တတိယအကြိမ် လန်ချန်း -မဲခေါင်လူငယ်များ ဆန်းသစ်တီထွင်ခြင်း စွန့်ဦးတီထွင် လုပ်ငန်းရှင် လေ့ကျင့်ရေးစခန်း ချင်းဟိုင်းတွင် ပိတ်ပွဲကျင်းပ
2019-08-05 14:00 source:


http://edu.yunnan.cn/system/2019/07/31/030341816.shtml



တတိယအကြိမ် လန်ချန်း -မဲခေါင်လူငယ်များ ဆန်းသစ်တီထွင်ခြင်း စွန့်ဦးတီထွင် လုပ်ငန်းရှင် လေ့ကျင့်ရေးစခန်း ချင်းဟိုင်းတွင် ပိတ်ပွဲကျင်းပ



မကြာသေးမီက တတိယအကြိမ် လန်ချန်း-မဲခေါင် လူငယ်များ ဆန်းသစ်တီထွင်ခြင်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ လေ့ကျင့်ရေးစခန်းပိိတ်ပွဲအခမ်အနားကို တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်တွင် ကျင်းပခဲ့ပါသည်။ ချင်းဟိုင်ပြည်နယ် ကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ကျန်းရှီးမင်၊ ဖူတန့်တက္ကသိုလ် ပါတီအတွင်းရေးမှူး ကျောင်းယမ်၊ ချင်းဟိုင်တက္ကသိုလ် ပါတီအတွင်းရေးမှူး ရီဟုန်ရှမ် စသည့် ပြိုင်ပွဲကိုညွှန်ကြားစီစဉ်သော ဌာနအဖွဲ့အစည်းနှင့် ကြီးမှူးကျင်းပသော ဌာနအဖွဲ့အစည်းကိုယ်စားလှယ်များ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်စသည့် ၅နိုင်ငံမှ ဖိတ်ကြားထားသော သက်ဆိုင်ရာအစိုးရနှင့် တက္ကသိုလ်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါသည်။



  11.jpg

လေ့ကျင့်ရေးစခန်းဖွင့်ပွဲအခမ်းအနားတွင် ဧည့်သည်များ ဖွင့်ပွဲ ပန်းချီကားလိပ်ကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ဓာတ်ပုံ -မှုလျန်




လေ့ကျင့်ရေးစခန်းကို ၃ရက်ကြာ ကျင်းပခဲ့ပြီး တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် ၆နိုင်ငံမှ တက္ကသိုလ်ပေါင်း ၈ကျောင်းမှ လူငယ်ကျောင်းသားကိုယ်စားလှယ် ၄၂ယောက်သည် အပြည်ပြည်ဆိုင်ရာ လမ်းညွှန်ဆရာများမှသင်ကြားပေးသော ကိုယ်ပိုင်စီမံကိန်း တီထွင်ခြင်းဆိုင်ရာပညာရပ်နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပြုစုပျိုးထောင်ရေး  လေ့ကျင့်ခြင်း မှတစ်ဆင့် စီမံကိန်းအနာဂတ်ဦးတည်ချက်လမ်းကြောင်း နှင့် ဆောင်ရွက်ခြင်း နည်းလမ်းများကို သိရှိစေခဲ့ပါသည်။ ပညာရှင်များ၊ လမ်းညွှန်ဆရာများ၏ ကျွမ်းကျင်သော အကဲဖြတ်သုံးသပ်မှုများမှ တစ်ဆင့် လာအို အစိုးရတက္ကသိုလ်၏ဖိုက်နန်ကွန်၊ TuTu APP“ ထိုင်းနိုင်ငံ Prince of Songkla University ခရီးသွားခြင်းမိတ်ဖက်အဖာ် တရုတ်နုင်ငံ ယူနန် လယ်ယာစိုက်ခင်း ဗီယက်နမ်တက္ကသိုလ် ငှက်ပျော၏အရောင်အစင်း မြန်မာ ရန်ကုန်တက္ကသိုလ်၏လယ်ယာစိုက်ပျိုးရေးသီးနှံအား နေရောင်ခြည်ဖြင့်အခြောက်ခံခြင်းစနစ် သည့် အောင်မြင်မှု စီမံကိန်း ရခုကို သတ်မှတ်နိုင်ခဲ့ပါသည်။ ဤစီမံကိန်းများသည် ကျွမ်းကျင်သော လမ်းညွှန်ဆရာများနှင့်နီးကပ်စွာဖလှယ်ပြီး စီမံကိန်းအဆင့် တိုးတက်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း ကိုအဆက်မပြတ် ဆောင်ရွက်သွားမည်။ (သတင်းထောက်-လျိုရိဖန်)



 22.jpg

လေ့ကျင့်ရေးစခန်းမှ အသင်းသားများက စွန့်ဦးတီထွင်ဆရာ၏ အကြံပြုချက်များကို နားထောင်နေစဉ်။ ဓာတ်ပုံ မှုလျန်