လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား
2019-08-02 00:00 source:


သံအမတ်ကြီး Mr. Chen Hai လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားသို့ တက်ရောက်


微信图片_20190802114825.jpg


လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai  မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် တို့ တက်ရောက်ခဲ့ကြပါသည်။


微信图片_20190802131803.jpg


သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် သုံးနှစ်တာကာလအတွင်း လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံ၏ အတူတကွကြိုးပမ်းမှုအောက်၌ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသခွဲအတွင်း အတက်ကြွဆုံးနှင့် အလားအလာအရှိဆုံး ဖွံ့ဖြိုးတိုးတက်မှုစနစ် တစ်ခုဖြစ်လာပြီး ခြောက်နိုင်ငံအကြား ချစ်ခင်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် အပြောဖြင့်သာမဟုတ်ဘဲ အလုပ်ဖြင့် လက်တွေ့သက်သေပြမည်ဟု တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က အလေးထားပြောကြားခဲ့ ကြောင်း၊ တရုတ်နိုင်ငံသည် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်လက်ကိုင်စွဲပြီး လန်ချန်း-မဲခေါင်နိုင်ငံများ၏ ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ချိတ်ဆက်ကာ “တွင်ကျယ်ခြင်းနှင့် လက်တွေ့ကျခြင်း၊ စီမံကိန်းကိုအခြေခံခြင်း၊ ပြည်သူလူထု၏လူနေမှုဘဝအတွက် ဦးစားပေးခြင်း ဟူသောပူးပေါင်းဆောင်ရွက်မှုပုံစံအတိုင်း လန်ချန်း-မဲခေါင်နိုင်ငံများ၏အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမြှင့်တင်မည်ဖြစ်ကြောင်း၊ ယခုအကြိမ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးစီမံကိန်း ၁၂ ခုတွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တံငါလုပ်ငန်း၊ မျိုးကောင်း မျိုးသန့်၊ ရောဂါပိုးမွှားစစ်ဆေးစမ်းသပ်ရေး၊ စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေး၊ စွမ်းရည် မြှင့်တင်ရေးစသည့်နယ်ပယ်များ ပါဝင်ကြောင်း၊ ၄င်းစီမံကိန်းများသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ပိုမိုမြန်ဆန်ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစနစ်အောက်၌ ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းများကို ကောင်းမွန်စွာ စီမံရေးဆွဲအကောင်အထည်ဖော််ဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကောင်းကျိုးများ ပိုမိုဆောင်ကြဉ်းပေးလာကာ နှစ်နိုင်ငံ “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေးအတွက် အကျိုးပိုမို ဆောင်ကြဉ်းပေးနိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။


微信图片_20190802131811.jpg


မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစနစ် ဖြစ်ပေါ်လာသည့်သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်ခဲ့ပြီး တရုတ်နိုင်ငံမှ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာအထူးရန်ပုံငွေ တည်ထောင်ပြီး မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု အတွက် စဉ်ဆက်မပြတ် ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်သည့် စိုက်ပျိုးရေးစီမံကိန်း  ခုသည် စနစ်တကျဖော်ဆောင်လျက်ရှိပြီး ကောင်းမွန်သည့်ရလဒ်များ ဆွတ်ခူးရရှိခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော်ဆောင် မည့် စိုက်ပျိုးရေးစီမံကိန်း ၁၂ ခုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံမှလည်း စီမံကိန်းဖော်ဆောင်မှုကို အရှိန်မြှင့်တင်ကာ မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ၏ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။


微信图片_20190802131817.jpg


မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသိန်းထိုက် က အမှာစကားပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက် ရေးတွင် အစဉ်တစိုက်တက်တက်ကြွကြွပါဝင်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးတွင် ဆွတ်ခူး ရရှိသည့် ရလဒ်များအတွက်  များစွာတန်ဖိုးထားချီးကျူးကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး စိုက်ပျိုးရေး ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ဦးဆောင်ဌာနဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများကို တာဝန်ယူဆောင်ရွက်ကြောင်း၊ မြန်မာနိုင်ငံသည် စီမံကိန်းအစီအစဉ်အရ အချိန်မီ အရည်အသွေးပြည့်မီစွာ စီမံကိန်းကို ဖော်ဆောင်သွားမည်ဖြစ်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေးအတွက် တက်တက်ကြွကြွကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


微信图片_20190802131821.jpg


အခမ်းအနားတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သက်ဆို်င်ရာတာဝန်ရှိပုဂ္ဂိုလ်များက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိုက်ပျိုးရေးစီမံကိန်း  ခု၏ ပြီးစီးမှု အခြေအနေနှင့် ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးစီမံကိန်း ၁၂ ခု၏ အကြောင်းမိတ်ဆက်များကို ရှင်းလင်းပြောကြားခဲ့သည်။


微信图片_20190802131830.jpg


အခမ်းအနားပြီးဆုံးပြီးနောက် သံအမတ်ကြီး Mr. Chen Hai သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်အတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးစီမံကိန်းရလဒ်ပြပွဲကို လေ့လာ ကြည့်ရှုခဲ့ပါသည်။