“မောင်းနှင်အားသုံးခု ” မှ ပြောင်းပြန်ဆန်တက်နေသော တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေး သုံးသပ်ခြင်း(၁)
2019-08-21 00:00 source:


သတင်းအရင်းအဖြစ် ပြည်သူ့ကွန်ယက် ပြည်သူ့နေ့စဉ်သတင်းသာ ပြည်ပဗားရှင်း


 中欧.jpg


ကွမ်ရှီးထရယ်ကျိုးမှ ဂျာမဏီ Duisburg သို့ တရုတ်ဥရောပရထားလမ်း

သတင်းထောက် ရှီကျားမင်

 

သြဂုတ်လ ၁၄ရက်တွင် နိုင်ငံတော်စာရင်းစစ်ဌာနမှထုတ်ပြန်သော စာရင်း အရ ဇူလိုင်လပိုင်း၏ ပြည်သူ့စီးပွားရေးသည် နည်းလမ်းမှန်ကန်စွာဖြင့်  ရှေ့ဆက်လျှောက်လှမ်းနေပါသည်။ အထွေထွေတည်ငြိမ်မှုကို ထိန်းထားပြီး၊ တည်ငြိမ်နေချိန်တွင်လည်း တိုးတက်မှု အလားအလာထင်ပေါ်လွင်နေပါသည်။  အဲဒီအထဲတွင် ကုန်သွယ်ရေး၏ အားသာချက်သည် အထင်သာဆုံး ဖြစ်ပြီး ဇူလိုင်လ၏ သွင်းကုန်ထုတ်ကုန်ပမာဏသည် ယခုနှစ်အတွင်း တစ်လချင်း၏ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ သွင်းကုန်ထုတ်ကုန် တိုးတက်မှု နှုန်းသည်လည်း ရှေ့လထက် ပို၍မြန်ဆန်ပါ သည်။

 

မကြာသေးမီက ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေး တောင်းဆိုချက်အရ ကုန်သွယ်ရေးစစ်ပွတ်တိုက်မှုကို သက်ရောက်စွာရင်ဆိုင်ပြီး ဘက်ပေါင်းစုံတည်ငြိမ်ခြင်း ခြောက်ခု ကို လုပ်ဆောင်ရမည်။

 

ယခုနှစ်များအတွင်း ရှုပ်ထွေးခက်ထက်သောပြည်တွင်းပြည်ပ အခြေ အနေများကြောင့် တရုတ်နိုင်ငံသည် ပြည်ပကုန်သွယ်ရေးအားတည်ငြိမ်စေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအားတည်ငြိမ်စေခြင်း စသည့်တည်ငြိမ်ခြင်း  ခြောက်ခု ကို အားပြုဆောင်ရွက်ပြီး ပြည်ပကုန်သွယ်မှု တည်ငြိမ်ပြီး  အရည်အသွေးမြင့်မားရန်တွန်းအားပေးမည်။ ရေရှည်တွင် တရုတ်နိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုတည်ဆောက်ပုံကို ကောင်းမွန်စေခြင်း၊ မောင်းနှင်အားကို ပို၍မြန်ဆန်စေသော ရှေ့အလားအလာတို့သည် ပြောင်းလဲမှုမရှိပါ။ သန်မာသော ကြံ့ခိုင်မှုကို တစ်ဆင့်တိုး ပိုမို၍မြင်သာစေပါသည်။

 

တစ်ခုမြင့် တစ်ခုနှိမ့် ထဲမှ တရုတ်နိုင်ငံ၏ပြည်ပကုန်သွယ်ရေး ကြံ့ခိုင်မှုကို ကြည့်ရှုခြင်း

 

ကမ္ဘာလုံးဆိုင်ရာစီးပွားကူးသန်း အန္တာရယ်နှင့်  မရေရာသောအကြောင်း အရင်းများပိုမိုပြင်းထန်လာမှု၏နောက်ခံအောက်တွင် ဇူလိုင်တွင် တရုတ်ပြည်၏ သွင်းကုန်ထုတ်ကုန်ပမာဏသည်ယွမ်ငွေ ၂၇၃၈.၂ဘီလီယံဖြစ်ပြီး ကာလတူ ထက် .၇ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ၏ သွင်းကုန်ထုတ်ကုန်ပမာဏသည် ယွမ်ငွေ ၁၇၄၀၈.၃ဘီလီယံဖြစ်ပြီး ကာလတူ ထက် .၂ရာခိုင်နှုန်းမြင့်ပြီး ဤရလဒ်ကို ဘယ်လိုသုံးသပ်ပါသလဲ။

 

ဒေါင်လိုက်ကြည့်ပါက ဤဟာသည်ထူးကဲကောင်းမွန်သောရလဒ် တစ်ခုဖြစ်ပါသည်။ ဇူလိုင်လအတွင်း သွင်းကုန်ပို့ကုန်တန်ဖိုးသည် ယခုနှစ်အတွင်း တစ်လချင်း၏ပမာဏအမြင့်ဆုံးကိုရရှိခဲ့ပြီး တိုးတက်မှုနှုန်းမှာ ယခင်လထက် .၆ရာခိုင်နှုန်းဖြစ်ပြီး ယခုအနီးဆုံး သုံးလအတွင်း၏ အမြင့်ဆုံးရလဒ်တစ်ခု လည်းဖြစ်ပါသည်။

 

အလျားလိုက်ကြည့်ပါက ဤဟာသည် ခက်ခဲစွာ ရရှိခဲ့သောရလဒ်တစ်ခု ဖြစ်ပါသည်။ ယခုအခါတွင် ကာကွယ်ရေးဝါဒ၊ တစ်ဖက်သက်ဝါဒအဆင့်မြင့်ခြင်း တစ်ကမ္ဘလုံး၏ကုန်သွယ်ရေးသည် ရပ်တန့်နေပါသည်။ အပြည်ပြည်ဆိုင် ရာငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့သည့် အသစ်ပြင်ဆင်ထားသော ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် အစီရင်ခံစာတွင် ယခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၏တိုးတက်မှုနှုန်းထားပမာဏကို .၉ရာခိုင်နှုန်းမှ .၅ရာခိုင်နှုန်း အထိလျှော့ချခဲ့ပြီး ထိုနှုန်းထားသည် ယခင်နှစ် . ရာခိုင်နှုန်းထက်  လျှော့နည်းနေပြီး သုံးအတွင်း ရာခိုင်နှုန်းအနည်းဆုံးဖြစ်ပါသည်။ဤနောက်ခံ အောက်တွင် တရုတ်နိုင်ငံ ပြည်ပကုန်သွယ်မှုသည် အရင်အတိုင်း တည်ငြိမ်စွာတိုးတက်နေပြီး ကုန်သွယ်မှု၏ကြံ့ခိုင်မှုခံနိုင်ရည်ကို ဖော်ပြ နေပါသည် ဟု စီးပွားရေးဝန်ကြီးဌာန သုတေသနဌာန သုတေသနကော်မတီဒုတိယ ဥက္ကဋ္ဌ၊ ဒေသတွင်းစီးပွားရေးသုတေသနစင်တာ ညွှန်ကြားရေးမှူး ကျန်းကျန့်ဖင်က သတင်းထောက်ကို အထက်ပါအတိုင်းပြော ကြားခဲ့ပါသည်။

 

အားလုံးစုံကြည့်ပြီး သွင်းကုန်နှင့် ထုတ်ကုန်ခွဲခြားကြည့်ရှုပါက ဇန်နဝါရီလမှ ဇူလိုင်လအထိ ထုတ်ကုန်ပမာဏမှာ ယွမ် ၉၄၇၅. ဘီလီယံဖြစ်ပြီး တိုးတက်မှုနှုန်းမှာ .၇ရာခိုင်နှုန်းဖြစ်ပါသည်။ ဇူလိုင်လ တစ်လတည်း ၏ထုတ်ကုန်ပမာဏမှာ ယွမ် ၁၅၂၄.၂ဘီလီယံဖြစ်ပြီး ယခုနှစ်အတွင်း အမြင့်ဆုံးပမာဏဖြစ်ပါသည်။ တိုးတက်မှုနှုန်းမှာ ၁၀.၃ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် .၃ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုအနီးဆုံး ၄လအတွင်း၏ အမြင့်ဆုံးရလဒ်တစ်ခု လည်းဖြစ်ပါသည်။


နိုင်ငံတော်စာရင်းစစ်ဌာနမှပြောရေးဆိုခွင့်ရှိသူ လျှိုအိုက်ဟွာက ပြည်ပကုန် သွယ်မှု မူဝါဒတစ်ခုလုံး၏တည်ငြိမ်မှုအကျိုးသက်ရောက်မှုအောက်တွင် ကုန်သွယ်မှုပုံစံများပြားခြင်း၊ ကုန်သွယ်မှုအဆင်ပြေမှုစသည် တို့သည် အဆက်မပြတ်သိသာထက်ရှားလာပြီး ဇန်နဝါရီလမှ ဇူလိုင်လ၏ပမာဏလဲဖြစ်ဖြစ် ဇူလိုင်လတစ်လတည်း၏ ပမာဏဘဲဖြစ်ဖြစ် ပို့ကုန်အခြေအနေမှာလည်း မဆိုးပါ။ ဤသည်မှာ တရုတ်-အမေရိကန်ကုန်သွယ်မှုပွတ်တိုက်မှု နှင့် သက်ရောက်မှုကို ထိန်းချုပ်နိုင်သည်။

 

တရုတ်သွင်းကုန်အပိုင်းတွင် ဇူလိုင်လ၏ သွင်းကုန်ပမာဏမှာ ယွမ် ၁၂၁၄ဘီလီယံနှင့် ယခု၆လအတွင်း၏ ရလဒ်အသစ်ကိုရရှိပြီး တိုးတက်မှုနှုန်းမှာ .၄ရာခိုင်နှုန်းဖြစ်ပြီး ယခင်လထက် .၄ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ ဇူလိုင်လအထိ သွင်းကုန်တန်ဖိုးမှာ ယွမ် ၇၉၃၂.၅ဘီလီယံ ဖြစ်ပြီး တိုးတက်မှုနှုန်းမှာ .၃ရာခိုင်နှုန်းဖြစ်ပါသည်။

 

တိုးတက်မှုနှုန်းမှာ နှစ်လဆက်တိုက် မြှင့်တက်ခဲ့ခြင်း၊ အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုရေရှည်တိုးမြှင့်ခြင်းစသည့် သွင်းကုန်အ ပိုင်းတွင် မြန်ဆန်သောတိုးတက်မှုကိုဖြစ်ပေါ်စေပြီး တရုတ်စီးပွားရေးတည်ငြိမ်စွာ တိုးတက်မှုကိုဖော်ပြနေပြီး ပြည်တွင်းစီးပွားရေးသည် တည်ငြိမ်မှုနှင့် ကောင်းမွန် စွာဖော်ပြနေပြီး ပြည်တွင်းစားသုံးသူအရည်အသွေးမြင့်နှင့် မူဝါဒ၏အမြတ်ဝေစု တိုးတက်မှုအတွက် အကျိုးဖြစ်စေပါသည် ဟု ကျန်းကျန့်ဖင် ကပြောကြားခဲ့ပါသည်။

 

ပိုမိုကောင်းမွန်သောတည်ဆောက်မှုက စစ်မှန်သောရလဒ်ရနေ

 

အရေအတွက်နှင့် မြန်နှုန်းမြှင့်တင်မှုမှအပ တရုတ်ပြည်ပကုန်သွယ်မှုသည် အရည်အသွေးနှင့် အကျိုးပြုမှုအပိုင်းတွင် ကောင်းမွန်သောအဖြေကို ပြသနေပါသည်။

 

ယခုအခါတွင် ချန်ချွင်းအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် ရှိသော ကွန်တိန်နာများစုဝေးရာဇုန်တွင် အလွန်ပင်အလုပ်ရှုပ်နေပါသည်။ ကြမ်းပြင်၊ မော်တော်ကားမှန်၊ ဘရိတ်၊ display စသည့်တို့ထည့်ထားသော ကွန်တိန်နာများသည် တရုတ်ဥရောပ ရထားချန်မှန်ဥရောပ သည်ရုရှား၊ ဂျာမဏီစသည့်နေရာသို့ တင်ပို့ခဲ့ပါသည်။ချန်ချွန်းစသည့် တရုတ်အရှေ့မြောက် ဘက်မြို့များတွင် ထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်သောလုပ်ငန်းနှင့် သက်ဆိုင်သော အစိတ်အပိုင်းထုတ်လုပ်မှုလုပ်ငန်းများစုစည်းနေပြီး Nuremberg ရှိရာBavaria မြို့သည် ဂျာမဏီမော်တော်ယာဉ်ထုတ်လုပ်သည့် အရေးကြီးသော မြို့ဖြစ်ပါသည်။ ယခုလိုတည်ဆောက်မှုစနစ်တူညီသော စက်မှုလုပ်ငန်းစုသည် ကြီးမားသော ဆက်စပ်မှုအကျိုးသက်ရောက်မှုကိုရရှိစေပါသည်။ ဟု ချန်ချွင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ဂျာမဏီကုမ္ပဏီ အထွေထွေမန်နေဂျာ က ပြောပါသည်။ ယနေ့တိုင်ချန်မှန်ဥရောပ သည် သွင်းကုန်ပို့ကုန် သေတ္တာပေါင်း ၄၃၀၀၀ခုရှိပြီး တန်ဖိုးအားဖြင့် ယွမ်ငွေ ၁၃.၈ဘီလီယံဖြစ်ပါသည်။

 

တစ်စိတ်တစ်ပိုင်းကြည့်လျှင် ယခုနှစ်ဇူလိုင်လတွင် တရုတ်နိုင်ငံနှင့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်ရှိ နိုင်ငံ၏ကုန်သွယ်ရေးအဆင်ပြေမှု အရည်အသွေးသည် အဆက်မပြတ်တိုးတက်နေပြီး သွင်းကုန်ပို့ကုန် သည်လည်း၁၀.၂ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အလုံးစုံသွင်းကုန်ပို့ကုန်တိုးတက်မှုကို .၈ရာခိုင်နှုန်းအထိ နီးစပ်အောင်ပြုလုပ်နိုင်ခဲ့ပါသည်။ သမားရိုးကျ ကုန်သွယ်မှုမဟာမိတ်အဖွဲ့၊ အာဆီယံသွင်းကုန် ပို့ကုန်တိုးတက်မှုမှာ ၁၀.၈ရာခိုင်နှုန်း၊ ၁၁.၃ရာခိုင်နှုန်းဖြစ်ပါသည်။ ပထမနှစ်ဝက်တွင်  တရုတ်နိုင်ငံသည် ကုန်သွယ်မှုမိတ်ဖက် ၂၅ခုနှင့် အခမဲ့ကုန်သွယ်မှုသဘော တူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး သွင်းကုန်ပို့ကုန်ပမာဏသည် .၈ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

 

တည်ဆောက်မှုပုံစံကောင်းမွန်ခြင်းသည် နိုင်ငံတကာဈေးကွက်တွင်သာမက ပြည်တွင်းဒေသတွင်းစီမံခန့်ခွဲမှုသည် ပိုမို၍ဟန်ချက်ညီနေပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ အရှေ့အနောက်ဒေသ၏ ပို့ကုန်ပမာဏသည် ၁၃.၈ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အားလုံးထက် .၁ရာခိုင်နှုန်းမြန်ဆန်စေပြီး တိုးတက်မှုအချိုးအစား မှာ .၁ရာခိုင်နှုန်းမှ ၁၇.၅ရာခိုင်နှုန်းဖြစ်ပါသည်။

 

အတွင်းပိုင်းတွန်းအားအဆက်မပြတ်တိုးတက်နေပါသည်။ ပထမခြောက်လ အတွင်း သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်ကိုင်နေသော ပုဂ္ဂလိကလုပ်ငန်းသည် .၃၅သိန်းခုရှိပြီး တိုးတက်မှုနှုန်းမှာ .၅ရာခိုင်နှုန်း အချိုးအစားအားဖြင့် ၈၀ရာခိုင်နှုန်းဖြစ်ပါသည်။ ဇန်နဝါရီလမှ ဇူလိုင်လအထိ ပုဂ္ဂလိကလုပ်ငန်း၏ သွင်းကုန်ပို့ကုန်ပမာဏတိုးတက်မှုနှုန်းမှာ ၁၁.၈ရာခိုင်နှုန်းသည် သွင်းကုန် ထုတ်ကုန်စုစုပေါင်းပမာဏတွင် ၄၂ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ကာလ တူထက်၂.၉ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပါသည်။

 

ကုန်ပစ္စည်းတည်ဆောက်မှုသည် အဆက်မပြတ်အဆင့်မြှင့်နေပါသည်။ လျှပ်စစ်ပစ္စည်းပို့ကုန်နှုန်းသည် .၁ရာခိုင်နှုန်းတိုးတက်နေပြီး၊ ဇန်နဝါရီလမှ ဇွန်လ အထိနှင့် နှိုင်းယှဉ်ပါက .၈ရာခိုင်နှုန်းရှိသည်။ အဲဒီအထဲမှ integrated circuit သတ္တုတန်ဖိုးမြင့်ထုတ်ကုန်စက်၊ မြေတူးစက်၊ ဆေးကုသရေးစက်ကိရိယာစသည့် အဆင့်မြင့်နည်းပညာ၊ အဆင့်မြင့်အရည်အသွေး၊ တန်းဖိုးမြင့်ထုတ်ကုန်ပို့ ကုန်သည် တို့သည် ဆယ်ဂဏန်း တိုးတက်မှုထိန်းထားပါသည်။ တစ်ချိန်တည်းတွင် အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုကို တိုးမြှင်စေရန်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

 

ယခုနှစ်တွင် ပြည်ပကုန်သွယ်မှုသည်အရည်အသွေး ပိုင်းတွင်ရရှိသော တိုးတက်မှုမှာ စိတ်ကျေနပ်မှုကို ရရှိစေပါသည်။ ကျန်းကျန့်ဖင်က ရိုးရိုးကုန်သွယ်ရေး ပြိုင်ဆိုင်မှုသည်လည်း အဆက်မပြတ်ခိုင်မာနေပြီး အဆင့်မြင့်နည်းပညာထုတ်ကုန်တင်ပို့မှုသည် တိုးတက်မှုထင်သာနေခြင်း၊ ပုဂ္ဂလိကလုပ်ငန်းသည် သွင်းကုန်ပို့ကုန်၏ အဓိကအားကိုးရာဖြစ်ပြီး ကုန်သွယ်မှု မဟာမိတ်သည်လည်း အဆက်မပြတ်ကျယ်ပြန့်နေခြင်း စသည်တို့သည်  ကောင်းမွန်မှုရရှိသည်။

 

ပြည်ပကုန်သွယ်မှုမူဝါဒတည်ငြိမ်ရန်စုဆောင်းမှု မူလအတိုင်းအပြည့်အဝရှိ

 

ရရှိသောရလဒ်ကို အသိအမှတ်ပြုပြီး စိန်ခေါ်မှုကို မျက်ကွယ်မပြုသင့်ပါ။ ကျန်းကျန့်ဖင်က ယခုတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် တင်းမားမှုများဖြင့် အဆင့်မြင့်နေပြီး နောက်ဆုံးလိုအပ်မှာ ပျော့ပျောင်းအားနည်းပြီး တိုးတက်မှုအရှိန်အဟုန်မှာ အားနည်းနေပါသည်။ အဆိုပါစိန်ခေါ်မှုများတွင် အရေးကြီးဆုံးက မိမိလုပ်ငန်းကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ခြင်း၊ မဟာဗျူဟာကို အာရုံစိုက်ထိန်းသိမ်းခြင်း၊ ပြည်ပကုန်သွယ်မှုကိုတည်ငြိမ်မှုမှ တစ်ဆင့် အရည်အသွေးကိုမြှင့်တင်ခြင်းကို တွန်းအားပေးခြင်းတို့ဖြစ်ပါသည်။

 

မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးသည် ပြည်ပကုန်သွယ်ရေးတည်ငြိမ်မှုနည်းလမ်းကို တစ်ဆင့်တိုး လုပ်ဆောင်မှုတွင် အောက်ပါအချက်များကို အတည်ပြုခဲ့ပါသည်။ သွင်းကုန်အခွန်ကို ဆက်လက်လျှော့ချပြီး ပို့ကုန်အခွန်ပြန်အမ်းခြင်းမူဝါဒကို ပြီးပြည့်စုံအောင် အခွန်ပြန်အမ်းခြင်းအဆင့်ကို မြန်ဆန်စေမည်။ ပို့ကုန်အာမခံကဏ္ဍကို ပိုမိုကောင်းမွန်အောင် လွှမ်းခြုံမှုအပိုင်းကို ပိုမိုကျယ်ပြန့်စေအောင်၊ ကြိုးကြောင်းဆီလျှော်စွာ ပရီမီယံကြေးကို လျှော့ချ၊ လုပ်ငန်းနှင့် ဆီလျှော်သောသီးသန့်အာမခံကို သုတေသနပြုခြင်း၊ ငွေကြေးအဖွဲ့ အစည်း၏ အသေးစားအလတ်စားလုပ်ငန်းတွင် ပြည်ပကုန်သွယ်မှု ငွေကြေး ပူးပေါင်းမှုကိုထောက်ခံခြင်း၊ ယွမ်ငွေနှင့် ငွေပေးချေမှုကို အဆင်ပြေစေရန်အခွင့် အလမ်းများကို ဖန်တီးပေးခြင်းစသည့်တို့ဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော် လျှပ်စစ် လုပ်ငန်းတိုးမြန်ဆန်အောင်တိုးတက်စေခြင်း၊ အချောကိုင်ကုန်သွယ်ရေးတွင် Bonded repair စသည့် ပုံစံအသစ်၊ သွင်းကုန်ကုန်သွယ်ရေးစံပြဇုန်ကို ပျိုးထောင်ခြင်း တို့ဖြစ်ပါသည်။ သွင်းကုန်ပို့ကုန်အပိုင်းတွင် စည်းကြပ်မှု အမျိုးအစားကို လွယ်ကူစေပြီး သွားလာမှုအချိန်ကိုမြန်ဆန်စေခြင်း၊ နယ်စပ်ပေါက် ငွေကြေးကောက်ခံမှုကိုလျှော့ချခြင်းစသည့် ကျော်လွှားမှုအသစ် တစ်ခုကို ရရှိခဲ့ပါသည်။

 

စီးပွားရေးဝန်ကြီးဌာနမှတာဝန်ရှိသူက ယခုနှစ်တွင် ဌာနအသီးသီး နေရာအသီးသီးတွင် မူဝါဒကို ထောက်ခံခြင်းကိုအားပေးခြင်း၊ ကုန်သွယ်မှုပုံစံ အသစ်ပျိုးထောင်မှုကို စွမ်းစွမ်းတမံဆောင်ရွက်မည်။ တတိယအကြိမ် ၂၂ခု နယ်စပ်ဖြတ်ကျော် လျှပ်စစ်လုပ်ငန်းအထွေထွေ စံပြဇုန်ကို မြန်ဆန်စွာတည်ဆောက်မည်။ ပထမခြောက်လအတွင်း နယ်စပ်ဖြတ်ကျော် လျှပ်စစ်လုပ်ငန်းလက်လီသွင်းကုန်ပို့ကုန်အား မြန်ဆန်စွာတိုးတက်စေသည်။ ဒုတိယအကြိမ် ကားဟောင်းများကို ဇူလိုင်လတွင် အဆင်ပြေစွာတင်ပို့ခဲ့ပြီး ဒုတိယနှစ်ဝက်တွင် ပို့ကုန်စကေးသည် ပိုမိုမြန်ဆန်စွာကျယ်ပြန့်မှုကို မျှော်လင့် ပါသည်။ နောက်တစ်လမ်းအနေဖြင့် ကုန်ချောကုန်သွယ်မှု Bonded repair စီမံကိန်းသည် အဆက်မပြတ်အကောင်အထည်ဖော်နေပြီး အဆင့်မြင့်နည်းပညာ အရည်အသွေးတိုးတက်မှုကို ဆွဲဆောင်ခြင်း၊ တန်ဖိုးမြင့် အချောကိုင်ထုတ်လုပ်မှု နှင့်ထုတ်ကုန်ဝန်ဆောင်မှုတို့သည် တရုတ်ပြည်သို့ ရွှေ့ပြောင်းလာကြပါသည်။

 

ကျန်းကျန့်ဖင်က တရုတ်၏မူဝါဒတည်ငြိမ်ရန်စုဆောင်းမှုသည် မူလအတိုင်း အပြည့်အဝရှိပြီး ပြည်ပကုန်သွယ်မှု မူဝါဒစီမံချက်၏တည်ငြိမ်မှုကိုမြန်ဆန်စွာ ထုတ်ပြန်မှုနှင့် အကောင်အထည်ဖော်မှုကို လိုက်လျော၍ လုပ်ငန်းအရှိန်အဟုန် ကိုတစ်ဆင့်တိုး ခိုင်မာစေမည်။ တစ်ချိန်တည်းတွင် လုပ်ငန်းကိုယ်တိုင်က ကြိုးစား မှုလိုအပ်ပြီး ထုတ်ကုန်ပစ္စည်း၏ ပြိုင်ဆိုင်မှုကိုမြှင့်တင်ခြင်း၊ ဈေးကွက်ကျယ်ပြန့်မှု ကိုစွမ်းစွမ်းတမံဆောင်ရွက်ခြင်း ပြင်ပအန္တရာယ်ကို လက်ဦးခုခံတွန်းလှန်မှုဖြင့် ပြင်ပအန္တရာယ်ကိုကာကွယ်နိုင်မည်။

 

တရုတ်ပြည်ပကုန်သွယ်မှုသည် ပမာဏကြီးမားခြင်း၊ ကြံ့ခိုင်နိုင်မှု ရှိခြင်း၊ နောက်အားအရှိန်ပြည့်ဝခြင်းတို့ပြည့်စုံပြီး ကျွန်တော်တို့သည် ပြည်တွင်းလုပ်ငန်းပြည့်စုံမှု၊ ပြည်တွင်းရှိ ကြီးမားသော ဈေးကွက်၊ နိုင်ငံတကာဈေးကွက် ပုံစံပြည့်စုံခြင်းတို့ကို အမှီပြုသည်။ အဓိကအတွင်းပိုင်း အရှိန်အဟုန်ပြည့်ဝခြင်း တည်ဆောက်မှုပုံစံ အဆက်မပြတ်ကောင်းမွန်စေသည်။ စီးပွားရေးဝန်ကြီးဌာန ပြည်ပကုန်သွယ်မှု ဒုတိယညွှန်ကြားရေးမှူး ကျူးရုံ က အားလုံးအတူတကွကြိုးစားမှုမှတစ်ဆင့် ယခုနှစ်၏ ပြည်ပကုန်သွယ်မှု တည်ငြိမ်မှု အတွင်း အရည်အသွေးမြှင့်တင်မှုကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်။

 


404 Not Found

404 Not Found


nginx