မြန်မာနိုင်ငံ ယွမ်ငွေဘဏ်အကောက် ဖွင့်လှစ်
2019-09-01 00:00 source:



ယခုရက်ပိုင်းအတွင်း Bank of China ယူနန်ပြည်နယ်ဘဏ်ခွဲသည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ သို့ ယွမ်ငွေ တိုက်ရိုက်ငွေလွှဲပေးပို့ခြင်းလုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယူနန် ပြည်နယ်သည် ပထမဆုံး မြန်မာနိုင်ငံ ယွမ်ငွေအကောက်အား ဖွင့်လှစ်နိုင်ခဲ့သည်။ လက်ရှိတွင် Bank of China သည် ယူနန်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် နိုင်ငံများအားလုံးနှင့် နယ်စပ်ဖြတ်ကျော် ယွမ်ငွေ တိုက်ရိုက်ငွေလွှဲပေးပို့ခြင်းလုပ်ငန်းအား ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ယူနန်ပြည်နယ်၏ ယွမ်ငွေ နိုင်ငံတကာသို့ထိုးဖောက်ခြင်းလုပ်ငန်းအတွက် ခိုင်မာသည့်ခြေလှမ်းသစ် လျှောက်လှမ်းနိုင်ခဲ့ သည်။

 

မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အရေးပါသည့် စီပွားရေးနှင့် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်သည်။ ယခင်အချိန်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ယွမ်ငွေ ငွေလွှဲပေးပို့နိုင်ခြင်းမရှိပေ။ ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေစီမံခန့်ခွဲမှုလမ်းညွှန်အား ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်ခွင့်လိုင်စင်ရှိသည့် ဘဏ်များအနေဖြင့် ယွမ်ငွေအား နိုင်ငံတကာငွေပေးချေမှု ငွေကြေးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။ Bank of China ယူနန်ဘဏ်ခွဲအနေဖြင့် Bank of China ဟောင် ကောင်၊ Bank of China ရန်ကုန်ကိုယ်စားလှယ်ရုံးတို့နှင့် ပူးပေါင်းကာ လုပ်ငန်းအဖွဲ့ငယ်အား လျင်မြန်စွာ ဖွဲ့စည်းပြီး ငွေလွှဲပေးပို့ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းပုံစံ၊ အသေးစိတ်လေ့လာမှုနှင့် သက်ဆိုင်ရာ အစီအစဉ်များ ချမှတ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုသည် ယူနန်ပြည် နယ်မှ မြန်မာနိုင်ငံသို့ ယွမ်ငွေ တိုက်ရိုက်ငွေလွှဲပေးပို့လိုသည့်အတွက် Bank of China ယူနန်ပြည်နယ် ဘဏ်ခွဲသည် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ကာ ယူနန်ပြည်နယ်မှစတင်ကာ ဟောင်ကောင်မှတစ်ဆင့် ရန်ကုန်မြို့သို့ ငွေလွှဲပေးပို့နိုင်သည့် လမ်းကြောင်း (passageway) အား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ ယွမ်ငွေ တိုက်ရိုက်ငွေလွှဲလိုသည့် ကုမ္ပဏီ၏ ငွေကြေးအား အဆင်ပြေချောမွေ့စွာ ငွေလွှဲပေးပို့နိုင်ခဲ့သည်။

 

Bank of China ယူနန်ပြည်နယ်ဘဏ်ခွဲ တာဝန်ရှိသူ၏ ပြောကြားချက်အရ ယူနန်ပြည်နယ်၏ နယ်စပ် ဖြတ်ကျော် တရုတ်ယွမ်ငွေ စမ်းသပ်စီမံကိန်း စတင်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ စတင်ကာ Bank of China ယူနန်ဘဏ်ခွဲသည် ယူနန်ပြည်နယ်တွင် ဈေးကွက်ရှယ်ယာ အများဆုံး ရယူထားသည်။ ယခုတစ်ကြိမ် Bank of China ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲပေးပို့မှုအား ဆောင်ရွက်နိုင်ခြင်းသည် Bank of China နိုင်ငံတကာနယ်ပယ် ကျွမ်းကျင်မှု အားသားချက်အား ထုတ်ဖော်ပြသခြင်းဖြစ်ပြီး Bank of China နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ငွေ လုပ်ငန်းစွမ်းဆောင်ရည်အား အဆင့်မြှင့်တင်နိုင်ခဲ့သည်။ အနာဂတ်တွင် Bank of China ယူနန်ပြည်နယ် ဘဏ်ခွဲသည် ယူနန်ပြည်နယ်၏ ပထဝီတည်နေရာ အားသာချက်နှင့် ဆက်လက်ပေါင်းစပ်ကာ မူဝါဒ ရေးရာလေ့လာမှုနှင့် ကုန်ထုတ်လုပ်ငန်း ဆန်းသစ်တီထွင်မှုအား တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် တရုတ်ယွမ် ငွေ နိုင်ငံတကာသို့ ထိုးဖောက်ဆောင်ရွက်ခြင်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်မည်ဖြစ်သည်။