အာဆီယံ - ယူနန်နှင့်အနီးဆုံးတွင် တည်ရှိသည့် နိုင်ငံတကာဈေးကွက်ကြီး
2019-08-26 09:00 source:



အိန္ဒိယသမုဒ္ဒရာအား ထွေးပိုက်ခြင်း

 blob.png


ထိုင်းနိုင်ငံသည် နိုင်ငံတော်စီးပွားရေး၏ အဓိကစီမံကိန်းအားရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် အဆိုပြုချက်နှင့် ချိတ်ဆက်ခဲ့သည်။

 

ဒုတိယအကြိမ်မြောက်ရှန်ဟိုင်း-ဘန်ကောက်စီးပွားရေးအစည်းအဝေး အား မကြာသေးမီက ရှန်ဟိုင်း မြို့တွင် ကျင်းပခဲ့သည်။ ယခုတစ်ကြိမ်အစည်းအဝေး၏ ခေါင်းစဉ်မှာအရှေ့ပိုင်းစီးပွားရေးစြင်္ကန့်မှရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် အဆိုပြုချက်သို့ လျှောက်လှမ်းခြင်း ဖြစ်သည်။ ရှန်ဟိုင်းမြို့ ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mrs. Sasirit Tankulrat မှ သတင်းထောက်မေးမြန်းမှု အား ပြန်လည်ဖြေကြားရာတွင်အရှေ့ပိုင်းစီးပွားရေးစြင်္ကန့် သည် ထိုင်းနိုင်ငံ၏ အနာဂတ်စီးပွားရေး အဆင့်မြှင့်တင်ရေးအတွက် အလွန်အရေးပါသည်။ ထိုင်းနိုင်ငံအနေဖြင့်အရှေ့ပိုင်းစီးပွားရေးစြင်္ကန့် နှင့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် အဆိုပြုချက်အား ချိတ်ဆက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအား အရှိန်မြှင့်တင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး ဒေသအတွင်းနေထိုင်သည့် ပြည်သူလူထု အား အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။


ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် နှင့် ချိတ်ဆက်ခြင်း

 

အရှေ့ပိုင်းစီးပွားရေးစြင်္ကန့် သည် ထိုင်းနိုင်ငံအစိုးရမှ North Liufu Chonburi နှင့် Rayong ပြည်နယ် ခုတွင် အထူးစီးပွားရေးဇုန် တည်ဆောက်ပြီး အခြေခံအဆောက်အုံတည်ဆောက်မှု ဖွံ့ဖြိုးစေရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဦးစားပေးမူဝါဒများ ချမှတ်ခြင်းဖြင့် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများ ဤဒေသတွင် အခြေချလုပ်ကိုင်ရန် ဆွဲဆောင်လျက်ရှိသည်။


Mr. Sasirit Tankulrat မှပြောကြားရာတွင် အထက်ပါ ပြည်နယ် ခုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း ထိုင်းနိုင်ငံ၏ စက်မှုလုပ်ငန်းများ အဓိကစုဝေးရာဒေသဖြစ်သည့်အတွက် ကောင်းမွန်သည့် အခြေခံအဆောက်အအုံအား ပိုင်ဆိုင်ထားရှိသည်။ ထို့အပြင် ပထဝီတည်နေရာ အားသာချက်ရှိသည်။


အရှေ့ပိုင်းစီးပွားရေးစြင်္ကန့် သည် မဟာမဲခေါင်စီးပွားရေးစြင်္ကန့်နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမအကြားတွင် တည်ရှိပြီး ထိုင်းပင်လယ်ကွေ့ အရှေ့ဖက်ကမ်းတွင် တည်ရှိသည်။ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများနှင့် ဆက်သွယ်လျက်ရှိသည်။ အိန္ဒိယသမုဒ္ဒရာနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေကြောင်း ဗဟိုဆုံချက်တွင် တည်ရှိသည်။ အဆိုပါဒေသသည် ထိုင်းနိုင်ငံ၏ မိရိုးဖလာ စက်မှုအခြေစိုက်ဒေသနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးစင်တာ ဖြစ်ပြီး ထူးခြားသည့် ပထဝီနိုင်ငံရေးအားသာချက်နှင့် ဖွံ့ဖြိုးမှုအလားအလာကောင်းများ ပိုင်ဆိုင်ထား ရှိသည်။


၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် Mr. Prayut သည် လာမည့်နှစ် ၂၀ အတွင်း ထိုင်းနိုင်ငံစီးပွားရေး အား High Value-added အပေါ်အခြေခံသည့် ဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ ရောက်ရှိစေရန် အဆင့်မြှင့်တင်မည်ဖြစ်သည်။ ထိုသို့အဆင့်မြှင့်တင်ခြင်းအား “Thailand 4.0” ဟုအမည်ပေးခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် “Thailand 4.0” မဟာဗျူဟာအား အရှိန်မြှင့်ဆောင်ရွက်ကာ မိရိုးဖလာ စိုက်ပျိုးရေး ပုံစံအား Smart စိုက်ပျိုးရေးအဖြစ်သို့လည်းကောင်း၊ မိရိုဖလာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား Smart အသေးစားနှင့် အလတ်စားလုပ်ငန်းများအဖြစ်သို့လည်းကောင်း၊ မိရိုးဖလာ ဝန်ဆောင်မှုလုပ်ငန်းအား High Value-added ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သို့လည်းကောင်း အဆင့်မြှင့် တင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။ 


Mrs. Sasirit Tankulrat မှပြောကြားရာတွင် "အရှေ့ပိုင်းစီးပွားစြင်္ကန့်" သည် "Thailand 4.0 မဟာဗျူ ဟာ အတွက် အရေးပါသည့်စီမံကိန်းဖြစ်သည်။


သူမမှ သတင်းထောက်အား မိတ်ဆက်ပြောကြားရာတွင် ဝန်ကြီးချုပ် Mr. Prayut သည်အရှေ့ပိုင်း စီးပွားရေးစြင်္ကန့် အား တရုတ်နိုင်ငံ၏ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် အဆိုပြုချက်နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အလွန်အလေးထားလျက်ရှိသည်။ Mrs. Sasirit Tankulrat ၏အမြင်တွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာဖွံ့ဖြိုးရေးစီမံကိန်းသည် တူညီမှုရှိပြီးအရှေ့ပိုင်းစီးပွားရေး စြင်္ကန့် နှင့်ရပ်ဝန်းတစ်ခု၊ လမ်ကြောင်းတစ်သွယ် အဆိုပြုချက်အား ချိတ်ဆက်ဆောင်ရွက်ခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး ဒေသအတွင်းနေထိုင်သည့် ပြည်သူလူထုအား အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။


ထိုင်းနိုင်ငံဝန်ကြီးချုပ် Mr. Prayut သည် ၂၀၁၈ ခုနှစ်အတွင်း တွေ့မြန်းမှုတစ်ခု၌အရှေ့ပိုင်းစီးပွားရေး စြင်္ကန့် တွင် တရုတ်နိုင်ငံသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်နည်း ဟူသည့်မေးခွန်း အား ပြန်လည်ဖြေကြားရာတွင် Mr. Prayut ကတရုတ်နိုင်ငံဟာ ကုန်သွယ်ရေးတင်မကဘူး၊ ရင်းနှီးမြှပ်နှံမှုအပိုင်းမှာလည်း အလွန်အရေးကြီးပါတယ်။ တရုတ်နိုင်ငံမှာရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ် အဆိုပြုချက်ရှိပါတယ်။ ဒီအဆိုပြုချက်ဟာ အင်မတန်အရေးကြီးပါတယ်။ အာရှတိုက် သာမက တစ်ကမ္ဘာလုံးကိုပါ အပြန်အလှန် ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။"


၂၀၁၉ ခုနှစ် ဧပြီလတွင် Mr. Prayut မှ တရုတ်မီဒီယာများ၏ ပူးတွဲတွေ့ဆုံမေးမြန်းတစ်ခု်၌ ပြောကြားရာ တွင် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုများပြားသည့် တရုတ်ရင်းနှီးမြှပ်နှံသူများသည်အရှေ့ပိုင်းစီးပွားရေးစြင်္ကန့် တွင် ရင်းနှိးမြှပ်နှံလိုသည့်ဆန္ဒအား တွေ့ရှိရသည့်အတွက် အလွန်ဝမ်းမြောက်မိသည်။ ထိုင်းနိုင်ငံ၏အရှေ့ပိုင်းစီးပွားရေးစြင်္ကန့်" သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် () နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းအတွက် အခြေစိုက်စခန်းအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ် သည်။


ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းများသည် ရှန်ဟိုင်းလွတ်လပ်စွာကုန်သွယ်ရေးဇုန်တွင် ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားလျက်ရှိ


အရှေ့ပိုင်းစီးပွားရေးစြင်္ကန့် စီမံကိန်းအား တာဝန်ယူဆောင်ရွက်သော ထိုင်းနိုင်ငံ စက်မှုဝန်ကြီးဌာန ဝန်ကြီးမှ ပြောကြားရာတွင် ထိုင်းနိုင်ငံအစိုးရ၏ ရည်မှန်းချက်မှာ စီမံကိန်းစတင်ဆောင်ရွက်သည့် နှစ် တာကာလအတွင်း အဆိုပါဒေသ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် ထိုင်းဘတ် ၁၅၀၀ ဘီလီယံ (တရုတ်ယွမ် ၃၃၉ ဘီလီယံခန့်) ရင်းနှီးမြှပ်နှံရန်လျာထားပြီး လေဆိပ်နှင့် ဆိပ်ကမ်းတိုးချဲ့တည်ဆောက် ခြင်း၊ အမြန်ရထားလမ်းတည်ဆောက်ခြင်း စသည်တို့ပါဝင်သည်။ အဆိုပါစီမံကိန်းများသည် အစိုးရ ဘတ်ဂျက်အချို့ အသုံးပြုမည်ဖြစ်ပြီး အများစုမှာ အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲဆောင်ရွက်ခြင်းဖြစ်သည်။


၎င်းအထဲမှ ထိုင်းနိုင်ငံအရှေ့ပိုင်းစီးပွားရေးစြင်္ကန့် အရေးပါသည့် အခြေခံအဆောက်အုံစီမံကိန်း ဖြစ်သည့် ဘန်ကောက် ဒွန်မောင်းလေဆိပ်၊ သုဝဏ္ဏဘူမိလေဆိပ်နှင့် ရနောင်းပြည်နယ် Utapo  လေဆိပ်တို့အား ဆက်သွယ်သည့် အမြန်လမ်းရထားစီမံကိန်းသည် ထိုင်း၊ တရုတ်၊ ဂျပန်နိုင်ငံများမှ ကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသည့်အုပ်စုမှ တင်ဒါအောင်မြင်ခဲ့သည်။ အဆိုပါ အမြန်ရထားလမ်းသည် ၂၂၀ ကီလိုမီတာ ရှည်လျားပြီး တည်ဆောက်ပြီးစီးပါက ဖော်ပြပါလေဆိပ် ခုအား ချိတ်ဆက်မည်ဖြစ် သည်။ စီမံကိန်းသည် နှစ် ၅၀ ကြာမြင့်သည့် အစိုးရနှင့် အရပ်ဖက် ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။


ထိုင်းနိုင်ငံ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးကော်မတီ၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ ထိုင်နိုင်ငံတွင် ရင်းနှီးမြှပ်နှံသည့်ပမာဏ စုစုပေါင်းမှာ ထိုင်းဘတ် ၅၅. ဘီလီယံ (တရုတ်ယွမ် ၁၂. ဘီလီယံခန့်) အထိရှိသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ရင်းနှီးမြှပ်နှံသည့်နိုင်ငံဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြီးဆုံးဖြစ်သည့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုမှာ ပြည့်ဝလုနီးနေပြီဖြစ်သည်။ အထူးသဖြင့် ကုမ္ပဏီကြီးများ၊ စီမံကိန်းကြီးများနှင့် ပမာဏကြီးမားသည့် ရင်းနှီးမြှပ်နှံမှုမှာ တစ်စခန်းရပ်သွားပြီ ဖြစ်သည်။ သို့သော်လည်း ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုမှာ လျင်မြန်စွာ တိုးတက် လျက်ရှိသည်။


တရုတ်ကုမ္ပဏီများ ထိုင်းနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှပ်နှံချိန်တွင် တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများမှာလည်း တရုတ်နိုင်ငံသို့သွားရောက်ကာ အခွင့်အလမ်းများ ရှာဖွေလျက်ရှိသည်။ ရှန်ဟိုင်း မြို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးစင်တာ၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ အထိ ထိုင်းနိုင်ငံသည် ရှန်ဟိုင်းမြို့တွင် အမေရိကန်ဒေါ်လာ . သန်း ရင်းနှီးမြှပ်နှံခဲ့ပြီး ၂၂၁.၈၄% မြှင့်တက်ခဲ့သည်။ နှစ်ပေါင်းများစွာအကြာတွင် ထိုင်းနိုင်ငံ၏ ရှန်ဟိုင်းမြို့တွင် ရင်းနှီးမြှပ်နှံမှု့ ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၅၆၀ ရှိပြီဖြစ်သည်။

 


Mrs. Sasirit Tankulrat မှ ပြောကြားရာတွင် ထိုင်းကုမ္ပဏီများသည် ရှန်ဟိုင်းမြို့တွင် လာရောက် ရင်းနှီးမြှပ်နှံသည့် သမိုင်းကြောင်းမှာ ရှည်လျားသည်။ CP ကုမ္ပဏီအုပ်စုသည် Pudong မြို့သစ် တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးချိန်တွင် ပူးပေါင်းပါဝင်ခဲ့သည်။ တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံ သည့် ထိုင်းကုမ္ပဏီများသည် ရှန်ဟိုင်းမြို့နှင့် အနီးအနားပတ်ဝန်းကျင်ရှိ ယန်စီမြစ်ဝကျွန်းပေါ်ဒေသတွင် အဓိက ရင်းနှီးမြှပ်နှံကြသည်။ လက်ရှိတွင် ရှန်ဟိုင်းလွတ်လပ်စွာကုန်သွယ်ရေးဇုန်သည် ထိုင်းကုမ္ပဏီ များ တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုအား တိုးချဲ့ရန်အတွက် ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုဖြစ် သည်။

 


ဆက်စပ်သတင်း

ASEAN () နိုင်ငံ၏ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များသည် ASEAN “မွေးနေ့ပွဲ ကျင်းပ


 blob.png



ကူမင်းမြို့ ထိုင်းကောင်စစ်ဝန်ချုပ်ရုံးသည် ယခုလ ရက်နေ့တွင် ကူမင်းမြို့၌ ASEAN မွေးနေ့ဧည့်ခံပွဲ အား ကျင်းပခဲ့သည်။ ကူမင်းမြို့ရှိ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များနှင့် ယူနန်ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ သည် ASEAN မွေးနေ့ပွဲအား အတူတကွ ဂုဏ်ပြုခဲ့သည်။


ကူမင်းမြို့ ထိုင်းကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်မှ ပြောကြားရာတွင် ၁၉၆၇ ခုနှစ်တွင် ASEAN အဖွဲ့အား တည်ထောင်ခဲ့သည့် နိုင်ငံ နိုင်ငံသည် ဘန်ကောက်ကြေငြာစာတမ်းအား အတူတကွ လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံအသီးသီးသည် ငြိမ်ချမ်းရေး၊ လုံခြံရေးနှင့် ဒေသစည်ပင်ဝပြောရေး အတွက် အတူတကွ ဆောက်ရွက်ရန် ကတိကဝတ်ပြုခဲ့ကြသည်။ ၅၂ နှစ်ကြာမြင့်ပြီးနောက် ASEAN အဖွဲ့သည် အဖွဲ့ငယ်မှ လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံ၊ လူဦးရေပေါင်း သန်း ၆၀၀ နှင့် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) မှာ အမေရိကန်ဒေါ်လာ ၂၄၀၀ ဘီလီယံရှိသည့် အဖွဲ့ အဖြစ် ပြောင်းလဲတိုးတက်နေပြီဖြစ်သည်။


ယခုနှစ်ရဲ့ ASEAN အလှည့်ကျသဘာပတိနိုင်ငံဟာ ASEAN စတင်မွေးဖွားခဲ့တဲ့ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား မြှင့်တင်ကာ ရေရှည် ဖွံ့ဖြိုးမှုအား အကောင်အထည်ဖော်စို့ ခေါင်းစဉ်အောက်မှာ ထိုင်းနိုင်ငံဟာ “Phuang Malai” ပန်းခွေကို ASEAN ရဲ့ အခုနှစ်အမှတ်အသားအဖြစ်နဲ့ ရွေးချယ်ခဲ့ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန်ပန်းခွေဟာ ASEAN အဖွဲ့ဝင်နိုင်ငံများရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုသကဲ့သို့ ASEAN အဖွဲ့ရဲ့ မိတ်ဖက်နိုင်ငံများအား “ASEAN ကံတူအကျိုးပေး၊ လူ့ဘောင်အဖွဲ့အစည်း သို့ ဝင်ရောက်ရန် ကြိုဆိုခြင်းကိုလည်း ကိုယ်စားပြုပါတယ် ဟုပြောကြားသည်။


ယူနန်ပြည်နယ်သည် ASEAN အဖွဲ့ဝင်နိုင်ငံ နိုင်ငံဖြစ်သည့် (မြန်မာ၊ လာအို၊ ဗီယက်နမ်) တို့နှင့် နယ်မြေချင်းထိစပ်နေသည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသောပြည်နယ်ဖြစ်ပြီး တရုတ်နှင့် ASEAN အား ဆက်သွယ်ထားသည့် မုဒ်ဦးတံတားဖြစ်သည်။ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် ယူနန်ပြည်နယ်၏ GDP သည် ယမန်နှစ်အလာားတူကာလကထက် .% မြှင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် တိုးတက်မှု အမြန်ဆုံးပြည်နယ်ဖြစ်သည်။ ယူနန်ပြည်နယ်၏ ပြည်ပသွင်းကုန်၊ ပို့ကုန်ပမာဏသည် ပထမဆုံးအကြိမ် အဖြစ် ၁၀၀ ဘီလီယံယွမ် ကျော်လွန်ခဲ့ပြီး ၁၀၄.၉၄ ဘီလီယံယွမ်အထိ ရှိခဲ့သည်။ ယူနန်ပြည်နယ်နှင့် ASEAN အဖွဲ့ဝင်နိုင်ငံများအကြား သွင်းကုန်၊ ပို့ကုန် ကုန်သွယ်မှုပမာဏမှာ ၇၅. ဘီလီယံယွမ်ရှိပြီး စုစုပေါင်း ပမာဏ၏ ၅၀% အထက်ရှိသည်။ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Zhang Guo Hua သည် နိုင်ငံအသီးသီး၏ ကူမင်းကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံရာ၌ ပြောကြားရာတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွင် ယူနန်နှင့် ASEAN အဖွဲ့ဝင် နိုင်ငံများအကြား သွင်းကုန်၊ ပို့ကုန်ကုန်သွယ်ရေးအား ဆက်လက်မြှင့်တင်ကာ အပြန်အလှန် အကျိုး ဖြစ်ထွန်းစေရန် မျှော်လင့်လျက်ရှိသည်။


နောက်ထပ်စိတ်ဝင်စားစရာ အချက်တစ်ချက်မှာ ယခုနှစ် ပထမနှစ်ဝက်တွင် ကိန်းဂဏာန်း အချက်အလက်များအရ ASEAN အဖွဲ့သည် အမေရိကန်ပြည်ထောင်စုအား ကျော်ဖြတ်ကာ တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာခဲ့သည်။


ကူမင်း ထိုင်းကောင်စစ်ဝန်ချုပ်သည် ဤထင်မြင်ယူဆချက်အား သဘောတူပြီး သူမမှ ပြောကြားရာတွင်ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်မတို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ASEAN အဖွဲ့ သီးသန့်ချည်း ဆောင်ရွက်လို့မရပါဘူး သူမမှ ဆက်လက်ပြောကြားရာတွင် ပြီးခဲ့သည့် အပတ် ASEAN-တရုတ် နိုင်ငံခြားရေးရာဝန်ကြီးအစည်းအဝေးတွင် နှစ်ဖက်အနေဖြင့် အနာဂတ်တွင် အပြန်အလှန် ချိတ်ဆက်ခြင်း၊ ဒီဂျစ်တယ်စီးပွားရေး၊ Smart City Network နှင့် မီဒီယာဖလှယ်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့သည်။ အနာဂတ်တွင် နှစ်ဖက် အနေဖြင့် နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ASEAN အိမ်မက် မျှော်လင့်ချက်အား အတူတကွ အကောင်အထည်ဖော်မည်ဖြစ်သည်။