ပြည်ပခရီးစဉ် ၅ ကြိမ်တွင် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၈ နိုင်ငံသို့သွားရောက် ပထမနှစ်ဝက် ထိပ်သီးသံသမန်ဆက်ဆံရေးတွင် “ရပ်ဝန်းတစ်ခု၊ လမ်ကြောင်းတစ်သွယ်” အဆိုပြုချက်မှာ အသီးအပွင့်များစွာရရှိ
2019-08-22 00:00 source:China “One Belt One Road” Network



ရင်းမြစ် - China “One Belt One Road” Network

 

ယခုနှစ် ပထမနှစ်ဝက်တွင် သမ္မတရှီကျင့်ဖျင်သည် ပြည်ပခရီးစဉ် () ကြိမ် သွားရောက်ခဲ့ပြီး၊ အရေးပါသည့် နိုင်ငံတကာဘက်ပေါင်းစုံအစည်းအဝေး () ခု တက်ရောက်ခဲ့ကာ အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း () နိုင်ငံသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်မစတင်မီတွင် သမ္မတရှီကျင့်ဖျင်သည် သွားရောက်မည့်နိုင်ငံ၏ မီဒီယာတွင် သူ၏အမည်ဖြင့် ဆောင်းပါးထုတ်ဝေရာတွင် သော်လည်းကောင်း သို့မဟုတ် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် သော်လည်းကောင်းရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) သည် ထိပ်သီးသံသမန်ဆက်ဆံရေးတွင်အသုံးများသည့် အသုံးအနှုန်းဖြစ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အားအင်သစ်များ အဆက်မပြတ် ဖြည့်ဆည်း ပေးနိုင်ခဲ့သည်။


ပထမဆုံးခရီးစဉ်အဖြစ် ဥရောပအားရွေးချယ်၊ ပထမဆုံး သွားရောက်သည့်နိုင်ငံအဖြစ် အီတလီအားရွေးချယ်

 

နွေဦးရာသီ မတ်လတွင် ပါတီအစည်းအဝေးနှစ်ရပ် ကျင်းပပြီးစီးပြီးနောက် တစ်ပတ်မပြည့်မီချိန်တွင် သမ္မတရှီကျင့်ဖျင်သည် ပြည်ပခရီးစဉ်အား စတင်ခဲ့သည်။ ရက် ကြာမြင့်သည့် ပြည်ပခရီးစဉ်တွင် အီတလီ၊ မော်ရိုကို၊ ပြင်သစ် စသည့်နိုင်ငံ နိုင်ငံရှိ မြို့ မြို့သို့ သွားရောက်ခဲ့သည်။ ဥရောပခရီးစဉ်သည် တရုတ်-ဥရောပ ဘက်ပေါင်းစုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအတွက် အားအင်သစ်များ ဖြည့်ဆည်း ပေးနိုင်ခဲ့သည်။

 

ယခုနှစ်သည် တရုတ်-အီတလီ ဘက်ပေါင်းစုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး တည်ထောင်သည့် ၁၅ နှစ်မြောက်ဖြစ်သည်။ ၂၀၂၀ ခုနှစ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် (၅၀) ပြည့်မြောက်သည့်နှစ် ဖြစ်သည် အီတလီသမ္မတ Marco Matarella နှင့် တွေ့ဆုံချိန်တွင် သမ္မတရှီကျင့်ဖျင်မှ ပြောကြားရာတွင် တရုတ်၊ အီတလီ နှစ်နိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှု ထွန်းကားသည့် နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ရှည်လျားသည့် သမိုင်းကြောင်းအား ပိုင်ဆိုင်ထားရှိသည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီတလီဆက်ဆံရေး ဖွံ့ဖြိုးစေရန်အတွက် အီတလီနိုင်ငံနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပြီး ခေါင်းဆောင်ပိုင်း အပြန်အလှန်ဖလှယ်ရေးအား ပိုမိုနီးကပ်စေခြင်းဖြင့် နှစ်နိုင်ငံ၏ လက်တွေ့ကျ သည့် ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးအား အဆင့်မြှင့်တင်မည်ဖြစ်သည်။ နှစ်နိုင်ငံအနေဖြင့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) အား အတူတကွ တည်ဆောက်မည်ဖြစ်ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာချိတ်ဆက်မှုနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ ပိုမိုအားကောင်းစေရန် ဆောင်ရွက်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် အီတလီနိုင်ငံမှ အရည်အသွေး ကောင်းမွန်သည့် ကုန်ပစ္စည်းများအား ပိုမိုတင်သွင်းသွားရန် ဆန္ဒရှိသည်။ ထို့အပြင် အရည်အချင်း ပြည့်ဝသည့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း (ကုမ္ပဏီ) များအနေဖြင့် အီတလီနိုင်ငံသို့ သွားရောက် ရင်းနှီးမြှပ်နှံရန် တိုက်တွန်းမည်ဖြစ်သည်။

 

ဥရောပခရီးစဉ်အတွင်း တရုတ်၊ အီတလီ နှစ်နိုင်ငံသည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တည်ဆောက်မှုအား အတူတကွ ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့သည်။ အီတလီနိုင်ငံသည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) သို့ ဝင်ရောက်သည့် ပထမဆုံး G7 အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

 

တရုတ်-ပြင်သစ်တတိယဈေးကွက် ပူးပေါင်းဆောင်ရွက်မှုသည် အဆင်ပြေချောမွေ့ကာ ရေရှည် ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စသည့်နယ်ပယ်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ အလားအလာကောင်းများ အဆက်မပြတ် ပေါ်ထွက်လာလျက်ရှိသည်။ ယခုတစ်ကြိမ် သမ္မတရှီကျင်ဖျင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြင်သစ်သမ္မတ Emmanuel macron နှင့် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအနေဖြင့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တတိယဈေးကွက် ပူးပေါင်းဆောင်ရွက်မှု စံပြစီမံကိန်းအား ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အဏုမြူစွမ်းအင်၊ လေကြောင်း၊ အာကာသ စသည့် မိရိုးဖလာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းစေရန်၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စသည့်နယ်ပယ်သစ်များ၏ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းအား ပိုမိုမြန်ဆန်စေရန် အဆိုပြုခဲ့သည်။ တရုတ်၊ ပြင်သစ် နှစ်နိုင်ငံသည် တတိယဈေးကွက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်မြာက် စံပြစီမံကိန်းစာရင်းအား လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) ပူးပေါင်းဆောင်ရွက်မှု ဒေါက်တိုင် အား အတူတကွ တည်ဆောက်မည်ဖြစ်သည်။


ပြည်တွင်းနှင့် နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်၊ အိမ်ရှင်သံတမန်ရေးရာမှာ အာရုံစူးစိုက်မှုရရှိ

 

ဧပြီလမှ မေလအတွင်း ဒုတိယအကြိမ်မြောက်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ကမ္ဘာ့ဥယျာဉ်ခြံမြေစိုက်ပျိုးပြပွဲ၊ အာရှယဉ်ကျေးမှုဖလှယ်ပွဲ စသည်တို့အား တရုတ်နိုင်ငံတွင် ရှေ့ဆင့်နောက်ဆင့် ကျင်းပခဲ့သည်။ အာရှတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်၊ သြစတြေးလျတိုက် စသည့် ကမ္ဘာ့ဒေသအသီးသီးမှ ဧည့်သည်တော် များသည် တရုတ်နိုင်ငံတွင် စုဝေးရောက်ရှိလာခဲ့သည်။ ဆွေးနွေးသည့် အကြောင်းအရာမှာ မတူကွဲပြား သော်လည်း အဓိကဦးတည်ချက်မှာ ကံတူအကျိုးပေး၊ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေး ဖြစ်သည်။


 444.png

ဧပြီလ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ်မြောက်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်

 (Belt and Road) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အား

ပေကျင်းမြို့ Yanxihu နိုင်ငံတကာ အစည်းအဝေးစင်တာတွင် စားပွဲဝိုင်းထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး သမ္မတရှီကျင့်ဖျင်သည် အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကားအား ပြောကြားခဲ့သည်။ (Photo Credit - ဆင်ဟွာသတင်းဌာန)

 

ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အတွင်း ဒုတိယအကြိမ်မြောက်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အား ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ ယခုဖိုရမ်သည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် တည်ဆောက်မှုအားလက်တန်းရေးဆွဲမှု မှအနုစိတ်ပုံဖော်ခြင်း သို့ အဆင့်မြှင့်တင်ပေးသည့် အရေးပါသည့် မိုင်တိုင်တစ်ရပ်ဖြစ်သည်။ ယခု ထိပ်သီးဖိုရမ်သို့ ပြည်ပနိုင်ငံများမှ ခေါင်ဆောင်ပေါင်း ၃၉ ဦး၊ နိုင်ငံပေါင်း ၁၅၀၊ နိုင်ငံတကာအဖွဲ့အစည်း ပေါင်း ၉၂ ဖွဲ့၊ ပြည်ပနိုင်ငံများမှ ဧည့်သည်တော် စုစုပေါင်း ၆၀၀၀ ကျော် တက်ရောက်ခဲ့သည်။ လက်တွေ့ အောင်မြင်မှုစာရင်း စုစုပေါင်းမှာ ၂၈၃ ခု ရှိပြီး စီမံကိန်းပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ စုစုပေါင်း တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ ကျော်ရှိသည်။ ထိပ်သီးဖိုရမ်အတွင်း သမ္မတရှီကျင့်ဖျင်သည် အဆင့် () ဆင့် စားပွဲဝိုင်းအစည်းအဝေးအား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များအတွက် နိုင်ငံတောအဆင့်လှုပ်ရှားမှု ကျင်းပခဲ့ပြီး နှစ်ဖက်တွေ့ဆုံပွဲ မြောက်များစွာအား ကျင်းပခဲ့သည်။


တရုတ်နိုင်ငံအနေနဲ့ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) ကို အဆိုပြုတင်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ပိုမိုများပြားတဲ့ အရင်းအမြစ်တွေကို စုရုံးပြီး အပြန်အလှန် ချိတ်ဆက်ခြင်းကို ပိုမိုအားကောင်းစေကာ ဖွံ့ဖြိုးတိုးတက်မှုတွန်းအားတစ်ရပ် ပေါ်ထွက်လာစေပြီး ဈေးကွက်ချိတ်ဆက်မှု ကို အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ ပိုမိုများပြားတဲ့ နိုင်ငံနဲ့ ဒေသတွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေတဲ့ အောင်မြင်မှုလမ်းမကို အတူလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ သမ္မတရှီကျင့်ဖျင်သည် တရုတ်နိုင်ငံမှ အဆိုပြုသည့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် အစီအစဉ်၏ နောက်ကွယ်တွင်ရှိသည့် စဉ်းစား တွေးခေါ်မှုအား ပြောကြားလေသည်။

 

တစ်လအကြာတွင်အာရှယဉ်ကျေးမှုလေ့လာဖလှယ်ခြင်းနှင့် ကံတူအကျိုးပေးအဖွဲ့အစည်း ခေါင်းစဉ် ဖြင့် အာရှယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးရေးညီလာခံအား ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အာရှတိုက် အတွင်းရှိ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့် အာရှတိုက်ပြင်ပနိုင်ငံများမှ အစိုးရအရာရှိများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ ရုပ်ရှင်၊ အကြံပေး၊ မီဒီယာ၊ ခရီးသွား စသည့်ကဏ္ဍများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့သည်။အာရှတိုက်နိုင်ငံတွေဟာ ရေမြေချင်းထိစပ်နေပြီး ယဉ်ကျေးမှုချင်း နီးစပ်ပါတယ်။ အာရှတိုက်နိုင်ငံတွေမှာ တူညီတဲ့ သမိုင်းကြောင်းအခြေအနေနဲ့ အနာဂတ်အိပ်မက်တွေ ရှိကြပါတယ်။ ညီလာခံအဖွင့်မိန့်ခွန်အား ပြောကြားရာတွင် သမ္မတရှီကျင့်ဖျင်သည် အာရှတိုက် ယဉ်ကျေးမှုဖလှယ်ရေး အခြေခံအား ထုတ်ဖော်ခဲ့သည်။ လူသားတွင် အသားအရေ၊ ဘာသာစကား ကွဲပြားခြားနားမှုနှင့် ယဉ်ကျေးမှုတွင် အရောင်အသွေး ကွဲပြားခြားနားခြင်းသာရှိပြီး အဆင့်အတန်း နိမ့်ခြင်း၊ မြင့်ခြင်း ဟူ၍ မရှိပေ။ မတူညီသည့် ယဉ်ကျေးမှုများအကြားတွင် အပြန်အလှန် ပဋိပက္ခဖြစ်ခြင်းမရှိပေ။ ကွဲပြားခြားနား သည့် ယဉ်ကျေးမှုအလှအပများအား ရှုမြင်တတ်သည့် အမြင်သာလိုအပ်သည်ဟု သမ္မတရှီကျင့်ဖျင် သည် သူ၏အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


အိုဆာကာတွင် အရေအတွက်များပြားသည့်မီနီဘက်ပေါင်းစုံ တွေ့ဆုံဆွေးနွေးမှု ကျင်းပ


ဇွန်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ၁၄ ကြိမ်မြောက် G20 နိုင်ငံခေါင်းဆောင် ထိပ်သီးအစည်းအဝေး အား ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပခဲ့သည်။ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် အစည်းအဝေး တက်ရောက်ခြင်းအပြင် သမ္မတရှီကျင့်ဖျင်တွင် အခြားအရေးပါသည့် အစီအစဉ်များစွာရှိပြီး ၎င်းအထဲမှ အရေအတွက်များပြားသည့်မီနီဘက်ပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုမှာ အပါအဝင်ဖြစ်သည်။ တရုတ်-အာဖရိက နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှု၊ BRICS ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှု၊ တရုတ်-ရုရှား-အိန္ဒိယ နိုင်ငံခေါင်းဆောင်တွေ့ဆုံဆွေးနွေးမှု အစရှိသည့်မီနီဘက်ပေါင်းစုံ တွေ့ဆုံ ဆွေးနွေးမှု () ကြိမ်စလုံးသည် တက်သစ်စ ဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြားတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 


 4545.jpg

ဇွန်လ ၂၈ ရက်နေ့တွင် သမ္မတရှီကျင့်ဖျင်သည် အိုဆာကာတွင် ကျင်းပသည့်

တရုတ်-အာဖရိက နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် သဘာပတိအဖြစ် ဆောင်ရွက်။ (Photo Credit - ဆင်ဟွာသတင်းဌာန)


တရုတ်-အာဖရိက နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုတွင် သမ္မတရှီကျင့်ဖျင်သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအတွက် အချက် ချက် အဆိုပြုခဲ့သည်။ ၎င်းအချက် ချက်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ဖွံ့ဖြိုးတိုးတက်မှုရှေ့ဆောင်အဖြစ် ဆောင်ရွက်ခြင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုအား ဦးဆောင်သူအဖြစ် ဆောင်ရွက်ခြင်း၊ ဘက်ပေါင်းစုံဝါဒအား ကာကွယ်သူအဖြစ် ဆောင်ရွက်ခြင်းတို့ဖြစ် သည်။ တရုတ်-အာဖရိကရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) တည်ဆောက်မှု အား အာဖရိကသမဂ္ဂ၏ ၂၀၆၃ ခုနှစ် လုပ်ငန်းစဉ် ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အာဖရိကတိုက်အတွင်းရှိ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးမှုမဟာဗျူဟာတို့နှင့် တိကျစွာ ချိတ်ဆက်ကာ ပေကျင်ထိပ်သီးအစည်းအဝေး၏ အသီးအပွင့်များအား လက်တွေ့အကောင်အထည် ဖော်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် အာဖရိကပြည်သူများအတွက် မြင်တွေ့နိုင်သော၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ကောင်းကျိုးရလဒ်များ ယူဆောင်ပေးနိုင်မည်ဖြစ်သည်။

 

ဇွန်လတွင် ကျင်းပခဲ့သည့် အိုဆာကာ G20 ထိပ်သီးအစည်းအဝေးသည် သမ္မတရှီကျင့်ဖျင်၏ G20 နိုင်ငံခေါင်းဆောင်များအစည်းအဝေးအား ကြိမ်ဆက်တိုက် တက်ရောက်ခြင်း သို့မဟုတ် သဘာပတိ အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် အိုဆာကာ G20 ထိပ်သီးအစည်းအဝေးသည် သမ္မတရှီကျင့်ဖျင်၏ G20 နိုင်ငံခေါင်းဆောင်များအစည်းအဝေး ကျင်ပးနေစဉ်အတွင်း BRICS  နိုင်ငံ ခေါင်းဆောင်များအစည်းအဝေးအား ကြိမ်ဆက်တိုက် တက်ရောက်ခြင်း သို့မဟုတ် သဘာပတိအဖြစ် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားလှယ်ဖြစ်သည့် BRICS အဖွဲ့ဝင်နိုင်ငံများ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ Multi-Polarization ရေစီးကြောင်း နှင့် ကိုက်ညီသည်။ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးရှိမှု စသည့် BRICS စိတ်ဓါတ်သည်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) အတူတကွ ညှိနှိုင်းဆွေးနွေးခြင်း၊ အတူတကွတည်ဆောက်ခြင်း၊ အတူတကွမျှဝေခြင်း အစရှိသည့် အယူအဆနှင့် ကိုက်ညီမှုရှိသည်။ သမ္မတရှီကျင့်ဖျင်သည် BRICS အစည်းအဝေးအတွင်း အဆိုပြုချက် () ချက်ဖြစ်သည့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအား မြှင့်တင်ရန်၊ ပြီးပြည့်စုံသည့် ကမ္ဘာလုံး ဆိုင်ရာအုပ်ချုပ်မှုအား အရှိန်မြှင့်တင်ရန်၊ ကဏ္ဍအသီးသီး၏ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုနက်ရှိုင်းစေရန် စသည်တို့အား အဆိုပြုခဲ့ပြီး BRICS အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအား အဆင့်မြှင့်တင်နိုင်ရန်အတွက် လမ်းညွှန်ခဲ့သည်။


တစ်နေ့တည်းတွင် ကျင်းပခဲ့သည့် တရုတ်-ရုရှား-အိန္ဒိယ နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသတွင်းနှင့် ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်နိုင်ရန်အတွက် တရုတ်-ရုရှား-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုယန္တရားအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ အကျိုးရှိစွာ အသုံးချရန်နှင့် ဖွံ့ဖြိုးစေရန်အတွက် နိုင်ငံ () နိုင်ငံမှ ခေါင်းဆောင်များမှ သဘောာတူညီခဲ့ကြသည်။


အရေးကြီးမိန့်ခွန်းမှတစ်ဆင့် တရုတ်နိုင်ငံအသံအား ထုတ်လွှင့်


တရုတ်-ပြင်သစ် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုဖိုရမ်၊ တရုတ်-ရုရှား သံတမန်ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်အနား၊ (၁၃) ကြိမ်မြောက် စိန့်ပီတာစပတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၊ ၁၉ ကြိမ် မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ ကောင်စီအစည်းအဝေး၊ () ကြိမ်မြောက် CICA ထိပ်သီးအစည်းအဝေး ------ပဲရစ်၊ မော်စကို၊ စိန့်ပီတာစပတ်၊ Bishkek Dushanbe နှင့် အခြားဒေသများတွင် သမ္မတရှီကျင့်ဖျင်သည် အရေးကြီးမိန့်ခွန်းများစွာ ပြောကြားခဲ့သည်။ လူသား မျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအား အလေးထားကာ မတူညီသည့် ရှုဒေါင့်ဖြင့် ကံတူအကျိုးပေး၊ လူ့ဘောင်အဖွဲ့အစည်း အယူအဆအား အဓိပ္ပါယ်ဖွင့်ဆိုကာ အားလုံး၏ တစ်ခဲနက် ထောက်ခံအားပေးမှု အား ရရှိခဲ့သည်။ 


ပဲရစ်မြို့တွင်ကျင်းပသည့် တရုတ်-ပြင်သစ် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုဖိုရမ် ပိတ်ပွဲအခမ်းအနားတွင် သမ္မတရှီကျင့်ဖျင်သည်ပိုမိုသာယာလှပသည့် ကမ္ဘာကြီးတည်ဆောက်ရန်အတွက် ဉာဏ်ပညာနှင့် အင်အားပံ့ပိုးခြင်းခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် ဝင်ငွေ မညီမျှမှု၊ ဖွံ့ဖြိုးမှုမညီမျှမှု စသည်တို့သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုတွင် ရင်ဆိုင်နေရသည့် အဓိကပြဿနာများဖြစ်သည်။ကျွန်တော်တို့အနေနဲ့ ဆန်းသစ်တီထွင်မှုကို အားပေးပြီး တက်ကြွမှု အပြည့်ရှိတဲ့ ဖွံ့ဖြိုးမှုပုံစံကို တည်ဆောက်မှာဖြစ်ပါတယ်။ တန်းတူညီမျှရေး၊ အားလုံးပါဝင်ရေး၊ ညီမျှစွာ အကျိုးခံစားခွင့်ရရှိရေးအပေါ် အခြေခံတဲ့ ဖွံ့ဖြိုးမှုပုံစံဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများအား ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အသီးအပွင့်တွေကို အတူတကွ မျှဝေခံစားစေမှာဖြစ်ပါတယ်။


 555.jpg

ဇွန်လ ရက်နေ့တွင် သမ္မတရှီကျင့်ဖျင်သည် မော်စကိုရှိ ကရင်မလင်နန်းတော်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ (Photo Credit - ဆင်ဟွာသတင်းဌာန)


ဇွန်လတွင် သမ္မတရှီကျင့်ဖျင်သည် မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ၃၁ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် သမ္မတရှီကျင့်ဖျင်၏ ၂၀၁၃ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ကြိမ်မြောက် ရုရှားနိုင်ငံ ခရီးစဉ်ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်သည် တရုတ်-ရုရှားသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် နှစ်ပတ်လည် နေ့တွင်လက်တွဲညီကာ ရှေ့သို့လှမ်းချီ၊ ကောင်းမွန်သည့် ခေတ်သစ်တရုတ်-ရုရှားဆက်ဆံရေးအား အတူဖန်တီးစို့ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်သည် (၂၃) ကြိမ်မြောက် စိန့်ပီတာစပတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင်ရေရှည်ဖွံ့ဖြိုးသောနည်းလမ်းဖြင့် စည်ပင်ဝပြောကာ သာယာလှပသည့် ကမ္ဘာကြီးအား အတူဖန်တီးစို့ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ကမ္ဘာကြီး သည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာကြုံတွေ့နိုင်သည့် ပြောင်းလဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့ချိန်တွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝန်းနှင့် အတူ ပွင့်လင်းမြင်သာပြီး အရောင်အသွေးစုံလင် သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအား အတူတကွ ဖန်တီးမည်ဖြစ်ကာ အားလုံးပါဝင်သည့်၊ အားလုံး အပေါ် အကျိုးဖြစ်ထွန်းစေသည့် ပျော်ရွှင်သာယာသော လူမှုအဖွဲ့အစည်းအား တည်ဆောက်မည် ဖြစ်သည်။ လူသားနှင့် သဘာဝ သဟဇာတဖြစ်သည့် သာယာလှပသည့် လူမှုအဖွဲ့အစည်းအား တည်ဆောက်ကာ တူယှက်လက်တွဲပြီး ရေရှည်ဖွံ့ဖြိုးရေးလမ်းသစ်အား ဖွင့်လှစ်မည်ဖြစ်သည်။


 666.jpg

ဇွန်လ ၁၅ ရက်နေ့တွင် Conference on Interaction and Confidence-Building Measures in Asia (CICA) () ကြိမ်မြောက်အစည်းအဝေးအား တာဂျစ်ကစ္စတန် (Tajikistan) နိုင်ငံမြို့တော်

Dushanbe တွင် ကျင်းပခဲ့သည်။ သမ္မတရှီကျင့်ဖျင်သည် အစည်းအဝေး တက်ရောက်ခဲ့ပြီး

အာရှလုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အခြေအနေသစ်အား အတူလက်တွဲဖန်တီးစို့ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။ (Photo Credit - ဆင်ဟွာသတင်းဌာန)

 

အလုပ်များပြားသည့် ဇွန်လတွင် သမ္မတရှီကျင့်ဖျင်သည် ကာဂျစ္စတန် (kyrghyzstan) နိုင်ငံတွင် ကျင်းပ သည့်  (၁၉) ကြိမ် မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခေါင်းဆောင်များ ကောင်စီ အစည်းအဝေး၊ တာဂျကစ္စတန် (Tajikistan) နိုင်ငံတွင် ကျင်းပသည့် () ကြိမ်မြောက် Conference on interaction and confidence-building measures in Asia (CICA) အစည်းအဝေးတို့အား တက်ရောက်ခဲ့ ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်မှ ပြောကြားရာတွင် နေ့စဉ်နှင့်အမျှ များပြားလာသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရာတွင် ကျွန်တော်တို့အနေဖြင့် ရှိသင့်ရှိထိုက်သည့် နိုင်ငံတကာတာဝန်ယူမှုအား ထုတ်ဖော်ပြသရန် လိုအပ်ပြီး အတူတကွ ညှိနှိုင်းဆွေးနွေးခြင်း၊ အတူတကွ တည်ဆောက်ခြင်း၊ အတူတကွ မျှဝေခြင်း အပေါ် အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအမြင်အား လိုက်နာကာ ကုလသမဂ္ဂအား ဗဟိုပြု သည့် နိုင်ငံတကာစနစ်အား အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။ ထို့အပြင် ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား တိုးမြှင့်ဆောင်ရွက်ပြီး နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းအား တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးစေရေးအတွက် တွန်းအားပေးဆောင်ရွက်မည်ဖြစ်သည်။တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာဖွံ့ဖြိုးရေး လမ်းကြောင်းကို တစ်စိုက်မတ်မတ် လျှောက်လှမ်းမှာဖြစ်ပြီး ပွင်းလင်းမြင်သာမှု၊ အပြန်အလှနအကျိုးရှိမှုကို အခြေခံတဲ့ ဘက်ပေါင်းစုံဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သာယာလှပတဲ့ အာရှတိုက်နဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့အတွက် အားလုံးနဲ့အတူ ကြိုးစားတည်ဆောက်မှာဖြစ်ပါတယ်။


ဆောင်ပါး () စောင်ဖြင့်အနုစိတ်ပုံဖော်ခြင်း


ပြည်ပခရီးစဉ် မသွားရောက်င်မီ သွားရောက်မည့်နိုင်ငံ၏ မီဒီယာတွင် ဆောင်ပါးထုတ်ဝေခြင်းမှာ သမ္မတရှီကျင့်ဖျင်၏ ပြည်ပခရီးစဉ် ထူးခြားမှုများမှ တစ်ခုဖြစ်သည်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း သမ္မတရှီကျင့်ဖျင်သည် အီတလီ၊ ပြင်သစ်၊ မြောက်ကိုရီးယား၊ ကာဂျစ္စတန် (kyrghyzstan) တာဂျစ်ကစ္စတန် (Tajikistan) စသည့် နိုင်ငံ () နိုင်ငံ၏ မီဒီယာတွင် မိမိအမည်ဖြင့် ဆောင်းပါးများ ထုတ်ဝေခဲ့ပြီး အဆိုပါဒေသများ၏ မီဒီယာနှင့် ပြည်သူများအကြားတွင် လှိုက်လှဲကောင်းမွန်သည့် တုံ့ပြန်မှုများ ရရှိခဲ့သည်။


ဆောင်ပါး () စောင်၏ အဓိကအကြောင်းအရာများ

8136203ea9ad375e74e2f3035578878.png4203a31bc3df55c597d5a5f2ff88098.png

 

များပြားသည့် သံတတန်ဆက်ဆံရေးလုပ်ငန်းစဉ်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု အလား အလာကောင်းများနှင့် တရုတ်ဝိသေသ သံတမန်ဆက်ဆံရေးသည် ကဏ္ဍသစ်အား စဉ်ဆက်မပြတ် ဖွင့်လှစ်ပြီး တရုတ်နိုင်ငံသည် ပိုမိုကျယ်ပြန့်သည့် ပိုမိုခိုင်မာသော မိတ်ဆွေအသိုင်းအဝန်းများ တိုးများလာသည်။

 


404 Not Found

404 Not Found


nginx