တရုတ်နိုင်ငံ အကူအညီဖြင့် မြန်မာနိုင်ငံ အမျိုးသားအားကစားရုံပြန်လည် ပြုပြင်မှုစတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့တွင်ကျင်းပ
2019-08-16 00:00 source:


ပေါက်ဖော်သတင်း

 

သတင်းအရင်းအဖြစ်- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

တရုတ်နိုင်ငံ အကူအညီဖြင့် မြန်မာနိုင်ငံ အမျိုးသားအားကစားရုံပြန်လည် ပြုပြင်မှုစတင်ခြင်း အခမ်းအနားကို သြဂုတ်လ ၁၁ရက်နေ့တွင် ရန်ကုန်မြို့၌ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် ချိန်ဟိုင်၊ မြန်မာနိုင်ငံ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး ရှန့်ကော်ရှန်စသည်တို့ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။


 体.jpg


သံအမတ်ကြီး ချိန်ဟိုင်က အားကစားရုံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစတင်ခြင်းအား ဂုဏ်ပြုပါကြောင်း၊ ဤစီမံကိန်းအပေါ် အားပေး ထောက်ခံသော နှစ်နိုင်ငံ မိတ်ဆွေများအား ကျေးဇူးတင်ကြောင်း ပထမဦးစွာပြောကြားခဲ့ပါသည်။ သံအမတ်က မြန်မာနိုင်ငံအမျိုးသားအားကစားရုံသည် တရုတ်အစိုးရမှ ၁၉၈၀ ပြည့်နှစ်က ငွေကြေး စိုက်ထုတ်ကာ တည်ဆောက်ပေးခဲ့ရာ တရုတ်-မြန်မာနှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ကိုယ်စားပြုသည့် စီမံကိန်းဖြစ်ပါသည်။ နှစ်ပေါင်းများစွာအတွင်း အမျိုးသားအားကစားရုံသည် အားကစားပြိုင်ပွဲပေါင်းမြောက်များစွာကို လက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏အားကစားပြိုင်ပွဲ လှုပ်ရှားမှု တိုးတက်ရေးအတွက် အရေးပါအရာရောက်သော ကဏ္ဍတွင် ပါဝင်ခဲ့ပါသည်။ အမျိုးသားအားကစားရုံ၏ အသုံးပြုနှင့် စွမ်းဆောင်ရည်ကို တစ်ဆင့်တိုးအသုံးချနိုင်ရန်၊ မြန်မာနိုင်ငံသားများ အားကစားယဉ်ကျေးမှု လူမှုဘဝကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးရန် တရုတ်အစိုးရသည် အားကစားရုံအား ပြန်လည်ပြုပြင်ပေးရန်အတွက် မြန်မာနိုင်ငံအားကူညီမှုပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ တရုတ်မြန်မာနှစ်နိုင်ငံ ပြည်သူပြည်သားများ၏ စားဝတ်နေရေးနယ်ပယ် ပူးပေါင်းမှုသည် နှစ်နိုင်ငံချစ်ကြည်ရေးပူးပေါင်းမှု တိုးမြှင့်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ရန် မျှော်လင့် ပါသည်ဟု ပြောကြားခဲ့ပါသည်။

 

သံအမတ်ကြီးက အခမ်းအနားသို့တက်ရောက်ခဲ့သော မြန်မာ့အားကစား သိပ္ပံမှ ကျောင်းသားများကို လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်များဖြစ်ပြီး မြန်မာကျောင်းသားလူငယ်များသည် ဤအားကစားရုံကို ကောင်းစွာအသုံးချပြီး ကိုယ်ကာယကျန်းမာရေးနှင့် အားကစားစွမ်းရည်များကို အဆင့်မြင့်တင်ရန် တစ်ချိန်တည်းတွင် တရုတ်မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကိုပြန့်ပွားသွားရန်  ပြောကြားခဲ့ပါသည်။


体2.jpg


ဒေါက်တာမြင့်ထွေးက တရုတ်မြန်မာသည် ညီအစ်ကို အရင်းပမာ ရင်းနှီးကြသည်။ အမျိုးသားအားကစားရုံသည် တရုတ်မြန်မာချစ်ကြည်ရေး၏ အရေးကြီးသော သင်္ကေတဖြစ်ပြီး ၁၉၈၃ခုနှစ်မှစတင် အသုံးပြုခဲ့ချိန်မှစ၍ နိုင်ငံတကာအားကစား ပြိုင်ပွဲ၊ ပြည်တွင်းအားကစားပြိုင်ပွဲများကို အကြိမ်ပေါင်းများစွာကိုလက်ခံကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အတွက် အားကာစားလူရည်ချွန်များကို မွေးထုတ်ပေးခဲ့သည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာတွင် တရုတ်မြန်မာနှစ်နိုင်ငံ၏ နက်ရှိုင်းသောချစ်ကြည်ရေးကို ပြန့်ပွားစေခဲ့ပါသည်။ တရုတ်သည် မြန်မာအားကစားနယ်ပယ်တိုးတက်မှုအတွက် များစွာသောကူညီမှုများကို ထောက်ပံ့ပေးခဲ့ပြီး တရုတ်က မြန်မာနိုင်ငံပေါ်ထားရှိသော ရိုးသားစစ်မှန်သာ မေတ္တာတရားများကို ထင်ပေါ်စေခဲ့ပါပြီး မြန်မာနိုင်ငံသားများက ထာဝရ စိတ်ထဲတွင် ကျေးဇူးတင်ရှိပါသည်။ တရုတ်နိုင်ငံ၏ ကူညီမှုဖြင့် အမျိုးသာားအားကစားရုံကို ပြန်လည်ပြုပြင်သောလုပ်ငန်းစတင်ခြင်းနှင့်တစ်ပြိုင်နက် တရုတ်-မြန်မာနှစ်နိုင်ငံ၏ ချစ်ကြည်ရေးသည် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်ဟု  ပြောကြားခဲ့ပါသည်။


 体3.jpg


ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံအမျိုးသားအာကစားရုံသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာအဆင့် ပြိုင်ပွဲများလက်ခံကျင်းပသော အားကစားရုံတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအားကစားးပြိုင်ပွဲနှင့် အားကစားသမားများမွေးထုတ်ပေးရာတွင် အရေးပါအရာရောက်သော စွမ်းဆောင်မှုကိုပေးနိုင်ခဲ့ပါသည်။ ရန်ကုန်မြို့၏ လက္ခဏာဆောင် အဆောက်အအုံများထဲမှတစ်ခုအဖြစ် အားကစားရုံသည် ရန်ကုန်ပြည်သူများ၏ အရေးပါသောအပန်းဖြေနေရာတစ်ခုဖြစ်ရုံသာမက မြန်မာနိုင်ငံ  နိုင်ငံတော်အကြီးအကဲများ အခမ်းအနားပွဲကျင်းပရာ အရေးကြီးသည့်နေရာနှင့် ပြည်ပနိုင်ငံမှ အရေးကြီးသောပုဂ္ဂိုလ်များမြန်မာနိုင်ငံသို့လာရောက်စဉ် မုချ သွားရောက်ကြည့်ရှုရသည့် အရေးပါသော အလည်အပတ်နေရာ တစ်ခုလည်း ဖြစ်ပါသည်။  ပါသည်။ ရန်ကုန်တိုင်းဒေသကြီးသည် ယခုအကြိမ်ပြန်လည်ပြုပြင်ခြင်းစီမံကိန်းအား အဆင်ပြေ ဆောင်ရွက်နိုင်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်။ ယခုအကြိမ်အဆင့်မြင့်တင် ပြီးနောက် မြန်မာနိုင်ငံအားကစားလုပ်ငန်းတိုးတက်မှုကိုအတွက် တွန်းအားဖြစ်စေခြင်း၊ တရုတ်မြန်မာချစ်ကြည်ရေးတွင် ကြီးမားသောစွမ်းဆောင်မှုများ ဆောင်ရွက်သွားမည်ဟု  ပြောကြားခဲ့ပါသည်။

 

 体4.jpg