တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအတွင်း အရေးကြီးသဘောတူညီချက် (၅) ချက်ရရှိ
2019-08-06 00:00 source:People’s Daily Online – International Channel



ရင်းမြစ် - People’s Daily Online – International Channel



123.jpg

တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် အရေးကြီးသဘောတူညီချက် () ချက်ရရှိ




ဒေသစံတော်ချိန် ဇူလိုင်လ ၃၁ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကျင်းပပြီးနောက်တွင် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ သတင်းထောက်များနှင့် တွေ့ဆုံ ခဲ့သည်။

 

Mr. Wang Yi မှ ပြောကြားရာတွင် ကျင်းပပြီးစီးခဲ့သည့် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် အသီးအပွင့်များစွာရရှိခဲ့ပြီး အစည်းအဝေအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ အကျဉ်းချုပ်အနေဖြင့် အရေးကြီးသဘောတူညီချက် () ချက် ရရှိခဲ့သည်။

 

ပထမအချက်မှာရပ်ဝန်တစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တည်ဆောက်မှုအား မြှင့်တင် ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည်။ တရုတ်နှင့် အာဆီယံအနေဖြင့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ် (Belt and Road) အဆိုပြုချက်နှင့် အဆီယံအပြန်အလှန်ချိတ်ဆက်ခြင်းအလုံးစုံအစီအစဉ် ၂၀၂၅အား ပေါင်းစပ်လုပ်ကိုင်ရန် သဘောတူညီခဲ့ပြီး ဆွေနွေးညှိနှိုင်းမှုအား အလျင်မြန်ဆုံး စတင် ဆောင်ရွက်ရန်နှင့် ယခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ခေါင်းဆောင်များအစည်းအဝေးတွင် ကြေငြာချက်ထုတ်ပြန်နိုင်ရန်အတွက် တင်ပြမည်ဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံအကြားရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) ပူးပေါင်းဆောင်ရွက်မှုစာချုပ် အား အသီးသီးချုပ်ဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် အာဆီယံအကြားရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ် (Belt and Road) အား အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်ရန်အတွက် အရေးပါသည့် နောက်ထပ်ခြေလှမ်းတစ်လှမ်းဖြစ်ပြီး ဒေသတွင်း ဘက်ပေါင်းစုံ အပြန်အလှန်ချိတ်ဆက် ရေးအတွက် စွမ်းအားသစ်များ ပေးစွမ်းနိုင်မည်ဖြစ်သည်။

 

ဒုတိယအချက်မှာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များအား အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ၂၀၂၀ ခုနှစ်အား တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေးနှစ်အဖြစ် သတ်မှတ်ရန် နှစ်ဖက်သဘောတူညီခဲ့ပြီး e-commerce သိပ္ပံနည်းပညာဆန်းသစ် တီထွင်မှု၊ 5G Network Smart Cities စသည့်နယ်ပယ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့သည်။ ထို့အပြင် တရုတ်-အာဆီယံ လူရည်ချွန်ပညာသင်ဆုအား တည်ထောင်ကာ တရုတ်-အာဆီယံ လူမှုဆက်ဆံရေးတွင် အရေးပါသည့်စီမံကိန်းအဖြစ် တည်ဆောက်မည်ဖြစ်သည်။ ကျွနိုပ်တို့အနေဖြင့် တရုတ်-အာဆီယံ ပင်လယ်ပြင်စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို အတူတကွ အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက် သဘောာတူညီမှု ရရှိခဲ့သည်။ ပင်လယ်သမုဒ္ဒရာသယံဇာတ ရေရှည်သုံးစွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအသစ်အား တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအတွက် အကြောင်းအရာအသစ်အား ထည့်သွင်းနိုင်မည် ဖြစ်သည်။

 

တတိယအချက်မှာ ဘက်ပေါင်းစုံဝါဒအား အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။ ဘက်ပေါင်း စုံဝါဒအား ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသည်ဟု နှစ်ဖက်မှ သဘောတူညီကြသည်။ ကျွနိုပ်တို့အနေဖြင့် ဒေသပူးပေါင်းဆောင်ရွက်မှု တွင် ပွင်းလင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ အပြန်အလှန်အကျိုးပြုမှု အယူအဆအား အခြေခံကာ ကိုယ်ကျိုးစီးပွားရေးစနစ်နှင့် တံခါးပိတ်စီးပွားရေးစနစ်အား အတူတကွ ဆန့်ကျင်သွားမည်ဖြစ်သည်။ နှစ်ဖက်အနေဖြင့် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် (FTA) အဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း RCEP ညှိနှိုင်းမှုအား အဆုံးသတ်နိုင်ရန်အတွက် အတူတကွ ကြိုးစားဆောင်ရွက်မည်ဖြစ်ကာ ဒေသတွင်း ကုန်သွယ်ရေးလွတ်လပ်မှုဖြစ်စဉ်အား အရှိန်မြှင့်တင်မည် ဖြစ်သည်။

 

စတုတ္ထအချက်မှာ ဒေသတွင်းစည်းမျဉ်းစည်းကမ်းအား အတူတကွရေးဆွဲခြင်းဖြစ်သည်။ ယခုလေးတင် ကျွနိုပ်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူတကွတောင်တရုတ်ပင်လယ်အပြုအမူဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် တစ်ခုတည်းသော ဆွေးနွေးညှိနှိုင်းမှုမူကြမ်းအား ပထမအကြိမ် ဖတ်ကြား ခြင်းပြီးစီးကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ဤသည်မှာတောင်တရုတ်ပင်လယ်အပြုအမူဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် ညှိနှိုင်းမှုအတွက် အရေးပါသည့် တိုးတက်မှုတစ်ခုဖြစ်ပြီးတောင်တရုတ် ပင်လယ်အပြုအမူဆိုင်ရာစည်းကမ်းသတ်မှတ်ချက် မူဘောင်မှာ ပုံပေါ်လာပြီဖြစ်သည်။ နှစ်ဖက်အနေ ဖြင့် ရိုးသားစွာဖြင့် တူညီသောပန်းတိုင်ကို မျှော်မှန်းကာ အတူတကွ လျှောက်လှမ်းပါက နိုင်ငံတကာ ဥပဒေ၊ ဒေသလက်တွေ့လိုအပ်ချက်၊ ထိရောက်ပြီး အရည်အသွေးမြင့်မားသည့်စည်ကမ်းသတ်မှတ် ချက် အား ရေးဆွဲသတ်မှတ်နိုင်မည်မှာ အမှန်ပင်ဖြစ်သည်။


ပဉ္စမအချက်မှာ တည်ငြိမ်အေးချမ်းရေးအား အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအား ထိန်းသိမ်းစောင့်ရှောက်ရေးမှာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံ များ၏ တူညီသော ဆန္ဒသဘောထားဖြစ်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အတူတကွ ထမ်းဆောင် ရမည့် တာဝန်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့သည် ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ခြင်းအား နှစ်ကြိမ်တိုင် အောင်မြင်စွာကျုင်းပခဲ့သည်။ နှစ်ဖက်အနေဖြင့် ပင်လယ်ပြင် ပူးတွဲလေ့ကျင့်ခြင်းနှင့် ကာကွယ်ရေးဝန်ကြီးတွေ့ဆုံခြင်း စနစ်တစ်ခုပေါ်ပေါက်လာရန်အတွက် တက်ကြွစွာ စူးစမ်းလေ့လာ လျက်ရှိသည်။ စစ်ဖက်ဆိုင်ရာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍများတွင် အပြန်အလှန် ဖလှယ် ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဒေသတွင်း ကြုံတွေ့နေရသည့် လုံခြုံရေးစိန်ခေါ်မှုများအား အတူတကွ ရင်ဆိုင်ဖြေရှင်းမည်ဖြစ်သည်။

 

Mr. Wang Yi မှပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အား အိမ်နီးချင်း နိုင်ငံခြား ဆက်ဆံရေးတွင် ဦးစာပေးနေရာတွင် ဆက်လက်ထားရှိသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုအပေါ်အခြေခံကာ နိုင်ငံရေး အပြန်အလှန် ယုံကြည်ရေးအား တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာများအား ရှာဖွေဖော်ထုတ်ကာ အဆင့်အတန်း ပိုမိုမြင့်မားသည့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအား တည်ဆောက်ခြင်းဖြင့် ပိုမို နီးကပ်သည့် ကံတူအကျိုးပေး၊ လူ့ဘောင်အဖွဲ့အစည်းအား တည်ဆောက်မည်ဖြစ်သည်။

 

 

 


404 Not Found

404 Not Found


nginx