“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” (Belt and Road) ပေါ်မှ မြန်မာမှ လူငယ်တစ်ဦးဖြစ်သည့် Mao Shuai ၏ တရုတ်ရေစက်
2019-08-05 10:00 source:China Radio International (CRI)



ရင်းမြစ် - China Radio International (CRI)


 

 1.jpg

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသည့် Mao Shuai



 2.jpg

မန္တလေးအနီးတစ်ဝိုက်တွင် ပိုက်လိုင်းစစ်ဆေးထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် Mao Shuai


    

China Radio International သတင်းတင်ဆက်မှုအရ (China Radio International သတင်းထောက် Hong Quanquan Gao Jiayi) - မြန်မာနိုင်ငံမှ လူငယ်တစ်ဦးဖြစ်သည့် Mao Shuai သည် ၂၀၁၀ ခုနှစ်တွင် စက်မှုလျှပ်စစ်ဘာသာရပ်အား သင်ယူပြီးမြောက်ခဲ့သည်။ အဆိုပါနှစ်တွင် မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ သည်။ ရေနံပိုက်လိုင်းနည်းပညာအပေါ် စူးစမ်းလိုသည့်စိတ်ဖြင့် Mao Shuai သည် မူလ အလုပ်လုပ်ကိုင်နေသည့်ကုမ္ပဏီမှ အလုပ်ထွက်ကာ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ Mao Shuai သည် တရုတ်နိုင်ငံ နှင့် ရေစက်စတင်ဆုံးဆည်းခဲ့သည်။

 


တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် တောင်ဖက်တွင် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တွင် စတင်ပြီး မြောက်ဖက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့အထိဖြစ်သည်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စွမ်းအင်ကဏ္ဍ အတွက် မဟာဗျူဟာစီမံကိန်းအဖြစ်သာမက မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် စွမ်းအင်ကဏ္ဍ အခြေခံအဆောက်အအုံဖြစ်သည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် သန့်စင်သည့်စွမ်းအင်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် တရုတ်၊ မြန်မာ နှစ်နိုင်ငံပြည်သူအပေါ်အကျိုးပြုသည့် စွမ်းအင်သယ်ယူပို့ဆာင်ရေးစီမံကိန်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် Mao Shuai သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုင်လိုင်းစီမံကိန်း တည်ဆောက်မှုသို့ ဝင်ရောက်ခဲ့သည်။ကျွန်တော် ဒီနေရာမှာ အလုပ်လာလုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်း သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သတ်ပြီး နည်းပညာ မရှိသေးတဲ့အတွက် ကျွန်တော် ဒီပညာရပ်တွေကို လေ့လာသင်ယူချင်လို့ပါ။

 


စီမံကိန်းသို့ စတင်ဝင်ရောက်ခါစတွင် Mao Shuai သည် ပိုက်လိုင်းလည်ပတ်မှုအား ကောင်းမွန်စွာ သိရှိ နားလည်ခြင်းမရှိသည့်အပြင် တရုတ်စာကိုလည်း လုံးဝနားမလည်ပေ။ စီမံကိန်းသည် Mao Shuai အပါအဝင် မြန်မာဝန်ထမ်းအချို့အား ရန်ကုန်မြို့ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်စာ လေ့လာသင်ယူရန်အတွက် စေလွှတ်ခဲ့သည်။ Mao Shuai အမည်သည် ထိုအချိန်က သူ၏တရုတ်စာ ဆရာမှ မှည့်ခေါ်ထားခြင်းဖြစ်သည်။ ထို့နောက် ကုမ္ပဏီသည် Mao Shuai အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရေနံတက္ကသိုလ်တွင် ပိုက်လိုင်းလုပ်ငန်းနှင့်သက်ဆိုင်သည့် ဗဟုသုတများ လေ့လာသင်ယူရန် စေလွှတ်ခဲ့သည်။ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် Mao Shuai သည် မန္တလေးရုံးခွဲတွင် တာဝန်ထမ်းဆောင်လေသည်။ လေ့လာသင်ယူမှု အားကောင်းသော Mao Shuai သည် တရုတ်စာအား ကြိုးစားသင်ယူသည့်အပြင် နည်းပညာကိုလည်း စူးစမ်းလေ့လာလျက်ရှိသည်။ မန္တလေးခွဲရုံမှူး He Ziyan သည် Mao Shuai အပေါ်မြင့်မားသည့် ချီးကျူးမှုပေးခဲ့သည်။ “Mao Shuai က လေ့လာသင်ယူမှု အားကောင်းတယ်။ သူ့ရဲ့လေ့လာသင်ယူမှုက အဆင့် () ပဲ။ လုပ်ငန်းခွင်မှာ ဘာပြဿနာဖြစ်ဖြစ်၊ သူနဲ့သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ သူကတော့ အမြဲတမ်း ဖြစ်ရတဲ့အကြောင်းရင်းကို မေးလေ့ရှိတယ်။ သူရဲ့တရုတ်စာကျွမ်းကျင်မှုအဆင့်ကို ကျွန်တော်တို့ အံ့သြလေးစားမိပါတယ်။ နှစ်၊ နှစ်အတွင်းမှာ ကျွန်တော်တို့ တရုတ်နိုင်ငံသားဝန်ထမ်းအဖွဲ့နဲ့ တရုတ်စကားဖြင့် ချောမွေ့စွာ ဆက်ဆံပြောဆိုနိုင်ပါပြီ။

 

     

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် စတင်တည်ဆောက်သည့်အချိန်မှ စတင်ကာ လုံခြုံရေးအား ဦးစားပေး အဆင့် () တွင် ထားရှိသည်။ ၇၉၃ ကီလိုမီတာရှည်လျားသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းနှင့် ၇၇၁ ကီလိုမီတာရှည်လျားသည့် ရေနံပိုက်လိုင်းတွင် ကျွန်းကျင် အင်ဂျင်နီယာများ၊ လမ်းကြောင်းစစ်ဆေးရေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ရှိသည်။   () ကီလိုမီတာ အကွာအဝေးတိုင်းတွင် မြန်မာနိုင်ငံသား လမ်းကြောင်းစစ်ဆေးရေးဝန်ထမ်း () ဦး  ခန့်အပ်ထားရှိသည်။ အဆိုပါဝန်ထမ်းများသည် နေ့စဉ်နေ့တိုင်း ပိုက်လိုင်းတစ်လျှောက်အား ခြေကျင် လျှောက်ကာ လိုက်လံစစ်ဆေးသည်။ တစ်နှစ်ပတ်လုံးတွင် တစ်ရက်မှ မပျက်ကွက်ပေ။ Mao Shuai လုပ်ငန်းတာဝန်တစ်ခုမှာ မန္တလေးအနီးတစ်ဝိုက် ပိုက်လိုင်းလမ်းကြောင်း စစ်ဆေးသည့်တာဝန်ဖြစ် သည်။ Mao Shuai သည် အဆိုပါလုပ်ငန်း၏ အရေးပါမှုအား အခြားသူထက် ကောင်းစွာ သိရှိနားလည် သည်။ပိုက်လိုင်းဖြတ်သန်းသွားတဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အပင်စိုက်လို့မရဘူး၊ မီးရှို့လို့ မရဘူး၊ ခြံစည်းရိုးခတ်လို့မရဘူး။ ဒါပေမဲ့ တစ်ချို့ရွာသူရွာသားတွေက ဒါကိုနားမလည်ကြဘူး။ အဲ့အချိန်မှာ ကျွန်တောတို့အနေနဲ့ သူတို့နားလည်လာအောင် ရှင်းပြဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လမ်းကြောင်းစစ်ဆေးရေးဝန်ထမ်းတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေ ဒါမှမဟုတ် လုံခြုံရေး အားနည်ချက်တွေ စစ်ဆေးတွေ့ရှိရင်လဲ ကျွန်တော်တို့ကို ချက်ချင်းအကြောင်းကြားတယ်။ နေပူသည် ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ ဖြစ်ပွားတဲ့နေရာကို ကျွန်တော်တို့ အမြန်ဆုံးသွားရောက်ပြီး ပြဿနာကို ဖြေရှင်းပါတယ်။

 

    

ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) သည် ပြည်သူ့ဘဝအား မြှင့်တင်ပေးသည့်၊ ပြည်သူ့အကျိုးပြုသည့်၊ အိပ်မက်အကောင်အထည်ဖော်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ တရုတ်- မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုသည် Mao Shuai ကဲ့သို့ မြန်မာနိုင်ငံမှ လူငယ်များအတွက် ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေးပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးနိုင်ခဲ့သည့် အပြင် ဒေသခံတောင်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။ စာရင်းအရ ပိုက်လိုင်းစီမံကိန်းသည် စုစုပေါင်းလုပ်သား အကြိမ်အရေအတွက် . သန်းကျော် အသုံးပြု ခဲ့သည်။ တည်ဆောက်မှု အထွတ်အထိပ်ကာလတွင် ဒေသခံလုပ်သားပေါင်း ၆၀၀၀ ကျော် အသုံးပြုခဲ့ သည်။ ထို့အပြင် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ကော်ပိုရိတ် လူမှုတာဝန်ယူမှု (CSR) အား တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများ၏ ပညာရေး၊ ကျန်းမာရေး၊ ရေပေးဝေရေး၊ မီးပေးဝေရေး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍများ၏ အခြေခံအဆောက်အုံတည်ဆောက်မှု အဆင့်အတန်းအား မြှင့်တင်နိုင်ခဲ့သည်။ ယခုကဲ့သို့ အကျိုးရှိသည့် စီမံကိန်းတည်ဆောက်မှုတွင် ပါဝင်ခွင့်ရသည့်အတွက် Mao Shaui သည် အလွန်ဂုဏ်ယူဝမ်းမြောက်လျက်ရှိသည်။ကျွန်တော်နားလည်ထားတဲ့ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ် (Belt and Road) က တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ တည်ဆောက်တဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေတဲ့ အဆိုပြုချက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်လည်းရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တည်ဆောက်မှုကို ဖြည်းဖြည်းချင်း ခံစားသိရှိလာပါပြီ။ သူတစ်ပါးလည်းအကျိုးရှိတယ်၊ မိမိလည်းအကျိုးရှိတယ်။ရပ်ဝန်း တစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) ဟာဆိုရင် ပူးပေါင်းပါဝင်တဲ့နိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပြီး ပြည်သူတွေရဲ့ လူနေမှု ဘဝကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့ အဆိုပြုချက်တစ်ခုဖြစ်ပါတယ်။

 

     

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် အလုပ်လုပ်ကိုင်ခြင်းဖြင့် Mao Shaui သည် နည်းပညာသစ်အား သင်ယူနိုင်ခဲ့သည့်အပြင် ချစ်ကြည်ရင်းနှီးမှုကိုလည်း ရရှိခဲ့သည်။ သူ၏အမြင် တွင်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) နှင့် သက်ဆိုင်သည့်ဒေသများတွင် ကြိုးစားရုန်းကန်နေကြသည့် ပြည်သူများအနေဖြင့် တရုတ်နိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားဖြစ်စေ အားလုံးသည် အပြန်အလှန်ချစ်ခင်ကြသည့် မိသားစုတစ်စုပင်ဖြစ်လေသည်။