ယူနန်ပြည်နယ် “အင်တာနက် +ကျောက်မျက်ရတနာစစ်ဆေးခြင်း” ဝန်ဆောင်မှုအသစ်စတင်
2019-08-05 14:55 source:ယူနန်ကွန်ယက် ChunCheng ညနေခင်းသတင်း


သတင်းအရင်းအမြစ် ယူနန်ကွန်ယက် ChunCheng ညနေခင်းသတင်း

 


ဇူလိုင်လ ၂၉ရက်နေ့တွင် ယူနန်ပြည်နယ် ကျောက်မျက်ရတနာ အရည်အသွေး ကြီးကြပ်ရေးနှင့် စမ်းသပ်စစ်ဆေးခြင်း သုသေတနဌာန (အောက်တွင် ပြည်နယ် ကျောက်မျက်ရတနာဌာန ဟုဖော်ပြသွားမည်) သည် ShunFeng မြန်နှုန်းမြင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်နှင့်အတူ ယူနန်ပြည်နယ်အင်တာနက် +ကျောက်မျက်ရတနာစစ်ဆေးခြင်းဝန်ဆောင်မှုအသစ်ကို စတင်လိုက်ပါသည်။ ဤစီမံကိန်းသည် တစ်နိုင်ငံလုံးအတွက် ပထမဆုံး အော်ဒါမှာယူစစ်ဆေးပို့ဆောင်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ ငွေပေးချေမှု၊ သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ ပစ္စည်းအားပို့ဆောင်ခြင်း၊ Online Offline “စမ်းသပ်စစ်ဆေးခြင်း+ပို့ဆောင်ခြင်း တို့၏ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း စမ်းသပ်စစ်ဆေးခြင်း One Stop Service ကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။



ထိုဝန်ဆောင်မှုသည် နယ်မြေရပ်ခြားသို့ ပစ္စည်းအား ပို့ဆောင်စစ်ဆေးရေး အခက်အခဲကို ထိရောက်စွာဖြေရှင်းခဲ့ပြီး တယ်ဟုန်ဒေသအား ဥပမာပေး၍ပြောရလျှင် ပြည်နယ် ကျောက်မျက်ရတနာဌာန ရွှေလီ အရည်အသွေးစစ်ဆေးမှု သုသေတနစင်တာနှင့် ၎င်းဌာနခွဲအားလုံးတွင်စမ်းသပ်စစ်ဆေးခြင်း+ပို့ဆောင်ခြင်း တို့၏  ကျောက်မျက်ရတ နာ၊ ကျောက်စိမ်း စမ်းသပ်စစ်ဆေးခြင်း One Stop Service ကိုဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းရှင်(စီးပွားရေးလုပ်ငန်း) customer တို့သည် One Stop Service မှတစ်ဆင့် သမားရိုးကျ ပစ္စည်းပို့ဆောင်စစ်ဆေးမှုအတွက် အရည်အသွေးစစ်ဆေးမှုစင်တာကို ထပ်ခါတလဲလဲသွားရန်မလိုတော့ပါ စစ်ဆေးမှုရလဒ်အား အချိန်ကြာမြင့်စွာ  စောင့်ဆိုင်း ရန်လည်းမလိုတော့ပါ အွန်လိုင်းမှတစ်ဆင့် အော်ဒါမှာယူခြင်း၊ အရည်အသွေး စစ်ဆေးမှုအတွက် ဘိုကင်ယူခြင်းစသည့် ပုံစံဖြင့် ShunFeng ဝန်ထမ်းများမှ သင့်အတွက် အရည်အသွေးစစ်ဆေးခြင်းမှအစ ပစ္စည်းပို့ဆောင်ခြင်း စသည့် လုပ်ဆောင်မှု အဆင့်ဆင့်အားလုံးကို လုပ်ဆောင်ပေးသွားပါမည်။



တယ်ဟုန်ဒေသအပြင် ပြည်နယ် ကျောက်မျက်ရတနာဌာနသည် ကူမင်း၊ တာလီ၊ လိကျန်း၊ ဆစ်ဆောင်ပန်နား၊ ပေါင်စန်းစသည့် ဒေသ ၅ခုတို့တွင်စမ်းသပ်စစ်ဆေးခြင်း+ပို့ဆောင်ခြင်း တို့၏  ကျောက်မျက်ရတနာ၊ ကျောက်စိမ်း စမ်းသပ်စစ်ဆေးခြင်း One Stop Service ကိုဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ မတူညီသော ဒေသများ၏ကွဲပြားခြားနားသော ကျောက်မျက်ရတနာ၊ ကျောက်စိမ်း ရောင်းဝယ်ဖောက်ကားခြင်း ပုံစံဖြင့် ကျောက်မျက်ရတနာ၊ ကျောက်စိမ်း လုပ်ငန်းရှင်(စီးပွားရေးလုပ်ငန်း)တို့၏ ကွဲပြားခြားနားသောလိုအပ်ချက်အား ပေါင်းစပ်၍ ဝန်ဆောင်မှုစင်တာသည် အွန်လိုင်းမှတစ်ဆင့် အော်ဒါမှာယူခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ခြင်းအား ဘိုကင်တင်ခြင်း၊ ဝန်ဆောင်မှုစင်တာသည် မြန်ဆန်သော စမ်းသပ်စစ်ဆေးခြင်းလမ်းကြောင်း၊ ShunFeng DeliveryS.F Express ၏ပစ္စည်းလက်ခံခြင်းအချိန်ကို တိုးချဲ့ခြင်းစသည့် မတူညီသော ဝန်ဆောင်မှုအသီးသီးများကို ထောက်ပံ့ပေးထားပါသည်။

  


 တစ်ချိန်တည်းတွင် မြေပြင်ရောက်စီမံကိန်းအား ပေါင်းစပ်၍ ပြည်နယ် ကျောက်မျက်ရ တနာဌာနသည် မြ၊ စိန် လက်ဝတ်ရတနာအရည်အသွေး အဆင့်အတန်းအကဲဖြတ်ခြင်းနှင့် တကွ Southern red agate HuangLongYu မြန်မာပယင်း စသည်ဖြင့် အားသာသော စမ်းသပ်စစ်ဆေးခြင်းနည်းပညာ ShunFengS.F Expressသည် ကျောက်မျက်ရတနာ၊ ကျောက်စိမ်းစမ်းသပ်စစ်ဆေးခြင်းကို ကောင်းမွန်အောင် Delivery ပို့ဆောင်ခြင်းစသည့် လုပ်ငန်းစဉ်သည် ယူနန်ပြည်နယ်အတွက် တစ်နိုင်ငံလုံးရှိ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း လုပ်ငန်းရှင်(စီးပွားရေးလုပ်ငန်း) များနှင့် Customer များအတွက်လက်တွေ့ကျသော ပူးတွဲအကျိုးခံစားမှုနှင့် ကုန်ကျစရိတ်အမှန်သက်သာမှုကို ရရှိမှာဖြစ်သည်။


404 Not Found

404 Not Found


nginx