တိုးတက်မှုအသစ်! တရုတ်၊ လာအို နှစ်နိုင်ငံအား ဆက်သွယ်ထားသည့် ကူမင်း-ဗီယင်ကျင်း ရထားလမ်း တရုတ်နိုင်ငံလမ်းပိုင်းပေါ်ရှိ အရှည်ဆုံးတံတား တံတားဘောင်ချိတ်ဆက်မှုပြီးစီး
2019-08-10 00:00 source:



ယူနန်ပြည်နယ်အစိုးရ website

 

သြဂုတ်လ ရက်နေ့ မနက်ချိန်တွင် တရုတ်မီးရထား အမှတ် (၂၂) ဌာနမှ တံတားဆောက်လုပ်ရေး့ ယန္တရားသည် ၃၂ မီတာရှည်လျားပြီး ၁၃၄ တန်လေးသည့် T Beam အား ယူနန်ပြည်နယ် ကျင်ဟုန်ခရိုင်ရှိ Ganlan Ba တံတားကြီးပေါ်တွင် တည်ငြိမ်စွာ တပ်ဆင်နိုင်ခဲ့သည့်အတွက် တရုတ်၊ လာအို နှစ်နိုင်ငံအား ချိတ်ဆက်ထားသည့် ကူမင်း-ဗီယင်ကျင်းရထားလမ်း၏ တရုတ်နိုင်ငံလမ်းပိုင်းပေါ်ရှိ အရှည်ဆုံးတံတား တံတားဘောင်အား အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။ ထို့ကြောင့် ရထားလမ်းပိုင်းတစ်ခုလုံး တည်ဆောက်ပြီးစီးရေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ချနိုင်ခဲ့သည်။

 

 1.jpg


Ganlan Ba တံတားကြီးဟာ စုစုပေါင်း . ကီလိုမီတာ ရှည်လျားပြီး တံတားအုတ်ခုံ ၁၀၈ ခုံ ပါဝင်ပါ တယ်။ ဒီနှစ်မတ်လကစတင်ပြီး T Beam တပ်ဆင်တဲ့လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ () လကြာ အားသွန်ခွန်စိုက် ဆောင်ရွက်ပြီးနောက် တံတားကြီးကို အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပါတယ်။ထို့ကြောင့် တံတားကြီးတည်ဆောက်ရေးနဲ့ သံလမ်းခင်းကျင်းခြင်းလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ တံတားတည်ဆောက်မှုလုပ်ငန်းအား ကွင်းဆင်းညွှန်ကြားမှု ပြုလုပ် သည့် တရုတ်မီးရထား အမှတ် (၂၂) ဌာန Yuxi-Mohan ရထားလမ်းစီမံကိန်း ဌာနခွဲ () မန်နေဂျာ Wei Lihui မှ ပြောကြားလေသည်။

 

 2.jpg


Ganla Ba တံတားကြီးသည် အရှေ့မှ အနောက်သို့ လယ်ကွင်း၊ ငါးမွေးမြူရေးကန်၊ ငှက်ပျောခင်းနှင့် ရာဘာခြံတို့အား  ဖြတ်သန်းသွားသည်။ လမ်းတံတား တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ မြေနေရာရယူမှု လျော့နည်းစေရန်နှင့် အဆိုပါဒေသ၏ ဂေဟပတ်ဝန်းကျင်အား ထိရောက်စွာ ထိန်းသိမ်း စောင့်ရှောက်ရန်ဖြစ်သည်။ တံတားကြီးအား ဒီဇိုင်းရေးဆွဲစဉ်ကာလအတွင်း အဆိုပါဒေသတွင်နေထိုင် သည့် တိုင်းရင်းသားလူမျိုးများ၏ ဂေဟပတ်ဝန်းကျင်အား အဓိကထား ထည့်သွင်းစဉ်းစားခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေးအား အဓိက လုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ပြီး ပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသေးစိတ်အစီအစဉ်အား ရေးဆွဲချမှတ်ခဲ့သည်။

 

 3.jpg


တံတားတည်ဆောက်နေစဉ်အတွင်း တရုတ်မီးရထား ကူမင်းရထားဌာနသည် ရထားလမ်း တည်ဆောက်သည့် အလုပ်အဖွဲ့အသီးသီးအား ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တောင်းဆိုချက်အား အတိအကျ လိုက်နာဆောင်ရွက်ရန် ဆောင်ရွက်ခဲ့သည်။ တံတားတည်ဆောက်ရာ တွင် ထွက်ရှိလာသည့် အင်္ဂတေ၊ အနည်အနှစ်နှင့် ရေးဆိုးရေမြစ် စသည်တို့အား အထူးသီးသန့် သယ်ယူပို့ဆောင်ရေးစက်ကြီးများဖြင့် သတ်မှတ်ထားသည့်နေရာသို့ ပို့ဆောင်သည်။ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ဖုန်မထစေရန်အတွက် အချိန်မှီ ရေပက်ဖြန်းခြင်း ဆောင်ရွက်သည်။ စွန့်ပစ်မြေစာပုံအား စိုက်ပျိုးမြေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် ဆောင်ရွက်ပြီး ရထားလမ်းတည်ဆောက်မှုကြောင့် ဂေဟပတ်ဝန်းကျင်အပေါ် ထိခိုက်နစ်နာမှုအား အတတ်နိုင်ဆုံး လျှော့ချကာ ရေမြေတောတောင်နှင့် လိုက်ဖက်ညီသည့် အစိမ်းရောင် ဂေဟစြင်္ကန့်အား တည်ဆောက်မည်ဖြစ်သည်။

 

 4.jpg


တရုတ်၊ လာအို နှစ်နိုင်ငံအား ချိတ်ဆက်ထားသည့် ကူမင်း-ဗီယင်ကျင်းရထားလမ်းသည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် အရေးပါသည့် စီးမံကိန်းတစ်ခုဖြစ်သည်။ ရထားလမ်းအား တည်ဆောက် ပြီးစီးပါက တရုတ်၊ လာအို နှစ်နိုင်ငံအား ချိတ်ဆက်မည့် အရေးပါသည့် အခြေခံအဆောက်အအုံ ဖြစ်မည် ဖြစ်သည်။ ယခုနှစ် ပထမနှစ်ဝက်အထိ ကူမင်း-ဗီယင်ကျင်းရထားလမ်း Yuxi-Mohan လမ်းပိုင်းသည် ရင်းနှီးမြှပ်နှံမှုပမာဏ၏ ၆၀% ကျော် အသုံးပြုပြီးဖြစ်သည်။ မြေသားအောက်ခံလုပ်ငန်း ၈၂% တံတားနှင့် လှိုဏ်ခေါင်းတည်ဆောက်မှုလုပ်ငန်းမှာ ၇၃% နှင့် ၆၅% အသီးသီး ဆောင်ရွက်ပြီးဖြစ်သည်။ ရထားလမ်း အစအဆုံးအား တည်ဆောက်ပြီးစီးပါက ကူမင်းမှ ဆစ်ဆောင်းပဏ္ဏား တိုင်တိုင်းရင်းသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်သို့သွားရောက်ရန် အချိန် နာရီဝန်းကျင်သာ လိုအပ်မည်ဖြစ်ပြီး လာအိုနိုင်ငံ ဗီယင်ကျင်းမြို့အား နေ့တွင်းချင်း ရောက်ရှိနိုင်မည်ဖြစ်သည်။