တရုတ် နှင့် အရှေ့တောင်အာရှ ၏ ကျိန့်ဟော်(ZhengHe)
2019-08-14 00:00 source:



 

တရုတ် တောင်အာရှအရေး သုတေသန

 

ကျိန့်ဟော်(ZhengHe) အနောက်ဘက်သမုဒ္ဒရာခရီးစဉ်သည် မင်မင်းဆက်အစောပိုင်း တရုတ်ပြည်ကြီး၏ ပထမဆုံးအကြိမ် အကြုံစဖူးသော၊ နိုင်ငံဖြတ်ကျော်သော နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ဆက်ဆံရေးဖြစ်ပြီး ပထမဦးဆုံး တစ်ကမ္ဘာလုံးကိုတုန်လှုပ်စေခဲ့သော  ရေကြောင်း လှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်ပါသည်။ နှစ်ပေါင်း၆၀၀ကျော်အကြာ သမိုင်းကြောင်းပြောင်းလဲခြင်းနှင့် ယဉ်ကျေးမှုအနှစ်သာရ၏ ကျန်ရစ်ခြင်းဖြင့် တရုတ်ပြည်တွင် တစ်ချိန်က ကျိန့်ဟော် အနောက်ဘက်သမုဒ္ဒရာခရီးသွားသော အဖွဲ့သည် အရှေ့တောင်အာရှဒေသကိုဖြတ်ကျော်ပြီးကျိန့်ဟော်နှစ်ခု အဖြစ်ကွဲပြားနေပါသည်။ တစ်ခုမှာ တရုတ်ပြည်သမိုင်းအတိုင်းအတာတစ်ခု၏ ကျိန့်ဟော် နှင့် အခြားတစ်ခုမှာ အရှေ့တောင်အာရှရှိ လူမျိုးစု၏ မှတ်ဉာဏ်သမိုင်းထဲတွင် ကျန်ရစ်ခဲ့သော ယဉ်ကျေးမှု ကျိန့်ဟော် တို့ဖြစ်ပါသည်။


တရုတ်လူမျိုးအနေဖြင့် ကျိန့်ဟော်သည် တရုတ်ပြည်သမိုင်းတွင် အလွန်ထင်ရှားကျော် ကြားသော ပင်လယ်ရေးကြောင်းဆိုင်ရာ ပညာရှင်တစ်ဦး ဖြစ်ပါသည်။ ၁၄၀၅ခုနှစ် ( မင်ယုံလော့ ၃နှစ်)မှ ၁၄၃၃ခုနှစ်(မင်ရွှမ်းတီ ၈နှစ်) နှစ် ၃၀နီးပါး ကမ္ဘာပေါ်တွင် အင်အား အကြီးမားဆုံးသော ရေတပ်အဖွဲ့ဖြစ်ပြီး ရေကြောင်းခရီးစဉ်ကို ၇ကြိမ် ဦးဆောင်၍ အနောက်ဘက်သမုဒ္ဒရာသို့ ခရီးဆက်ခဲ့ပါသည်။ အာရှ၊ အာဖရိကစသည့် နိုင်ငံ ၁၀ခုကို ရွက်လွှင့်ဖြတ်ကျော်ခဲ့ပြီး ထမ်းပိုးထားသော တာဝန်ကို အကောင်းဆုံးဖြင့် ထူးကဲစွာ ထမ်းဆောင်နိုင်ခဲ့ပါသည်။ အာရှ၊ အာဖရိကနိုင်ငံသားများအကြား ချစ်ကြည်ရင်း နှီးမှုအတွက် တောင်တရုတ်ပင်လယ်အိန္ဒိယသမုဒ္ဒရာ နိုင်ငံတကာကုန်သွယ်ရေး အသိုက်အဝန်း၏ ကြီးပွားမှုအတွက်၊ တရုတ်လူမှုစီးပွားရေး၏ တိုးတက်မှုအတွက်  မေ့ပျောက်၍မရနိုင်သော စွမ်းဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။ တရုတ်သုတေသီအဖွဲ့သည် ကျိန့်ဟော် နှင့် သူ၏ထူးခြားသောသမိုင်းကြောင်းကို သုတေသန ပြုလုပ်ခြင်းသည် Liang QiChao ၏၁၉၀၄ခုနှစ်က ထုတ်ပြန်သော နိုင်ငံတော်ကြီး ပင်လယ်ရေကြောင်းပညာရှင်ကျန့်ဟော်မှစတင်ခဲ့ပါသည်။ နှစ်ပေါင်းရာ ချီ၍ တရုတ်ပြည်၏ သမိုင်းပညာရှင်အဆက်ဆက်နှင့် ဂျပန်နှင့် ဥရောပ အမေရိကရှိ ပညာရှင်အချို့သည် အစိုးရမှပြင်ဆင်ထားသော သမိုင်းဖြစ်ရပ်မှန် နှင့် တရုတ်ပြည်၏ရှေးဟောင်းစာပေ စသည်တို့ကို  စာတမ်းသတင်းအချက်အလက်အဖြစ် မင်မင်းဆက် တရုတ်ပြည် လူမှုစီးပွားသမိုင်းကြောင်းနှင့် သံတမန်ဆက်ဆံရေးသမိုင်း၏ မူဘောင်အောက်တွင်မင်းဆက် ၃ဆက်နှင့် အရှေ့အနောက် သံတမန်ခင်းလမ်းကြောင်း ၇ကြိမ် ဆိုသည့် ကျိန့်ဟော် ကိုလေ့လာခဲ့ပါသည်။

 

 1133.jpg


အရှေ့တောင်အာရှ၏မြင်ကွင်းထဲက ကျိန့်ဟော်သည် တရုတ်ပြည်မင်မင်းဆက်၏ ကျိန့်ဟော်ကို အခြေခံထားသော်လည်း တရုတ်လူမျိုး၊ မလေးရှားလူမျိုး၊ အင်ဒိုနီးရှားလူမျိုး စသည့် တို့ပါဝင်သော အရှေ့တောင်အာရှလူမျိုးများ၏ ဒေသခံ အချက်အလက်၊ ဘာသာရေးအခမ်းအနား၊ ပုံပြင်နှင့်လူမှုဓလေ့စသည့် ပုံစံများဖြင့် ကျိန့်ဟော်ကို ဖော်ပြထားပါသည်။ အရှေ့တောင်အာရှဒေတွင်တွေ့ရှိသော ကျိန့်ဟော် နှင့်ပတ်သက်သော အချက်အလက်များသည် တရုတ်၏ရှေးဟောင်းစာပေများထဲတွင် မမှတ်သားထားပါ။ ထိုမှတ်သားထားသော အချက်အလက်များသည် တရုတ်ဘာသာအပြင် မလေးရှား၊ အင်္ဂလိပ်၊ အိန္ဒိယ၊ ဟော်လန်စသည့်ဘာသာများဖြင့် မှတ်သားထားပါသည်။ ဥပမာ-၁၆၁၅ခုနှစ်မလေးရှားရာဇဝင်မှတ်တမ်းတွင် တရုတ်စာတမ်းအချက်အလက်တွင် မှတ်သားထားခြင်းမရှိသော ကျိန့်ဟော်သည် မင်မင်းဆက် HanBaoLi မင်းသမီးအား မလေးရှားမင်းသားနှင့် ထိမ်းမြားလက်ထပ်ရန် ကာကွယ်ပို့ဆောင်ရသော သမိုင်းကြောင်းကို တွေ့ရှိရပါသည်။ ယနေ့တိုင် ဤလှပသောသမိုင်းကြောင်းသည် အရှေ့တောင်အာရှ၏သမိုင်းကြောင်းတွင် မှတ်သားထားခြင်းသာမက မလေးရှားလူမျိုးနှင့် တရုတ်လူမျိုးအနုပညာရှင်များ၏ အနုပညာလက်ရာများ စမ်းသစ်တီထွင်သော အချက်အလက်လည်းဖြစ်ပါသည်။ ဇာတ်သဘင်နှင့် အော်ပရာစသည့် တို့တွင်လည်း လူအများ၏ နှစ်သက်အားပေးမှုကို ရရှိခဲ့ပါသည်။


နောက်တစ်ခုကလည်း တရုတ်သမိုင်းကြောင်းတွင် မှတ်သားထားခြင်းမရှိသော ကျိန့်ဟော်သည် ပင်လယ်ရပ်ဝေးခရီးတွင် အိန္ဒိယ Semarang(SanBaoLong) ဒေသ သို့ရောက်ရှိခြင်း အကြောင်းပင်ဖြစ်ပါသည်။ ဒါပေမဲ့ အင်ဒိုနီးရှားတရုတ်လူမျိုး LinTianYou ရေးသားပြုစုထားသော Semarang သမိုင်းကြောင်းသည် ကျိန့်ဟော်က Semarang သို့သွားရောက်လည်ပတ်ခြင်းနှင့် SanBao လိုဏ်ဂူ၊ SanBao ဘုရားကျောင်း၊ WangJingHong ဂူသင်္ချိုင်း စသည့် အဖွဲ့သားနှင့်ပတ်သက်သောဘုရားကျောင်း၊ သမိုင်းအကြွင်းအကျန်နှင့် ဒေသခံမလေးရှားလူမျိုးနှင့် တရုတ်လူမျိုး၊ ဒေသခံများက ကျိန့်ဟော်အားပူဇော်ပသခြင်းနှင့် ဘာသာရေးအခမ်းအနားများ နှင့်ပတ်သက်သော အကြောင်းအရာများကို အကြိမ်ကြိမ် ဖော်ပြထားပါသည်။

 

ကျိန့်ဟော်က အရှေ့တောင်အာရှတွင် ထားခဲ့သော သမိုင်းရှေးဟောင်း အကြွင်းကျန်များနှင့် ပတ်သက်၍  ပင်လယ်ပြင်ခရီးဝေးသွားရာလမ်းကြောင်း တစ်လျှာက်တွင် ချန်ထားသော အကြွင်းအကျန်ပစ္စည်းများမှာ ဥပမာ- ကျိန့်ဟော်မှ အင်ဒိုနီးရှားမင်းသားကို လက်ဆောင်အဖြစ်ပေးသော အကြီးစား ကြေးညိုခေါင်းလောင်း၊ ကျိန့်ဟော်က အရှေ့တောင်အာရှအသီးသီးတွင် တူးဖော်ထားသော  “ကျိန့်ဟော် ရေတွင်း ကျိန့်ဟော် ရေကြောင်းအဖွဲ့ ပင်လယ်ပြင်ခရီးဝေးသွားသောအချိန်တွင် ချန် ထားသောကျောက်စူး စသည့်ဖြင့် အရေးကြီးဆုံးက ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားစသည့်နိုင်ငံများ၏ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ မွတ်စလင်ဘာသာစသည့် ဘာသာများဖြင့် တည်ဆောက်ထားသော ကျိန့်ဟော် ဘုရားကျောင်း(Semarang ဘုရားကျောင်း ဟုလည်းခေါ်ပါသည်) နှင့် အဖွဲ့သား များသက်ဆိုင်သူ၏ ဘုရားကျောင်းစသည့် ဘာသာရေးရှေးဟောင်းအကြွင်းအကျန်များ စသည်တို့ဖြစ်ပါသည်။

 

ကျိန့်ဟော် အား ကိုးကွယ်ခြင်းသည်တရုတ်မှဖြစ်တည်လာခြင်းမဟုတ်ဘဲ အရှေ့တောင်အာရှတွင် ဖြစ်တည်ခြင်းဖြစ်ပါသည်။ ကျိန့်ဟော် ဆိုသည်မှာ တရုတ်ရိုးရာဓလေ့ကို ယုံကြည်ကိုးကွယ်သော တရုတ်လူမျိုး၊ မွတ်စလင်ဘာသာကို ယုံကြည်ကိုးကွယ်သော မလေးရှားလူမျိုး၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သောထိုင်းလူမျိုးနှင့် အခြားဘာသာကို ကိုးကွယ်သော ဒေသခံစသည့် လူမျိုးစုတို့က အရှေ့အတောင်အာရှတွင်   ပျိုးထောင်ခဲ့သော နတ်ဒေဝဖြစ်ပါသည်။ ယနေ့တိုင် အရှေ့တောင်အာရှ နိုင်ငံအသီးသီးတွင် တည်ရှိနေသေးသော Semarang ဘုန်းကြီးကျောင်းနှင့် ကျိန့်ဟော်အား ပူဇော်သော ဘာသာရေးအခမ်းအနားနှင့် ဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း ယနေ့တိုင် ကျင်းပနေပါသည်။ ဤသည်မှာ အရှေ့တောင်အာရှ လူ့အသိုက်အဝန်း ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။


အရှေ့တောင်အာရှတွင် ကျိန့်ဟော် နှင့်သက်ဆိုင်သော ရိုးရာပုံပြင်များစွာရှိပါသည်။ တရုတ်ပြည်တွင် ထင်ရှားကျော်ကြားသောသမိုင်းပညာရှင်  ရှန့်သာက ၂၀ရာစု ၁၉၂၀နှစ်နှောင်းပိုင်းကတည်းက သတိပြုမိခဲ့ပြီး ပြည်သူများကပြောကြသောကျိန့်ဟော် ဒဏ္ဍာရီတွင် မှတ်သားထားသော ကျိန့်ဟော်အကြောင်းသုသေတနနှင့် သုတေသနဆိုင်ရာ တန်ဖိုးကို အတည်ပြုခဲ့ပါသည်။

 

အရှေ့တောင်အာရှတွင် ကျိန့်ဟော် အကြောင်းဆိုစမှတ်ပြုကြသော ဒဏ္ဍာရီတွင် မျိုးရိုးစဉ်ဆက် ဆက်ခံသော၊ ကြွယ်ဝသောဒဏ္ဍာရီ၊ ကျယ်ပြန့်သောသက်ရောက်မှုစသည့် ထူးခြားချက်များရှိပါသည်။ ကျိန့်ဟော်သည် အရှေ့တောင်အာရှတွင် ဗလီကျောင်းဆောက်လုပ်ခြင်း၊ ဒေသခံပြည်သူများအား သတ်သတ်လွတ်စားစေခြင်း၊ မွတ်စလင်ဘာသာ ဖြန့်ဝေခြင်းစသည်တို့သည် ကျိန့်ဟော် နှင့်ပတ်သက်သော အရေးကြီးသည့်အပိုင်းဖြစ်ပါသည်။ အချို့သော အရှေ့တောင်အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ ပညာရှင်များသည် ဤရိုးရာပုံပြင်နှင့် အချက်အလက် များအားအသုံးပြု၍ ၁၅ရာစု နောက်ပိုင်း မလေးရှားကျွန်းဆွယ်က မွတ်စလင်ဘာသာကို လက်ခံ ခဲ့သောသမိုင်းကြောင်းနှင့် ကျိန့်ဟော်အနောက်ဘက် သမုဒ္ဒရာခရီးစဉ်နှင့် ဆက်စပ်သော အကြာင်းများကို စူးစမ်းလေ့လာခြင်းနှင့် သုတေသနများ ပြုလုပ်ခဲ့ပါသည်။

 

ကျိန့်ဟော်နှင့် ပတ်သက်သောပုံပြင်များထဲတွင် ကျိန့်ဟော်ကို သဘာဝနှင့်လွန်ဆန်သော နတ်တန်ခိုးများကို ပေးအပ်ခဲ့ပါသည်။ သူက တောင်တန်းများ၊ ကျွန်းများကိုတည်ဆောက်ခဲ့ ရုံသာမက ယနေ့အထိ အရှေ့တောင်အာရှ တွင်ရှိသော တောင်တန်းများနှင့် ကျွန်းများသည် ကျိန့်ဟော်၏တန်ခိုးများကြောင့် ဖြစ်တည်နေခြင်းဖြစ်ပြီး တစ္ဆေနတ်ဘီလူး ကိုနှိမ်နင်းခြင်း၊ ရောဂါကုသခြင်း၊ လူများကိုကယ်ဆယ်ခြင်းစသည့်  သဘာဝနှင့် လွန်ဆန်သော နတ်တန်ခိုးအစွမ်းများ ရှိပါသည်။ ကျိန့်ဟော်သည် ထိုက်ကျန့် (TaiJian) တစ်ယောက်ဖြစ်သော်လည်း အရှေ့တောင်အာရှတွင် ကျိန့်ဟော်သည် သူ၏လိုက်ပါသူနှင့် ဒေသခံပြည်သူများနှင့် အိမ်ထောင်ပြုခဲ့သေးသည်ဟု ဖော်ပြထားပါသည်။ ဤအချစ်ဇာတ်လမ်းများသည် များသောအားဖြင့် လှပသောစိတ်ကူးများဖြင့် ဇာတ်သိမ်းကြပါသည်။ ကျိန့်ဟော်နှင့် ပတ်သက်သောပုံပြင်များထဲတွင် အရှေ့တောင်အာရှ ၏အလေ့အထများ၊ တိရိစ္ဆာန်နှင့် ကုန်စ္စည်းများအကြောင်းနှင့် ပတ်သက်သော အကြောင်းအရာများမှာ ကြီးမားသည့် အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။

 

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားစသည့်နိုင်ငံများတွင် ကျိန့်ဟော်နှင့်သက်ဆိုင်သော မွေးနေ့ သို့မဟုတ် ရောက်ရှိသောနေ့ရက်များ အမျိုးမျိုးရှိပြီး မတူညီသော ဘာသာရေး အခမ်းအနားနှင့် ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပသောပုံစံများမှာလည်း မတူညီပါ။ ဤဂုဏ်ပြုပွဲအခမ်းအနားများသည် သမိုင်းကြောင်း၏အသွင်ပြောင်းလဲခြင်းကြောင့် တစ်ဖြေးဖြေးဖြင့် ဒေသခံများ၏ ဓလေ့ထုံးစံအဖြစ် တွင်ကျန်ရစ်ခဲ့ပါသည်။ ကျိန့်ဟော်နှင့် တုကု၊ ကျိန့်ဟော်နှင့် အင်ဒိုနီးရှားဘာလီကျွန်း လိုက်ချီး၊ မြေပဲ၊ ကြက်သွန်စသည့် ပုံပြင်များနှင့် အင်ဒိုနီးရှား၊ မလေးရှား၏ကျိန့်ဟော်ငါးလက်ခုတ်တစ်ဖြတ် လေများကိုတိုက်စေခြင်းဓလေ့ စသည်တို့လည်း ရှိပါသေးသည်။

 

ဤအချက်အားကြည့်ခြင်းအားဖြင့် ကျိန့်ဟော်အနောက်ပိုင်းသမုဒ္ဒရာခရီးစဉ် ရွက်လွှင့် ဖြတ်ကျော်ခဲ့သော အရှေ့တောင်အာရှဒေသတွင် ရှည်လျားသောသမိုင်းကြောင်းကြောင့် ဒေသခံလူမျိုးပေါင်းစုံက ကျိန့်ဟော်အပေါ်ထားရှိသော စိတ်အားထက်သန်မှုနှင့် ရိုသေမှုများသည် ယနေ့၏ အရှေ့တောင်အာရှတွင် ရှိသော ထူးခြားသော ယဉ်ကျေးမှု တစ်ရပ်ကို ဖြစ်စေပါသည်။ အရှေ့တောင်အာရှ၏ သမိုင်းအမှတ်အသားတွင်ရှိသော ကျိန့်ဟော်နှင့် မအပ်စပ်သောအရာများ၊ ယုတ္တိမဲ့ခြင်းနှင့် နတ်လိုကိုးကွယ်ခြင်း များစွာရှိသော်လည်း ဤသည်မှာ နှစ်ပေါင်းခြောက်ရာကျော် သမိုင်းယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်ပါသည်။ အရှေ့တောင်အာရှရှိ လူမျိုးများသည် မတူညီသော ဘာသာစကားဖြင့် မှတ်သားထားသောစာတမ်း၊ သမိုင်းနှင့် ဘာသာရေးရှေးဟောင်း အကြွင်းအကျန်များ၊ ဘိုးစဉ်ဘောင်ဆက်မှ ဆင်းသက်ခဲ့သောပုံပြင်နှင့် လူမှုဓလေ့စသည့် ဒြပ်မဲ့စာတမ်း ပုံစံဖြင့် ကျိန့်ဟော်ကို ဖော်ပြထားပါသည်။

 

တစ်နည်းအားဖြင့်ပြောရလျှင် ကျိန့်ဟော်သည် ရှုပ်ထွေးခြင်းနှင့်ဘက်ပေါင်းစုံယဉ်ကျေးမှု အနှစ်သာရများပါဝင်နေသည်ဟူသော အမှတ်လက္ခဏာကို ဖော်ပြနေပါသည်။ ၁၅ရာစု အတွင်း အရှေ့တောင်အာရှ၏ လူမှုရေးနှင့် သမိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြောင်းလဲမှုများတွင် တရုတ်နှင့် အရှေ့တောင်အာရှဒေသတွင်း ဆက်ဆံရေး၊ တရုတ်ယဉ်ကျေးမှု အရှေ့တောင်အာရှတွင် ပျံ့ပွားခြင်း၊ တရုတ်လူမျိုးများ အရှေ့တောင်အာရှတွင် ရွှေ့ပြောင်းနေထိုင်ခြင်းဖြင့် နေရာအသစ်ဖော်ထုတ်ခြင်း၊ တရုတ်လူမျိုးနေထိုင်ရာ နိုင်ငံနှင့် ယဉ်ကျေးမှု၏အတည်ပြုခံရခြင်းနှင့် ဒေသခံတို့အကြား ဆက်ဆံရေးအပါအဝင်၊ တရုတ်လူမျိုး၊ မလေးရှားလူမျိုး၊ အိန္ဒိယလူမျိုး၊ ဒေသခံတိုင်းရင်းသားစသည့် စုံလင်သောလူမျိုးစု၏ ယဉ်ကျေးမှုနှင့် ဘာသာရေးသည် အရှေ့တောင်အာရှ၏ တိုးတက်ခြင်းနှင့် အပြန်အလှန်တုန့်ပြန်မှု စသည့်တို့လည်း ပါဝင်

ပါသည်။  ထို့ကြောင့် ဒေသခံများအနေဖြင့် ကျိန့်ဟော်အရေးသည် တရုတ် မင်မင်းဆက်၏ သမိုင်းအတိုင်းအတာတစ်ခုမှ ဒေသတွင်း သမိုင်းအနှစ်သာရနှင့်ပြည့်စုံသော ယဉ်ကျေးမှုအဖြစ်သို့ပြောင်းလဲခဲ့ပါသည်။