“ချစ်စဖွယ့် တရုတ်ပြည်” ဟွေ (Hui) တိုင်းရင်းသားအကြောင်း -ဆိတ်သားဟင်းလျာနောက်ကွယ်မှ ယဉ်ကျေးမှု အမှတ်သင်္ကေတ
2019-08-26 00:00 source:



ဟွေ (Hui) တိုင်းရင်းသားသည် တရုတ်နိုင်ငံတွင် လူဦးရေများပြားသည့် လူနည်းစုတိုင်းရင်းသားတစ်မျိုး ဖြစ်သည်။ ဟွေတိုင်းရင်းသားသည် ယဉ်ကျေးမှုကြွယ်ဝကာ အစားအသောက် စုံလင်သည်။ ဟွေတိုင်း ရင်းသား၏ Lao Mao ဆိတ်သားဟင်းလျာသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။


အသက် ၇၃ နှစ် ရှိပြီဖြစ်သည့် Mao Qiang သည် Ningxia ဟွေတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ဒြပ်မဲယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် Lao Mao ဆိတ်သားဟင်းလျာ၏ လက်ဆင့်ကမ်း အမွေဆက်ဆံသူဖြစ်သည်။ Mao Qiang မှ ရှင်းပြရာတွင် ဟွေတိုင်းရင်းသားသည် ဆိတ်သားဟင်းအား ကြိုက်နှစ်သက်ပြီး အဆိုပါဆိတ်သားဟင်းလျားအား လွန်ခဲ့သည့်နှစ်ပေါင်း ၃၀၀ ကျော်ထိ ခြေရာခံနိုင် မည်ဖြစ်သည်။

 

ဆိတ်သားဟင်းလျာသည် အမြင်အားဖြင့် ရိုးရှင်းသော်လည်း ပြင်ဆင်ချက်ပြုတ်ရာတွင် တင်းကြပ်သည့် တောင်းဆိုမှုများရှိသည်။ ဆိတ်ရွေးချယ်ရာတွင် အကောင်ကြီးနေခြင်း၊ သေးနေခြင်း မဖြစ်စေရ။ ဆိတ်သားပြုတ်သည့် ရေအပူချိန်၊ မီးအားနှင့် အချိန် စသည်တို့အပေါ်တွင် တောင်းဆိုချက်များရှိသည်။ ဆိတ်သားလှီးဖြတ်ရာတွင် ဘိုးဘွားများ လက်ဆင့်ကမ်းခဲ့သည့် ဓါးအသုံးပြုနည်းဖြင့် လှီးဖြတ်ရသည်။


 blob.png


ယခုနှစ်များအတွင်း Mao Qiang သည် စစ်မှန်သည့် Lao Mao ဆိတ်သားဟင်းလျာဖြင့် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်ပေါင်း ၁၀ သိန်းကျော်အား တည့်ခင်းဧည့်ခံခဲ့သည်။ ခရီးသွားဧည့်သည် အများအပြား သည် Ningxia သို့ တစ်ကူးတစ်ကလာရောက်ကာ အဆိုပါဒေသ၏ ဝိသေသဖြစ်သည့် ဟွေတိုင်းရင်းသား အစားအစာများအား လာရောက်သုံးဆောင်ကြသည်။

 

ခေတ်ကာလ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လက်ရှိအချိန်တွင် Lao Mao ဆိတ်သားဟင်းလျာ သည် ဟွေတိုင်းရင်းသားများ၏ တည်းခင်းဧည့်ခံပွဲ၊ မင်္ဂလာဆောင်ပွဲ စသည့်အရေးပါသည့်ပွဲများတွင် အဓိကဟင်းလျာများမှ တစ်ခုအဖြစ် ပါဝင်နေပြီဖြစ်သည်။


 blob.png


Mao Qiang မှပြောကြားရာတွင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သော်လည်း ယခုထိတိုင် သူ၏အိပ်မက်မှာ ရှင်သန်ဆဲဖြစ်သည်။ Mao Qiang အိမ်မက်မှာ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလာသည့် လက်မှုပညာဖြစ်သည့် Lao Mao ဆိတ်သားဟင်းလျာအား Ningxia တွင်သာမက တရုတ်တစ်နိုင်ငံလုံး တွင် ပေါက်မြောက်စေရန်နှင့် Lao Mao ဆိတ်သားဟင်းလျာအား Ningxia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ဟွေတိုင်းရင်းသားအား ပိုမိုလူသိများလာစေရန်အတွက် ကြော်ငြာပေးသည့် ပြတင်းပေါက်တစ်ချပ် ဖြစ်လာစေရန်ဖြစ်သည်။