တရုတ်နိုင်ငံသည်အနောက်ပိုင်း ကုန်းတွင်းနှင့် ပင်လယ်ဆက်သွယ်သော လမ်းကြောင်းအသစ်အား တည်ဆောက်ပြီး “ရပ်ဝန်းတစ်ခု” နှင့် “လမ်းကြောင်းတစ်သွယ်” ကိုဆက်သွယ်
2019-09-03 00:00 source:သတင်းအရင်းအမြစ် တရုတ်သတင်းဌာန



တရုတ်နိုင်ငံ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ၁၅ရက်တွင်ထုတ်ပြန်ခဲ့သော အနောက်ပိုင်းကုန်းတွင်းနှင့် ပင်လယ်ဆက်သွယ်သော လမ်းကြောင်းအသစ် Master Planအရ အနောက်ပိုင်းကုန်းတွင်းနှင့် ပင်လယ်ဆက်သွယ်သော လမ်းကြောင်းအသစ် တည်ဆောက်ခြင်းမှ တစ်ဆင့် အနောက်ပိုင်းဒေသ၏ရပ်ဝန်းတစ်ခု နှင့်လမ်းကြောင်းတစ်သွယ်နှင့် ဆက်သွယ်သော အချက်အချာနေရာကို ပြည့်ဝစွာအသုံးပြု၍ ကုန်တွင်းနှင့် ပင်လယ် နှစ်ဖက်အပြန်အလှန် လွတ်လပ်စွာဝင်ထွက်သွားလာခြင်းကိုတိုးမြင့်ပြီး အနောက်ပိုင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကို စီမံကိန်းအသစ် လမ်းကြောင်းအသစ်ဖြင့်တွန်းတိုး၍ဖော်ဆောင်ပြီး ဒေသတွင်း စီးပွားရေး အရည်အသွေးတိုးတက်ရေးအတွက် တွန်းအားပေမည်။


အနောက်ပိုင်းဒေသ ကုန်းတွင်းနှင့် ပင်လယ်လမ်းကြောင်းအသစ်၏စီမံချက် အသေးစိတ်ရှင်းလင်းမှု


အဓိကလမ်းကြောင်းချုံချင်မှ ကွေ့ရန်ကိုဖြတ်သန်းပြီး နန်နင်းမှ မြောက်ဘက်ပင်လယ်  ကွေ့ ပင်လယ်ဝအထိ (မြောက်ဘက်ပင်လယ်ကွေ့ ဆိပ်ကမ်း၊ ရန်ဖူဆိပ်ကမ်း) ချုံချင်မှ ဟွန်ဟွကို ဖြတ်သန်းပြီး လျိုကျိုးမှ မြောက်ဘက်ပင်လယ်ကွေ့ ပင်လယ်ဝအထိ၊ ချိန်တူးမှ လူကျိုးကိုဖြတ်သန်း(ရီပင်း)ပြီး ပိုင်ဆိပ်မှ မြောက်ဘက်ပင်လယ်ကွေ့ ပင်လယ်ဝအထိ စသည့်လမ်းကြောင်းသုံးခုကိုတည်ဆောက်၍ အနောက်ပိုင်းကုန်းတွင်းနှင့် ပင်လယ် လမ်းကြောင်းအသစ်၏ အဓိကလမ်းကြောင်းဖြစ်လာမည်။


အရေးကြီးသောဗဟိုချက်မနိုင်ငံတကာအထွေထွေဆက်သွယ်ရေးဗဟိုချက်မအား အလေးပေးအကောင်အထည်ဖော်ခြင်း၊ ချုံချင့်သည်ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်သွယ် နှင့် ယမ်စီမြစ်စီးပွားရေးဇုန်၏ ဆုံချက်တွင်တည်ရှိသော နေရာ၏ အားသာချက်ကိုအသုံးပြု၍ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းနှင့် လုပ်ငန်းလုပ်ဆောင် ခြင်းအဖွဲ့အစည်းစင်တာကိုတည်ဆောက်ခြင်း၊ ချိန်တူး၏ အမျိုးသားအရေးကြီးသော စီးပွားကူးသန်း ကုန်စည်ပို့ဆောင်ရေးစင်တာကိုအသုံးချပြီး ဝင်ထွက်ပေါက်တိုးတက်ရေး အတွက်ဦးဆောင်မှု အခန်းကဏ္ဍကို ခိုင်မြဲစေမည်။ ကွမ်ရှီးမြောက်ဘက်ပင်လယ်ကွေ့ အပြည်ပြည်ဆိုင်ရာ တံခါးပေါက်ဆိပ်ကမ်းတည်ဆောက်ပြီး ဟိုင်နန်ရန်ဖူ၏ ဒေသအပြည်ပြည်ဆိုင်ရာ ကွန်တိန်နာအချက်အချာဆိပ်ကမ်း၏ စွမ်းဆောင်မှုကို ထုတ်ဖော်၍ ပင်လယ်ဝ၏ လမ်းကြောင်းအသုံးဝင်ပုံကို မြှင့်တင်မည်။


အဓိကဖုံးလွှမ်းနိုင်မှုဒေသအဓိကဝင်ထွက်ပေါက်ကို ဝန်းရံ၍ အနောက်တောင်ဒေသ အထွေထွေဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးကွန်ယက်ကို ကောင်းမွန်အောင်၊ ကွေ့ရန်၊ နန်နင်း၊ ကူမင်း၊ ကျွန်းရီ၊ လျိုကျိုးစသည့် အနောက်တောင်ဒေသ၏ အရေးကြီးသောမြို့များနှင့် ကုန်စည်အချက်အချာနှင့် အဓိကလမ်းကြောင်း အကြားကို တိုက်ရိုက်ဆက်စပ်စေခြင်း၊ ဝင်ထွက်ပေါက်လမ်းကြောင်းများ၏ စွမ်းဆောင်မှုနှင့် စွမ်းဆောင်ရည်အကျိုးများကို မြှင့်တင်ခြင်းဖြင့် အနောက်တောင်ဒေသ၏ စီးပွားရေးနှင့်လူမှုရေးအရည်အသွေး မြင့်တင်ဖို့အတွက် စွမ်းအားသစ်တစ်ရပ်ဖြစ်သည်။


အကျိုးသက်ရောက်မှုအား ဆန့်ထွက်စေသောဇုန် အဓိကဝင်ထွက်ပေါက်နှင့် အနောက်မြောက်ဘက်ဒေသ အထွေထွေပို့ဆောင်ခြင်းလမ်းကြောင်းနှင့် ဆက်သွယ်မှုကို အားဖြည့်ပေးပြီး လန်ကျိုး၊ ရှီးနင်၊ Urumqi ရှီးအမ်း၊ ရင်ချွမ်းစသည့် အနောက်မြောက်ဘက် အဓိကမြို့များနှင့် ပူးပေါင်း ချိတ်ဆက်မည်။


အနောက်ပိုင်း ကုန်းတွင်းနှင့် ပင်လယ် လမ်းကြောင်းအသစ်သည် အောက်ပါ စွမ်းဆောင်ရည် ၄ခု နှင့်ပြည့်စုံကြောင်း စီမံကိန်းအရသိရပါသည်။


ပထမ- အနောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်စီမံကိန်း၏ မဟာဗျူဟာ လမ်းကြောင်းကိုရှေ့သို့တွန်းပို့ပေး။  အရှေ့တောင်အာရှနှင့် နီးစပ်သည့် ဒေသတွင်း နေရာ၏အားသာချက်ကို ဖော်ထုတ်ပြီး အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဈေးကွက်စသည့် အရင်းအမြစ်နှစ်ခုကို ပေါင်းစုစီမံခန့်ခွဲခြင်း၊ ယမ်စီမြစ်စီးပွားရေးဇုန်နှင့်တကွ အားလုံးစုံ တံခါးဖွင့်ခြင်းမူဝါးဖြင့် အနောက်ဘက်ကုန်းတွင်းဒေစ၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်တစ်လျှောက်၊ နယ်စပ်တစ်လျှောက်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် တံခါးဖွင့်ခြင်းကို အရည်အသွေးမြင့် ဦးဆောင်မည်။

 

ဒုတိယ-“ရပ်ဝန်းတစ်ခု နှင့်လမ်းကြောင်းတစ်သွယ် ကုန်းတွင်းနှင့်ပင်လယ် လမ်းကြောင်းအသစ်ချိတ်ဆက်ခြင်းကို ဆက်သွယ်မည်။ တရုတ်နိုင်ငံ၏ အနောက်ဘက်မှ တောင်ဘက်ဒေသသည် ပိုးလမ်းမစီးပွားရေးဇုန်နှင့် ၂၁ရာစု ပင်လယ်ပိုးလမ်းမနှင့် ဆက်သွယ်ရန်အခွင့်အရေးရှိပြီး တရုတ်နိုင်ငံနှင့် အင်ဒိုချိုင်းနား၊ BCIM အာရှဥရောပ ကုန်းလမ်းတံတားအသစ်၊ တရုတ်-အာရှအလယ်-အနောက်အာရှစသည့် နိုင်ငံတကာ စီးပွားရေးစြင်္ကံတို့အကြား အပြန်အလှန်ဆက်သွယ်ခြင်းကို အားကောင်းစေပြီး အနောက်ဘက်ကုန်းတွင်းနှင့်ပင်လယ်လမ်းကြောင်းအသစ်အား ကုန်းတွင်းနှင့်ပင်လယ် အတွင်းအပြင်ဆက်သွယ်ခြင်း၊ အရှေ့အနောက် အပြန်အလှန်အကူအညီပြုခြင်း၏ ပေါင်းကူးတံတားနှင့် အချက်အချာနေရာကို ဖြစ်စေမည်။


တတိယ- အနောက်တောင်ဒေသအား နိုင်ငံတကာစီးပွားရေးပူးပေါင်းမှု၏ ကုန်းတွင်းနှင့် ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါဝင်ဆောင်ရွက်ရန် ထောက်ခံပေး။ အနောက်ပိုင်းဒေသ ကုန်းတွင်းနှင့် ပင်လယ်လမ်းကြောင်းအသစ်အား တံခါးဖွင့်ခြင်းစီးပွားရေးစံနစ်တည်ဆောက်မှုကို တွန်းအားပေးသော အဓိကထောက်ခံမှု တစ်ခုသည်။


စတုတ္ထ- ဆက်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေးစသည်တို့ နက်နဲစွာပေါင်းစည်းခြင်း၏ အထွေထွေပို့ဆောင်ရေးလမ်းကြောင်းကို တိုးတက်လာအောင် ဆောင်ရွက်ပေးမည်။ ဆက်သွယ်ရေးကဏ္ဍကိုထောက်ခံပေးသော ဦးဆောင်မှုကို ဖော်ထုတ်ပြီး အနောက်ပိုင်းကုန်းတွင်းနှင့် ပင်လယ်လမ်းကြောင်းအား ဆက်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး၊ စီးပွားရေးစသည်တို့နက်နဲစွာပေါင်းစည်း၏ အရေးကြီးသော ပလက်ဖောင်းကိုဖြစ်စေမည်။


စီမံကိန်းသည် လမ်းကြောင်း၏တည်ဆောက်မှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းသွားစေသည်။ ၂၀၂၅ခုနှစ်ရောက်လျှင် စီးပွားရေး၊ မြင့်မားသောစွမ်းဆောင်ရည်၊ အဆင်ပြေချောမွေ့သော၊ အစိမ်းရောင်၊ အန္တရာယ်ကင်းရှင်းသော အနောက်ပိုင်း ကုန်းတွင်းနှင့် ပင်လယ်လမ်းကြောင်းအသစ်ကို အခြေခံအားဖြင့်ဖြစ်ပေါ်စေမည်။ ၂၀၃၅ခုနှစ်ရောက်လျှင် အနောက်ပိုင်း ကုန်းတွင်းနှင့် ပင်လယ်လမ်းကြောင်းအသစ်သည် အလုံးစုံပြီးမြောက်မည်ဖြစ်ပါသည်။