ကမ္ဘာ့ဖလားခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တရုတ်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ သြဂုတ်လတွင် ခြေစမ်းပွဲကစားမည်
2019-08-05 00:00 source:China News Network


ရင်းမြစ် - China News Network

 

 


足.jpg

တရုတ်အမျိုးသားဘောလုံးအသင်း ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်။ Photo Credit: Osports

 

 

ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် Social Media မှတစ်ဆင့် ထုတ်ပြန်ကြေငြာရာ တွင် မြန်မာအမျိုးသားဘောလုံးအသင်းသည် သြဂုတ်လ ၃၀ ရက်နေ့ တရုတ်နိုင်ငံ Hebei ပြည်နယ် Xianghe တွင် တရုတ်အမျိုုးသားဘောလုံးအသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။

 

  

မြန်မာအမျိုးသားဘောလုံးအသင်း၏ လက်ရှိ FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၁၃၅ ဖြစ်ပြီး တရုတ်အမျိုးသားဘောလုံးအသင်း၏ FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၇၁ ဖြစ်သည်။ တရုတ် အမျိုးသားဘောလုံးအသင်းသည် စက်တင်ဘာလတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ (၄၀) သင်းအဆင့်အား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ တရုတ်အသင်း၏ အုပ်စုတွင်းပြိုင်ဖက်များမှာ ဆီးရီးယား၊ ဖိလစ်ပိုင်၊ မော်လ်ဒိုက်နှင့် ဂူအမ်တို့ဖြစ်သည်။

 

  

တရုတ်ဘောလုံးအဖွဲ့ချုပ်မှ ကြိုတင်စီစဉ်ထားသည့် အဆင့် () ဆင့်ပါဝင်သည့် စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်အရ သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်တွင် ပထမအဆင့် လေ့ကျင့်မှုအစီအစဉ်အား ပေကျင်း သို့မဟုတ် ပေးကျင်းအနီးဝန်းကျင်တွင် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါအတောအတွင်း တရုတ်ဘောလုံး အဖွဲ့ချုပ်သည် တရုတ်လက်ရွေးစင်အသင်းအတွက် အရှေ့တောင်အာရှမှ ဘောလုံးအသင်း () သင်း နှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားရှိသည်။

 

  

ယခုတစ်ကြိမ် မြန်မာအမျိုးသားဘောလုံးအသင်းနှင့် ခြေစမ်းပွဲကစားခြင်းသည် အချိန်အားဖြင့် တရုတ် လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် အရေးပါသည့်အချိန် ကာလဖြစ်သည်။ ပြိုင်ပွဲအစီအစဉ်အရ တရုတ်လက်ရွေးစင်အသင်း၏ (၄၀) သင်းအဆင့် ပထမဆုံး ပြိုင်ပွဲမှာ စက်တင်ဘာလ ၁၀ ရက်တွင် အဝေးကွင်းတွင် မော်လဒိုက်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 


404 Not Found

404 Not Found


nginx