ဆက်နွှယ်တံတား တည်ဆောက်သွား
2019-08-07 09:59 source:



ပြည်သူအကြား အပြန်အလှန်ဆက်နွှယ်ခင်မင်မှုသည် အနက်ရှိုင်းဆုံး၊ အကြာရှည်ဆုံး၊ အခြေခံအကျဆုံး အပြန်အလှန် ဆက်သွယ်မှုဖြစ်သည်။ ရေမြေချင်းထိစပ်နေသည့် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ကြ သည်နှင့်အညီ တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမှာ တည်ငြိမ်စွာဖြင့် တိုးတက်ကောင်းမွန်လျက်ရှိသည်။ နှစ်နိုင်ငံအကြေား ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုအား အမြဲမပြတ် ဖော်ဆောင်လျက်ရှိသည်။ ယခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) နိုင်ငံတကာပူးပေါင်းဆောင် ရွက်မှု ထိပ်သီးဖိုရမ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူအကြား အပြန်အလှန်နားမည်မှု ဖိုရမ်ခွဲ (sub-forum) အား တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။ တရုတ်၊ မြန်မာ နှစ်နိုင်ငံပြည်သူအကြား အပြန်အလှန်နားလည်မှုတံတား တည်ဆောက်ခြင်းနှင့် တရုတ်၊ မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်း အဆင့်အတန်းအာား မြှင့်တင်ခြင်းသည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်(Belt and Road) တည်ဆောက်မှုနှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့် တည်ဆောက်မှုတွင် ပိုမိုကြီးမားသည့် အောင်မြင်မှုရရှိစေရန်၊ ပိုမိုများပြားသည့် အသီးအပွင့် ဆွတ်ခူးနိုင် ရန်၊ ပိုမိုများပြားသည့် ပြည်သူအား အကျိုးဖြစ်ထွန်းစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် စွမ်းအားများ အဆက်မပြတ် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။


ပြည်သူ့လိုအပ်ချက် ဖြေရှင်းပေးရန်အတွက် တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံအား အဆင့်မြှင့်တင်

 

ဒုတိယမြောက်တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ ဖြစ်သည့် နတ်မောက်ပြည်သူ့ဆေးရုံ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းမှာ မကြာသေးမီက ဆောင်ရွက်ပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်သည်။ ကြာမြင့်ပြီး နောက် အရေးပေါ်ကုသရေးစင်တာအား အသစ်တည်ဆောက်ပြီး အတွင်းလူနာဆောင်နှင့် ပြင်ပ လူနာဌာနတို့အား ပြုပြင်ခဲ့သည်။ ထို့အပြင် ခေတ်မီဆေးကုသရေးကိရိယာများအား တပ်ဆင်ခဲ့သည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်သည် ဆေးရုံအသစ်ပြုပြင်ခြင်း ပြီးမြောက်ခြင်း အခမ်းအနား တက်ရောက်ခဲ့ပြီး အသစ်တည်ဆောက်သည့် အရေးပေါ်ကုသရေးစင်တာအား ချီးမွမ်း ထောပနာပြုခဲ့သည်။ အတိုင်ပင်ခံ၏ အမှာစကားတွင် တရုတ်နိုင်ငံသည် နတ်မောက်ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ပံ့ပိုးကူညီခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ ကျန်းမာရေး နှင့် ပညာရေးကဏ္ဍသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသည်။ ဒုတိယမြောက်တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ စတင်အသုံးပြုနေမှုအား မြင်တွေ့ရသည်မှာ အလွန်ဝမ်းမြောက် ဖွယ်ဖြစ်သည်။ ယခုဆေးရုံသည် မကွေးတိုင်း နတ်မောက်မြို့နယ်မှ ပြည်သူလူထု၏ ကျန်းမာရေးအား ကောင်းစွာအထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တရုတ်၊ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များမှာ နယ်ပယ်ကဏ္ဍအသီးသီးတွင် စတင်သီးပွင့်နေပြီဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအား အမြဲမပြတ် မြှင့်တင်ရမည်ဖြစ်သည်။ တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအား အမြဲမပြတ် မြှင့်တင်ပြီး နှစ်နိုင်ငံ အကြား မိတ်ဆွေ၊ ညီအစ်ကို၊ ဆွေးမျိုးရင်းခြာကဲ့သို့ အတူတကွ လက်တွဲကြိုးစားကြရန် မျှော်လင့်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးအတွက် အားအင်များ ထောက်ပံ့နိုင် မည်ဖြစ်သည်။

 

တရုတ်၊ မြန်မာနှစ်နိုင်ငံအကြား ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပိုမိုများပြားသည့် သာမန် ပြည်သူများအား အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ သည် ခေတ်သစ် တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေး၏ အမှတ်သင်္ကေတ အသစ်ဖြစ်သည်။ အခမ်းအနား ကျင်းပသည့်နေ့တွင် အဆိုပါဒေသ၏ အပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိသော်လည်း ထောင်နှင့်ချီ သည့် ဒေသခံပြည်သူများသည် ဆေးရုံပတ်ဝန်းကျင်တွင် စုဝေးကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှု အား ကိုယ်စားပြုသည့်တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ ဖွင့်ပွဲအခမ်းအနားအား လာရောက်ကြည့်ရှု ခဲ့ကြသည်။

 


ပညာရှင်ဉာဏ်ပညာအား စုစည်းခြင်း

တရုတ်ပညာရှင်သည် မြန်မာနိုင်ငံလွှတ်တော်စင်မြင့်ပေါ် တက်ရောက်ပြောကြား

 

ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုအပြင် တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးမှာ လည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပေကျင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန Professor Zhai Kun နှင့် Renmin University နိုင်ငံတကာဆက်ဆံရေးဌာန Professor Zhou Shu Zhen တို့သည် မကြာသေးမီက မြန်မာနိုင်ငံ၏ လွှတ်တော်စင်မြင့်ပေါ်သို့တက်ရောက်ကာ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စား လှယ်ပေါင်း ၂၀၀ ကျော်နှင့်အတူ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

 

Professor Zhai Kun မှ အတူတကွတည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံကိန်း၊ အပြန်အလှန် ဖလှယ်ရေး ပုံစံ () မျိုးဖြင့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) အဆိုပြုချက် တင်ပြခဲ့သည့် နှစ်တာကာလတစ်လျှောက် ရရှိခဲ့သည့် အောင်မြင်မှုများအား မိတ်ဆက်ပြောကြားခဲ့ပြီးရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) အဆိုပြုချက်အောက်တွင် ပါဝင်သည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ပကတိအခြေအနေအား သုံးသပ်ခဲ့သည်။ လွှတ်တော်အမတ်များ သည် တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံပြီး နှစ်ဦးနှစ်ဖက်အား အကျိုး ဖြစ်ထွန်းစေရန် မည်ကဲ့သို့ဆောင်ရွက်ရန်၊ ချစ်ကြည်ရင်းနှီးပြီး ထိရောက်သည့် ဆက်ဆံရေးအား မည်ကဲ့သို့ထိန်းသိမ်းရန်နှင့် ပြည်သူ့ဆန္ဒအား မှန်ကန်စွာဖော်ထုတ်ခြင်း စသည့်ပြဿနာများနှင့် စပ်လျဉ်း ပြီး Professor Zhai Kun နှင့် ချစ်ကြည်ရင်းနှီးစွာ ပြောဆိုဆွေးနွေးခဲ့သည်။ Professor Zhou Shu Zhen သည် လက်တွေ့ကိန်းဂဏာန်းအချက်အလက်နှင့် သာဓကများဖြင့် လွှတ်တော်အမတ်များအား တရုတ် နိုင်ငံ၏ ၁၈ ကြိမ်မြောက် ပါတီအစည်းအဝေး ကျင်းပပြီးနောက်ပိုင်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ သည့် သန့်ရှင်းသည့်အစိုးရ တည်ဆောက်မှုနှင့် အဂတိတိုက်ဖျက်ရေး အောင်မြင်မှုများအကြောင်းအား ပြောဆိုဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံ၏ ပါတီနှင့် နိုင်ငံတော်အစိုးရ၏ အဂတိတိုက်ဖျက်ရေးသံဓိဋ္ဌန်အား ထုတ်ဖော်ပြသခဲ့ပြီး မြန်မာနိုင်ငံ လွှတ်တော်အမတ်များ၏ တစ်ခဲနက် စိတ်ဝင်စားမှုအား ရရှိခဲ့သည်။ အပြန်အလှန်ဆွေးနွေးမှုကဏ္ဍတွင် လွှတ်တော်အမတ်များသည် အဂတိတိုက်ဖျက်ရေးစနစ်၊ တရုတ်၊ မြန်မာ နှစ်နိုင်ငံအဂတိတိုက်ဖျက်ရေး ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ချေများအပေါ် မေးခွန်းများနှင့် အမြင်များဖလှယ်ခဲ့သည်။

 

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်း သည် တရုတ်နိုင်ငံမှ ပညာရှင်များ၏ ခရီးစဉ်အား ကြိုဆိုပြီး ယခုကဲ့သို့ပြောကြားသည်။ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကာလက မကြာမီအချိန်မှာ ပြီးဆုံးတော့မှာပါ။ ဒီရက်ပိုင်းမှာ အဆိုပြုချက် အမြောက်အမြားကို ဆွေးနွေးဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ လုပ်ရမဲ့အလုပ်တွေ အရမ်းများပြားပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပညာရှင်တွေ ကျွန်တော်တို့နဲ့ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" (Belt and Road) နဲ့ အဂတိတိုက်ဖျက်ရေး လာရောက်ဆွေးနွေးဖလှယ်တဲ့အတွက် အလုပ်တွေ ဘယ်လောက် များသည်ဖြစ်စေ ကျွန်တော်လာနားထောင်မှာပါ။ ဦးထွန်းထွန်းဟိန်းမှပြောကြားရာတွင် ပိုမိုများပြား သည့် တရုတ်နိုင်ငံမှ ပညာရှင်များ လာရောက်ဆွေးနွေးဟောပြောရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံမှ လွှတ်တော်အမတ်များသည် တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့် ပကတိအခြေအနေအား ပိုမိုသိရှိလာမည် ဖြစ်သည်။



ယဉ်ကျေးမှုနှင့် ခရီးသွားခြင်းဖြင့် အစပြုကာ

တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး အခြေခံအုတ်မြစ်အား ခိုင်မာအောင် တည်ဆောက်မည်

 

ယခုနှစ်ပိုင်းတွင် တရုတ်၊ မြန်မာ နှစ်နိုင်ငံခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုများပြားလျက် ရှိသည်။ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ စာရင်းအင်းအရ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအရေအတွက်မှာ သိန်း သောင်းကျော်ရှိပြီး ထိုအထဲမှ တရုတ်နိုင်ငံသား ခရီးသွားအရေအတွက်မှာ ၂၆၆၀၀၀ ကျော်ရှိသည့် အတွက် ယမန်နှစ် အလားတူကာလကထက် ၁၀၀% ကျော် မြှင့်တက်ခဲ့သည်။ မကြာသေးမီက တရုတ်၊ မြန်မာ နှစ်နိုင်ငံမှပညာရှင်များသည် ၂၀၁၉ ခုနှစ်တရုတ်ခရီးသွားယဉ်ကျေးမှုရက်သတ္တပတ် လှုပ်ရှားမှု ကျင်းပစဉ်အတွင်း မြန်မာနိုင်ငံမှ စေတီပုထိုး ထိန်းသိမ်းပြုပြင်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍအား ပေါင်းစပ်ခြင်း၊ ခရီးသွားယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ခြင်းနှင့် လက်ဆင့်ကမ်းခြင်း စသည့်ခေါင်းစဉ် များအား ဆွေးနွေးခဲ့ကြပြီး တရုတ်-မြန်မာ ခရီးသွားလမ်းကြောင်းအား မိတ်ဆက်ခဲ့သည်။


မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်မှ ပြောကြားရာတွင် တရုတ်ခရီးသွားများ မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်ရာတွင် ဟိုတယ်တည်းခိုခြင်း၊ အစား အသောက်စားသုံးခြင်း၊ ဧည့်လမ်းညွှန်ငှားရမ်းခြင်း၊ မော်တော်ယာဉ်ငှားရမ်းခြင်း စသည်တို့သည် မြန်မာ နိုင်ငံမှ ပြည်သူများအတွက် အကျိုးအမြတ်ရရှိစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်မာ့ခရီးသွားလုပ်ငန်းသည်အရှေ့ဖက်သို့လှမ်းမျှော်ခြင်း မူဝါဒအား အားကြိုးမာန်တက် အကောင်အထည်ဖော်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းအား ပိုမိုစနစ်ကျစေရန် ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန် သည့် ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံအပါအဝင် အခြားအာရှနိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာဖြေလျော့မှုများ ဆောင်ရွက်ပြီးနောက်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် တရုတ်နိုင်ငံသား ခရီးသွားအရေအတွက်မှာ သိသိသာသာ မြှင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုလာလတွင် တိုးတက်မှု အမြင့်မားဆုံးဖြစ်ပြီး ၄၀% အထိ မြှင့်တက်ခဲ့သည်။ မြန်မာနိုင်ငံ တွင် သဘာဝအတိုင်းတည်ရှိသော တောတောင်နှင့် ရေခဲတောင်များ စသည့် သဘာဝခရီးသွားအရင်း အမြစ်များစွာရှိသည်။ အနာဂတ်တွင် ပိုမိုများပြားသည့် ခရီးသွားလမ်းကြောင်းများနှင့် ခရီးသွားနေရာများ ဖော်ထုတ်ပါက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူပြုမည် ဖြစ်သည်။

 

တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြားပေါက်ဖော် ချစ်ကြည်ရေးသည် နှစ်နိုင်ငံ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတွင် အသီးအပွင့်များဖြင့် ပြည့်နှက်လျက်ရှိသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သော အမျိုးသားကဇာတ်ရုံ ပြုပြင်ခြင်းလုပ်ငန်း စတင်သည့် အခမ်းအနားအား မကြာသေးမီက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၁၉၉၀ ဝန်းကျင်ကာလတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အား တည်ဆောက်ပေးခဲ့သည့် အမျိုးသားကဇာတ်ရုံသည် တရုတ်-မြန်မာပေါက်ဖော် ချစ်ကြည်ရေး အထင်ကရ စီမံကိန်းများစွာအနက် တစ်ခုဖြစ်သည်။ ယခုတစ်ကြိမ် ပြုပြင်မည့်အပိုင်းတွင် ကဇာတ်ရုံ၏ ပွဲကြည့်စင်၊ စင်မြင့်၊ အထူးဧည့်သည်တော်အခန်း စသည်တို့နှင့် လျှပ်စစ်မီး၊ အသံစနစ် စသည်တို့ ပါဝင် သည်။ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ခေတ်မီအမျိုးသားကဇာတ်ရုံကြီးသည် သစ်လွင်သော အသွင်အပြင်များဖြင့် အများပြည်သူရှေ့မှောက်သို့ ရောက်ရှိလာမည်ဖြစ်သည်။ အမျိုးသားကဇာတ်ရုံ သည် တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား အနုပညာယဉ်ကျေးမှု ဖလှယ်သည့် အရေးပါသည့် ပလက်ဖောင်း တစ်ခု ဖြစ်သည်နှင့်အညီ တရုတ်-မြန်မာပေါက်ဖော် ချစ်ကြည်ရေး အမြဲမပြတ် ရှေ့ဆက်ဖွံ့ဖြိုး တိုးတက်စေရန်တွက် အထောက်အကူပြုမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ ပြောကြားရာတွင် အမျိုးသားကဇာတ်ရုံသည် နှစ်ပေါင်း ၃၀ ကြာ မြန်မာနိုင်ငံ၏ အနုပညာ၊ ဇာတ်သဘင်၊ အဆိုအက၊ တေးဂီတဖျော်ဖြေမှုနှင့် ပြည်ပနိုင်ငံမှ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအနုပညာ ဖလှယ်ခြင်း ကျင်းပခြင်းတို့အတွက် ခေတ်မီ အဆင့်မြင့်ပလက်ဖောင်းအဖြစ် ပံ့ပိုးပေးခဲ့သည်။ မြန်မာနိုင်ငံ အစိုးရ ခေါင်းဆောင်ပိုင်းသည် ယခုတစ်ကြိမ် အမျိုးသားကဇာတ်ရုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား အထူး အလေးထားလျက်ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအး တိုးမြှင့်ဆောင်ရွက်ကာ အမျိုးသားကဇာတ်ရုံအား ခေတ်မီကဇာတ်ရုံအဖြစ် အတူတကွ တည်ဆောက်မည်ဖြစ်သည်။ တရုတ်-မြန်မာ ယဉ်ကျေးမှုအနုပညာ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား စဉ်ဆက်မပြတ် တိုးမြှင့်ကာ တရုတ်-မြန်မာပေါက်ဖော် ချစ်ကြည်ရေး ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်သည်။

 

အချက်အချာကျသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး

တရုတ်၊ မြန်မာ နှစ်နိုင်ငံမှစီးပွားရေးလုပ်ငန်းများ အပြန်အလှန်ဖလှယ်ခြင်း ပလက်ဖောင်းသစ်အား တည်ဆောက်မည်


မကြာသေးမီ နှစ်များအတွင်းရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့် တည်ဆောက်ခြင်းတွင် အောင်မြင်မှုအသစ်များ ရရှိခဲ့သည်။ ပိုမိုများပြားသည့် တရုတ်၊ မြန်မာ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း (ကုမ္ပဏီ) များသည် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက် မှုနှင့် ဖလှယ်မှုအား တိုးမြှင့်ဆောင်ရွက်လာကြသည့်အတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသားပြည်သူများ အနေဖြင့် ပိုမိုများပြားသည့် အကျိုးရလဒ်များနှင့် ဖွံ့ဖြိုးမှု အခွင့်အလမ်များ ရရှိစေမည်ဖြစ်သည်။ တရုတ် စီးပွားရေးလုပ်ငန်း (ကုမ္ပဏီ) နှင့် မြန်မာနိုင်ငံအစိုးရဌာနအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အား တိုးမြှင့်သည့်အနေဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း၏ တရုတ်-မြန်မာစီးပွားရေး စြင်္ကန့် ရုံးခန်းအား မကြာသေးမီက မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သည်။

 

အနာဂတ်တွင် အဆိုပါရုံးခန်းသည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့် လုပ်ငန်း ၁၂ ခု၏ လုပ်ငန်းအဖွဲ့များ လုပ်ငန်းဆောင်ရွက်ရန်နှင့် တရုတ်၊ မြန်မာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း (ကုမ္ပဏီ) များ အပြန်အလှန် ဖလှယ်မှု ပြုလုပ်ရန် အဓိကနေရာ ဖြစ်လာမည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့် ပူးတွဲကော်မတီ လုပ်ငန်းစဉ်အား အမှီပြုကာ လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်းနှင့် ချိတ်ဆက်ခြင်းအား ဆောင်ရွက်မည်ဖြစ် သည်။ မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအားသာချက်အား ပေါင်းစပ်ပြီး နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆုံမှတ်အား ရှာဖွေကာ ကဏ္ဍအသီးသီးတွင် လက်တွေကျသည့် ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးစေရန်သာမက တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့် စီမံကိန်း အကောင်အထည်ဖော်မှုအား ထိရောက်စွာ တွန်းအားပေးနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးမှပြောကြား ရာတွင် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်စီမံကိန်းသည် တရုတ်၊ မြန်မာနှစ်နိုင်ငံအတွက် သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး နှစ်နိုင်ငံအကြား ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဒ်နှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခွင့်အလမ်းဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့်ရုံးခန်း ဖွင့်လှစ်ခြင်းသည် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန့် တည်ဆောက်မှုအတွက် အလွန်အရေးပါပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူတကွ တရုတ်-မြန်မာစီးပွားရေးစြင်္ကန့် တည်ဆောက်မှုတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဦးအောင်ကြည်စိုးသည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်ရုံးအပေါ်ထားရှိသည့် အနာဂတ်မျှော်မှန်းမှုများ အား ပြောကြားခဲ့သည်။ ဦးအောင်ကြည်စိုးမှ ပြောကြားရာတွင် UMFCCI သည် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) နှင့် တရုတ်-မြန်မာစီးပွားရေးစြင်္ကန့်တည်ဆောက်မှုအား အလွန်အလေးထားလျက်ရှိသည်။ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းသည် နေပြည်တော် တွင် ရုံးခန်းဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအား ပိုမိုနီးကပ်စေမည့်အပြင် စီးပွားရေး လုပ်ငန်း (ကုမ္ပဏီ) နှင့် အစိုးရအကြား ပူးပေါင်းဖလှယ်ရေးအား တိုးမြှင့်နိုင်မည်ဖြစ်ပြီး တရုတ်၊ မြန်မာ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် ပလက်ဖောင်းအဖြစ် ပံ့ပိုးနိုင်မည် ဖြစ်သည်။

 

(ရန်ကုန် ၂၀၁၉ ခုနှစ် ဇူလိုင်လ ရက်။ ရန်ကုန်မြို့အခြေစိုက် သတင်းထောက် Lu Cheng)