အာဆီယံနေ့ ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနား ကူမင်းမြို့တွင်ကျင်းပ
2019-08-15 00:00 source:


သတင်းအရင်းအမြစ် ယူနန်ကွန်ရက်

 

သြဂုတ်လ ၈ရက်နေ့တွင်ကျရောက်သော အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားကို ကူမင်းမြို့တွင် ပထမအကြိမ်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အာဆီယံအဖွဲ့ဝင် သီချင်းဖြစ်သော အာဆီယံလမ်းစဉ်တေးသီချင်းကို ဖွင့်လှစ်ကာ အခမ်းအနားကို စတင်ခဲ့ပါသည်တယ်။

 

အာဆီယံနေ့သည် အရှေ့တောင်အာရှနိုင်ငံများ မဟာမိတ်ဖွဲ့စည်း တည်ထောင်သော အထိမ်းအမှတ်နေ့ဖြစ်ပါသည်။ ၁၉၆၇ခုနှစ် သြဂုတ်လ ၈ရက် တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းစသည့် ၅နိုင်ငံက ဘန်ကောက်တွင် အာဆီယံအဖြစ် တည်ထောင်ခဲ့ပါသည်။ ၅၂ နှစ်ကြာ သမိုင်းကိုဖြတ်သန်းလာခဲ့ပြီး ယခုတွင် အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံ အဖြစ် ဖွဲ့စည်းကြီးထွားလာခဲ့ပါသည်။ လူဦးရေသန်း ၆၀၀နှင့် ပြည်တွင်းထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၀၀ဘီလီယံရှိသော (ယွမ်ငွေ ၁၄၉၀ ထရီယံခန့်နှင့်ညီမျှ) မဟာမိတ် အသိုက်အဝန်းဖြစ်ပါသည်။

 

 东.jpg

အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံ ချိန်ချွန့်ရမ်

 

၂၀၀၃ခုနှစ်တွင် တရုတ်နှင့်အာဆီယံ အကြား မဟာဗျူဟာမြောက်မိတ် ဖက်ဆက်ဆံရေးကိုတည်ဆောက်ခဲ့ပါသည်။ တရုတ်သည် တရုတ်နှင့်အာဆီယံ အကြားဆက်ဆံရေးတိုးတက်မှုကို အလွန်အရေးပေးပါသည်။ နှစ်ဦးနှစ်ဖက်၏ ဆက်ဆံရေးသည် ၂၈နှစ်၊ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးက ၁၆နှစ်အသီးသီးရှိပြီး တရုတ်နှင့်အာဆီယံ ဆက်ဆံရေးသည်အရှေ့အာရှဒေသ ပူးပေါင်းခြင်းအား ဦးဆောင်သော အလံတော်သဖွယ်တည်ရှိနေပါသည်။

 

 东2.jpg

အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံ ချိန်ချွန့်ရမ်

 

အခမ်းအနားသို့တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ဧည့်သည်တော် များက ယူူနန်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် လာအို၊ မြန်မာ၊ ဗီယက်နမ် အာဆီယံ ၃နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် အဆိုပြုချက်၏ အရေးကြီးသောတည်နေရာ၊ လန်ချန်းမဲခေါင်ပူးပေါင်းမှု၏ အဓိကနှင့် ရှေ့တန်း ပြည်နယ်လည်းဖြစ်ပါသည်။ အာဆီယံ၏ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ရပ်ဝန်းတစ်ခုနှင့် လမ်းကြောင်းတစ်သွယ် အဆိုပြုချက်တွင် ပါဝင်ခြင်း၊ လန်ချန်းမဲခေါင်ပူးပေါင်းမှုနှင့် မဟာမဲခေါင်ဒေသခွဲပူးပေါင်းဆောင်ရွက်မှု တို့သည် ယူနန်နှင့် တိုးတက်မှုအသီးအပွင့်အား အပြည့်အဝခံစားပြီး တစ်ဦးနှင့်တစ်ဦး မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်စေပါမည်ဟု သုံးသပ်ကြပါသည်။

 

 东3.jpg

အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံ ချိန်ချွန့်ရမ်

 

ယူနနပြည်နယ်ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးကျန်းကော်ဟွာအခမ်းအနား သို့ တက်ရောက်ခဲ့ပြီး ထိုင်း၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ် စသည့် ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်များ နှင့် ချုံချင့်မြို့အခြေစိုက် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်တို့နှင့် တွေ့ဆုံခဲ့ပါသည်။ ကူမင်းအခြေစိုက် ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ် Ms.NitivadeeManitkul က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ  နိုင်ငံကိုယ်စားပြုကာ အမှာစာကားပြောကြားခဲ့ပါသည်။

 

 东4.jpg

အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံ ချိန်ချွန့်ရမ်