အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ အတွေ့အကြုံအား လေ့လာမှီငြမ်းနိုင်ကြောင်း အိန္ဒိယနိုင်ငံ အရာရှိမှ ဆောင်ပါးရေး
2019-08-28 15:32 source:ယူနန်ပြည်နယ်အစိုးရသတင်းဝက်ဆိုဒ်



ယူနန်ပြည်နယ်အစိုးရသတင်းဝက်ဆိုဒ်

 

 blob.png


The Hinduသတင်းဝက်ဆိုဒ်မှ ဇူလိုင် ၃၁ ရက်နေ့တွင်ယူနန်ပြည်နယ်အား နမူနာယူခြင်းဆောင်းပါးအား ထုတ်ဝေဖော်ပြခဲ့ပြီး စာရေးသူမှာ အိန္ဒိယနိုင်ငံ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုဌာနမှ အရာရှိ ဖြစ်သည့် Ashish Kundera ဖြစ်သည်။ ဆောာင်းပါးအကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည် -

 

         တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် အပြန်အလှန်ချိတ်ဆက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဂေဟ စနစ်ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအတွက် လေ့လာ မှီငြမ်းနိုင်သည့် အတွေ့အကြုံတစ်ချို့ရှိသည်။

     

         အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသသည် အိန္ဒိယနိုင်ငံ၏အရှေ့ဖက်သို့လှမ်းမျှော်ခြင်းမူဝါဒ တွင် အရေးပါသည့်ဒေသဖြစ်သည်။ လက်ရှိအချိန် အလားအလာရှိသည့် ယူဆချက်အရ နယ်စပ် ဖြတ်ကျော်ကုန်သွယ်ရေးသည် ဝေးလံခေါင်သီကာ လျစ်လျူရှုခံရသည့် ဤဒေသအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ယူဆောင်လာနိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအား တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်အပေါ် ဆောင်ရွက်သည့် လုပ်ဆောင်မှုများနှင့် နှိုင်းယှဉ်ခြင်းသည် အကျိုးရှိသည်။ ရည်မှန်းချက်ကြီးမားသည့်ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် (Belt and Road) အဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ယူနန်ပြည်နယ်သည် တောင်အာရှ၊ အရှေ့တောင်အာရှသို့ ဝင်ရောက်ရန်မုဒ်ဦးတံတား ဖြစ်သည်။


blob.png 

ကူမင်း Chang Shui အပြည်ပြည်ဆိုင်ရာလေဆိပ်

 

         ယူနန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသသည် တူညီမှုများစွာရှိသည်။ လူဦးရေ ပမာဏ နီးစပ်ခြင်း၊ တောင်တန်းဒေသများဖြစ်ခြင်း၊ အရောင်အသွေးစုံလင်သည့် ဒေသလူနေမှု အဖွဲ့အစည်းတည်ရှိခြင်း၊ ကြွယ်ဝသည့် သဘာဝသယံဇာတအရင်းအမြစ်များရှိခြင်း၊ အလားအလာ ကြီးမားသည့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ခြင်းနှင့် အစဉ်အဆက် ဖွံ့ဖြိုးမှုအဆင့်အတန်း နိမ့်ပါးခြင်း စသည်တို့ဖြစ်သည်။ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် စသည့်နိုင်ငံများနှင့် နယ်မြေ ချင်းထိစပ်သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသသည် တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများနှင့် နယ်မြေချင်းထိစပ်သည်။ သို့သော်လည်း ထင်သာမြင်သာရှိသည့် တူညီမှုများ၏ နောက်ကွယ်မှာ ပကတိစီးပွားရေး၏ ထင်ရှားပေါ်လွင်သော ခြားနားချက်ဖြစ်သည်။

 

         အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ စီးပွားရေးပမာဏမှာ အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ ( ဒေါ်လာလျှင် .၈၈ ယွမ်ခန့်) ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးမှာ နှစ်ပေါင်းများစွာကြာ အမေရိကန်ဒေါ်လာ သန်း ၅၀ ဝန်းကျင်တွင် ရပ်တန့်လျက်ရှိသည်။ ထိုသို့ဖြစ်ရခြင်း အတွက် အဓိကကဏ္ဍ () ခုဖြစ်သည့် ချိတ်ဆက်မှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ဂေဟခရီးသွားလုပ်ငန်း တို့အား စနစ်တကျ လေ့လာရန် လိုအပ်သည်။


 blob.png

ကူမင်းကျည်ဆံရထားဘူတာရုံအား ဝေဟင်မှရိုက်ကူးထားပုံ

        

         အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသသည် ယူနန်ပြည်နယ်အောက် ခေတ်နောက်ကျ ကျန်ရစ် နေသော်လည်း အဆိုပါဒေသ၏ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ ရထားလမ်းနှင့် အဝေးပြေးလမ်းမ တို့မှာ အမှီလိုက်လာလျက်ရှိသည်။ ကူမင်းသည် ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးသည့် အပြည်အပြည်ဆိုင်ရာလေဆိပ် ပိုင်ဆိုင်ထားရှိသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ ပြည်နယ် များသည် မကြာသေးမီက ပထမဆုံးအကြိမ်အဖြစ် အသုံးပြုနိုင်သည့် အရပ်ဖက်လေဆိပ် အနည်းဆုံး ခုစီ အသီးသီးပိုင်ဆိုင်ပြီး မကြာသေးမီက Gauhati မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ (Dhaka) သို့ ပျံသန်းသည့် နိုင်ငံတကာလေကြောင်းခရီးစဉ်အား ဖွင့်လှစ်နိုင်ခဲ့သည်။ အစီအစဉ်အရ ဘန်ကောက်နှင့် အရှေ့တောင်အာရှ အခြားမြို့ မြို့အား ပြေးဆွဲပျံသန်းမည့် လေကြောင်းခရီးစဉ်အား စီစဉ်ဆောင်ရွက်  လျက်ရှိသည်။

 

         ယူနန်ပြည်နယ်သည် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးမြို့များနှင့် ချိတ်ဆက်ထားသည့် ရထား လမ်းကွန်ယက်အား ပိုင်ဆိုင်ထားရှိသည်။ အိန္ဒိယနိုင်ငံ မီးရထားဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် မတ်လ မတိုင်မီတွင် နိုင်ငံတွင်းရှိ ရထားလမ်းများချိတ်ဆက်နိုင်ရန် ဆောင်ရွက်မည်ဟု ကြေငြာထားသော်လည်း အရှေ့မြောက်ပိုင်းဒေသ၏ ရထားလမ်းဖုံလွှမ်းမှုဧရိယာမှာ လိုအပ်ချက်ရှိဆဲဖြစ်သည်။ ယူနန်ပြည်နယ် သည် အံ့သြဖွယ်ကောင်းသည့် အမြန်လမ်းမကွန်ယက်အား ပိုင်ဆိုင်ထားပြီး မြို့နှင့်ဆိပ်ကမ်းအား ချိတ်ဆက်ထားသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ကားလမ်းမနှင့် တံတားတည်ဆောက် မှုအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကာ မကြာသေးမီနှစ်များတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း အတွင်းပိုင်းကာလမ်းမပြဿနာမှာ စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်သည်။


 blob.png

ကူမင်း Dian Chi အပြည်ပြည်ဆိုင်ရာပြပွဲစင်တာ

 

         ယူနန်ပြည်နယ်တွင် စနစ်တကျရေးဆွဲထားသည့် ကုန်သွယ်ရေးမဟာဗျူဟာရှိသည်။ သို့သော် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ နယ်စပ်ကုန်သွယ်ရေးမှာ ဖွံ့ဖြိုးမှုအားနည်းသည်။ ရွှေလီနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်သည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးအတွက် အဓိက ဗဟိုချက်မဖြစ်သည်။ ရွှေလီမြို့သည် နယ်စပ်မြို့ငယ်လေးတစ်မြို့မှ ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးဇုန်တစ်ခုအဖြစ် ပေါ်ထွက်လာပြီဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် အတွင်းပိုင်းချိတ်ဆက်မှု၊ ကုန်စည်စီးဆင်းမှု၊ ကုန်ပစ္စည်းသိုလှောင်မှု၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှု အခြေခံအဆောက်အအုံ  အားနည်းခြင်းများကြောင့် အမှန်တကယ် အဓိပ္ပါယ်ပြည့်ဝသည့် ကုန်သွယ်ရေးအား တားဆီးလျက်ရှိ သည်။ ရည်ရွယ်ချက်ကြီးမားသည့် နိုင်ငံဖြတ်ကျော်စီမံကိန်းဖြစ်သည့် Kaladan Multi-Modal Transit Transport စီမံကိန်းမှာလည်း မြေယာသိမ်းဆည်းမှုပြဿနာကြောင့် ခေတ္တဆိုင်းငံ့ထားသည်။

      

         ယူနန်ပြည်နယ်သည် အဆိုပါဒေသ၏ လူနေမှုအဖွဲ့အစည်းအား လွှမ်းခြုံထားသည့် ဆန်းသစ် သည့် ဂေဟခရီးသွားလုပ်ငန်းအား စမ်းသပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆစ်ဆောင်းပဏ္ဏားဒေသ၏ ဂေဟခရီးသွားလုပ်ငန်းသည်ဂေဟကျေးရွာ အားအခြေခံပြီး တိုင် (ရှမ်း) လူမျိုးတို့၏ ယဉ်ကျေးမှု၊ တည်ဆောက်မှုပညာ၊ ဓလေ့ထုံးတမ်းနှင့် အစားအစာများအား ထုတ်ဖော် ပြသလျက်ရှိသည်။ ရွာသူရွာသားများနှင့် ကုမ္ပဏီအကြား မြေငှားရမ်းခြင်းဖြင့် ပူးပေါင်းဆေင်ရွက်ပြီး ခရီးသွားဧည့်သည်များသည် တိုင်တိုင်းရင်းသား၏ လူနေမှုဘဝပုံစံအား မြင်တွေ့နိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ Nagaland ပြည်နယ်သည် ပိတုန်းငှက်ပွဲတော်ဖြင့် အဖွင့်ကောင်းမွန်ခဲ့သည်။ အခြားပြည်နယ် များတွင်လည်း အခွင့်အလမ်းကောင်းများစွာရှိသည်။ ဤလမ်းအတိုင်း ဆက်လက်လျှောက်လှမ်းပါက ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံတွင် ပုဂ္ဂလိကမှ ဝင်ရောက်ရင်းနှီးမြှပ်နှံရန် တိုက်တွန်းမှုအား အထောက်အကူ ပြုမည်ဖြစ်သည်။ ဂေဟစနစ်၊ ယဉ်ကျေးမှုနှင့် လူနည်းစုတိုင်းရင်းသားအပေါ် အခြေခံ သည့် ခရီးသွားလုပ်ငန်းအား ဆောင်ရွက်ခြင်းသည် တိုင်းရင်းသားလူမျိုးစုတို့၏ လူနေမှုပုံစံအား နှောင့်ယှက်ခြင်းမရှိပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည်ဖြစ်သည်။


blob.png

ဆစ်ဆောင်းပဏ္ဏား တိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင်

တိုင်ပြက္ခဒိန်နှစ်သစ်အား ကြိုဆိုသည့်အနေဖြင့် မြို့သူမြို့သားများနှင့် ခရီးသွားဧည့်သည်များသည် မဲခေါင်မြစ်ကမ်းဘေးတွင် မီးပုံးပျံလွတ်တင်ကာ ဆုတောင်းကြသည်။


         ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ ဖွံ့ဖြိုးမှုပြဿနာမှာ သိသာထင်ရှားသည့် အောင်မြင်မှုများရရှိခဲ့သည်။ ယခုအချိန်သည် ပြည်နယ်အသီးသီးအား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ခွင့်ပြုရမည့်အချိန်ဖြစ်သည်။ ယူနန်ပြည်နယ်၏ အတွေ့အကြုံအား မှီငြမ်းခြင်းသည် ဤနယ်စပ်ဒေသ အသွင်ကူးပြောင်းခြင်းအတွက် ပုံစံတစ်ခု ပံ့ပိုး ပေးနိုင်မည်ဖြစ်သည်။