ယူနန်၏ ကမ္ဘာ့အရိုးရှင်းဆုံး တူရိယာအား သင်မှုတ်တတ်ပါသလား?
2019-08-26 10:00 source:Yunnan Network



ရင်းမြစ် - Yunnan Network

 


တောင်ပေါ်သစ်ရွက် ထူထပ်ထပ်

ကောင်းကလေးက မှုတ်မတတ်

မှုတ်တတ်သည့်ရက် တေးချိုရွက်


အထက်ပါစာသားမှာ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယူနန်ပြည်နယ်တွင်နေထိုင်သည့် လူနည်းစုတိုင်းရင်းသား၏ အချစ်သီချင်းတစ်ပုဒ်ဖြစ်သည်။ သီချင်းစာသား၏ တေးသရုပ်ဖော်ပုံမှာ - လရောင်အောက်တွင် သာယာ နာပျော်ဖွယ် သစ်ရွက်မှုတ်သံ ပျံ့လွင့်လာပြီး ချစ်သူစုံတွဲတစ်တွဲသည် သစ်ရွက်အချစ်သီချင်းအောက် တွင် ထာဝရလက်တွဲဖော်အဖြစ် ပေါင်းဖက်သွားကြသည် ............

 

သစ်ရွက်တွင် ပြွန် (tube) နှင့် ကြိုး (string) မပါသော်လည်း သာယာနာပျော်ဖွယ်အသံအား မှုတ်နိုင် သည်။ သစ်ရွက်သည် ကမ္ဘာပေါ်တွင် အရိုးရှင်းဆုံး တူရိယာဖြစ်ပြီး ယူနန်တွင်နေထိုင်သည့် အဆိုအက၊ အတီးအမှုတ်အရာ၌ ကျွမ်းကျင်သည့် လူနည်းစုတိုင်းရင်းသား၏ ဉာဏ်ပညာအား ထင်ဟပ်လျက်ရှိ သည်။


 blob.png 

မီဒီယာသတင်းထောက်များ လက်ကိုင်ဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးပုံ။ Photo Credit: He Kai


ယူနန်ပြည်နယ် တာ့လီ ပိုင် (Bai) တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ Wei Shan ယီ (Yi) တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် နှစ်ပေါင်း ၃၀ ကြာသစ်ရွက်မှုတ်  ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့် ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ဆံသူ၊ ရိုးရာအနုပညာရှင် Zi Ruming နေထိုင်လျက်ရှိသည်။သစ်ရွက်က ကမ္ဘာပေါ်မှာ အရိုးရှင်းဆုံး တူရိယာပါ။ သစ်ရွက်တစ်ရွက်ကိုခူးပြီး မိမိရဲ့ခံစားချက်ကို အသံအဖြစ် ပြောင်းလဲနိုင်ပါတယ်။

 

သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ခေတ်သစ်တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ် (၇၀) ပြည့် ဂုဏ်ပြုပွဲ ယူနန်ပြည်နယ်ပြခန်းတွင် Zi Ruming သည် သာယာနာပျော်ဖွယ် တေးဂီတအား သစ်ရွက်ဖြင့်မှုတ်ကာ အလွှာအသီးသီးမှ ဧည့်သည်များအား ဆွဲဆောင်နိုင်ခဲ့သည်။ Zi Ruming သည် ကျွန်တော်ချစ်သော တရုတ်ပြည် ကျွန်တော်နှင့် ကျွန်တော့်၏အမိနိုင်ငံ ရပ်ဝေးမှဧည့်သည်များ ကျေးဇူးပြု၍ နေရစ်ခဲ့ပါစသည့် သီချင်းများအား သစ်ရွက်ဖြင့်မှုတ်ခဲ့သည်။အခုတစ်ကြိမ် ပေကျင်းမြို့မှာ သစ်ရွက်မှုတ် ဖျော်ဖြေရတာ အရမ်းစိတ်လှုပ်ရှားပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ ယူနန်ပြည်နယ်ရဲ့ ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။


 blob.png

Zi Ruming သည် သစ်ရွက်ဖြင့် သာယာနာပျော်ဖွယ် တေးဂီတအား မှုတ်နေစဉ်။

Photo Credit: Luo Nanjiang

 

သစ်ရွက်သည် အရိုးရှင်းဆုံး တူရိယာဖြစ်သော်လည်း မှုတ်ရသည်မှာ မလွယ်ကူပေ။သစ်ရွက်မှာ အခြေခံအနေနဲ့ ရှစ်ခုမြောက်အသံ (Octave) နှစ်ခုသာ ပါရှိပါတယ်။ Octave အသံ သုံးခုနဲ့အထက် မှုတ်ဖို့အတွက် အထူးအားစိုက်ရပါတယ်။ အသံမြင့်တွေ မှုတ်ဖို့အတွက် နှစ်ပေါင်းများစွာ အတွေ့အကြုံ နဲ့ နည်းစနစ်တွေ လိုအပ်ပါတယ်။ ထို့အပြင် သစ်ရွက်ရွေးချယ်ရာတွင်လည်း အလွန်အရေးကြီးသည်။ဒီတစ်ခေါက် သစ်ရွက်မှုတ်ဖျော်ဖြေမှုမှာ ကျွန်တော်ညောင်ရွက်ကို ရွေးချယ်ခဲ့ပါတယ်။ ညောင်ရွက်ဟာ  ပျော့ပြောင်းပြီး အသံဟာလည်း ကြည်လင်ပြတ်သားပါတယ်။ နောက်ပြီး ညောင်ရွက်ဟာ ကြာရှည် မှုတ်လို့ရပါတယ်။ ခဏလေးမှုတ်ပြီး သစ်ရွက်ပျက်ဆီးသွားတာမျိုး မရှိတဲ့အတွက် တိုက်ရိုက်ဖျော်ဖြေ တဲ့နေရာမှာ အလွန်သင့်တော်ပါတယ်။ ဟု Zi Ruming မှ ပြောကြားတယ်။

 

သာမန်လူသည် သစ်ရွက်တစ်ရွက်အဖြစ်သာ ရှုမြင်သော်လည်း Zi Ruming ၏အမြင်တွင် အဆိုပါသစ် ရွက်မှာ အစားထိုး၍မရသော တူရိယာများဖြစ်သည်။သစ်ရွက်ဟာ အဖွင့်အပိတ်လျှာ (reed) နဲ့ဆင်တူ ပြီး ခံတွင်းဟာ အသံချဲ့စက်တစ်ခုလိုပါပဲ။ သစ်ရွက်မှုတ်သူဟာ လေမှုတ်ထုတ်ပြီး သစ်ရွက်ကို တုန်ခါစေ ကာ အသံထွက်ပေါ်စေပါတယ်။ Zi Ruming သည် သတင်းထောက်အား ပြောကြားရာတွင် သစ်ရွက် တုန်ခါနှုန်းအား ပြောင်းလဲခြင်းဖြင့် မတူညီသည့် အသံအနိမ့်အမြင့်၊ အတိုးအကျယ်အား မှုတ်နိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် မတူညီသည့် အသံအမျိုးအစားအား ပြောင်းလဲတီးမှုတ်ရာတွင် လက်နှစ် ဖက်၊ ပါးစပ်အား၊ ပါးစပ်အနေအထား စသည်တို့အား ထိန်းချုပ်မှုအား လိုအပ်သည်။ ထိုမှသာ သာယာ နာပျော်ဖွယ် တေးဂီတအား မှုတ်နိုင်မည်ဖြစ်သည်။


 blob.png

Zi Ruming ဘူးပုလွေ (Hulusheng) မှုတ်နေပုံ။ Photo Credit: He Kai

 

ငယ်ရွယ်ချိန်က Zi Ruming သည် သူ၏မိဘနှင့် ကျေးရွာအတွင်းရှိ သက်ကြီးအနုပညာရှင်ထံ သစ်ရွက်မှုတ်နည်းအား သင်ယူခဲ့သည်။ တောင်ပေါ်တွင် ဆိတ်ကျောင်းနေစဉ် ပထမဆုံးအကြမ်အဖြစ် သစ်ရွက်အား အသံမှည်အောင် မှုတ်နိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သစ်ရွက်မှုတ်ခတ်လာသည်မှာ နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်သည်။ လက်ရှိတွင် Zi Ruming သည် သစ်ရွက်အမျိုးအစားပေါင်း ၁၀၀ ကျော်အား မှုတ်နိုင်ပြီဖြစ်သည်။ ထို့အပြင် ဝါးပုလွေ၊ ဘူးပုလွေ၊ သစ်ရွက် အစရှိသည့် အမျိုးအစား စုံလင်သည့် တူရိယာများအား မှုတ်နိုင်သည်။တူရိယာမျိုးစုံကြားမှာ ကျွန်တော်အနှစ်သက်ဆုံးက သစ်ရွက်ပါပဲဟု သတင်းထောက်အား ရည်မောကာ ပြောကြားသည်။


 blob.png

သေးငယ်သော သစ်ရွက်တစ်ရွက်သည် Ru Ziming အမြင်တွင် အစားထိုး၍မရသော တူရိယာ တစ်မျိုးဖြစ်သည်။ Photo Credit: Xu Beitong


သစ်ရွက်မှုတ်ခြင်း အတတ်ပညာအား ပိုမိုကောင်းမွန်စွာ လက်ဆင့်ကမ်းနိုင်ရန်အတွက် ယခုနှစ်များတွင် Zi Ruming သည် Wei Shan ဒေသ Dage (လူစုလူဝေးဖြင့် စည်းချက်ညီညီ သီဆိုကခုန်ခြင်း) ပွဲတွင် သစ်ရွက်မှုတ်ခြင်း အတတ်ပညာအား တက်ကြွစွာ နှိုးဆော်လျက်ရှိသည်။သစ်ရွက်မှုတ်တာလည်း Dage တစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အလေးထားမှုအဆင့်အတန်း ပိုမိုမြှင့်မားလာသည်နှင့်အမျှ သစ်ရွက်မှုတ်တာကို ဂီတဒြပ်မဲယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေနဲ့ သတ်မှတ်ဖို့ အကြံပြုလိုပါတယ်။

 

 

 


404 Not Found

404 Not Found


nginx