တရုတ်ဖူကျိုး ချန်လော့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံမန္တလေးသို့ တိုက်ရိုက်ပြေးဆွဲသော ခရီးစဉ်သစ်အား ပထမဆုံး စတင်ပြေးဆွဲ
2019-08-16 00:00 source:


သတင်းအရင်းအမြစ် -တရုတ်သတင်းဌာန

 飞机.jpg


သြဂုတ်လ ၉ရက်နေ့တွင် မြန်မာနိုင်ငံမန္တလေးမှပျံသန်းလာသော လေကြောင်းလိုင်း အမှတ် 8M721 လေယာဉ်သည် ဖူကျိုး ချန်လော့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်ခဲ့ပါသည်။ ဤသည်မှာဖူကျိုး-မန္တလေး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ပထမဆုံးပုံမှန်ပြေးဆွဲမှု  အောင်မြင်မှု သင်္ကေတ တစ်ခုဖြစ်ပါသည်။ ဖူကျိုး လေကြာင်းလိုင်းမှဓာတ်ပုံ

 

သြဂုတ်လ ၁၀ရက် (သတင်းထောက် LiuKeGeng  ဖူကျိုးလေဆိပ်၏ ၁၀ရက်နေ့သတင်းအရ သြဂုတ်လ ၉ရက်နေ့ညတွင် မြန်မာနိုင်ငံမန္တလေးမှပျံသန်းလာသော8M721  လေကြောင်းသည် လုံခြုံစွာဖြင့် ဖူကျိုးချန်လော့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းတက်ခဲ့ပါသည်။ ဤသည်မှာ ဖူကျိုး-မန္တလေး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း၏ ပထမဆုံးအောင်မြင်စွာ ပျံသန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု     ဖူကျိုးတရုတ်သတင်းဌာနမှ သိရှိရပါသည်။

 

ဤလေကြောင်းလိုင်းသည် ဟိုင်နန်ထိုက်မေ လေကြောင်းကုမ္ပဏီမှလုပ်ကိုင်ပြီး အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း မှ ပျံသန်းပြေးဆွဲပါသည်။ အသွားအပြန် လေကြောင်းလိုင်း၏ အမှတ်စဉ်မှာ 8M721/8M722 ဖြစ်ပြီး တစ်ပတ်လျှင်သုံးကြိမ်(တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ)ပြေးဆွဲသွားမည်ဖြစ်ပါသည်။

မန္တလေးမှ ဖူကျိုးသို့ ပြေးဆွဲရာတွင် တနင်္လာ၊ ဗုဒ္ဓဟူးနေ့များတွင် ဒေသစံတော်ချိန် ညနေ ၁၆ နာရီ ၃၅မိနစ်တွင် မန္တလေးမှထွက်ခွာပြီး ဖူကျိုးလေဆိပ်သို့ ၂၁ နာရီ ၃၅မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး ဒေသစံတော်ချိန် ၂၂ နာရီ ၃၅မိနစ်တွင် ဖူကျိုးမှထွက်ခွာပြီး မန္တလေးလေဆိပ်သို့ နံနက် ၀၀ နာရီ ၅၀မိနစ် တွက်ဆိုက်ရောက်မည်ဖြစ်ပါသည်။ သောကြာနေ့တွင် ဒေသစံတော်ချိန် ၁၈ နာရီ ၁၅မိနစ်တွင် မန္တလေးလေဆိပ်မှ ထွက်ခွာပြီး ဖူကျိုးလေဆိပ်သို့ ၂၃  နာရီ ၁၅မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၀၀ နာရီ ၁၅မိနစ်တွင် ဖူကျိုးမှထွက်ခွာပြီး မန္တလေးလေဆိပ်သို့ နံနက် ၀၂ နာရီ ၃၀တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။

 

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ရှေးဟာင်းမြို့တစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် စီးပွားရေးအချက်အချာကျရာ မြို့များထဲမှ တစ်ခုလည်းဖြစ်ပါသည်။ မန္တလေးသည် ကုလသမဂ္ဂကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြို့လည်းဖြစ်ပြီး အထင်ကရ ရှေးဟောင်းအမွေအနှစ်မြောက်များစွာဖြင့် ရှေးဟာင်းမြို့အငွေ့အသက်များနှင့် ပြည့်စုံသောမြို့ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များ မန္တလေးတွင် လည်ပတ်ပြီးနောက် ထိုမှတစ်ဆင့် နေပြည်တော်၊ ပုဂံ၊ ရန်ကုန်စသည့်မြို့သို့လွယ်ကူစွာသွားလာနိုင်ပြီး အထက်ပါမြို့များရှိ ကျော်ကြားသော ဘုရားပုထိုးများကို ဖူးမျှောင်နိုင်ပြီး မြန်မာနိုင်ငံ၏ တစ်မူထူးခြား ဆန်းကြယ်သော ဗုဒ္ဓဘာသာ အငွေ့အသက်ကို ခံစားနိုင်မည်ဖြစ်ပါသည်။

 

ဖူကျိုး- မန္တလေး အပြည်ပြည်ဆိုင်ရာပုံမှန်လေကြောင်းသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၏မြို့တော် ဖူကျိုးရှိ ဖူကျိုး ချန်လော့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲသော ပထမဆုံး ခရီးစဉ်ဖြစ်ပါသည်။

 

 


404 Not Found

404 Not Found


nginx