တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲ အောက်တိုဘာလတွင်စတင်မည်
2019-08-22 00:00 source: တရုတ်သတင်းကွန်ယက်



သတင်းအချက်အလက် တရုတ်သတင်းကွန်ယက်


အောက်တိုဘာလ ၁၈ရက်နေ့တွင် ကွန်ရှီးကွေ့လင်၌ တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲကျင်းပမည်ဖြစ်ပါသည်။  ယခုအကြိမ်ကျင်းပသော ခရီးသွားပြပွဲသည် တရုတ်နှင့်အာဆီယံအကြား ခရီးသွားပူးပေါင်းမှုကို အားပြုခြင်းဖြင့်  ဒေသတွင်းထူးခြားမှု သွင်ပြင်လဏ္ခာနှင့် ပြည့်စုံသော၊ တစ်ကမ္ဘာလုံးဆိုင်ရာတံခါးဖွင့်သော ခရီးသွားပူးပေါင်းမှု ပြင်ညီစင် တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပါသည်။

 

7.jpg 


သြဂုတ်လ ၁၅ရက်နေ့တွင် ၂၀၁၉တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲ သတင်းစာရှင်းလင်းပွဲကို ပေကျင်းမြို့တွင်ကျင်းပခဲ့ပါသည်။ အောက်တိုဘာလ ၁၈ရက်နေ့တွင် ကွန်ရှီးကွေ့လင်၌ တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားပြပွဲကို ကျင်းပမည်ဟု  သတင်းစာရှင်းလင်းပွဲမှသိရပါသည်။ ယခုအကြိမ်ကျင်းပသော ခရီးသွားပြပွဲသည် တရုတ်နှင့်အာဆီယံအကြား ခရီးသွားပူးပေါင်းမှုကို အားပြုခြင်းဖြင့်  ဒေသတွင်းထူးခြားမှု သွင်ပြင်လဏ္ခာနှင့် ပြည့်စုံသော၊ တစ်ကမ္ဘာလုံးဆိုင်ရာတံခါးဖွင့်သော ခရီးသွားပူးပေါင်းမှု ပြင်ညီစင် တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပါသည်။ ဓာတ်ပုံ-CNS သတင်းထောက် ကျန်းရှင်းလုံ


ကွမ်ရှီးကျွန့်မျိုးနွယ်စုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ယဉ်ကျေးမှုနှင့်ခရီးသွားပြခန်း စစ်ဆေးရေးအရာရှိ ကျာယွိချိန်က ၁၅ရက်နေ့တွင် ပေကျင်းမြို့၌ကျင်းပခဲ့သောသတင်းစာ ရှင်းလင်းပွဲတွင် ယခုအကြိမ်ကျင်းပသော ခရီးသွားပြပွဲသည် တရုတ်နှင့် အာဆီယံအကြား အပြန်အလှန်အကျိုးအမြတ်ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးမှုကို အားပြု၍ တရုတ်-အာဆီယံတူညီသောကံကြမ္မာတည်ဆောက်မှုကို ပိုမိုရင်းနှီးရန် တွန်းအားပေးမည်။ ခရီးသွားပြပွဲတွင် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ခေါင်းစဉ်ပြခန်း၊ ပြည်ပခရီးသွားကျွမ်းကျင်မှုပြခန်းနှင့် ကွမ်ရှီးနိုင်ငံတကာခရီးသွားမဟာမိတ်ပြခန်း၊ နိုင်ငံတကာခရီးသွားပစ္စည်းပြခန်း၊ ခရီးသွားသုံးစွဲမှုပြခန်းစသည့်တို့ပါဝင်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ရောင်းသူဝယ်လက်အကြားကိုက်ညီမှုရှိရန်ဆွေးနွေးခြင်း၊ ကျွမ်းကျင်သောခရီးသွားသူမှ ခရီးသွားလမ်းကြောင်းကို လေ့လာခြင်း၊ ခရီးသွားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုဆွေးနွေးခြင်းနှင့် လက်မှတ်ရေးထိုးပွဲများလည်း ကျင်းပသွားမည်ဖြစ်ပါသည်။


ယခုနှစ်များအတွင်း တရုတ်နှင့် အာဆီယံပူးပေါင်းမှုသည် အဆက်မပြတ်တိုးတက်နေပြီး အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံသားများ ပြည်ပခရီးသွားလာရာ အကြိုက်ဆုံးနိုင်ငံဖြစ်ပါသည်။ ၂၀၁၈ခုနှစ် နှစ်ဦးနှစ်ဖက် အပြန်အလှန် ခရီးသွားများ ၅၇သန်းကျော်ရှိပြီး အပတ်စဉ် လေကြောင်းခရီးစဉ် ၄ထောင်ခန့်သည် တရုတ်နှင့် အာဆီယံနိုင်ငံအကြားပျံသန်းလျက်ရှိပါသည်။ တရုတ်သည် အာဆီယံ၏ခရီးသွားအရင်းအမြစ်အများဆုံးနိုင်ငံဖြစ်လာပါပြီ ၂၀၁၈ခုနှစ်တွင် တရုတ်နိုင်ငံခရီးသွား၏ အနှစ်သက်ဆုံး ပြည်ပခရီးသွားဒေသ ၁၀ ခုတွင် အာဆီယံသည် အဆင့် ၇တွင် တည်ရှိနေပါသည်ဟု သက်ဆိုင်ရာမှထုတ်ပြန်သော စာရင်းအရသိရပါသည်။


ယခုတွင် အာဆီယံနိုင်ငံအသီးသီးရှိ မြို့အတော်များများသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ရှမိန်စသည့် တရုတ်နိုင်ငံမြို့များနှင့် ခရီးသွားပူးတွဲမြှင့်တင်ရေးအား အတူတကွလုပ်ဆောင်ပြီး မိမိဒေသရှိခရီးသွားဒေသများမိတ်ဆက်ခြင်းကို အတူတကွ လုပ်ဆောင်ကြပါသည်။

 


404 Not Found

404 Not Found


nginx