မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာမီဒီယာများ ဧည့်ခံပွဲကျင်းပ
2019-08-08 10:00 source:Mingala news


 大规模聚合物各单位.jpg


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်သည် တရုတ်-မြန်မာ သတင်းမီဒီယာဌာန အသီးသီးနှင့်တွေ့ဆုံပွဲကို ဇူလိုင်လ ၃၀ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသူများမှာမြန်မာနိုင်ငံအစိုးရနှင့်အဓိကပုဂ္ဂလိကသတင်းမီဒီယာကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်သတင်းမီဒီယာမှ တာဝန်ရှိသူများ၊ သံရုံးမှ သံတမန်အရာရှိများဖြစ်ပြီး စုစုပေါင်းလူဦးရေ ၆၀ကျော်ရှိပါသည်။


 电视版,去还是,就.jpg


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်က တရုတ်မြန်မာနှစ်နိုင်ငံသည် တောတောင်  ရေမြေချင်းထိစပ်နေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းသောကြောင့် တူညီသော ဘုံကံကြမ္မာမှာ သဘာဝအတိုင်းအလိုအလျောက်တည်ရှိနေပါသည်။ ယခုအခါတွင် တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်နက်ရှိုင်းစေခြင်းဖြင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကို တစ်နေ့ထက်တစ်နေ့ပိုမို ရင်းနှီးလာစေမည်။ မြန်မာနိုင်ငံ၏ ၁၉ယောက်မြောက်ဖြစ်သော မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး အနေဖြင့် ကျွန်တော်သည် သံရုံးအဖွဲ့များကို ဦးဆောင်၍ မြန်မာနိုင်ငံနှင့် အတူ အစဉ်အလာယဉ်ကျေးမှုကို လက်ဆင့်ကမ်း ရှေ့သို့ သယ်ဆောင်သွားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းမှုများကို နက်ရှိုင်းစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်တက်တိုးမြှင့်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားမည်ဟု အမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့ပါသည်။


 电视版,去还是,就.jpg


မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်က ကျွန်တော်တို့သည် မြန်မာနိုင်ငံတိုးတက်မှုအတွက် ကမကထဆောင်ရွက်သူအဖြစ် ဆန္ဒရှိကြောင်း၊ နှစ်ဦးနှစ်ဖက်၏ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံမူဘောင်အောက်တွင် ပူပေါင်းမှုများကို နက်ရှိုင်းစေခြင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွက် ခေတ်မီသောဆောက်လုပ်မှု ပုံစံတွင် အောင်မြင်မှုအသစ်ရရှိစေရန် တွန်းအားပေး သွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တွန်းအားပေးသူအဖြစ် ဆန္ဒရှိကြောင်း မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးတွင် အပြုသဘောဆောင်သောကဏ္ဍတွင် တက်တက်ကြွကြွ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်။

 

ကျွန်တော်တို့သည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ တွန်းအားပေးသူအဖြစ် ဆန္ဒရှိကြောင်း တရုတ်-မြန်မာနှစ်နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ အားကစား၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆင်းရဲမှုလျှော့ချရေးစသည့် ကဏ္ဍများတွင် ဆက်ဆံရေးနှင့် ပူးပေါင်းမှု ကိုတိုးမြှင့်စေခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် ချမ်းသာသုခများကို သယ်ဆောင်လာပေးမည်။ ကျွန်တော်တို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ မီဒီယာများပူးပေါင်းဆက်ဆံရေးအတွက် တွန်းအားပေး လိုသူအဖြစ် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ သတင်းမီဒီယာအကြား ပူးပေါင်းဆက်ဆံမှုများအတွက် ပို၍ကျယ်ပြန့်သော ပြင်ညီစင်အား အထောက်အပံ့ပေးပြီး နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုကို တိုးမြှင့်ပေးမည်ဟု အလေးပေးပြောကြားခဲ့ပါသည်။

 

ဧည့်ခံပွဲတွင် သံအမတ်ကြီး ချန်ဟိုင်က ကြွရောက်လာကြသောဧည့်သည်များနှင့် ရင်းနှီးပျူငှာသော အခြေအနေတစ်ရပ်တွင် နှစ်ဦးနှစ်ဖက် စိတ်ဝင်စားသော အရေးကိစ္စများနှင့်စပ်လျဉ်း၍ ဖလှယ်မှုများ ပြုလုပ်ခဲ့ပါသည်။(HaiYun)


刷不进去好商标,jq.jpg

 

 

 


404 Not Found

404 Not Found


nginx