သွင်းကုန်မြှင့်တင်ခြင်းသည် တရုတ်နိုင်ငံ၏ ဧကန်မုချ ရွေးချယ်ရမည့်နည်းလမ်းဖြစ်သည်
2019-08-07 09:50 source:



ကျွန်တော်တို့သည် သွင်းကုန်အခွန်အား ထပ်မံလျှော့ချသွားမည်ဖြစ်ပြီး အကောက်ခွန်မဟုတ်သည့် ကုန်သွယ်ရေးအတားအဆီးမျာအား ဖယ်ရှားကာ သွင်းကုန်ကဏ္ဍ ဌာနဆိုင်ရာကုန်ကျစရိတ်များအား သိသိသာသာ လျှော့ချသွားမှာဖြစ်ပါတယ်။ ထို့အပြင် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော G-20 ဆိုဆာကာ (Osaka) ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင့်ဖျင်မှ တစ်မ္ဘာလုံးအား အထက်ပါအတိုင်း ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သွင်းကုန်မြှင့်တင်ခြင်း စသည့်နည်းလမ်းများဖြင့် အရည်အသွေး မြင့်မား သော ဖွံ့ဖြိုးတိုးတက်မှုအား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။

 

၂၀၁၂ ခုနှစ် ဗဟိုအဆင့် စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ဗဟိုအစိုးရမှသွင်းကုန်မြင့်တင်ခြင်း အား တင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်ကော်စီရုံးသည် ၂၀၁၄ ခုနှစ်တွင် သွင်းတင်မြှင့်တင်ခြင်းဆိုင်ရာ အမြင်တစ်ချို့အားထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၁၄ ရက်နေ့တွင် သမ္မတရှီကျင့်ဖျင်သည်ရပ်ဝန်းတစ်ခု၊ လမ်းကြေင်းတစ်သွယ် (Belt and Road) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲအား စတင်ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့နောက် အရေးပါသည့် နိုင်ငံတကာအစည်းအဝေးများတွင် တရုတ်နိုင်ငံသည် သွင်းကုန်မြှင့်တင်ခြင်းနှင့် စပ်လျဉ်းသည့် မူဝါဒများအား အတည်ပြုပြောကြားခဲ့သည်။

 


သွင်းကုန်မြှင့်တင်ခြင်းသည် တရုတ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧကန်မုချ ရွေချယ်ရမည့် နည်းလမ်းဖြစ်သည်။ နိုင်ငံတော်ကောင်စီ ဖွံ့ဖြိုးမှုသုတေသနစင်တာ လက်ထောက်ညွှန်ကြားရေးမှူး Mr. Long Guoqaing မှပြောကြားရာတွင် နှစ်ပေါင်း ၄၀ ကျော် တံခါးဖွင့်ပြုပြင်ပြောင်းလဲခြင်းအား ဆောင်ရွက် ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် သွင်းကုန်မြှင့်တင်ခြင်းအား လိုလားသည့်အပြင် လက်တွေ့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်နိုင်စွမ်းလည်းရှိသည်။ ပါတီ၏ ၁၉ ကြိမ် မြောက်အစည်းအဝေး အစီရင်ခံစာ ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ အဓိကဝိရောဓိမှာ ပြည်သူများ၏ နေ့စဉ်နှင့်အမျှ မြှင့်တက်လာသော သာယာကောင်းမွန်သည့်လူနေမှုဘဝ တောင်းဆိုချက်နှင့် မညီမျှ သည့်၊ မပြည့်စုံသည့် ဖွံ့ဖြိုးမှုတို့ဖြစ်သည်။ ဤအခြေခံ ထင်မြင်ယူဆချက်သည် တရုတ်နိုင်ငံ၏ သွင်းကုန် မြှင့်တင်ခြင်းမူဝါဒ၏ အခြေခံဖြစ်သည်။ သွင်းကုန်မြှင့်တင်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှုဥပဒေအား လိုက်နာဆောင်ရွက်သည့် ရွေးချယ်မှုအဖြစ်သာမက ခေတ်သစ်တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာရွေးချယ်မှုလည်းဖြစ်သည်။

 


တစ်ချိန်တည်းတွင် သွင်းကုန်မြှင့်တင်ခြင်းသည် ဈေးကွက်တက်ကြွမှုအား သက်ဝင်လှုပ်ရှားစေမည်ဖြစ် သည်။ ပိုမိုများပြားသည့် ပြည်ပနိုင်ငံမှ အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ စီးပွားရေးလုပ်ငန်း (ကုမ္ပဏီ) များသည် တရုတ်နိုင်ငံသို့ ဝင်ရောက်လာခြင်းဖြင့် တရုတ်နိုင်ငံ၏ စက်မှု လုပ်ငန်းဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းအား တွန်းအားပေး၊ အထောက်အကူပြုမည့်အပြင် ပြည်တွင်း ဈေးကွက် ယှဉ်ပြိုင်မှုအတိုင်းအတာကိုလည်း ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ကိုင်မှု ပတ်ဝန်းကျင်အား ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။

 


ထို့အပြင် သွင်းကုန်မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအသီးအပွင့်များအား တစ်ကမ္ဘာလုံးသို့ မျှဝေနိုင်မည်ဖြစ်ပြီး နိုင်ငံကြီးတစ်နိုင်ငံ၏ တာဝန်ယူမှုအားလည်း ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။ ယနေ့အချိန်သည် ကုန်သွယ်ရေးကာကွယ်မှုဝါဒ ကြီးထွားလာလျက်ရှိပြီး ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်မှာ  စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်အချိန်ဖြစ်သည်။ တရုတ်နိုင်ငံ၏ သွင်းကုန်မြှင့်တင်ခြင်း ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအခွင့်အလမ်းများအား မျှဝေခံစားနိုင်မည် ဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကံတူအကျိုးပေး လူ့ဘောင် အဖွဲ့အစည်း တည်ဆောက်ရေး အဆိုပြုချက်အား လက်တွေ့ဆောင်ရွက်နေသည့် သရုပ်သကန်ပင် ဖြစ်သည်။

 


တရုတ်နိုင်ငံစီးပွားရေးသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်အတွက် အဆက်မပြတ် သွင်းကုန် မြှင့်တင်ခြင်းအား အထောက်အကူပြုသည့်အပြင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ပိုမိုကျယ်ပြန့်သည့် ဈေးကွက်နှင့် ပိုမိုအဖိုးတန်သည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများအား ပံ့ပိုးလျက်ရှိသည်။ ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၇၂ ခု တက်ရောက်ခဲ့သည်။ စီးပွားရေးလုပ်ငန်း (ကုမ္ပဏီ) ပေါင်း ၃၆၁၇ ခု ပါဝင်ပြသခဲ့ပြီး အရောင်းအဝယ် ပမာဏ ၅၇. ဘီလီယံယွမ် သဘောတူညီမှုရရှိခဲ့သည်။ နိုင်ငံအသီးသီးအတွက် ပို့ကုန်တင်ပို့မှု အခွင့်အလမ်းသစ်များ ပံ့ပိုးပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအသီးအပွင့်အား မျှဝေခံစားရန်အတွက် ပလက်ဖောင်းအသစ် တည်ဆောက်ပေးနိုင်ခဲ့ကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းအားသစ် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ဒီလိုပြောလို့ရတယ်။ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ နိုင်ငံအသီးသီးရဲ့ ဈေးကွက်ချဲ့ထွင်ခြင်း တောင်းဆိုမှုဟာ သွင်းကုန်ပြပွဲမှာ တစ်ထပ်တည်းကျခဲ့ပါတယ်။ သွင်းကုန်ပြပွဲဟာ အရင်းအမြစ်တွေအတွက် အကောင်းဆုံးနေရာချထားပေးတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ပေါ်ထွက်လာ ပါပြီ။ စီးပွားရေးဝန်ကြီးဌာန သုတေသနဌာန နိုင်ငံတကာဈေးကွက်သုတေသနဌာနခွဲ ဒုဌာနခွဲမှူး Mr. Bai Ming မှပြောကြားရာတွင် သွင်းကုန်ပြပွဲကျင်းပခြင်းသည် သွင်းကုန်ကဏ္ဍ၏ အရေးပါမှုအား မြှင့်တင် ပေးနိုင်ခဲ့သည်။

 


ကိန်းဂဏာန်းအချက်အလက်များအရ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဈေးကွက်များမှ တစ်ခုဖြစ်ပြီး သွင်းကုန်ပမာဏမှာ တစ်ကမ္ဘာလုံး၏ ၁၀ ပုံ ပုံခန့်ရှိသည်။ နှစ်ဆက်တိုက် ကမ္ဘာ့ဒုတိယ အကြီးဆုံး သွင်းကုန်တင်သွင်းသည့်နိုင်ငံဖြစ်သည်။ ၎င်းအပေါ်အခြေခံကာ တရုတ်နိုင်ငံ၏ သွင်းကုန် မြှင့်တင်ခြင်းခြေလှမ်းမှာ ရပ်တန့်သွားခြင်းမရှိပေ။ ကောင်းမွန်သည့် သွင်းကုန်ပတ်ဝန်းကျင် ဖန်တီးရေး နှင့် အခွန်လျှော့ပေါ့ခြင်း စသည်တို့တွင် တရုတ်နိုင်ငံသည် လက်တွေ့ကျသည့် ဆောင်ရွက်မှုများ ဆောင်ရွက်ပြီးဖြစ်သည်။

 


၂၀၁၈ ခုနှစ် နိုဝင်ဘာလ ရက်နေ့မှစတင်ပြီး အခွန်အမျိုးအမည် ၁၅၈၅ ခုရဲ့ သွင်ကုန်အခွန်ကို လျှော့ချပေးခဲ့ပါတယ်။ ထို့ကြောင့် တရုတ်နိုင်ငံရဲ့ အခွန်နှုန်းမှာ ယမန်နှစ်က .% ကနေ .% အထိ ကျဆင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လူသုံးကုန်ပစ္စည်း တင်သွင်းမှုအတွက် လွယ်ကူချောမွေ့တဲ့ နည်းလမ်းများ ပံ့ပိုးပေးခဲ့ပြီး ပုံစံအသစ်၊ အသွင်အပြင်သစ်များစွာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နယ်စပ် ဖြတ်ကျော် e-commerce မှာ ဖွံ့ဖြိုးမှုများစွာအနက် တစ်ခုဖြစ်ပါတယ်။ Mr. Bai Ming မှပြောကြားရာတွင် ကုန်သွယ်ရေး လွယ်ကူချောမွေ့မှုအဆင့်အတန်းမှာ အဆက်မပြတ် တိုးတက်ကောင်းမွန်လျက်ရှိပြီး သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများ၏ သက်ဆိုင်ရာစာရွက်စာတမ်းလုပ်ငန်းစဉ်အား လွယ်ကူရှင်းလင်းစေခြင်း၊ ကုန်စည်ထုတ်ယူခွင့် (custom clearance) အချိန်အား လျှော့ချခြင်း၊ ဆိပ်ကမ်းငွေကောက်ခံမှု လျှော့ချ ခြင်း စသည်တို့တွင် အောင်မြင်မှုများရရှိခဲ့သည်။

 


သွင်းကုန်မြှင့်တင်ခြင်းရဲ့ အခြေခံက တောင့်တင်းခိုင်မာတဲ့စီးပွားရေး ဖြစ်သင့်ပြီး ဝယ်လိုအားကို ပိုမို အလေးထားသင့်ပါတယ်။ ဘယ်ပုံစံနဲ့တင်သွင်းမလဲ၊ ဘာတွေတင်သွင်းမလဲ၊ ဘယ်သူတင်သွင်းမလဲ? ဘယ်ပုံစံနဲ့တင်သွင်းမလဲ၊ ဘယ်သူတင်သွင်းမလဲ အဲ့ဒါတွေက အနာဂတ်မှာ ဖြေရှင်းရမဲ့ ပြဿနာတွေပါ။ အလေးထားမှုတွေကို နောက်ဖက်မှာ ထားသင့်ပါတယ်။ Mr. Bai Ming မှပြောကြားရာတွင် စားသုံးသူ သည် စားသုံးမှုအဆင့်မြှင့်တင်ခြင်း လိုအပ်ချက်ရှိခြင်းအား နားလည်သိရှိရန်မှာ အလွန်အရေးပါသည်။ တစ်ချိန်တည်းတွင် သွင်းကုန်ပစ္စည်း၏ တန်ဖိုးအားကွင်းဆက်အား ပိုမိုပြည့်စုံစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ သွင်းကုန်လုပ်ငန်းစဉ်တွင်မည်သည့်ပုံစံဖြင့် တင်သွင်းမည်နည်း ပြဿနာအား ဖြေရှင်းပြီးပါ က နောက်တစ်ဆင့်အနေဖြင့် စားသုံးမှုပတ်ဝန်းကျင်အား ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်ခြင်းဖြင့် သွင်းကုန်ပစ္စည်း၏ ပိုမိုကြီးမားသည့် တန်ဖိုးအား နားလည်သဘောပေါက်ကာ ပိုမိုများပြားသည့် စားသုံးသူများမှ သွင်းကုန်ပစ္စည်းအား လိုလားစွာ ဝယ်ယူကြမည်ဖြစ်သည်။

 

 


404 Not Found

404 Not Found


nginx