိမ် JiaoZi ငှက်မျိုးစိတ်လေ့လာပွဲ မှတစ်ဆင့် ငှက်မျိုးစိတ်ပေါင်း ၁၈၁မျိုး လေ့လာတွေ့ရှိခဲ့ရာ ဘရောင်းငါးဇီးကွက်(Brown fish owl) မျိုးစိတ်အား ပထမအကြိမ်မှတ်တမ်းတင်တွေ့ရှိခဲ့
2019-07-12 00:00 source:


首届轿子山观鸟节观察到181种鸟类 首次发现褐渔鸮1.png


မေလ ၁၂ရက်နေ့တွင် “ကူးမင်မြို့ဘေးပတ်ဝန်းကျင် ပင်လယ်ရေမျက်နှာပြင်အမြင့်ရှိ နွေရာသီတွင် မျိုးဆက်ပြန့်ပွားသော ငှက်မျိုးစိတ်အား စူးစမ်းရှာဖွေတွှေ့ရှိခြင်း ”ခေါင်းစဉ်ဖြင့် JiaoZi တောင်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာနိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့ ၁၀ဖွဲ့ သည် တစ်ရက်ခွဲအချိန်အတွင်းတွင် ပြိုင်ပွဲ၏ စည်းကမ်းသတ်မှတ်ထားသော လမ်းကြောင်းတစ်လျှောက်တွင် ငှက်မျိုးစိတ်ပေါင်း ၁၈၁ မျိုး နေထိုင်ကျက်စားနေသည်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။


首届轿子山观鸟节观察到181种鸟类 首次发现褐渔鸮2.png

ပြိုင်ပွဲဝင်အသင်းများသည် ရေမျက်နှာပြင်အမြင့် မီတာ ၂၀၀၀ခန့်ရှိ ZhuanLong မြို့နယ် မြစ်ချောင်း၊ သစ်တော၊ ကျေးရွာ၊ လယ်ယာလမ်းများအတိုင်း ရေမျက်နှာပြင်အမြင့် မီတာ ၄၂၀၀ အမြင့်ရှိ JiaoZi တောင်ထိပ်ရှိ  တောင်တန်းသစ်တောများတွင် စူးစမ်းလေ့လာခဲ့ကြပါသည်။ ရစ်နီ(Ithaginis cruentus)၊ Ficedula tricolor၊Prunella strophiata စသည့်မျိုးစိတ်များ ရှာဖွေတွေ့ရှိခဲ့သည့်အပြင် JiaoZi တောင်တွင်  နိုင်ငံတော် အဆင့် ၂ အဖြစ် ကာကွယ်စောင့်ရှောက်ခံရသော ဘရောင်းငါးဇီးကွက်ကို လေ့လာမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ဘရောင်းငါးဇီးကွက်သည် ငှက်ကြီးအမျိုးအစားထဲတွင် ပါဝင်ပါသည်။ တရုတ်နိုင်ငံတွင် တွေ့မြင်ရခဲသောအမျိုးအစားဖြစ်ပါသည်။ ကွမ်တုံး ကွမ်းရှီး၊ ယူနန်စသည့်ဒေသတွင်လည်း အနည်းငယ်သာတွေ့ရှိရပါသည်။ ဒါ့အပြင် “အွန်လိုင်းဆယ်လီ”Aethopyga ignicauda ငှက်မျိုးစိတ် ကိုလည်း JiaoZi တောင်တွင် ငှက်ကြည့်သူများက ခြေရာကောက်ရှာဖွေတွေ့ရှိခဲ့ပါသည်။


首届轿子山观鸟节观察到181种鸟类 首次发现褐渔鸮3.png

JiaoZi တောင်တွင် ဇီဝမျိုးစုံမျိုးခွဲကြွယ်ဝပါသည်။ နွေရာသီတွင် ငှက်မျိုးစိတ် မျိုးဆက်ပြန့်ပွားသော  JiaoZi တောင်သည် DuJuanပန်းခြံအပြင် နောက်ထပ်အမည်ကတ်ပြားတစ်ခု ဖြစ်သည်ဟု ပြိုင်ပွဲကျင်းပရေးအဖွဲ့မှမိတ်ဆက်ခဲ့ပါသည်။ ယခုအကြိမ်ကျင်းပသော ငှက်မျိုးစိတ်လေ့လာခြင်းပြိုင်ပွဲသည် အများပြည်သူအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု အားရှေ့ဆောင်လမ်းပြမှု နှင့် JiaoZi တောင်ရှိ ငှက်မျိုးစိတ်အရင်းအမြစ်အား ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရန်အတွက် အလွန်အရေးပါအရာရောက်ပါသည်။ ဘေးမဲ့တောရှိ ငှက်မျိုးစိတ်စာရင်းပြုစုမှု ကိုလည်း အပြည့်အဝပေးဆောင်နိုင်သည့်အပြင် ဘေးမဲ့တော ကာကွယ်စောင့်ရှောက်မှု မြှင့်တင်မှု တွင်လည်းပို၍သက်ရောက်စေနိုင်ပြီး ဒေသ၏ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။


首届轿子山观鸟节观察到181种鸟类 首次发现褐渔鸮4.png

ယခုအကြိမ် အခမ်းအနားသည် ကူမင်းမြို့သစ်တောနှင့်မြက်ခင်းပြင်ဦးစီးဌာန၊ ယူနန်ပြည်နယ် အစိမ်းရောင်ပတ်ဝန်းကျင်တိုးတက်ရေး ရန်ပုံငွေအဖွဲ့ တို့မှ ကြီးမှူးကျင်းပပြီး ကူမင်မြို့ZhuQue ငှက်မျိုးစုံ သုတေသနစင်တာမှတာဝန်ခံ၍ JiaoZiShan ခရီးသွားတိုးတက်ရေး ကုမ္ပဏီလီမိတက်၊  JiaoZiShan အမျိုးသားအဆင့်သဘာဝပတ်ဝန်းကျင်ဘေးမဲ့တောစီမံခန့်ခွဲမှုနှင့်ကာကွာရေးဌာန၊ LuQuan ယီလူမျိုးစု၊ မျောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင် Zhuanlong မြို့နယ်အစိုးရတို့မှ ပံ့ပိုးကူညီခဲ့ပါသည်။ (ယူနန်နေ့စဉ်သတင်းစာ)


404 Not Found

404 Not Found


nginx